မြန်မာပြည်ရဲ့
လုံခြုံရေး၊ စီးပွားရေး၊ ကျမ္မာရေးကို
ယူနီဖောင်းနဲ့တမျိုး၊
ချိတ်လုံချည်လဲဝတ်လို့တနည်း ၊
အသွင်ပြောင်းနှစ်သီးစားဖြစ် တဲ့ မိုးကျရွှေကိုယ်ဘဝတွေနဲ့တဖုံ
နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ကြသလို.....
မြေမြို၍လူမျိုး မပြုန်း၊ လူမြိုမှ လူမျိုးပြုန်းမည်ဆိုတဲ့ ဆောင်ပုဒ်ကို ကိုယ်တိုင်ဖောက်ဖျက်ရင်း
တိုင်းပြည်ကို ပစ်စလတ်ခတ်ပစ်ထားခဲ့ကြတဲ့သူ တွေက
လုံခြုံရေးအတွက် ဆွေးနွေးပွဲလုပ်မယ်ဆိုတာကြီးက
ဝံပုလွေတွေက သိုးရေခြုံပြီး သိုးအုပ်ကို ကင်းစောင့်ပေးနေကြသလို အတော်လွဲတဲ့ကိစ္စလို့ ပြောရမယ်....
ဒီလူတွေက တိုင်းပြည်အတွက်လုံခြုံရေးဘာညာကိကွပြောနေကြတာလောက် ဟာသမြောက်တာ မရှိဘူး...
ခွေးကို အမဲခြောက် အစောင့်ခိုင်း
ကြောင်ကို ငါးကြော် အစောင့်ခိုင်း
နွားကို မြက်ခင်း အစောင့်ခိုင်း
သူခိုးကို ဘဏ္ဍာတိုက်အစောင့်ခိုင်းတာကမှ ဟုတ်တုတ်တုတ်ရှိသေးတယ်...
တိုင်းပြည်လုံခြုံရေးအတွက် အမှန်တကယ်စိတ်ပူတယ်လို့ ပြောတာချင်းတူရင်တောင် အိမ်ကခွေးပြောတယ်ဆိုတာကမှ မဲမဲမြင်ရင် ဟောင်ဖို့သစ္စာရှိလိမ့်အုံးမ ယ်...
ဒီလူတွေကိုတော့ မယုံရေးချ မယုံပဲ....
အလကား အခွင့်အရေးသမားတွေ..
တောမီးလောင်ချိန်မှာ မမေ့မလျော့လက်ခမောင်းထခတ်ကြ တဲ့ တောကြောင်တွေ...
မြန်မာပြည်မှာ လုံးဝမယုံကြည်သင့်တဲ့ အဖွဲ့သုံးဖွဲ့ရှိတယ်
၁။ ပြည်ခိုင်ဖြိုးပါတီ
၂။ ဝီရသူပါဝင်တဲ့ အမျိုးသားရေးအင်အားစုတွေ
၃။ နိုင်ငံရေးဖျာခင်းတတ်တဲ့ တောကြောင်အုပ်စု
ခွေးမြီးကောက်ကို ကျည်တောက်စွပ်ပြီး ပြန်ဖြုတ်တာကမှ ဖြောင့်ချင်ဖြောင့်လာလိမ့်မ ယ်
အဲဒီလူတွေကတော့ ဘယ်တော့မှ မရိုးသားသလို၊ ဘယ်တုန်းကမှလည်း တိုင်းပြည်အပေါ်စေတနာမှန်ခဲ့ ကြတာ မဟုတ်ဘူး
မယုံရင်ကြည့်လိုက် ဒီလူတွေဆွေးနွေးပွဲက ဘာကြေငြာချက်ထွက်မလဲလို့
အစိုးရ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ်
ဟိုဟာမလုပ်ဘူးလား၊ ဒီဟာမလုပ်ဘူးလား
ဟိုဟာဖြစ်နေတယ်၊ ဒီဟာဖြစ်နေတယ်စတဲ့ လက်ရှိအစိုးရကို ထိုးချတဲ့အကွက်တွေပဲ လာလိမ့်မယ်
တိုင်းပြည်အပေါ် စေတနာရှိသလိုလိုနဲ့ လက်ရှိအစိုးရကို အပြစ်တင်ရှုတ်ချပြီး ပြည်သူအမြင်မှာ သိပ်ကို စိတ်ပူနေတဲ့ ပုံစံဖမ်းကြအုံးမှာ...
ခပ်ရိုင်းရိုင်းပြောရရင်...
မယားဘက်က ပါလာတဲ့ မယားပါသမီးကို အခွင့်အရေးရတိုင်း
အကြိမ်ကြိမ်ခြေတော်တင်ဖျက်စီးလာခဲ့တဲ့ "ပထွေးယုတ်”က
ဟိုက ဗိုက်ထွက်လာလို့ မဖုံးနိုင်မဖိနိုင်နဲ့ လင်ကောင်ဖော်ချိန်ရောက်မှ
" ဘယ်ကောင်က ငါ့သမီးကို စော်ကားတာလဲ” ဆိုပြီး
အသံကောင်းဟစ်နေသလိုပဲ...
ဘာစေတနာမှ မပါဘူး...
သေတောင် မယုံဘူး...
YaeTayZa@တောကဘကြ်ီး
လုံခြုံရေး၊ စီးပွားရေး၊ ကျမ္မာရေးကို
ယူနီဖောင်းနဲ့တမျိုး၊
ချိတ်လုံချည်လဲဝတ်လို့တနည်း
အသွင်ပြောင်းနှစ်သီးစားဖြစ်
နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ကြသလို.....
မြေမြို၍လူမျိုး မပြုန်း၊ လူမြိုမှ လူမျိုးပြုန်းမည်ဆိုတဲ့ ဆောင်ပုဒ်ကို ကိုယ်တိုင်ဖောက်ဖျက်ရင်း
တိုင်းပြည်ကို ပစ်စလတ်ခတ်ပစ်ထားခဲ့ကြတဲ့သူ
လုံခြုံရေးအတွက် ဆွေးနွေးပွဲလုပ်မယ်ဆိုတာကြီ
ဝံပုလွေတွေက သိုးရေခြုံပြီး သိုးအုပ်ကို ကင်းစောင့်ပေးနေကြသလို အတော်လွဲတဲ့ကိစ္စလို့ ပြောရမယ်....
ဒီလူတွေက တိုင်းပြည်အတွက်လုံခြုံရေးဘ
ခွေးကို အမဲခြောက် အစောင့်ခိုင်း
ကြောင်ကို ငါးကြော် အစောင့်ခိုင်း
နွားကို မြက်ခင်း အစောင့်ခိုင်း
သူခိုးကို ဘဏ္ဍာတိုက်အစောင့်ခိုင်းတာကမှ
တိုင်းပြည်လုံခြုံရေးအတွက် အမှန်တကယ်စိတ်ပူတယ်လို့ ပြောတာချင်းတူရင်တောင် အိမ်ကခွေးပြောတယ်ဆိုတာကမှ မဲမဲမြင်ရင် ဟောင်ဖို့သစ္စာရှိလိမ့်အုံးမ
ဒီလူတွေကိုတော့ မယုံရေးချ မယုံပဲ....
အလကား အခွင့်အရေးသမားတွေ..
တောမီးလောင်ချိန်မှာ မမေ့မလျော့လက်ခမောင်းထခတ်ကြ
မြန်မာပြည်မှာ လုံးဝမယုံကြည်သင့်တဲ့ အဖွဲ့သုံးဖွဲ့ရှိတယ်
၁။ ပြည်ခိုင်ဖြိုးပါတီ
၂။ ဝီရသူပါဝင်တဲ့ အမျိုးသားရေးအင်အားစုတွေ
၃။ နိုင်ငံရေးဖျာခင်းတတ်တဲ့ တောကြောင်အုပ်စု
ခွေးမြီးကောက်ကို ကျည်တောက်စွပ်ပြီး ပြန်ဖြုတ်တာကမှ ဖြောင့်ချင်ဖြောင့်လာလိမ့်မ
အဲဒီလူတွေကတော့ ဘယ်တော့မှ မရိုးသားသလို၊ ဘယ်တုန်းကမှလည်း တိုင်းပြည်အပေါ်စေတနာမှန်ခဲ့
မယုံရင်ကြည့်လိုက် ဒီလူတွေဆွေးနွေးပွဲက ဘာကြေငြာချက်ထွက်မလဲလို့
အစိုးရ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ်
ဟိုဟာမလုပ်ဘူးလား၊ ဒီဟာမလုပ်ဘူးလား
ဟိုဟာဖြစ်နေတယ်၊ ဒီဟာဖြစ်နေတယ်စတဲ့ လက်ရှိအစိုးရကို ထိုးချတဲ့အကွက်တွေပဲ လာလိမ့်မယ်
တိုင်းပြည်အပေါ် စေတနာရှိသလိုလိုနဲ့ လက်ရှိအစိုးရကို အပြစ်တင်ရှုတ်ချပြီး ပြည်သူအမြင်မှာ သိပ်ကို စိတ်ပူနေတဲ့ ပုံစံဖမ်းကြအုံးမှာ...
ခပ်ရိုင်းရိုင်းပြောရရင်...
မယားဘက်က ပါလာတဲ့ မယားပါသမီးကို အခွင့်အရေးရတိုင်း
အကြိမ်ကြိမ်ခြေတော်တင်ဖျက်စ
ဟိုက ဗိုက်ထွက်လာလို့ မဖုံးနိုင်မဖိနိုင်နဲ့ လင်ကောင်ဖော်ချိန်ရောက်မှ
" ဘယ်ကောင်က ငါ့သမီးကို စော်ကားတာလဲ” ဆိုပြီး
အသံကောင်းဟစ်နေသလိုပဲ...
ဘာစေတနာမှ မပါဘူး...
သေတောင် မယုံဘူး...
YaeTayZa@တောကဘကြ်ီး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။