အာကာသ နှင့် စကြ၀ဠာ added 4 new photos.
>>>နေထီးဆောင်းခြင်း<<<
22 Degree Sun Halo လို့ခေါ်တဲ့ နေထီးဆောင်းခြင်းဖြစ်စဉ်ဟာ တိမ်တိုက်ထဲမှာရှိတဲ့ ရေခဲမှုန်များရဲ့ အလင်းယိုင်ခြင်းဖြစ်မှုကြောင့် ကြည့်ရှုသူနေရာမှ စက်ဝိုင်းပုံစံ မြင်တွေ့ရခြင်းဖြစ်ပါတယ်။
လေထုထဲမှာ နိုက်ထရိုဂျင်၊ အောက်ဆီဂျင် ဓါတ်ငွေ့များနဲ့ ရေခိုးရေငွေ့တွေ
ရှိနေပါတယ်။ ရေခိုးရေငွေ့များဟာ အထက်ကိုရောက်တဲ့အခါမှာ ငွေ့ရည်ဖွဲ့ပြီး
ရေမှုန်၊ ရေစက်လေးတွေဖြစ်လာပါတယ်။ အဲ့ဒီ့ (ဆဌဂံပုံစံ) ရေမှုန်စက်လေးတွေဟာ
နေမှလာသော အလင်းရောင်ကို အလင်းယိုင်စေပြီး ရောင်စဉ် ၇ မျိုး
ထွက်ပေါ်လာစေပါတယ်။ သက်တံ့ဖြစ်သလိုမျိုးပါ။ သုံးမြှောင့်ဖန်တုံး နဲ့
စမ်းသပ်ကြည့်လို့လည်း ရနိုင်ပါတယ်။
ကြည့်ရှုသူဘက်က မြင်ရတဲ့အခါ ၂၂ ဒီဂရီ ဒေါင့်လောက်မှာ မြင်တွေ့ရပြီး အတွင်းပိုင်းဟာ အနည်းငယ် မှောင်ပြီး စက်ဝိုင်းမှာတော့ သက်တံ့ရောင်စဉ်တွေရှိပါတယ်။ နေထီးဆောင်းသလို လ ထီးဆောင်းခြင်းလည်း ဖြစ်တတ်ပါတယ်။
အနာဂတ်ပညာရေးအတွက်
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။