Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 11, 2017

ကျော်ကြားယိုစုံ မလှလှကြူ

ကျော်ကြားယိုစုံ မလှလှကြူ
+++++++
မန္တလေး၊ စက်တင်ဘာ ၆ – မလှလှကြူဟာ အသစ်အဆန်းတီထွင်ရတာကို ဝါသနာပါတယ်။ အသက်ငယ်စဉ်အပျိုအရွယ်မှာကတည်းက အင်္ကျီစတွေဝယ်၊ ထွင်ချုပ်ပြီး အိမ်ကအလုပ်သမားတွေကို ရောင်းတယ်။ ပုတီးစေ့လေးတွေနဲ့ ဆံညှပ်တွေ၊ ကလစ်တွေလုပ်တယ်။ ပြီးရင်ဈေးချိုထဲကိုသွင်းပါတယ်။မလှလှကြူရဲ့မိဘတွေက ကျောင်းဆရာ ဆရာမတွေပါ။ မလှလှကြူ ခြောက်တန်းနှစ်အရောက်မှာ အမေကကျောင်းဆရာမ အလုပ်ကထွက်ပြီး ကျော်ကြားယိုစုံလုပ်ငန်း ကိုစတင်လုပ်ကိုင်ပါတယ်။ မလှလှကြူ အိမ်ထောင်ကျတဲ့အချိန် မိဘရဲ့လုပ်ငန်းကို ဦးစီးလုပ်ကိုင်တဲ့အခါမှာတော့ သူ့ဝါသနာကိုစိတ်ကြိုက်အကောင်အထည်ဖော်ပါတော့ တယ်။

ယိုစုံလုပ်ငန်းဖြစ်တဲ့အတွက် အသီးမှန်သမျှယိုထိုးကြည့်ပါတယ်။ သံပရာသီး၊ ခရမ်းချဉ်သီးတွေကိုယိုထိုးတယ်။ သူများတီထွင်ပြီးသားအသီးရှိရင်လည်း အရသာမတူ အောင်သတိထားပြီးလုပ်ကိုင်ပါတယ်။ မျှစ်၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီးလို ဟင်းချက်စရာတွေကိုတောင် အလွတ်မပေးခဲ့ပါဘူး။မလှလှကြူက ‘ပေါပေါရတဲ့ပစ္စည်းမှန်သမျှ ယိုထိုးကြည့်တယ်၊ လွှင့်ပစ်ရမယ့်ပစ္စည်းကို မပစ်ရအောင်လုပ်ကြည့်ဖို့ အမြဲတမ်းစဉ်းစားဖြစ်တယ်လို့ ပြောပါတယ်။

ကျော်ကြားယိုစုံကို ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်စတဲ့နိုင်ငံတွေကို ပို့ဆောင်ပါတယ်။ ဂျပန်နိုင်ငံမှာကျင်းပတဲ့ ပြပွဲတစ်ခုကိုသွားရာက ကုမ္မဏီတစ်ခုနဲ့ ချိတ်ဆက်မိပြီး ထန်းသီးလုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။
-----------------
ထန်းသီးကို စီးပွားဖြစ်ရောင်းလို့ရတယ်ဆိုတာကို ထန်းတောင်သူတွေကနားမလည်ကြပါဘူး။ လူစားတယ်။ ပြီးရင်နွားကျွေးတယ်။ သည်လောက်ပါပဲ။ ဒါကြောင့် ကျန်တာတွေက အလဟဿဖြစ်ကုန်တယ်။

အညာဘက်ကို သွားတဲ့အခါကြွေကျနေတဲ့ ထန်သီးတွေကိုမြင်ရင် မလှလှကြူ နှမြောတဲ့စိတ်ဖြစ်မိပါတယ်။ အခွင့်အရေးရရင် ထန်းသီးနဲ့ပတ်သက်ပြီး လုပ်ကြည့်မယ်လို့ စိတ်ကူးထားရာက ထိုင်းမှာရှိတဲ့ ကုမ္မဏီတစ်ခုက ထန်းသီးကုန်ကြမ်းပို့ဖို့ မလှလှကြူကိုကမ်းလှမ်းပါတယ်။ အေးခဲပြီးမှပို့ရမှာပါ။ မဖြစ်နိုင်ဘူးလို့ ငြင်းရင်းကနေ အဲသည် ကုမ္မဏီက နည်းပညာပါသင်ကြားပေးတာကြောင့် လက်ခံခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထန်းသီးပို့ဖြစ်ခဲ့ပါတယ်။

စမ်းသပ်၊ အောင်မြင်
အခုနှစ်မှာလည်း ကိုယ်လုပ်နေကျလုပ်ငန်းနဲ့မတူတဲ့ အလုပ်တစ်ခုကို မလှလှကြူတစ်ယောက် စမ်းသပ်လုပ်ကြည့်ပါတယ်။ အောင်မြင်ပါတယ်။ အခုလကုန်ပိုင်းက စပြီး ဈေးကွက်ထဲကို စတင်ဖြန့်ချိတော့မှာပါ။
အဲဒါကတော့ ရာသီအချိန်မှာသာစားရတဲ့ ထန်းသီးဆန်ကိုအေးခဲ့တဲ့နည်းနဲ့ တစ်နှစ်ပတ်လုံးစားလို့ရအောင် တီထွင်ထုတ်လုပ်လိုက်တာပါ။ သကြားနဲ့ ရေသန့်အသုံးပြု ထားပြီး ထန်းသီးကိုရေခဲထုပ်၊ ယိုစည်သွတ်ဘူးဆိုပြီး ဝယ်ယူစားသုံးနိုင်တော့မှာပါ

ထန်းသီးနဲ့ပတ်သက်တဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေကိုထုတ်လုပ်နိုင်ဖို့ လွယ်လွယ်ကူကူနဲ့ဖြစ်လာခဲ့တာတော့မဟုတ်ပါဘူး။ ငွေကြေးနဲ့ နည်းပညာအခက်အခဲတွေရင်ဆိုင် ရသလို စပြီးတီထွင်ထုတ်လုပ်ရတာဖြစ်လို့ ပျက်စီးဆုံးရှုံးမှုတွေကြုံတဲ့အခါ နောက်ဆုတ်ချင်စိတ်တွေကိုပါ အားတင်းခဲ့ရပါတယ်။

ထန်းသီးတွေဝယ်ပြီး ခွဲတတ်တဲ့သူမရှိတော့ ပုပ်ကုန်တာ၊ ခွဲပြီးသားထန်းသီးကိုထိန်းသိမ်းဖို့ အအေးခန်းမရှိလို့ အချဉ်ပေါက်ကုန်တာတွေဖြစ်တဲ့အခါ ဝယ်ထားတဲ့ထန်းသီး တွေက ဘာမှဖြစ်မလာဘဲဆုံးရှုံးပါတယ်
‘မိဘတွေရော အမျိုးသားကပါ မလုပ်တော့နဲ့ဆိုပြီးတားတယ်၊ ကိုယ်တိုင်လဲငါလုပ်လို့မဖြစ် တော့ဘူးဆိုပြီး စိတ်ဓာတ်ကျသွားတယ်လို့ မလှလှကြူကပြန်ပြောင်းပြောပါ တယ်။

ပြည်တွင်း၊ ပြည်ပက စီးပွားလုပ်ဖက်ကုမ္မဏီတွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက တာဝန်ရှိသူတွေရဲ့ အားပေးကူညီမှုကြောင့်သာ ဆက်ပြီးလုပ်ဖြစ် ဖို့ ခွန်အားတွေရရှိခဲ့တာပါ။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုလည်း သိန်း ၃၀သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ငွေထက်ကျော်သွားမယ်ဆိုရင် ဆက်မလုပ်တော့ဘူး။ သတ်မှတ်ထားတဲ့ငွေမကျော်ဘဲလုပ်လိုအောင်မြင်သွားရင်ဆက်လုပ်မယ်ဆိုပြီး ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။

ထန်းသီးထုတ်ကုန်ထုတ်လုပ်နိုင်ဖို့ အမျိုးမျိုးကြံဆလုပ်ကိုင်နေသလို တစ်ဖက်ကလည်း မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေရဲ့ ဆွေးနွေးဟောပြောပွဲကိုလည်း တက်ရောက်ပါတယ်။

အဲသည်လိုပွဲတွေကနေ ကိုယ့်လုပ်ငန်းမှာရှိတဲ့ လက်အောက်ငယ်သားတွေကိုအုပ်ချုပ်ပုံနည်းစနစ်၊ ထုတ်ကုန်တွေကိုရောင်းတဲ့ နည်းစနစ်နဲ့ ပြည်ပမှာကျင်းပတဲ့ ပြပွဲ တွေကိုသွားနိုင်ဖို့၊ ပြည်ပထုတ်ကုန်အဖြစ် ပို့နိုင်ဖို့စတဲ့ လမ်းစတွေပေါ်ထွက်လာခဲ့သလို ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ KBZ – MRCCI SME အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကျပ်သိန်း ၁၀ဝ ကိုရရှိခဲ့ပါတယ်။
‘ကမ္ဘောဇဆုရပြီးနောက်ပိုင်းမှာ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်ပြန်ဝင်ခဲ့တာလို့ မလှလှကြူက ပြောပါတယ်။

ခံယူချက်နဲ့
မလှလှကြူဟာ စမ်းသပ်လုပ်ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေကို နမူနာမြည်းစမ်းကြည့်ရာမှာ သားသမီးတွေနဲ့ သူကိုယ်တိုင်စားသုံးပါတယ်။ သူ့ရဲ့ခံယူချက်ကရှင်းပါ တယ်။ ကိုယ့်သားသမီးကိုမကျွေးဘဲ သူများသားသမီးကို ကျွေးမယ် (ရောင်းတယ်)ဆိုတာ အဓိပ္ဗာယ်မရှိဘူးလို့ ခံယူထားတာပါ။

ထန်းသီးဆိုတာစားတာများရင် ဝမ်းသွားတယ်လို့ လူတွေကယူဆကြပါတယ်။ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်းမွန်သလို အသားဝါရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ထန်းသီးမှာပါတဲ့ အီကိုလိုင်ပိုးကြောင့်သာဝမ်းသွားတာပါ။ ဖြန့်ချိတော့မယ့် ထန်းသီးထုတ်ကုန်တွေကို အီကိုလိုင်ပိုးပါ မပါစမ်းသပ်ပြီး ဖြစ်သလို ထန်းသီးမှာပါဝင်တဲ့ အာဟာရဓာတ်ကိုလည်း စမ်းသပ်စစ်ဆေးနေတယ်လို့ဆိုပါတယ်။

ထုတ်လုပ်ပြီးတဲ့ ထန်းသီးထုတ်ကုန်တွေကို ပြည်တွင်း၊ ပြည်ပဈေးကွက်ထဲ အရောက်ဖြန့်ပေးမယ့် ကုမ္မဏီတွေကမလှလှကြူကို လာရောက်ချိတ်ဆက်ကြပါတယ်။ ဆက်သွယ်တာကို လက်ခံရင်ကိုယ်တိုင်ဈေးကွက်ရှာစရာမလိုပါဘူး။ တောက်လျှောက်ထုတ်လုပ်ပေးဖို့ပဲ လိုအပ်တာပါ။ မလှလှကြူကတော့လက်မခံခဲ့ပါဘူး။ ကိုယ်တီထွင်ထားတဲ့ ထုတ်ကုန်တွေ ကိုယ့်နာမည်နဲ့မဟုတ်ဘဲ သူများနာမည်နဲ့ထုတ်မှာကို အဖြစ်မခံနိုင်လို့ပါ။

ထုတ်လုပ်ပြီးတဲ့ ထန်းသီးရေခဲထုပ်၊ ထန်းသီးယို၊ ထန်းသီးစည်သွတ်ဘူးတွေကို ပြည်တွင်းကိုစတင်ရောင်းချမှာပါ။ ရှော့ပင်းမောလ်၊ Freeza ရှိတဲ့ဆိုင်၊ အအေးဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ ရောင်းချမှာဖြစ်သလို ၁၁ လမ်း၊ ၈၆ နဲ့ ၈၇ လမ်းကြားရှိ ဆိုင်မှာလည်းလာရောက်ဝယ်ယူနိုင်ပါတယ်။

မြို့တွင်းက ဖုန်းဆက်မှာရင်လည်း ပို့ဆောင်ပေးမယ်လို့်ဆိုပါတယ်။ ပြည်ပနိုင်ငံဖြစ်တဲ့ ရုရှနဲ့ဩစတြေးလျားကို ပို့ဖို့လည်းစီစဉ်နေပါတယ်။မလှလှကြူဟာ အိမ်ရှင်မတွေအချိန်ပေးလုပ်ရတဲ့ ဂျင်း၊ ထန်းလျက် နဲ့ ကွမ်းရွက်ကိုရောကျိုထားတဲ့ အရည်ကိုအေးခဲတဲ့နည်းနဲ့ တစ်ခါသောက်အထုပ်လေးတွေရောင်းဖို့ လုပ်ဆောင်ပြီးပါပြီ။ ထန်းသီးအချဉ် (ကင်မ်ချီပုံစံ)နဲ့ ထန်းရေချိုကိုလည်းထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ဖို့စမ်းသပ်ပြီးပါပြီ။
အသစ်အဆန်းတီထွင်ရတာ ဝါသနာပါတဲ့ မလှလှကြူဟာ ရှေ့ဆက်ပြီးလည်း စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ဆွေးနွေးပွဲနဲ့ ဟောပြောပွဲတွေကိုတက်ရောက်နားထောင်၊ ပညာရှင်တွေကိုမေးမြန်း၊ အင်တာနက်ကနေသင်ယူကာ ထုတ်ကုန်အသစ်တွေစမ်းသပ်လုပ်ဆောင်နေဦးမယ်လို့ ဆိုပါတယ်။

အေးစုမွန်
+++++++++
Kumudra News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။