အောင်မြင်မှုတစ်ခုအတွက်
ကြိုးစားမှု၊ ဇွဲလုံ့လရှိမှု၊ စန်းထမှု၊ အခွင့်အရေးကို ဖမ်းဆုပ်နိုင်မှု...
စတာတွေရှိရမယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် အဲဒီအောင်မြင်မှု
ရေရှည်တည်တံ့ဖို့ သိုသိုသိပ်သိပ်နေတတ်မှု၊ မိမိကိုယ်ကိုနှိမ်ချတတ်မှုတွေလည်း လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်။ လူတော်တော်များများက အောင်မြင်မှုဒဏ်ကို မခံနိုင်ကြဘူး။ အောင်မြင်ကျော်ကြားလာတဲ့အခါ မလိုအပ်တဲ့ မိမိကိုယ်ကိုအထင်ကြီးစိတ်၊ ဂုဏ်ယူဝင့်ကြွားစိတ်၊ လူကို လူလိုမထင်တော့တဲ့စိတ်၊ မာန်မာနတွေ ဝင်လာတတ်ကြတယ်။ ဖေ့စဘုတ်အသုံးနှုန်းနဲ့ ပြောရရင် " ချေ" တယ်ပေါ့လေ...
ဂီတ အနုပညာလောကမှာ Adele ဘာကြောင့် အလင်းလက်ဆုံးကြယ်တစ်ပွင့်အြ ဖစ်နဲ့ အောင်မြင်ကျော်ကြားပြီး လူချစ်လူခင်ပေါများသလဲ...။ သူဟာ သိုသိုသိပ်သိပ်နေတတ်တဲ့အပြင် ပွင့်လင်းရိုးသားတယ်၊ ပရိသတ်ကို ပရိသတ်အဖြစ်နဲ့ တလေးတစားဆက်ဆံတတ်တယ်... စတာတွေကြောင့်ပါပဲ။
သူ့မှာ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်မရှိဘူး ၊ နာမည်ကြီးအောင်ဆိုပြီး ကောလာဟလတွေ မလွှင့်ဘူး၊ လူတွေအမြန်မှတ်မိအောင်ဆိုပြီး
ဂဂျိုးဂဂျောင်တွေ မဝတ်ဘူး၊ မပြင်ဆင်ဘူး၊ ဟန်ပန်အမူအယာအများဘူး။ သူ့မှာ
သူဖန်တီးတဲ့ ဂီတနဲ့ အသံပဲရှိတယ်။ ဘဝကို စိတ်အားထက်သန်ဖြတ်သန်းတယ်၊
သူ့သီချင်းတွေက ဆွေးမြေ့ကြေကွဲမှုတွေများပေမ ယ့်
နားထောင်သူကို ခွန်အားဖြစ်စေတယ်။ သူ့မှာ အကောင်းမြင်စိတ်ရှိတယ်၊
သူ့အကျင့်စရိုက်က တခြားလူနဲ့ မတူတဲ့အပြင် ဘဝအပေါ်၊ ချစ်ခြင်းမေတ္တာအပေါ်
သူမြင်တဲ့အမြင်ကလည်း တမူထူးခြားတယ်။ တစ်ခါက ပရိသတ်ယောက်ျားလေးတစ်ယောက်က သူ့သားရေပြားကိုလှီးဖြတ်ပြီး
Adele ကိုပို့ပေးတယ်။ မြင်ရသူအဖို့ ကြက်သီးထစရာကောင်းတဲ့ သားရေခြောက်ကို
တခြားလူသာဆိုရင် ထိတ်လန့်ပြီး လွင့်ပစ်လိုက်မှာပဲ။ ဒါပေမယ့် Adele က အဲဒီ
"လက်ဆောင်" ကို လက်ထဲကိုင်ပြီး "အော်... ဒီလက်ဆောင်ရဖို့ မလွယ်ပါဘူး။ မင်း
စိတ်ရောကိုယ်ပါနစ်ခဲ့တာပဲ။ မင်းကို ငါဆက်သွယ်မှာပါ... ဟေ့... ဖြစ်နိုင်ရင်
ငါတို့မင်္ဂလာဆောင်ပြီး ကလေးမွေးလိုက်ကြရအောင်" လို့ ကိုယ်တိုင်ရေရွတ်ခဲ့တယ်။
Adele ဟာ စကားပြောရမှာ ပွင့်လင်းပြီး ဒဲ့ဒိုးပြောတတ်သလို တစ်ခုခုကို သဘောကျရင်လည်း တဟားဟားနဲ့ ပွင့်ပွင့်လင်းလင်းရယ်တတ်တယ်။
တကယ်လို့ သင်ကသာ " Adele.. မင်းက မွေးရာပါ အနုပညာရှင်ပဲ" လို့ပြောလိုက်ရင်
ဒါဟာ မြင်းတင်ပါးကို ကြာဖွတ်နဲ့ သင်ရိုက်လိုက်တာပါပဲ။ Adele က သင့်ကို
တစ်ချက်ကန်ပြီး လေးလေးစားစား ပြန်ပြောပါလိမ့်မယ်..
"ခပ်ဝေးဝေး သွားနေစမ်းပါ... လောကမှာ မွေးရာပါ အနုပညာရှင်ဆိုတာ မရှိဘူး" လို့....
ဆယ်ကျော်သက်အရွယ်တုန်းက အဒေါ့်ကော်ဖီဆိုင်မှာ တောက်တိုမယ်ရအဖြစ် အလုပ်ဝင်လုပ်ခဲ့တဲ့ Adele ဟာ လိုင်းသိပ်မမိတဲ့ ရေဒီယိုကလွှင့်တဲ့ Top 10 ခေတ်ပေါ်သီချင်းတွေကို တစ်ဘက်မှာ အလုပ်လုပ်ရင်း တစ်ဘက်မှာနားထောင်ရင်း တကယ်လို့ တစ်နေ့နေ့မှာ ငါဖန်တီးတဲ့ တေးဂီတတွေ Top လစ်စ်ထဲဝင်ပြီး အင်္ဂလန်တစ်နိုင်ငံလုံးကို ရိုက်ခတ်ခဲ့မယ်ဆိုရင် ဒါဟာ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိမ့် မယ့်အဖြစ်လဲနော်..
လို့ သူတွေးခဲ့တယ်။ ခုတော့ အသက် ၂၂နှစ်မတိုင်ခင်ကတည်းက သူ့သီချင်းတွေဟာ
အင်္ဂလန်နိုင်ငံကို ရိုက်ခတ်ခဲ့ရုံတင်သာမက တစ်ကမ္ဘာလုံးရဲ့ အကျယ်ပြန့်ဆုံး
ခေတ်ပေါ်တေးဂီတနဂါးငွေ့တန်းစီးကြောင်းထဲမှာ အလင်းလက်ဆုံး ကြယ်သစ်တစ်လုံးအဖြစ်နဲ့ တောက်ပနေခဲ့ပါပြီ။
.
စာအုပ်ထဲကပါတဲ့ ဖတ်မိသလောက်လေးပါ။ မအားတာနဲ့ နည်းနည်းပဲဖတ်ပြီးသေးတယ်...
ဖတ်လိုက် ..သူ့ရဲ့အောင်မြင်မှုနဲ့ လူချစ်လူခင်ပေါများမှုကို အောင်မြင်ပြီး
လူမုန်းများသူနဲ့ နှိုင်းကြည့်လိုက် လုပ်မိသေးတယ်... လူတချို့က
အောင်မြင်ကျော်ကြားမှုထက်၊ ငွေကြေးထက် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို
ပိုမြတ်နိုးကြတယ်။ ကျွန်မတို့ အတုယူစရာတွေပေါ့...
.
ဒီပုံက စာအုပ်မျက်နှာဖုံးမှာ အပိုပါလာတဲ့ ဓာတ်ပုံပါ။ ခေါက်ရိုးအတိုင်းခေါက်လိုက် ရင် စာအုပ်တစ်ဝက်ဖုံးတဲ့ အဖုံးဖြစ်သွားပါတယ်။ ကျွန်မသဘောကျလို့...
.
#NineNineSaNay
ဂီတ အနုပညာလောကမှာ Adele ဘာကြောင့် အလင်းလက်ဆုံးကြယ်တစ်ပွင့်အြ
သူ့မှာ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်မရှိဘူး
Adele ဟာ စကားပြောရမှာ ပွင့်လင်းပြီး ဒဲ့ဒိုးပြောတတ်သလို တစ်ခုခုကို သဘောကျရင်လည်း တဟားဟားနဲ့ ပွင့်ပွင့်လင်းလင်းရယ်တတ်တယ
"ခပ်ဝေးဝေး သွားနေစမ်းပါ... လောကမှာ မွေးရာပါ အနုပညာရှင်ဆိုတာ မရှိဘူး" လို့....
ဆယ်ကျော်သက်အရွယ်တုန်းက အဒေါ့်ကော်ဖီဆိုင်မှာ တောက်တိုမယ်ရအဖြစ် အလုပ်ဝင်လုပ်ခဲ့တဲ့ Adele ဟာ လိုင်းသိပ်မမိတဲ့ ရေဒီယိုကလွှင့်တဲ့ Top 10 ခေတ်ပေါ်သီချင်းတွေကို တစ်ဘက်မှာ အလုပ်လုပ်ရင်း တစ်ဘက်မှာနားထောင်ရင်း တကယ်လို့ တစ်နေ့နေ့မှာ ငါဖန်တီးတဲ့ တေးဂီတတွေ Top လစ်စ်ထဲဝင်ပြီး အင်္ဂလန်တစ်နိုင်ငံလုံးကို ရိုက်ခတ်ခဲ့မယ်ဆိုရင် ဒါဟာ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိမ့်
.
စာအုပ်ထဲကပါတဲ့ ဖတ်မိသလောက်လေးပါ။ မအားတာနဲ့ နည်းနည်းပဲဖတ်ပြီးသေးတယ်...
.
ဒီပုံက စာအုပ်မျက်နှာဖုံးမှာ အပိုပါလာတဲ့ ဓာတ်ပုံပါ။ ခေါက်ရိုးအတိုင်းခေါက်လိုက်
.
#NineNineSaNay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။