Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 10, 2017

ပန်းဘုရင်မလေး၏ ရှာပုံတော်

ပန်းဘုရင်မလေး၏ ရှာပုံတော်
@@@@@@@@@@@@@@

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန်ချောမောလှပတဲ့ ဘုရင်မတစ်ဦး အုပ်ချုပ်တယ်။ အခြားတိုင်းပြည်တွေက ဘုရင်တွေက ဘုရင်မကို လိုချင်ကြတာပေါ့။ တစ်ချို့ဘုရင်တွေဆို ဘုရင်မရဲ့ တိုင်းပြည်ကို တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ဖို့ ကြိုးစားကြတယ်။ အဲဒီတော့ ဘုရင်မဟာ အားလုံးကို မေးခွန်းတစ်ခုမေးပြီး တရားမျှမျှ တတ ယှဉ်ပြိုင်ခိုင်းမယ်။ နိုင်တဲ့ ဘုရင်ကို သူယူမယ်ပေါ့။

အဲ့လိုနဲ့ အခြားသောတိုင်းပြည်အသီးသီးက ဘုရင်တွေလာကြတာပေါ့။ တစ်ချို့ကလဲ အသက် သုံးဆယ်ကျော်တွေ ရှိသလို တစ်ချို့တွေကလဲ အသက် ၆၀၊ ၇၀ ပေါ့။ တစ်ချို့ဘုရင်တွေကတော့ သားတော်တွေ စေလွှတ်လိုက်တာပေါ့။

အဲ့ဒီအချိန်မှာ ဘုရင်မက နန်းတော်ရှေ့က မြေ ၁ ဧကလောက်ကို ပန်းတွေစိုက်စေတယ်။ ဒါပေမယ့် ပန်းတွေက အစစ်တွေမဟုတ်ဘူး။ ပန်းအတုတွေ။ ပန်းအတုတွေကို အနံ့တွေ အရောင်အဆင်းတွေကအစ ပန်းအစစ်တွေနဲ့ တစ်ထပ်ထဲဖြစ်အောင် ပြုလုပ်ထားတယ်။ ဘုရင်တွေလဲ စုံတော့ ပန်းခင်းကြီးက အရမ်းလှပနေတာပေါ့။

ဘုရင်မရဲ့ မေးခွန်းကတော့ ရှင်းရှင်းလေးပါ။
" ပန်းပွင့်အတုတွေထဲက ပန်းအစစ်ကို ရှာနိုင်သူကို ယူမယ်" ပေါ့။
ဒါပေမယ့် စည်းကမ်းတစ်ခုတော့ ရှိတယ်။ ပန်းခင်းထဲကို ဆင်းမရှာရဘူး။ အပြင်ကနေပဲ ရှာရမယ်ပေါ့။

ဘုရင်တွေလဲ ကြိုးစားပြီးတော့ ပန်းခင်းအစပ်ကနေ လှမ်းကြည့်ကြတယ်။ ဒါပေမယ့် ဝေးလွန်းတော့ မမြင်ရဘူး။ ပန်းအနံ့ကို ခံကြည့်ကြတယ်။ ပန်းအတုတွေဆိုတော့ အနံ့တွေလဲ အတူတူပေါ့။ တစ်ချို့ကတော့ လက်လျှော့ပြီး ပြန်ကုန်တယ်။ တစ်ချို့ကတော့ အရှုံးပေးတယ်။ ဒါပေမယ့် ဘယ်သူရမလဲ ဆိုတာကို စောင့်ကြည့်ဖို့ နေခဲ့ကြတယ်။

(အခုဒီစာကို ဖတ်နေသူတို့ရော ဒီပန်းတွေအားလုံးထဲက အတုအစစ် ဘယ်လို ခွဲကြည့်မလဲ… ခဏသာလေ စဉ်းစားကြည့်ကြည့်ပါလား ……
အိုကေ အဖြေရပြီလား ……
ဟုတ်ပြီ … ဆက်ဖတ်ကြည့်ကြရအောင် … )

အဲ့ဒီအချိန်မှာပဲ ဘုရင့်သားတော်တစ်ယောက်ရောက်လာတယ်ဗျ ။ ပြီးတော့ ဒီပန်းကို သူတွေ့အောင်ရှာမယ် ဆိုပြီးတော့ ပြောတယ်။ အားလုံးကလဲ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေတယ်။ ဘုရင့်သားက လှေကားတစ်ခုကို ဆောင်လာတယ်။ ပေ ၃၀ လောက်မြင့်တဲ့ လှေကားပေါ့။ ပြီးတော့ လက်ထဲမှာလဲ ပျားကောင်လေးတွေ ထည့်ထားတဲ့ ပျားအုံငယ်တစ်ခုကို ကိုင်ထားတယ်။ အရင်ဆုံး သူက ပန်းခင်းအနားကို သွားပြီးတော့ ပျားကောင်လေးတွေ လွတ်လိုက်တယ်။ ပျားကောင်လေးတွေဟာ ဟိုဟိုဒီဒီ ပျံဝဲကြတယ်။ ဘုရင့်သားက သူလုပ်လာတဲ့ လှေကားကို နံရံမှာထောင်လိုက်ပြီးတော့ လှေကားပေါ်ကနေ တက်ကြည့်တယ်။ ပျားကောင်လေးတွေ ဟာ ပျံသန်းနေရင်းနဲ့ ပန်းပွင့်တစ်ပွင့်ပေါ်ကို တက်တယ်။စာဖတ်သူများ သိကြတဲ့အတိုင်းပဲလေ ပျားဆိုတာက ပန်းပွင့်ရဲ့ ဝတ်ရည်လေးတွေ စုပ်ယူကြတယ်မဟုတ်လား။ သိပ်မကြာဘူး နောက်ပျားကောင်လေးတွေဟာလဲ အများကြီး စုပြုံလာတယ်။ ဘုရင့်သားက ပျားကောင်လေးတွေ ဝတ်ရည်စုပ်ယူနေတာ ပန်းအစစ်ပါလို့ ပြောလိုက်တယ်။ အဲတော့ ဘုရင်မလဲ အံ့သြသွားတယ်။ ဘုရင့်သားတော်ရွေးချ ယ်တဲ့ပန်းလေးဟာ တကယ့်ပန်းအစစ်ပါလို့ ဖြေလိုက်တာပေါ့။

အားလုံးကလဲ အံ့သြကြတယ်။ အဲဒါနဲ့ အတုနဲ့ အစစ်ကို ဘယ်လိုခွဲရကောင်းမှန်းသိတာလဲ လို့ ၀ိုင်းမေးကြတာပေါ့။
" လွယ်လွယ်လေးပါ အတုနဲ့ အစစ်ကို အနံ့နဲ့ မခွဲပါနဲ့ အရသာနဲ့ ခွဲခြားပါ။ အတုက အစစ်ဖြစ်အောင် ဘယ်လောက်အနံ့တွေနဲ့ ဖုံးဖိဖိ အရသာကတော့ ကွဲပြားပါတယ်။"
နောက်ဆုံးတော့ ကတိအတိုင်း ဘုရင့်သားတော်လေးနဲ့ ဘုရင်မတို့ နှစ်ယောက်သား သက်ဆုံးတိုင်ပေါင်းဖက်ကြပါတော့တယ်။

ကျွန်တော်တို့ အပြင်လောကမှာလည်း အဲ့လိုပါပဲ။ လူတစ်ယောက်ဟာ အရည်အချင်းမရှိပါဘူး ၊ အရည်အချင်းရှိပါတယ်လို့ ဘယ်လောက်ပဲပြောပြော ဘယ်လောက်ပဲ ဟန်ဆောင်ဟန်ဆောင်နေစေကာမူ နောက်ဆုံးမှာတော့ တကယ့်အရည်အချင်း အစစ်အမှန်က နေရာမှန်ရောက်အောင် ဖော်ပြပေးသွားတာဖြစ်ပါတယ်

#ကိုယ့်ကိုကိုယ်လည်း အထင်မသေးပါနဲ့
#လူတစ်ယောက်ကို လွယ်လွယ်နှင့် မယုံကြည်ပါနဲ့
#လူတစ်ယောက်ကို အပေါ်ယံဖြင့်လည်း မဆုံးဖြတ်ပါနဲ့
#နှလုံးသားဖြင့် ခံစားပြီးမှ ဦးနှောက်ဖြင့် ဆုံးဖြတ်ပါ
#မမြင်ရသေးဘဲ မယုံပါနဲ့
#မကြားရသေးဘဲ မယုံပါနဲ့

စာပေဖတ်ရှု့သူများအား
ကျေးဇူးတင်စွာဖြင့်-

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။