စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ added 9 new photos.
ZG
မေး- တဧကကို ငါးဘယ်နှကောင်မွေးလဲ၊ ငါးမျိုးစိတ် ဘယ်နှမျိုးမွေးလဲ၊ ငါးကန်တခုကို ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိလဲဆရာ။
UNI
“ဂေဟစနစ်လည်း မထိခိုက်၊ အစာလည်း အထူးကျွေးမွေးစရာမလိုတဲ့ ငါးမွေးမြူရေးစနစ်အကြောင်း တစေ့တစောင်း”
(ငါးလုပ်ငန်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဒေါက်တာမြင့်စိန်နှင့်တွေ့ဆုံခြင်း)
မေး- အစာကျွေးစရာမလိုဘဲ ငါးမွေးမြူမှုနဲ့ ပတ်သက်ပြီး ဘယ်နိုင်ငံကနေပြီး နည်းပညာသင်ယူခဲ့သလဲ၊ ရည်ရွယ်ချက်လေး သိပါရစေ။
ဖြေ- စားနပ်ရိက္ခာပိုမိုဖူလုံရန် ငါးမွေးမြူနိုင်ခြင်းနဲ့ ပတ်သက်ပြီး စပါး၊ ငါးတွဲဖက် စိုက်ပိုျးမွေးမြူတယ်။ တာဘောင်ပေါ် သီးနှံပင်များစိုက်ပျိုးတယ်။ မာလကာ၊ သံပရာ၊ ကျွဲကော၊ သရက်၊ ပေါက်ပန်းဖြူ၊ ကွမ်းသီးနဲ့ ဆိတ်မွေးမြူတယ်၊ မြန်မာ့တိုင်းရင်းငါးမျိုးစိတ်များကို ထိန်းသိမ်းနိုင်တယ်။ ငါးမွေးမြူခြင်းနဲ့ပတ်သက်ပြီး တရုတ်ပြည်မှ ရေလွှာ(၃)မွေးမြူသောစနစ်နဲ့ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးပြေမ၊ ငါးဖယ်၊ ငါးဘဲတို့ဟာ သူ့အလွှာ နဲ့သူနေတယ်။ ငါးမွေးမြူပုံဟာလည်း ရေလွှာ(၃)လွှာ စနစ်နဲ့မွေးမြူတယ်။ နံပါတ်(၁)ရေအပေါ်လွှာ Upper Level Grass Carp (မြက်စားငါးကြင်း)၊ Rohu (ငါး မြစ်ချင်း)၊ (၂) ရေအလယ်လွှာ Middle Level Katla (ငါးခေါင်းပွ)၊ Climbing Perch (ငါးပြေမ)၊ (၃) ရေ အောက်လွှာ သြအအသာ Bottom Level Mrigal (ငါးကြင်းဖြူ)၊ Carfu (ရွှေဝါငါးကြင်း) ရေအောက်ကြမ်းပြင် Floor Stinging Catfish (ငါးကျည်း)၊ Walking Catfish (ငါးခူ)တို့ဟာ သူ့အလွှာနဲ့သူနေကြတယ်။ အပေါ်ဆုံး အလွှာက ငါးမြစ်ချင်းနဲ့ မြက်စားငါးကြင်းတို့ရဲ့မစင်တွေကို ရေအလယ်လွှာနေ ငါးခေါင်းပွတို့ကစားပြီး ငါးခေါင်းပွတို့ရဲ့မစင်တွေကို ရေအောက်လွှာနေ ရွှေဝါငါးကြင်းနဲ့ ငါးကြင်းလုံးတို့ ကစားတယ်။ ရွှေဝါငါးနဲ့ ငါးကြင်းလုံး တို့ရဲ့မစင်တွေကို ရေကန်ကြမ်းပြင်ရှိ ငါးကျည်းနဲ့ငါးခူ တွေက စားကြတယ်၊
မေး- သဘာ၀ရေအောက် အစာတောင့်စက်ရုံနဲ့ ပတ်သက်ပြီး လည်ပတ်စီးဆင်းပုံအကြောင်းလည်း နည်းနည်း ပြောပေးပါဦးဆရာ။
ဖြေ- သဘာ၀အစာမှာ မြက်စားငါးကြင်းတွေက (အဓိက သဘာ၀အစာထုတ်ပေးတယ်၊ ရေပေါ်တွင် ပေါက်နေသောမြက်ကို ၎င်းခန္ဓာကိုယ်အလေးချိန်ရဲ့ (၅)ဆ အစာစားတယ်။ စွန့်ပစ်ပစ္စည်းတွေကတော့ Undigested feces. Digested feces ဆိုတာ ရေထဲမှာရှိသော ပိုးမွှားလေးတွေ (သတ္တမျှောလှေးပါ)၊ ငါးခေါင်းပွနဲ့ငါးပြေမကတော့ အစာအဖြစ် digested feces ရှိသတ္တမျှောလှေး၊ ငါးကြင်းဖြူ၊ ရွှေဝါငါးကြင်း၊ ငါးကျည်း၊ ငါးခူများရဲ့အစာကတော့ Undigested Feces ၊ ငါးမြစ်ချင်းအစာကတော့ ရေပြင်ပေါ်ရှိရေညှိ ရေမှော်တွေဖြစ်ပါတယ်။ တကယ်လို့ ရေပြင်ရှိမြက်များ ကုန်ဆုံးသွားလျှင် တခြားနေရာကမြက်တွေ ယူလာပြီး မြက်လေးဆ ငါးစာတစ်ဆရောကြိတ်ပြီး ကျေွးရပါတယ်။
မေး- စပါးနဲ့ ငါးတွဲဖက်စိုက်ပျိုးမွေးမြူပုံလေး နည်းနည်းလေးပြောပြပေးပါဆရာ၊
ဖြေ- အပြင်တာဘောင်မှာ ဝါးပင်နဲ့ ပေါက်ပန်းဖြူ၊ ဘောစကိုင်းအပင်တွေကို စိုက်ထားတယ်။ ပတ်မြောင်းမှာ ငါးတွေမွေးတယ်။ ပြီးရင် တာဘောင်တခု ရှိမယ်။ ပြီးတော့မှ အလယ်မှာ စပါးစိုက်တယ်။ ဥပမာ ဘယ်လိုစိုက်သလဲဆိုရင် ဧက ၁၀၀ မှာ စပါးကိုဧက ၈၀ စိုက်တယ်။ စိုက်တဲ့စပါးအမိုျးအစားက ဆင်းသုခ စပါးအမိုျးအစား၊ ရေနက်ကွင်း လယ်တွေဖြစ်နေတော့ အပင်မြင့်ရေလွတ်အောင်စိုက်ရတယ်။ မေလမှာ ရေ သွင်းတယ်။ ရေသွင်းတော့ ရေညှိရေမှော်တွေတက် လာတယ်။ အဓိကမွေးတာကတော့ မြက်စားငါးကြင်း၊ တိုင်းရင်းငါးမျိုးစိတ်တွေဖြစ်တဲ့ ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးမြွေထိုး၊ ငါးဖယ်၊ ငါးဘဲမွေးတယ်။ စပါးစိုက်တာက နိုင်၀င်ဘာမှာစိုက်တယ်၊ ဧပြီလမှာရိတ် တယ်၊ နောက်ကျန်တဲ့ ၁၀ ဧကမှာ ပတ်မြောင်းထဲမှာ ငါးထည့်မွေးတယ်။ နောက်ကျန်တဲ့ ၁၀ ဧကကိုတော့ ကျွဲအုပ်တွေစားဖို့အတွက် နေရာပေးတယ်။ ဂေဟစနစ် မပျောက်ပျက်အောင် နောက်ပြီးတော့ ကန်ဘောင်ပေါ် မှာမွေးထားတဲ့ ကျွဲတွေရဲ့စားကျက်တွေကိုလည်း ထားပေးတယ်။ ဂေဟစနစ်အရ ငါးမွေးထားတဲ့အတွက် ငှက်မျိုးစုံလာစားကြတဲ့သဘောရှိတယ်။
မေး- ဂေဟစနစ်မပျက်အောင် ဘယ်လိုငှက်တွေက လာစားကြသလဲဆရာ။ ဆရာ့ရဲ့ငါးကန်ဧက ကရော ဘယ်လောက်ကျယ်ပါသလဲဆရာ။
ဖြေ- ဒီမှာလာတဲ့ငှက်တွေကတော့ မျိုးစုံပဲ။ ဗျိုင်းလာတယ်၊ တင်ကီျးငှက်၊ ငှက်ကြီး၀န်ပို၊ ရေဘဲ၊ ဆက်ရက်၊ ရေကြက်၊ ဆိုက်ဘီးယားကလာတဲ့ ငှက်တွေတောင် တွေ့နေရပြီ။ ဂေဟစနစ်မပျက်အောင် ဂျပန်ငါး တွေထည့်မွေးပေးထားတယ်။ ငှက်တွေစားဖို့ ထည့်ပေးထားတယ်။ ဒါပေမဲ့ ငှက်တွေကိုတော့ ဖမ်းဆီးခွင့်မရှိဘူး။ ဒီနှစ်ဆို စင်ရော်တွေတောင် ရောက်လာတယ်။ ကမ္ဘာ့ရှားပါးငှက်မိုျးစိတ် ငါးမျိုးထဲက လေးမျိုးကို ဒီမှာ တွေ့နေရပြီ။ သြစတြေးလျက ဒီမှာလာပြီး သုတေသနပြုနေကြပြီ။ ငါးကန်ကတော့ ဧက ၁၈၀၀ Farm I နှင့် ဧက ၅၅၀ Farm II ရှိပါတယ်။
မေး- ငါးမွေးမြူရေးလုပ်ငန်းရှင်တွေကိုရော လက်ရှိအစိုးရနဲ့ ခေတ်အဆက်ဆက်က အစိုးရကရော ဘယ်လိုကူညီထောက်ပံ့မှုတွေရော လုပ်ပေးပါသလဲ။
ဖြေ- အဓိက,ကတော့ ချေးငွေပေါ့ဗျာ၊ ဥပမာ ပုံစံ(၇)ရှိတဲ့ လယ်တဧကဆိုလျှင် ဘဏ်အချို့ ၄ သိန်း ချေးတယ်၊ အစိုးရချေးငွေကျပ်တသိန်းခွဲပေးတယ်။ ကျွန်တော်တို့ ငါးမွေးမြူသူတွေ အနေနဲ့ကျတော့ လန(၃၉)ရှိတဲ့ ငါးကန်တဧကကို ချေးငွေကျပ်ငါးသောင်းပဲရတယ်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဘဏ်တခုကပဲ ချေးလို့ရတယ်၊ မွေးမြူရေးဥပဒေကို နည်းနည်းလေး ပြင်ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ ငါးမွေးမြူရေး လုပ်ငန်းအခြေအနေ အဆင်ပြေလာမယ်။ လယ်ယာ မြေ ပုံစံ(၇) ကဲ့သို့ ငါးမွေးမြူရေး နှစ်သုံးဆယ်ဂရန်နှင့် လန(၃၉)တွင် ပေါင်နံှခြင်း၊ လွဲှပြောင်းခွင့်၊ ရောင်းချခွင့်၊ အမွေပေးပိုင်ခွင့် အစရှိတာလေးတွေ ပြင်ပေးလိုက်မယ်ဆိုရင် တခြားဘဏ်တွေကပါ ငွေချေးလို့ရမယ်။ အခုတော့ အတိုးက ၂ ကျပ်နှုန်းနဲ့ အပြင်က ငွေချေးနေရတော့ သိပ်အဆင်မပြေဘူး။ ငါးမွေးမြူသူတွေအနေနဲ့ အတိုးတွေများလာတဲ့အခါ အစာဖိုးမတတ်နိုင်လို့ ငါးကန်ကိုပါ ပေးလိုက်ရတဲ့အခြေအနေတွေလည်း ရှိတယ်။
မေး- ဆရာ့ငါးကန်က ငါးတွေကို ဘယ်နိုင်ငံတွေကို တင်ပို့ရောင်းချပါသလဲဆရာ။
ဖြေ- ကျွန်တော့်ကို အမေရိကန်နိုင်ငံက ကမ်းလှမ်းလာတယ်။ သူတို့က တနှစ်ကို ငါးတန်ခိျန် တသောင်းလိုချင်တယ်၊ ကျွန်တော်တို့က မပေးနိုင်ဘူး၊ ကျွန်တော့်လိုလူမျိုး ၁၀ ယောက်လောက်ပေါင်း ပြီးလုပ်နိုင်မှ သူတို့လိုချင်တဲ့တန်ချိန်ကို ပို့နိုင်လိမ့်မယ်။ လက်ရှိမှာတော့ ယူအေအီးနိုင်ငံတခုဖြစ်တဲ့ ဒူဘိုင်းနှင့် ပြည်တွင်းမှာ ငါးတန်ခိျန် ၈၀၀ ရောင်းတယ်။ကျွန်တော့်ကန်က ဂျပန်ငါးနဲ့ ငါးဘဲငါးတွေကတော့ တနှစ်ကို ၃ သားပေါက်တယ်၊ ကျွန်တော်ငါးမွေးမြူလာတဲ့ ၂၁ နှစ်အတွေ့အကြုံအရ ဧရာ၀တီတိုင်းထဲမှာ ငါးမွေးတော့မယ်ဆိုရင် ပြည်ပကို တင်ပို့နိုင်ဖို့ တနှစ်ကို ကွန်တိန်နာအလုံး ၄၀၀ ပေးရမယ်။ အခုဆိုရင် ယိုးဒယားက ငါးမြစ်ချင်းတွေတောင် ပြန်သွင်းနေရတယ်။ ဒါကတော့ မွေးမြူရေးလုပ်ငန်းအတွက် တော် တော်နစ်နာတယ်။
မေး- တဧကကို ငါးဘယ်နှကောင်မွေးလဲ၊ ငါးမျိုးစိတ် ဘယ်နှမျိုးမွေးလဲ၊ ငါးကန်တခုကို ရင်းနှီးမြှုပ်နံှမှု ဘယ်လောက်ရှိလဲဆရာ။
ဖြေ- ငါးကန် တဧကကို ငါးအကောင်ပေါက် ၂၀၀ ပဲထည့်တယ်။ ဒါမှလည်း ငါးတွေကကြီးမှာ ဂေဟစနစ်လည်း မပျက်တော့ဘူး။ လောဘကြီးပြီး ငါးတွေအများကြီးထည့်လိုက်ရင် ငါးကမကြီးဘဲ ခေါင်း ကြီးတွေပဲကြီးလာ တယ်၊ အဲဒီမှာမှ ငါးမျိုးစိတ်တွေဖြစ်တဲ့ ငါးမြစ်ချင်း၊ မြက်စားငါးကြင်း၊ ငါးပြေမ၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ရွှေဝါငါးကြင်း၊ ငါးခူ၊ ငါးကျည်းငါးတွေ မွေးတယ်၊ ငါးကန်တဧကို လူနဲ့လုပ်ရင် ရင်းနှီးမြှုပ်နံှမှုက အစာကျေွးရင် တဧကကို ၄၅ သိန်းကုန်တယ်။
မေး- သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ ဘာတွေများ လုပ်ဆောင်ထားပါသလဲဆရာ။
ဖြေ- သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြည်ရေးထိန်းသိမ်းတဲ့အနေနဲ့ ငါးကန်တာဘောင်တွေပြိုမကျသွားအောင် ဝါးပင်တွေစိုက်ထားပါတယ်။ ထင်း၀ယ်ယူ စရိတ်ကုန်ကျမှုမရှိအောင် ပေါက်ပန်းဖြူနဲ့ဘောစကိုင်း ပင်တွေ စိုက်ထားပါတယ်။ ကွမ်းသီးပင်တွေလည်း စိုက်ထားပါတယ်။ ရေရှားပါးမှုအခက်ခဲကို ဖြေရှင်းတဲ့ အနေနဲ့တနှစ်ပတ်လုံး မိုးရေသိုလှောင်ပြီး ငါးမွေးတဲ့စနစ်ကို ကျင့်သုံးတယ်။ ဒါကြောင့်လည်း ရေတင် စရိတ်မကုန်ကျဘဲ ငါးကိုမွေးနိုင်တယ်။ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အစာမကျေွးဘဲ ငါးမွေးတဲ့စနစ်ကို ကျင့်သုံးတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
(သဒ္ဓါထက်အိုင်-မေးမြန်းသည်)