ညဘက် အဆာပြေစားခြင်းရဲ့ ဆိုးကျိုးတွေ
-------------------------- ----------
အရေးကြီးဆုံးအချက်ကတော့ ညပိုင်းမှာ
အဆာပြေစားသောက်မှု လုံးဝမရှိရဘူးဆိုတာကို
သတိထားစေလိုပါတယ်။ ညပိုင်းမှာ တီဗီထိုင်ကြည့်ရင်း
အဆာပြေစားတတ်တဲ့အကျင့်မျိုး
ကိုယ့်ဆီမှာရှိနေတယ်ဆိုရင် ဒီအကျင့်မျိုးကို
အပြီးသတ်ဖယ်ရှားပစ်ရမှာပါ။ ညစာစားပြီးချိန်မှာ
အဆာပြေမစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့
အိပ်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ကြီးက
အလုပ်တွေ အများကြီးလုပ်နေပါတယ်။
အိပ်နေချိန်မှာ ခန္ဓာကိုယ်ဟာ ပျက်စီးသွားတဲ့
တစ်ရှူးတွေကို ပြန်လည်ပြင်ဆင်နေသလို
အဆိပ်တွေကိုလည်း စွန့် ထုတ်ပေးနေပါတယ်။
ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ရရှိစေဖို့ 
ခန္ဓာကိုယ်ဟာ ဒီလိုလုပ်ဆောင်နေတာဖြစ်ပြီး
ဒီလိုလုပ်နိုင်ဖို့ အတွက် ခန္ဓာကိုယ်က
စွမ်းအင် လိုအပ်ပါတယ်။ ဒါပေမဲ့
ကိုယ့်ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကနေ
လိုအပ်တဲ့ စွမ်းအင်တွေဟာ
အများကြီးရနေပြီးသွားပြီ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ဟာ ရှစ်နာရီလောက်ကြာအောင်
တက်ကြွတဲ့ လှုပ်ရှားမှုမရှိဘဲ အိပ်နေချိန်မှာ
ကယ်လိုရီအပိုကို ထပ်ထည့်ပေးလိုက်မယ်ဆိုရင်
အဲဒီထည့်ပေးလိုက်တဲ့ ကယ်လိုရီအပိုကို
ခန္ဓာကိုယ်က ရရှိသွားပါတယ်။ အဲဒီလိုရရှိသွားတဲ့
ကယ်လိုရီအပိုရဲ့ စွမ်းအင်တွေကို အသုံးပြုပြီး
ခန္ဓာကိုယ်ဟာ ပျက်စီးသွားတဲ့ တစ်ရှူးတွေ
ပြန်လည်ပြင်ဆင်မှု၊ အဆိပ်တွေ စွန့် ထုတ်မှုစတဲ့
လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပါတယ်။
အပိုရရှိတဲ့စွမ်းအင်နဲ့ လုပ်ဆောင်ရတာဖြစ်လို့ 
ခန္ဓာကိုယ်တွင်းမှာ အရင်ရှိနေပြီးဖြစ်တဲ့
အဆီဓာတ်ကို ခြေပစ်ဖို့ မလိုတော့ပါဘူး။
ဒါကြောင့် ညစာစားပြီးနောက်ပိုင်း စားလိုက်တဲ့
အဆာပြေအစားအစာဟာ အဆီဓာတ်ကို
ပြောင်းလဲသွားစေပြီး အိပ်လိုက်တဲ့အချိန်မှာ
ကယ်လိုရီကို တက်စေပါတယ်။ ဒါကြောင့်
ညစာစားပြီးတဲ့နောက် အဆာပြေစားတတ်တဲ့
အကျင့်ကို အပြီးရှောင်ရှားဖို့  ပြောရတာဖြစ်ပါတယ်။
အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်ဟာ အပေါ်မှာ
ဆွေးနွေးပြီးခဲ့သလိုပဲ ပျက် စီးသွားတာတွေကို
ပြုပြင်ဖို့ ၊ အိပ်မက် မက်ဖို့ နဲ့ ဇီဝဓာတုဖြစ်စဉ်
(Biochemical Process) တွေကို လုပ်ဆောင်ဖို့ 
လှုပ်ရှား နေရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့
သိမ်းဆည်းထားတဲ့ အဆီတွေကို စွမ်းအင်အဖြစ်ယူပြီး
ဒီအလုပ်တွေကို လုပ်ပါတယ်။ အဲဒီလို ခန္ဓာကိုယ်မှာရှိတဲ့
အဆီတွေကို အိပ်နေချိန်မှာ စွမ်းအင်အဖြစ်သုံးရလို့ 
ကိုယ်အလေးချိန် ကျနိုင်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ လေ့လာ ဆန်းစစ်မှုတစ်ခုအရ
အမျိုးသမီးတွေကို မနက် ၁၀ နာရီနဲ့
ည ၁၁ နာရီ ဆိုပြီး အချိန်နှစ်အုပ်စု ခွဲလိုက်ပါတယ်။
အဲဒီအမျိုးသမီးတွေအတွက် အဆာပြေအစားအသောက်ကို
ကယ်လိုရီပမာဏနှစ်ရာ စားသောက်စေပါတယ်။
ရလဒ်ကိုဆန်းစစ်ကြည့်တဲ့အခါ မနက်ပိုင်း၊
နေ့ လယ်ပိုင်းတို့ မှာ အဆာပြေစားသူတွေဟာ
ညပိုင်း မှာ အဆာပြေစားသူတွေထက်ပိုပြီး
ကိုယ်အလေးချိန်ကျစေတာ တွေ့ရပါတယ်။
တစ်နည်းအားဖြင့် မနက်ပိုင်းအဆာပြေစားလိုက်တဲ့ 
အစားအစာကနေ ရလာတဲ့ အဆီဓာတ်ကို
တစ်နေ့ တာမှာ ပိုပြီးလောင် ကျွမ်းစေတာ ဖြစ်ပါတယ်။
ပြီးတော့ ည ပိုင်းမှာစားတဲ့ သူတွေဟာ
LDL လို့ ခေါ်တဲ့ မကောင်းတဲ့
ကိုလက်စရောဓာတ်များနေစေတာတွေ့ရပါတယ်။
အကြောင်းရင်း ကတော့ ညဘက်
အဆာပြေစားလိုက်ခြင်းမှာ အဆီဓာတ်ကို
မဖြိုခွဲနိုင်တဲ့အတွက် ကိုယ်အလေးချိန်က
ပိုပြီး တိုးလာပါတယ်။ ညပိုင်းအစာစားခြင်းရဲ့
နောက်ဆိုး ကျိုးတစ်ခုကတော့ အစာအိမ်ထဲက
အက်စစ်တွေ အပေါ်ကို ပြန်တက်စေနိုင်ပါတယ်။
စားလိုက်တဲ့အစာတွေကို ကြေအောင်
ကောင်းကောင်းခြေပြီးချိန်မှာ အိပ်လိုက်မှသာ
အိပ်ပျော်ပြီး နေထိုင်ရတာ
သက်သောင့်သက်သာလည်းရှိပါမယ် ။
ဘရာဇီးလ်နိုင်ငံမှာ အမျိုးသမီး ၂၇ယောက် နဲ့ 
အမျိုးသား ၂၅ ယောက်ကို လေ့လာမှု တစ်ခုလုပ်ခဲ့ပြီး
အဲဒီလေ့လာမှုရဲ့ရလဒ်မှာလည်း
ညပိုင်းအဆာပြေစားသောက်တဲ့သူ တွေဟာ
အဲဒီလိုစားသောက်မှုကြောင့် သူတို့ အိပ်ချိန်တွေကို
ပျက်စီးစေတာတွေ့ရ တယ်လို့  ဆိုပါတယ်။
#Lifestyle
--------------------------
အရေးကြီးဆုံးအချက်ကတော့ ညပိုင်းမှာ
အဆာပြေစားသောက်မှု လုံးဝမရှိရဘူးဆိုတာကို
သတိထားစေလိုပါတယ်။ ညပိုင်းမှာ တီဗီထိုင်ကြည့်ရင်း
အဆာပြေစားတတ်တဲ့အကျင့်မျိုး
ကိုယ့်ဆီမှာရှိနေတယ်ဆိုရင် ဒီအကျင့်မျိုးကို
အပြီးသတ်ဖယ်ရှားပစ်ရမှာပါ။ ညစာစားပြီးချိန်မှာ
အဆာပြေမစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့
အိပ်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ကြီးက
အလုပ်တွေ အများကြီးလုပ်နေပါတယ်။
အိပ်နေချိန်မှာ ခန္ဓာကိုယ်ဟာ ပျက်စီးသွားတဲ့
တစ်ရှူးတွေကို ပြန်လည်ပြင်ဆင်နေသလို
အဆိပ်တွေကိုလည်း စွန့် ထုတ်ပေးနေပါတယ်။
ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ရရှိစေဖို့ 
ခန္ဓာကိုယ်ဟာ ဒီလိုလုပ်ဆောင်နေတာဖြစ်ပြီး
ဒီလိုလုပ်နိုင်ဖို့ အတွက် ခန္ဓာကိုယ်က
စွမ်းအင် လိုအပ်ပါတယ်။ ဒါပေမဲ့
ကိုယ့်ခန္ဓာကိုယ်မှာရှိနေတဲ့
လိုအပ်တဲ့ စွမ်းအင်တွေဟာ
အများကြီးရနေပြီးသွားပြီ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ဟာ ရှစ်နာရီလောက်ကြာအောင်
တက်ကြွတဲ့ လှုပ်ရှားမှုမရှိဘဲ အိပ်နေချိန်မှာ
ကယ်လိုရီအပိုကို ထပ်ထည့်ပေးလိုက်မယ်ဆိုရင်
အဲဒီထည့်ပေးလိုက်တဲ့ ကယ်လိုရီအပိုကို
ခန္ဓာကိုယ်က ရရှိသွားပါတယ်။ အဲဒီလိုရရှိသွားတဲ့
ကယ်လိုရီအပိုရဲ့ စွမ်းအင်တွေကို အသုံးပြုပြီး
ခန္ဓာကိုယ်ဟာ ပျက်စီးသွားတဲ့ တစ်ရှူးတွေ
ပြန်လည်ပြင်ဆင်မှု၊ အဆိပ်တွေ စွန့် ထုတ်မှုစတဲ့
လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပါတယ်။
အပိုရရှိတဲ့စွမ်းအင်နဲ့ လုပ်ဆောင်ရတာဖြစ်လို့ 
ခန္ဓာကိုယ်တွင်းမှာ အရင်ရှိနေပြီးဖြစ်တဲ့
အဆီဓာတ်ကို ခြေပစ်ဖို့ မလိုတော့ပါဘူး။
ဒါကြောင့် ညစာစားပြီးနောက်ပိုင်း စားလိုက်တဲ့
အဆာပြေအစားအစာဟာ အဆီဓာတ်ကို
ပြောင်းလဲသွားစေပြီး အိပ်လိုက်တဲ့အချိန်မှာ
ကယ်လိုရီကို တက်စေပါတယ်။ ဒါကြောင့်
ညစာစားပြီးတဲ့နောက် အဆာပြေစားတတ်တဲ့
အကျင့်ကို အပြီးရှောင်ရှားဖို့  ပြောရတာဖြစ်ပါတယ်။
အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်ဟာ အပေါ်မှာ
ဆွေးနွေးပြီးခဲ့သလိုပဲ ပျက် စီးသွားတာတွေကို
ပြုပြင်ဖို့ ၊ အိပ်မက် မက်ဖို့ နဲ့ ဇီဝဓာတုဖြစ်စဉ်
(Biochemical Process) တွေကို လုပ်ဆောင်ဖို့ 
လှုပ်ရှား နေရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့
သိမ်းဆည်းထားတဲ့ အဆီတွေကို စွမ်းအင်အဖြစ်ယူပြီး
ဒီအလုပ်တွေကို လုပ်ပါတယ်။ အဲဒီလို ခန္ဓာကိုယ်မှာရှိတဲ့
အဆီတွေကို အိပ်နေချိန်မှာ စွမ်းအင်အဖြစ်သုံးရလို့ 
ကိုယ်အလေးချိန် ကျနိုင်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ လေ့လာ ဆန်းစစ်မှုတစ်ခုအရ
အမျိုးသမီးတွေကို မနက် ၁၀ နာရီနဲ့
ည ၁၁ နာရီ ဆိုပြီး အချိန်နှစ်အုပ်စု ခွဲလိုက်ပါတယ်။
အဲဒီအမျိုးသမီးတွေအတွက် အဆာပြေအစားအသောက်ကို
ကယ်လိုရီပမာဏနှစ်ရာ စားသောက်စေပါတယ်။
ရလဒ်ကိုဆန်းစစ်ကြည့်တဲ့အခါ မနက်ပိုင်း၊
နေ့ လယ်ပိုင်းတို့ မှာ အဆာပြေစားသူတွေဟာ
ညပိုင်း မှာ အဆာပြေစားသူတွေထက်ပိုပြီး
ကိုယ်အလေးချိန်ကျစေတာ တွေ့ရပါတယ်။
တစ်နည်းအားဖြင့် မနက်ပိုင်းအဆာပြေစားလိုက်တဲ
အစားအစာကနေ ရလာတဲ့ အဆီဓာတ်ကို
တစ်နေ့ တာမှာ ပိုပြီးလောင် ကျွမ်းစေတာ ဖြစ်ပါတယ်။
ပြီးတော့ ည ပိုင်းမှာစားတဲ့ သူတွေဟာ
LDL လို့ ခေါ်တဲ့ မကောင်းတဲ့
ကိုလက်စရောဓာတ်များနေစေတာတေ
အကြောင်းရင်း ကတော့ ညဘက်
အဆာပြေစားလိုက်ခြင်းမှာ အဆီဓာတ်ကို
မဖြိုခွဲနိုင်တဲ့အတွက် ကိုယ်အလေးချိန်က
ပိုပြီး တိုးလာပါတယ်။ ညပိုင်းအစာစားခြင်းရဲ့
နောက်ဆိုး ကျိုးတစ်ခုကတော့ အစာအိမ်ထဲက
အက်စစ်တွေ အပေါ်ကို ပြန်တက်စေနိုင်ပါတယ်။
စားလိုက်တဲ့အစာတွေကို ကြေအောင်
ကောင်းကောင်းခြေပြီးချိန်မှ
အိပ်ပျော်ပြီး နေထိုင်ရတာ
သက်သောင့်သက်သာလည်းရှိပါမယ်
ဘရာဇီးလ်နိုင်ငံမှာ အမျိုးသမီး ၂၇ယောက် နဲ့ 
အမျိုးသား ၂၅ ယောက်ကို လေ့လာမှု တစ်ခုလုပ်ခဲ့ပြီး
အဲဒီလေ့လာမှုရဲ့ရလဒ်မှာလည်း
ညပိုင်းအဆာပြေစားသောက်တဲ့သူ
အဲဒီလိုစားသောက်မှုကြောင့် သူတို့ အိပ်ချိန်တွေကို
ပျက်စီးစေတာတွေ့ရ တယ်လို့  ဆိုပါတယ်။
#Lifestyle
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။