လုပ်သက်ရင့် ကျောင်းဆရာတစ်ဦးရဲ့ အတွေးအမြင်များ
++++++++++++++++++++++++++ +++++++
လုပ်သက် အနှစ် သုံးဆယ်ခန့် ရှိပြီဖြစ်တဲ့ ကျောင်းဆရာတစ်ဦး ဟာ မိမိရဲ့ အတွေ့ အကြုံနဲ့ အတွေးအမြင်များကို အောက်ပါအတိုင်းရေးချထားပါတ ယ်.
၁။ ကလေးကို “ထိုင်းအ ” သွားစေတဲ့ သွန်သင်ဆုံးမမူများ
အပြစ်မြင်လွန်းခြင်း၊ နေရာတကာ ၀င်ရူပ်ခြင်း၊ ပြည့်စုံမူကို တောင်းဆိုလွန်းခြင်း၊ အမှတ်မြင့်မြင့်ကိုအလေးထား လွန်းခြင်း၊ အဖေနဲ့ အမေ မတည့်ခြင်း၊ကလေးများ ပြန်မေးပိုင်ခွင့်မပေးခြင်း၊ နေရာတိုင်းတွင်လုပ်ဆောင်ေ ပးခြင်း၊ ၀ါသနာကို ထိန်းချုပ်ခြင်း၊ လူကြီးစကားနားထောင်ရမယ်ဆို တာကို
အလေးပေးလွန်းခြင်း၊ မြန်မြန်ဆန်ဆန် တိုးတက်စေလိုခြင်း၊ အသိရဲ့ ကလေးများ၊
အမျိုးရဲ့ ကလေးများထက်ထူးချွန်အောင် တွန်းအားပေးခြင်း စသည်တို့
ပါဝင်ပါတယ်။
၂။ အငြိမ်မနေတတ်ခြင်း၊ အဆော့မက်ခြင်း တို့ဟာ ကလေးများရဲ့ ပင်ကိုယ်သဘာဝဖြစ်တယ်။ တစ်ထိန်းတည်း ထိန်းနေလို့ မရပါဘူး။ မြေကွက်ပေါ်မှာ မြက်တွေ၊ ပေါင်းပင်တွေ မရူပ်ပွနေစေချင်ရင်တော့ အသုံးဝင်တဲ့အပင်တွေ များများစိုက်ပေးသင့်ပါတယ် ။
၃။ ပညာရေးဆိုတာ ဗဟုသုသ ပေးခြင်းသက်သက်မဟုတ်သလို အရည်အချင်းရှိအောင် သင်ပေးခြင်းသက်သက်လည်း မဟုတ်ပါ။ အရေးကြီးဆုံးမှာ ကလေးရဲ့ အတွင်းစိတ်ကို နိုးထစေဖို့အတွက် နိုးဆွပေးဖို့နဲ့ အားပေးအားမြောက်ပြုဖို့ ဖြစ်ပါတယ်။ ပညာရေးဆိုတာ ကလေးများကို ပညာဥာဏ် ရိုက်သွင်းပေးခြင်းမဟုတ်ပါ။ ပညာဥာဏ် ထွန်းညိပေးခြင်းဖြစ်ပါတယ်။
၎။ ခရမ်းချဉ် အပင်ကို ပန်းသီး သီးဖို့ မတောင်းဆိုသင့်ပါ။ ခရမ်းချဉ်အပင် ခရမ်းချဉ်သီးပဲ သီးပါစေ၊ ပန်းသီးပင် ပန်းသီးပဲ သီးပါစေ။ အသီးတိုင်းဟာ သူ့နေရာနဲ့သူ အသုံးတည့်သလို သူတန်ဖိုးနဲ့သူ ရှိပါတယ်။ ကိုယ့်အားသန်ရာကို မွေးမြူပျိုးထောင်ပါ။ ကလေးတိုင်းဟာ ထူးချွန်ပါတယ်။
၅။ မြင်းနဲ့ကျွဲ အပြေးပြိုင်ကြပါတယ်။ ရာနူန်းပြည့် ကျွဲရူံးမှာပါ။ ပြိုင်ပွဲကို ကြည့်ပြီး ကျွဲညံ့တယ်၊ ကျွဲ အသုံးမကျဘူးလို့ ဆုံးဖြတ်လို့ မရပါ။ ပြိုင်ပွဲ စီစဉ်တဲ့လူများ အသိဥာဏ်မရှိဘူးလို့ပဲ အပြစ်တင်ပါရစေ။ မိဘများအနေနဲ့ မိမိကလေးများရဲ့ အားသာချက်ပေါ် မူတည်ပြီး ကလေးများရဲ့ အနာဂတ်ကို ကြိုတင်စဉ်းစားပေးသင့်ပါတယ် ။
၆။ မိဘများဟာ ကလေးများရဲ့ လက်ဦးဆရာများဖြစ်ကြပါတယ်။ ရာသက်ပန်ဆရာများလည်း ဖြစ်ကြပါတယ်။ ဘယ်သူ့မှ အစားထိုးလို့ မရတဲ့ သူများလည်း ဖြစ်ကြပါတယ်။
ရ။ လူတစ်ဦးရဲ့ အောင်မြင်မူကို တိုင်းတာတဲ့ အချိန်မှာ သူ့ကလေးတွေ ဘယ်လောက်ထိ အောင်မြင်အောင် ပျိုးထောင်နိုင်သလဲဆိုတာလ ည်း
တိုင်းတာတဲ့ အဓိက အချက်တစ်ချက် ဖြစ်သင့်ပါတယ်။ ကိုယ့်လုပ်ငန်းတော့
အောင်မြင်ပါရဲ့ ၊ ကိုယ့်သားသမီးတွေ အမွေ ထိုင်ဖြုန်းဖို့လောက်ပဲ
ထိုင်စောင့်နေကြရင် မအောင်မြင်တာတောင်မှ ပိုကောင်းပါသေးတယ်။
၈။ သုတေသန အရ မှန်ကန်စွာ အားပေးအားမြောက်မူ မခံရတဲ့ ကလေးများဟာ ပင်ကိုယ်အရည်အသွေး (သို့) ပင်ကိုယ်ထူးချွန်တဲ့ ဗီဇ ၂၀% နဲ့ ၃၀% ခန့်သာ ဖေါ်ထုတ်နိုင်ကြပါတယ်။ ကလေးများကို မှန်မှန်ကန်ကန် အားပေးအားမြောက်ပြုတတ်ရင် ၇၀%၊ ၈၀% အထိ ဖေါ်ထုတ်နိုင်ကြပါတယ်။ ဒါကြောင့်မို့လို့ ထူးချွန်တဲ့ကလေးများဟာ ချီးကျူးမူ၊ အားပေးအားမြောက်မူ ကြောင့် ဖြစ်ပါတယ်။
၉ ။ ကလေးများ အသက် ၃ နှစ်ပတ်ဝန်းကျင်၊ သဘောထားကြီးတဲ့၊ ခွင့်လွတ်မူကြီးတဲ့ မိဘများဖြစ်ပါစေ၊
ကလေးများ အသက် ၉ နှစ်ပတ်ဝန်းကျင်၊ အပြုသဘောဆောင်တဲ့၊ အာဏာရှင်ဆန်တဲ့ မိဘများဖြစ်ပါစေ၊
ကလေးများ အသက် ၁၃ နှစ် ပတ်ဝန်းကျင်၊ ဒီမိုကရေစီဆန်တဲ့ မိဘများ ဖြစ်ကြပါစေ။
၁၀။ ပညာသင်ကြားခြင်းဟာ အရည်အချင်းကို ပိုင်ဆိုင်စေလိုခြင်းဖြစ်တယ်။ ဘာမဆို မိဘက တိုင်ခံလုပ်ဆောင်ပေးခြင်း ဟာ ကလေးများ လေ့ကျင့်နို်င်တဲ့ အခွင့်အလမ်း၊ တိုးတက်နိုင်တဲ့ အခွင့်အလမ်း တားဆီးပိတ်ပင်ပြီးသား ဖြစ်သွားပါတယ်။ ဆင်ခြင်ပါ။
၁၁။ ဖြစ်နိုင်ရင် အလယ်တန်းမတက်ခင်မှာ အကျင့် ၄ မျိုးကို ပျိုးထောင်ပေးပါ။
က။ သိလိုစိတ်ပြင်းပြတဲ့ စာဖတ်ရူ့တဲ့ ၀ါသနာ၊
ခ။ ဘာမဆို အကောင်းဘက်ကနေ ရူ့ မြင်တတ်တဲ့စိတ်ထား
ဂ။ လေးလေးနက်နက် စဉ်းစားတတ်တဲ့ အကျင့်
ယ။ တစ်သက်တာ ၀ါသနာ တစ်မျိုးမျိုးကို ပျိုးထောင်ပေးရန်
၁၁။ ကလေးစိတ်ဓါတ်ဆိုတာ နုနယ်လွန်းပါတယ်။ ထိလွယ်ရှလွယ်ပါတယ်။ စာမတော်ရတဲ့ အကြောင်းရင်းဟာ အရည်အချင်းကြောင့်မဟုတ်သလို၊ အခြေခံညံ့ဖျင်းမူကြောင့်လည်း မဟုတ်တတ်ပါ။ မကြိုးစားတာလည်း မဟုတ်ပါ။ များသောအားဖြင့် စိတ်ဖိအားကြောင့်ဖြစ်ပါတယ်။ တနည်းပြောရရင် ကျောင်းစာပြင်ပက ကိစ္စများနေလို့ ဖြစ်တယ်။ ကလေးကို အနောက်အယှက်ပေးလွန်းနေပါတယ် ။ ကျောင်းစာပြင်ပက ကိစ္စဆိုတာ ကျယ်ပြန့်ပါတယ်။ လက်ကိုင်ဖုန်းလား၊ ဂိမ်းလား၊ သူငယ်ချင်းကြောင့်လား၊ ရုပ်ရှင်ဗွီတီယိုကြောင့်လား၊ ရည်းစားကြောင့်လား၊ စသည့်စသည့်......
၁၂။ ကလေးကောင်းတစ်ယောက်ပျိုးထော င်ဖို့
လူတော်တော်များများ ကြိုးပမ်းရပါတယ်။ ဒါတောင်မှ အောင်မြင်ချင်မှ
အောင်မြင်မှာပါ။ ကလေးတစ်ယောက်ကို ဖျက်ဆီးချင်ရင်တော့၊ စကားတစ်ခွန်း၊
ကိစ္စတစ်ခုနဲ့တင် လုံလောက်ပါတယ်။ ဒါကြောင့်မို့လို ကလေးတစ်ယောက်
ဒုက္ခရောက်သွားတာ မိသားစုဝင်များနဲ့ နီးစပ်တဲ့ လူများကြောင့်ဖြစ်တတ်ပါတယ်။ ဆရာများကြောင့်လည်းဖြစ်နို င်ပါတယ်။ မိဘများကြောင့်လည်းဖြစ်နို င်ပါတယ်။
၁၃။ အောင်မြင်ပျော်ရွှင်တဲ့အရသာကို တွေ့ကြုံ နှစ်သက်စေခြင်းဖြင့် ကလေးကို တိုးတက်ချင်အောင် အားပေးအားမြောက်ပြုနိုင်ပါ တယ်။
၁၄။ ကလေးကို ချစ်တယ်ဆိုတာ အပြောသက်သက် မဟုတ်ပါ။ လက်တွေ့ အကောင်အထည်ပါရပါတယ်။ကလေးကို ချစ်တယ်ဆိုတာ ကလေးကို လေးစားတာပါတယ်။ ကိုယ်ချင်းစာတာ ပါတယ်။ နေရာလဲပြီး စဉ်းစားပေးတာပါပါတယ်။ စိတ်ချင်းဖလှယ်တာ ပါပါတယ်။
၁၅။ လောကကြီးမှာ စိတ်ဓါတ်ကျရူံးတာက လွှဲလို့ ကျရူံးခြင်း စစ်စစ် မရှိပါ။
၁၆။ အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တဲ့စိတ်ထားဟာ ဥာဏ်ပညာထက် ပိုပြီးအင်အားကြီးမားပါတယ် ။
၁၇။ အတန်းပညာရဲ့ အဓိကပြသနာက ဘာလဲ၊ စိတ်နေစိတ်ထားပါ။ စိတ်နေစိတ်ထားရဲ့ အဓိက သော့ချက်ကဘာလဲ၊ ကိုယ့်ကိုယ်ကိုယုံကြည်မူပါ။ ဘယ်ပညာရေးစနစ်ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မူမှ မမွေးထုတ်ပေးနိုင်ရင် ကျရူံးမှာ ဖြစ်ပါတယ်။
၁၈။ ဘ၀မှာ အခွင့်အရေးတော်တော်များများ ကို
ရွေးချယ်ခွင့်မရပါဘူး၊ ဥပမာ မိဘ၊ မွေးရပ်ဒေသ၊ ကိုယ့်ကိုယ်ကို
သင်ကြားမဲ့ဆရာဆရာမ၊ နိုင်ငံရေးစနစ် စသည်တို့ ပါပါတယ်။ ဒါပေမဲ့
ကိုယ့်ကိုယ်ကို အပြည့်အ၀ ရွေးချယ်နိုင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ “
စိတ်နေစိတ်ထား” ပဲဖြစ်ပါတယ်။
၁၉။ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းဆိုတာ မျော်လင့်ချက် ၁% ရှိပေမဲ့ ၁၀၀% ကြိုးစားခြင်းကိုဆိုလိုပါတယ်။ အောင်မြင်ခြင်းဆိုတာ အဲဒီ ၁% မျော်လင့်ချက်ကို ၁၀၀% ရလဒ်အဖြစ် အကောင်အထည်ဖေါ် ပြနိုင်ခြင်းဖြစ်တယ်။
၂၀။ ဘယ်အချိန်အခါမှာပဲဖြစ်ဖြစ် ကိုယ်လက်လှမ်းမှီနိုင်တဲ့ ရည်ရွယ်ချက်တစ်ခုကိုတော့ အကောင်အထည်ဖေါ် နေသင့်ပါတယ်။
၂၁။ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur ပြောဖူးတယ်။ “ သေတာမကြောက်တဲ့လူမှ အသက် ပိုရှင်ထိုက်တယ်” တဲ့၊ ဒီစကားကို ကျောင်းသားအပေါ်မှာ သုံးရင် “ ဆုံးရူံးတာကို မကြောက်တဲလူမှ ပိုအောင်မြင်မယ်။” လို့ ဆိုရမှာပါ။
၂၂။ တပ်မတော်မှာ လက်သုံးစကားတစ်ခွန်းရှိတယ် ။
“ ချွေးထွက်များမှ သွေးထွက်နည်းမယ်။” ဒီစကား ကျောင်းသားအပေါ် မှာ
အသုံးချမယ်ဆိုရင် “ များများ အမှားတွေ့မှ၊ များများ
လေ့ကျင့်ထားနိုင်ပါမှ၊ နောက်ဆုံးအောင်မြင်မူ ပန်းတိုင်ရောက်ရှိနိုင်မှာ ဖြစ်တယ်။”
၂၃။ ငယ်ရည်းစားထားတာဟာ ရုပ်ရှင်ထဲမှာ ရော၊ ၀တ္ထု ကာတွန်းထဲမှာပါ အရမ်းလှပ စိတ်ကူးယာဉ် ဆန်ပေမဲ့ အချိန်အခါ မမှန်ကန်ပါ။ “ အတူးရယ်၊ အသဲရယ်” ဆိုတာ အရမ်းလှပတယ်လို့ ထင်ရသလောက် လက်တွေ့ဘ၀မှာ အဖြေ မကောင်းတတ်ပါဘူး။
၂၄။ စာကြိုးစားတယ်ဆိုတာ အချိန်အကြာကြီး ကြိုးစားစရာ မလိုပေမဲ့၊ ကြိုးစားတဲ့ မိနစ်တိုင်းတော့ ထိရောက်ဖို့ လိုပါတယ်။
၂၅။ ပညာသင်ကြားတယ်ဆိုတာလည်း အမှားများစွာ ကြုံတွေ့ရပြီး အဆိုပါ အမှားနဲ့ အခက်အခဲများကို တောက်လျှောက် ဖြေရှင်းကျော်လွှားရတဲ့ ကာလဖြစ်ပါတယ်။ အခက်အခဲနဲ့ အမှားများဟာ ကြောက်စရာမကောင်းပါ။ လွယ်လွယ်နဲ့ အလျှော့ပေးတတ်တဲ့ အကျင့်နဲ့ စိတ်ဓါတ်သာ ကြောက်စရာ ကောင်းပါတယ်။
Ref: WeChat
++++++++++++++++++++++++++
လုပ်သက် အနှစ် သုံးဆယ်ခန့် ရှိပြီဖြစ်တဲ့ ကျောင်းဆရာတစ်ဦး ဟာ မိမိရဲ့ အတွေ့ အကြုံနဲ့ အတွေးအမြင်များကို အောက်ပါအတိုင်းရေးချထားပါတ
၁။ ကလေးကို “ထိုင်းအ ” သွားစေတဲ့ သွန်သင်ဆုံးမမူများ
အပြစ်မြင်လွန်းခြင်း၊ နေရာတကာ ၀င်ရူပ်ခြင်း၊ ပြည့်စုံမူကို တောင်းဆိုလွန်းခြင်း၊ အမှတ်မြင့်မြင့်ကိုအလေးထား
၂။ အငြိမ်မနေတတ်ခြင်း၊ အဆော့မက်ခြင်း တို့ဟာ ကလေးများရဲ့ ပင်ကိုယ်သဘာဝဖြစ်တယ်။ တစ်ထိန်းတည်း ထိန်းနေလို့ မရပါဘူး။ မြေကွက်ပေါ်မှာ မြက်တွေ၊ ပေါင်းပင်တွေ မရူပ်ပွနေစေချင်ရင်တော့ အသုံးဝင်တဲ့အပင်တွေ များများစိုက်ပေးသင့်ပါတယ်
၃။ ပညာရေးဆိုတာ ဗဟုသုသ ပေးခြင်းသက်သက်မဟုတ်သလို အရည်အချင်းရှိအောင် သင်ပေးခြင်းသက်သက်လည်း မဟုတ်ပါ။ အရေးကြီးဆုံးမှာ ကလေးရဲ့ အတွင်းစိတ်ကို နိုးထစေဖို့အတွက် နိုးဆွပေးဖို့နဲ့ အားပေးအားမြောက်ပြုဖို့ ဖြစ်ပါတယ်။ ပညာရေးဆိုတာ ကလေးများကို ပညာဥာဏ် ရိုက်သွင်းပေးခြင်းမဟုတ်ပ
၎။ ခရမ်းချဉ် အပင်ကို ပန်းသီး သီးဖို့ မတောင်းဆိုသင့်ပါ။ ခရမ်းချဉ်အပင် ခရမ်းချဉ်သီးပဲ သီးပါစေ၊ ပန်းသီးပင် ပန်းသီးပဲ သီးပါစေ။ အသီးတိုင်းဟာ သူ့နေရာနဲ့သူ အသုံးတည့်သလို သူတန်ဖိုးနဲ့သူ ရှိပါတယ်။ ကိုယ့်အားသန်ရာကို မွေးမြူပျိုးထောင်ပါ။ ကလေးတိုင်းဟာ ထူးချွန်ပါတယ်။
၅။ မြင်းနဲ့ကျွဲ အပြေးပြိုင်ကြပါတယ်။ ရာနူန်းပြည့် ကျွဲရူံးမှာပါ။ ပြိုင်ပွဲကို ကြည့်ပြီး ကျွဲညံ့တယ်၊ ကျွဲ အသုံးမကျဘူးလို့ ဆုံးဖြတ်လို့ မရပါ။ ပြိုင်ပွဲ စီစဉ်တဲ့လူများ အသိဥာဏ်မရှိဘူးလို့ပဲ အပြစ်တင်ပါရစေ။ မိဘများအနေနဲ့ မိမိကလေးများရဲ့ အားသာချက်ပေါ် မူတည်ပြီး ကလေးများရဲ့ အနာဂတ်ကို ကြိုတင်စဉ်းစားပေးသင့်ပါတယ်
၆။ မိဘများဟာ ကလေးများရဲ့ လက်ဦးဆရာများဖြစ်ကြပါတယ်။ ရာသက်ပန်ဆရာများလည်း ဖြစ်ကြပါတယ်။ ဘယ်သူ့မှ အစားထိုးလို့ မရတဲ့ သူများလည်း ဖြစ်ကြပါတယ်။
ရ။ လူတစ်ဦးရဲ့ အောင်မြင်မူကို တိုင်းတာတဲ့ အချိန်မှာ သူ့ကလေးတွေ ဘယ်လောက်ထိ အောင်မြင်အောင် ပျိုးထောင်နိုင်သလဲဆိုတာလ
၈။ သုတေသန အရ မှန်ကန်စွာ အားပေးအားမြောက်မူ မခံရတဲ့ ကလေးများဟာ ပင်ကိုယ်အရည်အသွေး (သို့) ပင်ကိုယ်ထူးချွန်တဲ့ ဗီဇ ၂၀% နဲ့ ၃၀% ခန့်သာ ဖေါ်ထုတ်နိုင်ကြပါတယ်။ ကလေးများကို မှန်မှန်ကန်ကန် အားပေးအားမြောက်ပြုတတ်ရင် ၇၀%၊ ၈၀% အထိ ဖေါ်ထုတ်နိုင်ကြပါတယ်။ ဒါကြောင့်မို့လို့ ထူးချွန်တဲ့ကလေးများဟာ ချီးကျူးမူ၊ အားပေးအားမြောက်မူ ကြောင့် ဖြစ်ပါတယ်။
၉ ။ ကလေးများ အသက် ၃ နှစ်ပတ်ဝန်းကျင်၊ သဘောထားကြီးတဲ့၊ ခွင့်လွတ်မူကြီးတဲ့ မိဘများဖြစ်ပါစေ၊
ကလေးများ အသက် ၉ နှစ်ပတ်ဝန်းကျင်၊ အပြုသဘောဆောင်တဲ့၊ အာဏာရှင်ဆန်တဲ့ မိဘများဖြစ်ပါစေ၊
ကလေးများ အသက် ၁၃ နှစ် ပတ်ဝန်းကျင်၊ ဒီမိုကရေစီဆန်တဲ့ မိဘများ ဖြစ်ကြပါစေ။
၁၀။ ပညာသင်ကြားခြင်းဟာ အရည်အချင်းကို ပိုင်ဆိုင်စေလိုခြင်းဖြစ
၁၁။ ဖြစ်နိုင်ရင် အလယ်တန်းမတက်ခင်မှာ အကျင့် ၄ မျိုးကို ပျိုးထောင်ပေးပါ။
က။ သိလိုစိတ်ပြင်းပြတဲ့ စာဖတ်ရူ့တဲ့ ၀ါသနာ၊
ခ။ ဘာမဆို အကောင်းဘက်ကနေ ရူ့ မြင်တတ်တဲ့စိတ်ထား
ဂ။ လေးလေးနက်နက် စဉ်းစားတတ်တဲ့ အကျင့်
ယ။ တစ်သက်တာ ၀ါသနာ တစ်မျိုးမျိုးကို ပျိုးထောင်ပေးရန်
၁၁။ ကလေးစိတ်ဓါတ်ဆိုတာ နုနယ်လွန်းပါတယ်။ ထိလွယ်ရှလွယ်ပါတယ်။ စာမတော်ရတဲ့ အကြောင်းရင်းဟာ အရည်အချင်းကြောင့်မဟုတ်သလိ
၁၂။ ကလေးကောင်းတစ်ယောက်ပျိုးထော
၁၃။ အောင်မြင်ပျော်ရွှင်တဲ့အရသာက
၁၄။ ကလေးကို ချစ်တယ်ဆိုတာ အပြောသက်သက် မဟုတ်ပါ။ လက်တွေ့ အကောင်အထည်ပါရပါတယ်။ကလေးကို
၁၅။ လောကကြီးမှာ စိတ်ဓါတ်ကျရူံးတာက လွှဲလို့ ကျရူံးခြင်း စစ်စစ် မရှိပါ။
၁၆။ အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တဲ့စိတ်ထားဟာ ဥာဏ်ပညာထက် ပိုပြီးအင်အားကြီးမားပါတယ်
၁၇။ အတန်းပညာရဲ့ အဓိကပြသနာက ဘာလဲ၊ စိတ်နေစိတ်ထားပါ။ စိတ်နေစိတ်ထားရဲ့ အဓိက သော့ချက်ကဘာလဲ၊ ကိုယ့်ကိုယ်ကိုယုံကြည်မ
၁၈။ ဘ၀မှာ အခွင့်အရေးတော်တော်များများ
၁၉။ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းဆိုတာ မျော်လင့်ချက် ၁% ရှိပေမဲ့ ၁၀၀% ကြိုးစားခြင်းကိုဆိုလိုပ
၂၀။ ဘယ်အချိန်အခါမှာပဲဖြစ်ဖြစ် ကိုယ်လက်လှမ်းမှီနိုင်တဲ့
၂၁။ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur ပြောဖူးတယ်။ “ သေတာမကြောက်တဲ့လူမှ အသက် ပိုရှင်ထိုက်တယ်” တဲ့၊ ဒီစကားကို ကျောင်းသားအပေါ်မှာ သုံးရင် “ ဆုံးရူံးတာကို မကြောက်တဲလူမှ ပိုအောင်မြင်မယ်။” လို့ ဆိုရမှာပါ။
၂၂။ တပ်မတော်မှာ လက်သုံးစကားတစ်ခွန်းရှိတယ်
၂၃။ ငယ်ရည်းစားထားတာဟာ ရုပ်ရှင်ထဲမှာ ရော၊ ၀တ္ထု ကာတွန်းထဲမှာပါ အရမ်းလှပ စိတ်ကူးယာဉ် ဆန်ပေမဲ့ အချိန်အခါ မမှန်ကန်ပါ။ “ အတူးရယ်၊ အသဲရယ်” ဆိုတာ အရမ်းလှပတယ်လို့ ထင်ရသလောက် လက်တွေ့ဘ၀မှာ အဖြေ မကောင်းတတ်ပါဘူး။
၂၄။ စာကြိုးစားတယ်ဆိုတာ အချိန်အကြာကြီး ကြိုးစားစရာ မလိုပေမဲ့၊ ကြိုးစားတဲ့ မိနစ်တိုင်းတော့ ထိရောက်ဖို့ လိုပါတယ်။
၂၅။ ပညာသင်ကြားတယ်ဆိုတာလည်း အမှားများစွာ ကြုံတွေ့ရပြီး အဆိုပါ အမှားနဲ့ အခက်အခဲများကို တောက်လျှောက် ဖြေရှင်းကျော်လွှားရတဲ့ ကာလဖြစ်ပါတယ်။ အခက်အခဲနဲ့ အမှားများဟာ ကြောက်စရာမကောင်းပါ။ လွယ်လွယ်နဲ့ အလျှော့ပေးတတ်တဲ့ အကျင့်နဲ့ စိတ်ဓါတ်သာ ကြောက်စရာ ကောင်းပါတယ်။
Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။