"စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ် ယောက်ဖြစ်ပါစေ။
ဒါပေမယ့် မရိုင်းမိပါစေနဲ့"
Strong ဖြစ်တာနဲ့ Rude ဖြစ်တာ မတူပါဘူး။ အချို့က
Strong အဖြစ်လွန်ရာကနေ Rude ဖြစ်သွားတတ်ကြ
ပါတယ်။ မိမိအခက်အခဲကို မိမိဘာသာ ကျော်ဖြတ်ရ
တာများလာတဲ့အခါ ယုံကြည်မှုလွန်ကဲစိတ်တွေဝင်လာ
ကာ အခြားသူအပေါ်ကို ရိုင်းလာမိတတ်ပါတယ်။ အမြဲ
ကိုယ့်ကိုယ်ကို သတိပေးပါ။ Strong ဖြစ်လို့ရတယ်။
Rude ဖြစ်တဲ့ အထိတော့ မရောက်ပါစေနဲ့။
"ကြင်နာတတ်ပါစေ။ ဒါပေမယ့် ပျော့ညံ့တဲ့သူတော့
မဖြစ်ပါစေနဲ့"
အချို့က ကြင်နာတတ်တယ်၊ အားနာတတ်တယ်ဆိုပြီး
သူများတွေ အနိုင်ကျင့်သမျှခံလေ့ရှိကြပါတယ်။ ပျော်
ရင်တော့ ဆက်လုပ်ပါ။ ကြင်နာတာကောင်းပါတယ်။
ဒါပေမယ့် နုံအပြီးအရမ်းပျော့ညံ့နေတဲ့ သူတစ်ယောက်
ဖြစ်တာ မကောင်းပါဘူး။ လူတကာရဲ့ အနိုင်ကျင့်ဖက်
ဖြစ်နေပါလိမ့်မယ်။
"ကိုယ့်ကိုယ်ကိုယ်နှိမ့်ချ ပါ။ ဒါပေမယ့် သိမ်ငယ်နေတဲ့
ပုံတော့ ဖြစ်မနေပါစေနဲ့"
ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတ တ်တာ ပညာရှိတွေရဲ့လုပ်ရပ်
ပါ။ ဒါပေမယ့် သိမ်ငယ်ကြောက်ရွံ့နေတဲ့ပုံစံမျိုးကြီးတော့
ဖြစ်မနေပါစေနဲ့။ မာန်မာန မထောင်လွှားရင်ရပါပြီ။ အရမ်း
ဟန်ဆောင်ပန်ဆောင်ကြီး နှိမ့်ချတာဟာ ဟန်လုပ်ထား
မှန်းသိသာတတ်ပါတယ်။
"ဂုဏ်ယူပါ။ ဒါပေမယ့် ရန်မလိုပါစေနဲ့"
မိမိမှာရှိတဲ့အရာတွေ၊ မိမိဖြတ်ခဲ့ရတဲ့ မုန်တိုင်းတွေ၊ မိမိ
မှာရှိတဲ့ အမာရွတ်တွေ စတာတွေအတွက် သင်ဂုဏ်ယူ
လို့ရပါတယ်။ ဒါပေမယ့်ဂုဏ်အယူလွန်ပြီး ရန်လိုတဲ့အနေ
အထားအမျိုး မရောက်သွားပါစေနဲ့။ ဂုဏ်အရမ်းမောက်
သွားတဲ့အခါ ခံစားမှုဟာ ထိန်းသိမ်းရခက်တတ်ပါတယ်။
ဂုဏ်ယူလို့ရပါတယ်။ ဒါပေမယ့် မလွန်ကဲပါစေနဲ့။
လောကကြီးမှာ ခံစားမှုတွေအစွန်းမရောက်ဖို့ မိမိကိုယ်ကိုယ်
အမြဲထိန်းသိမ်းနေဖို့လိုပါတ ယ်။
#မိုးရှင်း (I.M.T)
Ref: worshipgifs.org
ဒါပေမယ့် မရိုင်းမိပါစေနဲ့"
Strong ဖြစ်တာနဲ့ Rude ဖြစ်တာ မတူပါဘူး။ အချို့က
Strong အဖြစ်လွန်ရာကနေ Rude ဖြစ်သွားတတ်ကြ
ပါတယ်။ မိမိအခက်အခဲကို မိမိဘာသာ ကျော်ဖြတ်ရ
တာများလာတဲ့အခါ ယုံကြည်မှုလွန်ကဲစိတ်တွေဝင်လ
ကာ အခြားသူအပေါ်ကို ရိုင်းလာမိတတ်ပါတယ်။ အမြဲ
ကိုယ့်ကိုယ်ကို သတိပေးပါ။ Strong ဖြစ်လို့ရတယ်။
Rude ဖြစ်တဲ့ အထိတော့ မရောက်ပါစေနဲ့။
"ကြင်နာတတ်ပါစေ။ ဒါပေမယ့် ပျော့ညံ့တဲ့သူတော့
မဖြစ်ပါစေနဲ့"
အချို့က ကြင်နာတတ်တယ်၊ အားနာတတ်တယ်ဆိုပြီး
သူများတွေ အနိုင်ကျင့်သမျှခံလေ့ရှိကြပ
ရင်တော့ ဆက်လုပ်ပါ။ ကြင်နာတာကောင်းပါတယ်။
ဒါပေမယ့် နုံအပြီးအရမ်းပျော့ညံ့နေတဲ့
ဖြစ်တာ မကောင်းပါဘူး။ လူတကာရဲ့ အနိုင်ကျင့်ဖက်
ဖြစ်နေပါလိမ့်မယ်။
"ကိုယ့်ကိုယ်ကိုယ်နှိမ့်ချ
ပုံတော့ ဖြစ်မနေပါစေနဲ့"
ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတ
ပါ။ ဒါပေမယ့် သိမ်ငယ်ကြောက်ရွံ့နေတဲ့ပုံစ
ဖြစ်မနေပါစေနဲ့။ မာန်မာန မထောင်လွှားရင်ရပါပြီ။ အရမ်း
ဟန်ဆောင်ပန်ဆောင်ကြီး နှိမ့်ချတာဟာ ဟန်လုပ်ထား
မှန်းသိသာတတ်ပါတယ်။
"ဂုဏ်ယူပါ။ ဒါပေမယ့် ရန်မလိုပါစေနဲ့"
မိမိမှာရှိတဲ့အရာတွေ၊ မိမိဖြတ်ခဲ့ရတဲ့ မုန်တိုင်းတွေ၊ မိမိ
မှာရှိတဲ့ အမာရွတ်တွေ စတာတွေအတွက် သင်ဂုဏ်ယူ
လို့ရပါတယ်။ ဒါပေမယ့်ဂုဏ်အယူလွန်ပြီး ရန်လိုတဲ့အနေ
အထားအမျိုး မရောက်သွားပါစေနဲ့။ ဂုဏ်အရမ်းမောက်
သွားတဲ့အခါ ခံစားမှုဟာ ထိန်းသိမ်းရခက်တတ်ပါတယ်။
ဂုဏ်ယူလို့ရပါတယ်။ ဒါပေမယ့် မလွန်ကဲပါစေနဲ့။
လောကကြီးမှာ ခံစားမှုတွေအစွန်းမရောက်ဖို့
အမြဲထိန်းသိမ်းနေဖို့လိုပါတ
#မိုးရှင်း (I.M.T)
Ref: worshipgifs.org
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။