Ko Paing ရေးသည်
-
သူကျွန်မခံပြီ ဇာတ်ကားကြီးမှာ နန္ဒာလှိုင် မြင်းပေါ်တက်တာ ပေါင်ရင်းနားအထိ ထမိန်လန်သွားတဲ့ အခန်းလေးကို ကြည့်ချင်လွန်းလို့ ရုံမှာ ၄ခေါက်တိတိသွားပြန်ကြည့်ရတဲ့  ခေတ်ကနေ အကုန်ဖော်ခေတ်အထိကို အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ ခေတ်ကြီးကို ဘယ်လို ခံစားရမှန်းမသိတော့ဘူး။
စပါယ်ယာမျက်နှာ တရွာထင်ပြီးကားတိုးစီးခဲ့ရတဲ့ ခေတ်ကနေ အေးရာအေးကြောင်း Busကားစီးခွင့်ရတော့မယ်ခေတ် အထိ အပြောင်းလဲကြီးပြောင်းလဲသွားတော့ အချိန်ကို ကန့်လန့်တိုက်နေကြတဲ့ လူတွေကို ဘယ်လိုနားလည်ခံစားပေးရမှန်း မသိတော့ဘူး။
စစ်သားဟောင်းကြီးတွေက စစ်ကို ရွံမုန်းရမယ့်အစား အားပေးထောက်ခံနေကြတာမြင်မိေ တာ့ နှောင်းလူငယ်တွေကို သူတို့လို တို ၁ ရှည် ၁ ဖြစ်စေချင်တဲ့ စေတနာများရှိနေလို့လားလို့ ခံစားမိနေတယ်။
သိန်းရာကျော်တန် ကားကြီးတွေစီးပြီး အိမ်ပိုင်မရှိတဲ့ သူတွေအတွက် လုပ်ပေးတဲ့ တန်ဘိုးနည်း အိမ်ရာကို လောဘတကြီးဝင်လုနေတဲ့ တန်ဘိုးနည်းလူတန်းစားကို ဘယ်လိုစိတ်မျိုးနဲ့ ခံစားနားလည်ပေးရမလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး။
ကျည်ဆံတစ်တောင့် တန်ဘိုးဆိုတာ လူတယောက်ရဲ့ အသက်ဇီဝိန်ဘဲလေ။ ခဲတံတစ်ချောင်းရဲ့ တန်ဘိုးဆိုတာ လူတယောက်ရဲ့ ဘဝ,နိုင်ငံတနိုင်ငံရဲ့တန်ဖိုး ဘဲလေ။ ခဲတံကို တန်ဘိုးမထားဘဲ ကျည်ဆံကိုတန်ဘိုးထားနေကြတဲ့ လူ့ငနွား တွေကို ဘယ်လိုအတွေးနဲ့ ဖြည့်တွေးလို့ ခံစားပေးရမလဲဆိုတာတွေးကြည့် လို့တောင်မရဘူး။
ဖိုတို ခွက်ဒစ်
-
သူကျွန်မခံပြီ ဇာတ်ကားကြီးမှာ နန္ဒာလှိုင် မြင်းပေါ်တက်တာ ပေါင်ရင်းနားအထိ ထမိန်လန်သွားတဲ့ အခန်းလေးကို ကြည့်ချင်လွန်းလို့ ရုံမှာ ၄ခေါက်တိတိသွားပြန်ကြည့်ရတဲ
စပါယ်ယာမျက်နှာ တရွာထင်ပြီးကားတိုးစီးခဲ့ရတ
စစ်သားဟောင်းကြီးတွေက စစ်ကို ရွံမုန်းရမယ့်အစား အားပေးထောက်ခံနေကြတာမြင်မိေ
သိန်းရာကျော်တန် ကားကြီးတွေစီးပြီး အိမ်ပိုင်မရှိတဲ့ သူတွေအတွက် လုပ်ပေးတဲ့ တန်ဘိုးနည်း အိမ်ရာကို လောဘတကြီးဝင်လုနေတဲ့ တန်ဘိုးနည်းလူတန်းစားကို ဘယ်လိုစိတ်မျိုးနဲ့ ခံစားနားလည်ပေးရမလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး။
ကျည်ဆံတစ်တောင့် တန်ဘိုးဆိုတာ လူတယောက်ရဲ့ အသက်ဇီဝိန်ဘဲလေ။ ခဲတံတစ်ချောင်းရဲ့ တန်ဘိုးဆိုတာ လူတယောက်ရဲ့ ဘဝ,နိုင်ငံတနိုင်ငံရဲ့တန်ဖိ
ဖိုတို ခွက်ဒစ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။