သိပ်ကောင်းတဲ့ စိတ်ဓာတ်
မြန်မာပြည်မှာဆိုရင် ဘယ်လိုနေမလဲမသိ။ တကယ်တော့ ဖြစ်ခဲ့ပုံက ဒီလို။
အင်တာဗျူး တစ်ခုမှာ ဂျပန်လူမျိုးကောင်လေးက Christiano Ronaldo ကို မေးခွန်းလေးတွေ မေးတုန်းက ဖြစ်သည်။ ကောင်လေးက စာရွက်လေး ကြည့်ကြည့်ပြီး သူသိပ်အားကျရတဲ့ ဘောလုံးသူရဲကောင်း C Ronaldo ကို ပေါ်တူဂီဘာသာစကားနဲ့ နှုတ်ခွန်းဆက်သည်။ မေးသည်။ သူ့ရဲ့ သူရဲကောင်းက ပေါ်တူဂီသားကိုး။ ဒါ့ကြောင့် ဂျပန်ကောင်လေးက ပိုနီးစပ်ချင်လို့ ပေါ်တူဂီလို ပြောရှာတာ။
ဂျပန်လူမျိုးကောင်လေးက ပေါ်တူဂီလို ပြောတော့ စဉ်းစားသာကြည့်။ ဘယ်ပီသပါ့မလဲ။ တခြား စင်အောက်က လူတွေက ပြုံးစိစိ၊ ရယ်သံအချို့ကလဲ ပြန့်လို့။ ဒါကို ကြည့်ပြီး Christiano Ronaldo က စိတ်မသက်မသာ ဖြစ်နေပုံရသည်။
C Ronaldo က ပရိသတ်ဘက်လှည့်ပြီး -
" ခင်များတို့ ဘာတွေ ရယ်ကြပါလိမ့်။ ကျွန်တော်ဖြင့် ရယ်စရာတစ်ခုမှ မတွေ့မိပါဘူး။ သူ ပေါ်တူဂီလို ပြောတာ သိပ်ကောင်းတယ်။ သူ့ရဲ့ အားထုတ်မှုက သိပ်အားကျဖို့ကောင်းတယ်။ " လို့ ပြောပါလေရော။
တဒင်္ဂတော့ ပရိသတ်က ကြောင်သွားတယ်။ ပြီးမှ C Ronaldo ဘာကိုဆိုလိုသလဲ သဘောပေါက်ပြီး လက်ခုပ်သံတွေ တဖြောင်းဖြောင်းထွက်လာပါတယ် ။
ဒါဟာ ဘာကို ပြသလဲဆိုရင် တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ချီးကျူးထိုက်တဲ့ စိတ်ထားမျိုးဟာ တစ်ခါတစ်လေ ပျောက်ရှ၊ အမေ့ခံဖြစ်တတ်ပါတယ်။ သာမန် နိုင်ငံတွေမှာ ပိုဆိုးပေါ့။
အလုပ်ပတ်ဝန်းကျင်မှာ လူသစ်တစ်ယောက်ရောက်လာတယ်။ အစပိုင်းမလို့ ကြိုးစားပေမယ့် ရုန်းကန်နေရဆဲ အချိန်ဖြစ်နေရင် " ဒါတောင် မသိပါလား၊ ဒီလောက်လွယ်တာကို " လို့ ငြိုငြင်နှိပ်ကွက်မယ့်အစား
" သူအရမ်းကြိုးစားနေပါလား၊ ကြိုးစားတာ သိပ်ကောင်းတယ် " ဆိုတဲ့ အတွေးလေး ထားပေးဖို့လိုပါတယ်။
ဒီလို စိတ်ဓာတ်မျိုးဟာ ရှားပါးသလို သိပ်ကောင်းတဲ့ စိတ်ဓါတ်လဲ ဖြစ်တာမလို့ ကမ္ဘာမြေမှာ များများလိုအပ်ပါတယ်။
ကြိုက်နှစ်သက်တယ်၊ သဘောတူတယ်ဆိုရင် ပြန်လည် ဝေမျှနိုင်ပါသည်။
Like the page for daily awesome contents
💕
Golden dreams
မြန်မာပြည်မှာဆိုရင် ဘယ်လိုနေမလဲမသိ။ တကယ်တော့ ဖြစ်ခဲ့ပုံက ဒီလို။
အင်တာဗျူး တစ်ခုမှာ ဂျပန်လူမျိုးကောင်လေးက Christiano Ronaldo ကို မေးခွန်းလေးတွေ မေးတုန်းက ဖြစ်သည်။ ကောင်လေးက စာရွက်လေး ကြည့်ကြည့်ပြီး သူသိပ်အားကျရတဲ့ ဘောလုံးသူရဲကောင်း C Ronaldo ကို ပေါ်တူဂီဘာသာစကားနဲ့ နှုတ်ခွန်းဆက်သည်။ မေးသည်။ သူ့ရဲ့ သူရဲကောင်းက ပေါ်တူဂီသားကိုး။ ဒါ့ကြောင့် ဂျပန်ကောင်လေးက ပိုနီးစပ်ချင်လို့ ပေါ်တူဂီလို ပြောရှာတာ။
ဂျပန်လူမျိုးကောင်လေးက ပေါ်တူဂီလို ပြောတော့ စဉ်းစားသာကြည့်။ ဘယ်ပီသပါ့မလဲ။ တခြား စင်အောက်က လူတွေက ပြုံးစိစိ၊ ရယ်သံအချို့ကလဲ ပြန့်လို့။ ဒါကို ကြည့်ပြီး Christiano Ronaldo က စိတ်မသက်မသာ ဖြစ်နေပုံရသည်။
C Ronaldo က ပရိသတ်ဘက်လှည့်ပြီး -
" ခင်များတို့ ဘာတွေ ရယ်ကြပါလိမ့်။ ကျွန်တော်ဖြင့် ရယ်စရာတစ်ခုမှ မတွေ့မိပါဘူး။ သူ ပေါ်တူဂီလို ပြောတာ သိပ်ကောင်းတယ်။ သူ့ရဲ့ အားထုတ်မှုက သိပ်အားကျဖို့ကောင်းတယ်။ " လို့ ပြောပါလေရော။
တဒင်္ဂတော့ ပရိသတ်က ကြောင်သွားတယ်။ ပြီးမှ C Ronaldo ဘာကိုဆိုလိုသလဲ သဘောပေါက်ပြီး လက်ခုပ်သံတွေ တဖြောင်းဖြောင်းထွက်လာပါတယ်
ဒါဟာ ဘာကို ပြသလဲဆိုရင် တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ချီးကျူးထိုက်တဲ့ စိတ်ထားမျိုးဟာ တစ်ခါတစ်လေ ပျောက်ရှ၊ အမေ့ခံဖြစ်တတ်ပါတယ်။ သာမန် နိုင်ငံတွေမှာ ပိုဆိုးပေါ့။
အလုပ်ပတ်ဝန်းကျင်မှာ လူသစ်တစ်ယောက်ရောက်လာတယ်။ အစပိုင်းမလို့ ကြိုးစားပေမယ့် ရုန်းကန်နေရဆဲ အချိန်ဖြစ်နေရင် " ဒါတောင် မသိပါလား၊ ဒီလောက်လွယ်တာကို " လို့ ငြိုငြင်နှိပ်ကွက်မယ့်အစား
" သူအရမ်းကြိုးစားနေပါလား၊ ကြိုးစားတာ သိပ်ကောင်းတယ် " ဆိုတဲ့ အတွေးလေး ထားပေးဖို့လိုပါတယ်။
ဒီလို စိတ်ဓာတ်မျိုးဟာ ရှားပါးသလို သိပ်ကောင်းတဲ့ စိတ်ဓါတ်လဲ ဖြစ်တာမလို့ ကမ္ဘာမြေမှာ များများလိုအပ်ပါတယ်။
ကြိုက်နှစ်သက်တယ်၊ သဘောတူတယ်ဆိုရင် ပြန်လည် ဝေမျှနိုင်ပါသည်။
Like the page for daily awesome contents
Golden dreams

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။