The Melting Pot 4 U
တခါတုန်းက ငှက်တစ်ကောင်က ပျားတစ်ကောင်ကို မေးတယ်။ မင်းဘယ်လိုပဲ ကြိုးစားကြိုးစားပြီး ပျားအိမ်တွေဆောက် ပျားရည်တွေရအောင်လုပ်ပေမဲ့ လူတွေက မင်းလုပ်ထားတဲ့ ပျားရည်ကို ခိုးယူသွားကြတယ်။ ဒါကို မင်းစိတ်မပျက် ဝမ်းမနည်းဘူးလားလို့ မေးလိုက်တယ်။
ပျားက ငှက်ကို ပြန်ပြောတယ် လူတွေက ငါ့ရဲ့ ပျားရည်ကိုပဲ ခိုးယူလို့ရတာပါ။
ငါ့ရဲ့ ပျားရည်လုပ်တဲ့ အတတ်ပညာတော့ ခိုးယူလို့ မရပါဘူး
ပြန်ပြောလိုက်တယ်တဲ့။
အရမ်းမှန်ပါတယ်။ ကျနော်တို့တွေ တခါတခါ ကိုယ်ကြိုးစားလုပ်ဆောင်တဲ့ အရာတွေဟာ အရာမထင်သလို အကျိုးမခံစားရတာတွေလဲ ရှိတတ်ပါတယ်။ ဥပမာ ကိုယ့်အထက်အရာရှိက ကိုယ့်ကြိုးစားအားထုတ်မှုကို ကြားက အမြတ်ထုတ်သွားတာမျိုးတွေပါ။
ဒါကိုစိတ်ပျက်ဝမ်းနည်းမှု ဖြစ်မနေပဲ ကိုယ်လုပ်စရာရှိတာသာ ပိုပိုပြီး ကောင်းအောင်လုပ်ဆောင်ပါ။ ကိုယ်လုပ်နေရင်းရတဲ့ အတတ်ပညာ အသိပညာက ကိုယ့်အတွက် ချည်းပါ။ တပါးသူက အသုံး ချသွားလည်း ခဏတာသာရမှာပါ။
အသိပညာ အတတ်ပညာဆိုတာ အကောင်းဆုံးသော ရင်းနှီးမြှပ်နှံမှုဆိုတဲ့အတိုင်း တချိန်မှာ အကျိုးအမြတ် ကြိမ်းသေခံစားရမှာပါ။
Great Attitude ဆိုတဲ့ ပုံပြင်လေးကို မှီငြမ်းပါသည်။
ရဲမင်း
2/1/2016

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။