Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 3, 2017

ကိုနိုဗယ့် အကြောင်းတစေ့တစောင်း


Written By ကိုရုပ်ဆိုး(Min Thu)

ကျွန်တော်တို့ အတော်များများဟာအကျိုးမြင်ဝါဒီသမားတွေများကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ အကြောင်း ကိစ္စ တစ်ခုခု ကို တွေ့ပြီဆိုရင် ရလာကြတဲ့ ရလာဒ် ကိုပဲ ကောင်းလား ၊ မကောင်းလား ၊ ကြီးလား ၊ ငယ်လား သုံးသပ်တတ်ကြတယ် ။ ဒါပေမဲ့ အဒီအကျိုးတွေရဲ့ မူလဘူတ အကြောင်းတရားကိုတော့ စိတ်ဝင်စားသူဟာ အလွန်တရာကို နည်းကြပါတယ် ။ ဥပမာ တစ်ခုပေါ့ ဗလကြီးတွေ ဟက်နေတဲ့ ကာယဗလမောင်တစ်ယောက် ရဲ့ ပုံကိုတွေ့ပြီဆိုပါတော့ ။
“ မိုက်တယ်ကွာ ..ဗလကြီးတွေကို ဟက်နေတာပဲ” .. “ လူဘီလူးကြီးနဲ့တူတယ် ” ..

 “ အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရဘူးတချို့ ဗလကြီးကြီးပြီး ပုံး နေတာတွေမှပုံလို့” .. “အလကားပါကွာ .. အလုပ်မရှိ အလုပ်ရှာ ၊ အဲဒီခန္ဓာကိုယ်ကြီးတွေ ဘယ်သွားသုံးစားရမလဲ ” … စသဖြင့်ပေါ့ ဝေဖန်သံ တွေ ကို အများဆုံးကြားရမှာဖြစ်ပါတယ် ။ ဒါပေမဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ခြင်းရဲ့ တကယ့် မူလ အကြောင်းတရားဖြစ်တဲ့ ဇွဲစိတ် ၊ ပုံမှန်လေ့ကျင့်မှု ၊ အစားအသောက်ဆင်ခြင်မှု ၊ မှန်ကန်တဲ့ နည်းစနစ်  စတာတွေ နဲ့ ပက်သက်ပြီး ဝေဖန်ချက်တွေက တော့ မရှိသလောက်ကိုရှာမှ ရှားပါပဲ ။
        အဲလိုပါပဲ ကမ္ဘာမှာ အတော်များများသိကြတဲ့ နိုဗယ်ဆု ကို ကျွန်တော်တို့ အတော်များများလည်း  သိကြပါတယ် ။ ဘယ်သူတွေ တော့ နိုဗယ် ဆုရသွားပြီ ၊ ဘယ်သူတွေကတော့ရနိုင်တယ် ၊ အဲဒီနိုဗယ်ဆုက မကောင်းဘူး ၊ ဒီနိုဗယ်ဆုကတော့ နောက်ကွယ်မှာ နှောင်ကြိုးတွေပါတယ် …စသဖြင့်ပေါ့ လေ အကျိုးတရားနဲ့ ပက်သက်တဲ့ ဝေဖန်ချက်တွေ ကို များစွာတွေ့ရပါတယ် ။ ဒါပေမဲ့ တကယ့် အကြောင်းတရားဖြစ်တဲ့ နိုဗယ်ဆုဘယ်ကစဖြစ်လဲ ၊ နိုဗယ်ဆိုတာဘယ်သူလဲ ၊ ဘယ်တုန်းကပေးတာလဲ ၊ ဘာကြောင့် နိုဗယ်ဆုပေးတာလဲ ၊ ဘယ်လိုလူတွေ ကိုပေးတာလဲ စတာတွေကိုတော့ စိတ်ဝင်စားတဲ့သူတွေ ဟာတော့ အနည်းငယ် ပဲရှိမယ်လို့ထင်မိပါတယ် ။


နိုဗယ်ဆိုတာ ….




       နိုဗယ်ဆိုတာ (Alfred Bernhard Nobel) ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် ၊ အင်ဂျင်နီယာ ၊ စာရေးဆရာနဲ့ မူပိုင်ခွင့်ပေါင်း ၃၅၀ ကျော်ပိုင်ဆိုင်သော မီလျံနာ စီးပွားရေးသမား ၊ ဒိုင်းနမိုက် ၊ ဂယ်လီဂနိုက် နှင့် ဘလက်စတိုက် စတဲ့ ပေါက်ကွဲရေးပစ္စည်းများကို တီထွင်သူ ၊ ကမ္ဘာ မှာရှိတဲ့ ထူးချွန်သူတွေ အတွက် နိုဗယ်ဆုကို တီထွင်ပေး အပ် ခဲ့ သူ တစ်ယောက်ပါပဲ။
      အက်ဖရက် နိုဗယ် ကို ၁၈၃၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ စတော့ခ်ဟုမ်း( Stockholm) မြို့ မှာမွေးဖွားခဲ့ပါတယ် ။ သူ့အဖေ Immanuel Nobel ကတော့ စွန့်ဦးတီထွင်သူ ၊ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါတယ် ။ နိုဗယ် ဟာ သားသမီး ၈ ယောက်ရဲ့ ၄ ယောက်မြောက်သားဖြစ်ပြီး သူ့အဖေ ဆီကနေ ဆန်းသစ်တီထွင်လို တဲ့ အမွေကိုဆက်ခံ ခဲ့တဲ့သားတစ်ယောက်ပါ ။ ဆွီဒင် နိုင်ငံ မှာ သူ့ အဖေ ရဲ့ လုပ်ငန်းတွေ ဒေဝါလီခံ ရပြီးနောက်မှာတော့ ရုရှားနိုင်ငံရဲ့ စိန့်ပီတာစဘက် မြို့ ကိုပြောင်းရွှေ့လာခဲ့ ပါတယ် ။ ရုရှား အော်ဂင်းနစ် ဓာတုဗေဒ ပညာရှင် နီကိုလိုင် ဇင်းနစ် (Никола́й Никола́евич Зи́нин) ဆီမှာဓာတုဗေဒ ကို အထူးပြုပြီး ပညာသင်ကြားခဲ့ပါတယ် ။ တော်လွန်းလှတဲ့ နိုဗယ်လေးဟာ အရာရာကို ခဏသင်ရုံနဲ့ တတ်မြောက်နိုင်စွမ်းရှိပါတယ် ။ အဲဒီထဲမှ သူ အတော်ဆုံး နှင့် အပေါက်မြောက်ဆုံး ဘာသာရပ်တွေကတော့ ဘာသာစကားနဲ့ ဓာတုဗေဒ ဘာသာရပ်တွေဖြစ်ပါတယ် ။ အင်္ဂလိပ်၊ဂျာမန်၊ပြင်သစ်၊ရုရှားဘာသာစကား၎မျိုးကိုမိခင်ဘာသာစကားလိုကျွမ်းကျင်စွာပြောနိုင်သူတစ်ယောက်ပါ။ပီတာစဘက်မှာအခြေကျနေရင်းပဲပြင်သစ်နဲ့အမေရိကန်နိုင်ငံတွေကိုလည်းပညာတော်သင်သွားခဲ့ပါသေးတယ်။
      နိုဗယ်နဲ့ သူမိဘတွေ ရုရှားကနေ ဆွီဒင်ကို ပြန်သွားပြီးနောက်မှာတော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း များကို ကိုယ်တိုင် လေ့လာတီထွင်ပြီး စက်ရုံထောင်ရောင်းချပါတော့တယ် ။ ၁၈၆၃ မှာ ဒီတိုနေတာ (detonator) ကိုတီထွင်နိုင်ခဲ့ပြီး ၁၈၆၅ မှာတော့ ဒီတိုနေတာ ကနေ ပိုမိုပေါက်ကွဲစေမဲ့ blasting cap ကို တီထွင်ခဲ့ပါတယ် ။ ၁၈၆၇ ခုနှစ်မှာတော့ နိုဗယ်ရဲ့ နာမည်ကျော် ဒိုင်းနမိုက် (dynamite) ကိုတီထွင်နိုင်ခဲ့ ပြီး ၁၈၇၅ မှာတော့ ဒိုင်းနမိုက်ထက် ပေါက်ကွဲအားပိုမိုပြင်းထန်ပြီး အသုံးပြုသူတွေကို လုံလုံခြုံခြုံ နဲ့ အလွယ်တကူသုံးစွဲ နိုင်စေတဲ့ ဂယ်လီဂနိတ် (gelignite)  ကိုတီထွင်ခဲ့ပါတယ် ။ အဲဒိနောက်မှာတော့ ကျည်ဆန် ၊ ဒုံးတွေ တွေ မှာ အသုံးပြုနိုင်မဲ့ ဘာလစ်စတိုက် (ballistite) ကိုတီထွင်ခဲ့ပါသေး တယ် ။ အဲဒီ ဘာလစ်စတိုက်တွေ ဟာ မီးခိုးမဲ့ အားပြင်း ပေါက်ကွဲစေမဲ့ နည်းပညာရဲ့ အစပဲဖြစ်ပါတယ် ။ ဒိုင်းနမိုက် ရောင်းရငွေတွေ အပါအဝင် တခြား ထုတ်ကုန် တွေ ၊ ဘဏ်လုပ်ငန်းတွေ နှင့် တစတစ ချမ်းသာလာတဲ့ နိုဗယ်ဟာ ဒေါ်လာ ၉၂ မီလီယံ ထိကြွယ်ဝလာခဲ့ပါတယ် ။ အဲဒီအချိန် အဲဒီကာလက  ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင်တစ်ဦးပါပဲ ။ ပေါက်ကွဲစေတတ်သော  ဒိုင်းနမိုက်တွေ ၊ ဂယ်လီဂနိုက်တွေ ၊ ဘာလစ်စတိုက် တွေကို တီထွင်ခဲ့ပေ မဲ့ သူဟာ လူသားတွေ ကို ပျက်စီးရာပျက်စီးကြောင်းနေရာတွေမှာသုံးစေချင်ခဲ့တာမဟုတ်ပါဘူး ။ လမ်းဖောက်လုပ်ခြင်း ၊ သတ္တုများ ရှာဖွေခြင်း စတဲ့ လူသားတွေ ရဲ့ အကျိုး အတွက်သာ အသုံးချစေချင်ခဲ့တာဖြစ်ပါတယ် ။ သူတီထွင်ထုတ်လုပ်ခဲ့ တဲ့ ဒိုင်းနမိုက် ကြောင့် သူဟာ သေခြင်းတရားရဲ့ အလွန်မှာ ကောင်းရာမွန်ရာ ရောက်ရှိနိုင်ဖို့ အတွက် သူရဲ့ ပိုင်ဆိုင်မှုအားလုံးနီးပါး ကို ရောင်းချပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့  ရူပဗေဒ ၊ ဓာတုဗေဒ နှင့် ဆေးပညာသိပ္ပံ ထူးချွန်သူတွေ ကိုဆုအဖြစ်ပေးဖို့အတွက်သေတမ်းစာရေးသားခဲ့ပါတယ် ။ ၁၈၉၆  ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အက်ဖရက်နိုဗယ် တစ်ယောက်ဟာ အီတလီနိုင်ငံ San Remo မြို့ ရှိ သူ့ရဲ့စံအိမ်မှာ ကွယ်လွန်အနိ စ္စ ရောက်ခဲ့ပါတယ် ။
ဒိုင်းနမိုက် (dynamite)

ဂယ်လီဂနိတ် (gelignite)

ဘာလစ်စတိုက် (ballistite)

ဆန့်ကျင်ဘက်တို့ နှင့် တွယ်ယှက်နေသောလူသားတစ်ယောက်
       နိုဗယ်ဟာသာမန်လူသားများနှင့်မတူအနည်းငယ်ထူးခြားနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် ။ သူ့ရဲ့ ဘဝဖြတ်သန်းမှု ၊ နေထိုင်ပြုမူမှု ပုံစံတွေ ဟာလည်း မတူညီတဲ့ ဆန့်ကျင်ဘက်တို့ အားပြိုင်တွယ်ယှက်နေပါတယ် ။ သူဟာ ဒေဝါလီခံ ပြီး ဘဏ်တွေရဲ့ နာမည်ပျက်စာရင်းသွင်းခံထားရသူတစ်ယောက်ရဲ့သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ သူကိုယ်တိုင်ကတော့ ကမ္ဘာရဲ့ အချမ်းသာဆုံးစာရင်းဝင် ဘဏ်လုပ်ငန်းများရဲ့ ပိုင်ရှင် ဖြစ် နေပါတယ် ။ သူဟာဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို အစဉ်တစိုက်ရှာဖွေ နေသူ၊လူအများနဲ့ပက်သက်ဆက်ဆံနေသူတစ်ယောက်ဖြစ်ပေမဲ့၊သူ့ရဲ့ ပင်ကိုယ် စိတ်ခံ မှာတော့ဘဝကိုအေးအးချမ်းချမ်းနဲ့တစ်ယောက်တည်းတိတ်တဆိတ်ဖြတ်သန်းချင်ခဲ့သူတစ်ယောက်ပါပဲ ။ သူဟာ ဧည့်ဝတ်ကျေတတ်တဲ့ အိမ်ရှင်တစ်ယောက်အဖြစ် လူသိများသလို ၊ ရုပ်တည်တည် အမြဲ ခက်ထန်နေတတ် သူလို့လည်း ကင်ပွန်းတက်ခံရသူဖြစ်ပါတယ် ။ လူတွေကို အများကြီးချစ်ခင် တတ် ပြီး ၊ လူသားတွေ အကျိုးကို သယ်ပိုးခဲ့သည့်တိုင်  ၊ဘဝတစ်လျှောက်လုံးမှာတော့ တစ်ယောက်တည်းသမားအဖြစ်သာ နေထိုင်သွားခဲ့ပါတယ် ။ အသည်းနစ်အောင်ချစ်ရသူတွေရှိနေသည့်တိုင်လူပျိုကြီးတစ်ကိုယ်တည်းဘဝနဲ့ပဲအရိုးထုတ်သွားခဲ့ သူပါ ။  စကားစပ် မိ လို့ ပြောရပါဦးမယ် ။ ရုရှားမှာ ကျောင်းတက် နေတုန်းက ဓာတုဗေဒကျောင်းသားလေး နိုဗယ်ဟာ သချာင်္မေဂျာ က ကျောင်းသူလေး အလက်ဇန်းဒရာ (Alexandra) ကို မျှစ်ချဉ်အကုန်မချက်ပဲ ချစ်ခင်စုံမက်မိပြီး နှလုံးသားကိုအပ်နှံ ကာ ချစ်ခွင့် ပန်ခဲ့ပါသတဲ့ ။ အဲဒီမှာ သချာင်္မေဂျာကျောင်းသူလေး အလက်ဇန်းဒရာ က( ညီဟာချူး ) အချစ်တွေလည်းရှိပါဘူး ဆိုပြီး ငြင်းသတဲ့ဗျာ ။ အဲဒီမှာ ပဲ သူ့လို ငမြောက်ငခြောက် ပေသီးခေါက်တဲ့ ကလေးမ ကများ ငါ့လို ဓာတုဘုရင်တဆူ ကို လူသူ မထင်ရကောင်းလားဆိုပြီး စိတ်နာသွားပါသတဲ့ ။  နိုဗယ်ရဲ့ သေတမ်းစာမှာ ဓာတုဗေဒ ၊ ရူပဗေဒ နဲ့ ဆေးပညာသိပ္ပံ ၊ ငြိမ်းချမ်းရေးနဲ့ စာပေဆိုင်ရာဆု ၅  မျိုးအတွက် ဆုပေးဖို့ ရေးသားခဲ့ပေမဲ့ သချာင်္ကိုချန်လှပ်ထားခဲ့တာတောင် သင်္ချာမေဂျာကျောင်းသူအချစ်ဦးပေါ် စိတ်နာချက်တွေ အငွေ့သက်မကင်းဘူးလို့လည်းဆိုကြပါတယ် (ပါးစပ်ရာဇဝင်မျှသာ) ။ နိုဗယ် ဟာ မျိုးချစ်တစ်ယောက်ဖြစ်ခဲ့ပေ မဲ့ သူ့မွေးရပ်မြေရဲ့ အဝေးတနေရာမှသာအနေများခဲ့ပါတယ် ။ သူရဲ့ထုတ်ကုန်တွေ ၊ သူ့ရဲ့ ဆုတွေ ကြောင့် သူ့ ကို ကမ္ဘာမှာ လူသိများခဲ့ပေမဲ့ သူဘဝတစ်ယောက်လုံး မှာတော့ ထင်ထင်ပေါ်ပေါ်နေထိုင်တတ်ခြင်းမရှိပဲ ပကတိ ရိုးရိုးဘဝနဲ့ သာ အသက်ထက်ဆုံးနေထိုင်သွားခဲ့ပါတယ် ။

နိုဗယ်ရဲ့သေတမ်းစာ
နိုဗယ် ရဲ့ ဂုဏ်ပြု ဆု
  နိုဗယ်ဟာ သူမသေခင်မှာ သူ့ရဲ့ပိုင်ဆိုင်မှု အားလုံး ကို ရောင်းချစေပြီး တခြားလုပ်ငန်းတွေမှာရှယ်ယာထည့်ဝင်စေပါတယ် ။ ပြီးတဲ့ခါမှာတော့ ရ ရှိလာတဲ့ ငွေကြေးတွေ နဲ့ ကမ္ဘာ့ အနှံ့ ပြားမှာရှိတဲ့ မည်သည့်နိုင်ငံကမဆို ထူးချွန်ထက်မြက်သူတွေ ၊ လူသားအကျိုးပြုသူတွေကို ဆုအဖြစ်ပေးအပ်ဖို့ သေတမ်းစာအဖြစ် ရေးသားခဲ့ပါတယ် ။ ၁၉၀၀ ခုနှစ်မှာ နိုဗယ်ဖောင်ဒေးရှင်းကိုစတင်ဖွဲ့စည်းပြီး ၁၉၀၁ ခုနှစ်မှာတော့ နိုဗယ်ဆုကို စတင်ချီးမြှင့် ခဲ့ပါတယ် ။ ၁၉၀၁ ခုနှစ်ရဲ့ ပထမဆုံး စာပေဆိုင်ရာနိုဗယ်ဆုကိုတော့ ပြင်သစ်ကဗျာ နှင့် အက်ဆေးဆရာ Sully Prudhomme ကရရှိခဲ့ပါတယ် ။ ငြိမ်းချမ်းရေးနိုဗယ်ဆု ကိုတော့ ပြစ်သစ်နိုင်ငံသား စီးပွားရေးပညာရှင် Fredieric Passy နှင့် ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးသမားနဲ့ စာရေးဆရာ Henry Dunant တို့ က ပူးတွဲရရှိခဲ့ပါတယ် ။ ရူပဗေဒဆိုင်ရာထူးချွန်ဆုကိုတော့ X-rays ကို ရှာဖွေတွေ့ရှိခဲ့ တဲ့  ဂျာမန်လူမျိုး ရူပဗေဒပညာရှင် Wilhelm Conrad Rontgen ကိုပေးအပ်ချီးမြှင့်ခဲ့ပြီး ၊ ဓာတုဗေဒ ဆိုင်ရာ နိုဗယ်ဆုကိုတော့ ဒက်ခ်ျ လူမျိုး ဓာတုဗေဒပညာရှင် chemical equilibrium ကိုရှာဖွေဖော်ထုတ်ခဲ့ သူ Jacobus Henricus van 't Hoff  ကိုပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ကိုတော့ ဂျာမန်လူမျိုး ရူပဗေဒနဲ့ ဇီဝကမ္မဗေဒပညာရှင်  Emil Adolf Von Hehring က ဆွတ်ခူးရရှိခဲ့ပါတယ် ။
        နိုဗယ်ဆု ၅ ခုချီးမြှင့် ပြီး ၆၉ နှစ်ကြာ ၁၉၆၉ ခုနှစ်မှာတော့ စီးပွားရေးဆိုင်ရာနိုဗယ်ဆုကို Nobel Memorial Prize in Economic Sciences အဖြစ် ပေးအပ်ချီးမြှင့် ခဲ့ပါတယ် ။ ပထမဆုံး စီးပွားရေးဆိုင်ရာနိုဗယ်ဆု ကိုတော့ နယ်သာလန် နိုင်ငံသား စီးပွားရေးပညာရှင် Jan Tinbergen နှင့် နော်ဝေးနိုင်ငံသား စီးပွားရေးပညာရှင် Ragnar Frisch တို့ နှစ်ဦးက ပူးတွဲ ရရှိခဲ့ပါတယ် ။

        နိုဗယ်ရဲ့ သေတမ်းစာမှာ ထည့်သွင်းပေးအပ်ခြင်းမပြုခဲ့ တဲ့  သချာင်္ဆိုင်ရာ ထူးချွန်ဆုကိုတော့ နော်ဝေး ဘုရင် မှပေးအပ်ချီးမြှင့်ပါတယ် ။ နော်ဝေးသချာင်္ပညာရှင် Niels Henrik Abel ကို ဂုဏ်ပြုသောအားဖြင့် Abel Prize အဖြစ်ခေါ်တွင်စေပါတယ်။ အဲဒီ Abel Prize ကို ပဲ သချာင်္ဆိုင်ရာ နိုဗယ်ဆု အဖြစ် ဖော်ပြ ပေးပါတယ်။ ပထမဆုံး သချာင်္ဆိုင်ရာ အာဗယ် ဆုကိုတော့ ၂၀၀၃ ခုနှစ်မှာစတင်ပေးအပ်ပြီး ပြင်သစ်လူမျိုးသချာင်္ပညာရှင် Jean Pierre Serre က ရရှိခဲ့ပါတယ် ။
(အခြား သချာင်္ဆိုင်ရာ နိုဗယ်ဆုအဖြစ် လက်ခံကြတဲ့ Fields Madel ဆိုတဲ့ ဆုတစ်မျိုးလည်းရှိပါသေးတယ် ။ )
နိုဗယ်ဆုပေးအပ်ချီးမြှင့် ဖို့ ငွေကြေးဆိုင်ရာလုပ်ငန်းများ ကိုတော့ နိုဗယ်ဖောင်ဒေးရှင်း က တာဝန်ယူဆောင်ရွက်ပြီး ဆုရွေးချယ်ရေး အဖွဲ့များကိုတော့ သီးခြား တာဝန်ခွဲဝေထားပါတယ် ။ ငြိမ်းချမ်းရေး နိုဗယ်ဆုကိုတော့ နော်ဝေးနိုင်ငံ နိုဗယ်ဆုရွေးချယ်ရေး ကော်မတီကရွေးချယ်ပြီးတော့ ၊ ကျန်တဲ့ ဆုများကိုတော့ ဆွီဒင်နိုင်ငံ ရဲ့ Royal Swedish Academy of Sciences ကနေရွေးချယ်ကြပါတယ်။
       ပထမဆုံး နိုဗယ်ဆု ရတဲ့ အမျိုးသမီးကတော့ Madam Curie ပါ ။ သူရခဲ့ တာ ကတော့ နြူကလီယား ရူပဗေဒနဲ့ နြူကလီယား ဓာတု ဘာသာရပ်တွေ ကနေ နိုဗယ်ဆု ၂ ကြိမ်ရခဲ့တာပါ ။ နောက်ပြီး မဒမ်ကျူရီ ရဲ့ မိသားစု ကိုတော့ နိုဗယ်မိသားစုလို့ ခေါ် ကြ ပါတယ် ။ သူမရယ် ၊ သူမခင်ပွန်းရယ် ၊ နောက် သူတို့ နှစ်ဦးရဲ့ မျိုးဆက်တွေ မှာလည်း နိုဗယ်ဆုထပ်ရတာ ရှိပါသေးတယ် ။အဲဒါကြောင့်  နိုဗယ်မိသား စုလို့ ကင်ပွန်းတပ်ကြတာပါ ။

 ယနေ့ချိန်ထိ နိုဗယ်ဆုကို ၂ ကြိမ်ရခဲ့သူ ၄ ယောက်ရှိခဲ့ပါတယ် ။ Madam Curie (ရူပဗေဒ၊ဓာတုဗေဒ) ရယ် ၊ အမေရိကန် ရူပဗေဒပညာရှင် နဲ့ လျှပ်စစ်အင်ဂျင်နီယာ John Bardeen(ရူပဗေဒ၊ရူပဗေဒ) ရယ် ၊ အမေရိကန် ဓာတုဗေဒ ပညာရှင် Linus Pauling (ဓာတုဗေဒ၊ငြိမ်းချမ်းရေး)ရယ် ၊ ဗြိတိသျှ ဓာတုဗေဒပညာရှင် Frederick Sanger(ဓာတုဗေဒ ၊ ဓာတုဗေဒ) ရယ် စုစုပေါင်း ၄ ဦး ဖြစ်ပါတယ် ။
        ၁၉၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ နိုဗယ်ဆုပေါင်း ၅၅၄ ကြိမ် ချီးမြှင့် ခဲ့ ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးမှ လူပုဂ္ဂိုလ် ပေါင်း ၈၆၀ ယောက်နှင့် အဖွဲ့စည်းပေါင်း ၂၁ ခု မှ နိုဗယ်ဆုရရှိခဲ့ပြီးဖြစ်ပါတယ် ။ နိုဗယ်ဆု အများဆုံးရရှိတဲ့ နိုင်ငံ ကတော့ အမေရိကန် နိုင်ငံ ဖြစ်ပြီး နိုဗယ်ဆုရှင်ပေါင်း ၃၃၄ ယောက်ရှိပါတယ် ။ အသက်အငယ်ဆုံး နိုဗယ်ဆုရှင်ကတော့ ၁၉၁၅ ခုနှစ်မှာ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကိုရရှိခဲ့တဲ့ သြစတေးလျ (Australia) လူမျိုး ရူပဗေဒပညာရှင်  William Lawrence Bragg ပဲဖြစ်ပါတယ် ။ X-rays နှင့် Crystal Structure ကိုလေ့လာမှုပြုပြီးနောက်  သူ နိုဗယ်ဆု လက်ခံရရှိတဲ့ အချိန်မှာ အသက် ၂၅ နှစ်သာရှိပါသေးတယ် ။ အသက်အကြီးဆုံး နိုဗယ်ဆုရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ စီးပွားရေးဆိုင်ရာ နိုဗယ်ဆုရရှိခဲ့တဲ့ ပိုလန်လူမျိုး စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ ပညာရှင် Leonid Hurwicz ပဲဖြစ်ပါတယ် ။ သူနိုဗယ်ဆု ရရှိချိန်မှာ အသက် ၉၀ နှစ်ရှိနေပြီဖြစ်ပါတယ် ။


နောက်များကျမှ ပဲ နိုဗယ်ဆု ရရှိနိုင်မဲ့ နည်းလမ်းတွေကို ဆက်ရေးပါဦးမယ်ဗျာ .. ခုတော့ မျက်စိညောင်းလို့ နားပါပြီ … အားလုံး ပဲဗဟုသုတတိုး ပွားနိုင် ကြပါစေ …း)
(ရုပ်ဆိုး)

ကိုကား
П.А.Капица ၏  Нобелеская Речь ဆောင်းပါး
http://www.nobelprize.org/
http://en.wikipedia.org/wiki/Nobel_Prize
http://en.wikipedia.org/wiki/Alfred_Nobel
http://ru.wikipedia.org/wiki/%D0%9D%D0%BE%D0%B1%D0%B5%D0%BB%D1%8C,_%D0%90%D0%BB%D1%8C%D1%84%D1%80%D0%B5%D0%B4
http://en.wikipedia.org/wiki/Fields_Medal

 http://www.thutazone.com/2017/01/blog-post_5.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။