Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 3, 2017

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု


Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု

Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေရှာဖွေရာမှာ အသုံးဝင် ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့လူတိုင်းတော့ အဲ့လိုအကျိုးရှိရှိ အသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက် Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ တစ်ချို့ သောလူတွေက Likesရဖို့အတွက် Postတွေတင်ကြတယ်။ အခြား သူတွေဘာလုပ်နေမလဲ Facebookပေါ်မှာကြည့်မယ်။ ဘယ်နေရာ မှာဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။ အစရှိသဖြင့် Facebook ကိုအသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့စသိပြီး သုံးကြ တာများပါတယ်။
ဒီတော့အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိ အောင်ကို Facebookသုံးကြပါတယ်။ သင်ရောအဲ့ဒိအထဲ ပါနေပြီ လား? ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင် Facebook ကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့်အချက် (၁၀) ချက် ကိုဖော်ပြပေးလိုက်ပါတယ်။

(၁)သင့်ဘ၀ပြန်လည်အသက်ဝင်လာလိမ့်မယ်။

"ပြန်လည်အသက်ဝင်လာမယ်"ဆိုတဲ့စကားကို သုံးရတာ အကြောင်းရှိပါတယ်။ သင် Facebook ကို ကြည့်တဲ့အကြိမ်ရေ ကိုပြန်တွက်ဖူးပါသလား? တစ်နေ့မှာ၂၄နာရီရှိပါတယ်။ ၈နာရီက အိပ်ပါတယ်။ ၈နာရီကအလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို ကြည့်ပါသလဲ? တနေကုန် အလုပ်မှာလည်း Facebookကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebookကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က ရှင်သန်သေး ရဲ့လား ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရော သင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။ သူငယ်ချင်းနဲ့ဖုန်းပြောမယ်၊ သူငယ်ချင်းသို့မဟုတ် မိသားစုနဲ့ မုန့်သွားစားမယ်၊ သို့မဟုတ် တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ်၊သို့မဟုတ်စာဖတ်မယ်၊ ဒါမှမဟုတ် သင်ဝါသနာပါတာ တစ်ခုခုလုပ်မယ်။ တစ်ခုခုတော့သင်လုပ် ခဲ့မှာပါ။ တစ်ချို့ကFacebookကို အလကားသုံးတာ မဟုတ်ဘူး၊ Facebookပေါ်မှာစာဖတ်တယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ် Facebookပေါ်မှာအဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့ အားပေး ပါတယ်။ ဒါပေမဲ့ သင်တကယ်ရောစာအကြာကြီးဖတ်ဖြစ်လို့လား? More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးကရှည်နေရင် သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲသင်ဖတ်ဖြစ်တာများပါလိမ့်မယ်။ သင် Facebookကိုခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာ ကိုစောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့ အတူတူ တစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်းရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့ သင်ထင်ကောင်းထင် နိုင်ပေမယ့် တကယ်တမ်းကသင်အတုအယောင်လောက တစ်ခုမှာ ပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ပေါင်းထားတဲ့ Like ဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။သင့်ဘေးက သင့်အပေါ် မေတ္တာ ရှိတဲ့အရာအားလုံး၊ သင့်အတွက်တကယ် အကျိုးရှိတဲ့အရာ အားလုံးကိုသင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကိုတကြည့်ကြည့်နဲ့ဖြစ်နေပါလိမ့်မယ်။ Facebookခဏခဏသုံးနေတာကိုရပ်ပြီး ပတ်ဝန်းကျင်ကို တစ်ခါ လောက် စေ့စေ့စပ်စပ်လေးကြည့်လိုက်ပါ။ သင်အများကြီးတိုးတက် လာလိမ့်မယ်။ သင့်ရဲ့သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့မိသားစု အတွက် Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့် လိုက်ပါ။

(၂)အလုပ်တွေပိုပြီးလာလိမ့်မယ်။

ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကို ပြော ပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။ စာတွေကိုအင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့် ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက် Facebookကိုကြည့်လိုက်နဲ့ အလုပ်ပေါ်အာရုံစူးစိုက်မှု အားနည်း လာပါတယ်။ Facebook ကိုခဏလေးဆိုပြီးကြည့်ရာကနေ ၁၅မိနစ်လောက် ကြည့်ဖြစ်တဲ့အခါကြည့်ဖြစ်သွားပါတယ်။ အဲဒိအခါ မှာ ကျွန်တော့်ရဲ့ Productivity ကသိသိသာသာကျသွားပါတယ်။ စာဖတ်နေရင်းနဲ့ Facebookကိုကြည့်ချင်စိတ်တွေပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stressများလာပါတယ်။ အရာရာ အဆင်မ ပြေတော့ပါဘူး။ ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ဘယ်အချိန်မှာ Facebookကိုဖွင့်မယ်ဆိုတာ ကို အချိန်ဇယား လုပ်လိုက်ပါတယ်။ အဲ့ဒိနောက်ပိုင်း အလုပ်တွေပိုပြီး လာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့် အလုပ်ချိန်မှာ Facebookသုံးတာကိုဖြစ်နိုင်ရင် ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ် တွေပိုပြီးလာပါလိမ့်မယ်။

(၃)အခြားအရာတွေမှာ အာရုံစူးစိုက်မှုပိုကောင်းလာပါလိမ့်မယ်။

Facebook ကတက်လာမယ့် Update Statusတွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက်စောင့်ဖူးပါသလား? အဲဒိအချိန်တွေကို အခြားမှာ သုံးဖို့ရော စဉ်းစားဖူးပါသလား? အဲ့ဒိ New Statusတွေတက်တာကို စောင့်နေတဲ့ မိနစ်၃၀လောက်ကို စာအုပ်ဖတ်ဖို့ဖြစ်ဖြစ် စဉ်းစားဖူး ပါသလား? စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာသင့်ရဲ့အာရုံစူးစိုက်မှုပိုမို ကောင်းလာ ပါလိမ့်မယ်။

(၄)သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိ လာပါလိမ့်မယ်။
Facebookပေါ်မှာခင်ရတာအရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး commentပေးတယ်ဆိုတာ ပြောပလောက် အောင် အချိန်မကုန်ပါဘူး။ သင်Facebook မသုံးဘဲနေကြည့် လိုက်ပါ။ သင့်ကိုဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့ အပြင်မှာဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ စောင့်ကြည့် လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။

(၅)သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆို
တာသင်သိလာလိမ့်မယ်။

Facebookပေါ်မှာ Likeတယ်ဆိုတာတကယ်တော့ Likeရဲ့ Meaning တောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင် Likeမယ်။ Likeပြန်ရချင်လို့ Likeတာလည်းဖြစ်ချင်ဖြစ်မယ်။ တာဝန် ၀တ္တရား အရလုပ်ပေးတဲ့အရာ တစ်ခုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့လူ တော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူးဖြစ်နေကြပါတယ်။ ဒါကြောင့်Facebookနဲ့နည်းနည်းခွဲနေကြည့်လိုက်ပါ။ Facebookပေါ်က Likeဆိုတာဘာမှမဟုတ်ဘူးဆိုတာ သင်သိလာ ပါလိမ့်မယ်။

(၆)လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်

Facebookကပေးတဲ့အဓိကပြသနာကတော့ ဘယ်တော့မှ Facebookပေါ်မှာလုပ်စရာတွေမကုန်သွားတာပါပဲ။ ကြည့်စရာ အသစ်တွေ၊ Likeစရာအသစ်တွေ သူငယ်ချင်းအသစ်တွေ၊ commentပေးစရာတွေ၊ Shareစရာတွေနဲ့ သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာတွေအများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင်ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခု ပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။ ပန်းကန်တွေ ကူဆေး ပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာ တစ်ခုခုပြီးမြောက်အောင်လုပ်ဆောင်ကြည့်ပါ။

(၇)Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။

Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကိုစောင့်ကြည့်နေတဲ့သူ ရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ ဓာတ်ပုံတွေ၊ သင်ရဲ့စိတ်ထဲက လျှို့ဝှက်ချက်တွေအားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Setting ကိုမြှင့်ထား ပေမယ့် Privacy Setttingမမြှင့်ထားတဲ့ သင့်ရဲ့သူငယ်ချင်း တစ်ယောက်က သင့်ကို"မနက်ဖြန် Junction Sqare သွားကြ မယ်လို့" tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့ Friend ဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းက တစ်ဆင့်သိနိုင်ပါတယ်။ ဒီတော့သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန်ဘယ်သွားမလဲ သိသွားပြီပေါ့။ ဒါပေမဲ့ သင် Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒိလိုပြသနာတွေကြုံတော့ မှာမဟုတ်ပါဘူး။

(၈)သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ Facebookက လူတော်တော် များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။ သင်postတစ်ခုတင်လို့ Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင်ယုံကြည်မှုတွေပါကျဆင်းလာတတ်ပါတယ်။ သင့်ကို စိတ်ဓာတ်ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ဝေးဝေး နေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့် မယ်။

(၉)သင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်း မြင် လာလိမ့်မယ်။
ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ Facebook အသုံးပြုသူတော်တော်များမျာဟာဝန်တိုစိတ်တွေ များလာကြပါ တယ်လို့ဆိုပါတယ်။ Facebookပေါ်မှာသူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ်လို့ ဆိုပါတယ်။ သူများတွေတင်ထားတဲ့ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ် ပုံတွေ၊ ချစ်သူတွေတွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေပျော်ရွှင်တဲ့ ပုံတွေကိုကြည့်ပြီး တစ်ချို့ကမနာလိုဖြစ်တတ်ကြပါတယ်။ Facebook ဆိုတာအရမ်းကြွားလို့ကောင်းတဲ့အရာဖြစ်တာကြောင့် လူတွေကတော့ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒိလိုမနာလိုမှု တွေရှိတယ်ဆိုရင် Facebookကနေ ခနလောက်ထွက်ပြီး သင့်မှာ ရှိတဲ့ အရာတွေကိုတန်ဖိုးထားကြည့်လိုက်ပါ။

(၁၀)Facebook ဆိုတာကြော်ငြာတွေ အများကြီးမြင်နိုင်တဲ့ နေရာ တစ်ခုထက်မပိုဘူးဆိုတာ သင်နားလည်လာလိမ့်မယ်။

Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သား ထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။Facebookကတကယ်တော့ သင့်ကို Data အဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။ ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့ ဖြစ်ပေါ် လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Media တွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့ မိတ်ဆွေ ကောင်းအသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါပြီ။ Facebook ဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။ Facebookကနေ ကောင်းတဲ့အချက်တွေအများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေး လေးထားပြီး နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရ မသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့ အချိန်အများစုကို အရေးမကြီးတဲ့ကိစ္စတွေမှာမဖြုန်းဖို့ ပြောချင် တာပါ။

Credit: မိုးရှင်း(I.M.T)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။