စာမဖတ်ကြတော့ဘူးလား . . .
===================
===================
စာမဖတ်ကြတော့ဘူးလား၊ ဒီမေးခွန်းလေးကို စိတ်ထဲမှာ မေးနေမိတာအခါခါ၊ အသိမိတ်ဆွေ အပေါင်းအသင်းတွေကို မေးကြည့်တော့လည်း သူတို့က ဖတ်စရာမလိုတော့ အင်တာနက်၊ Facebook ပေါ်မှာတင် ဖတ်လို့ရနေပြီလို့ ဆိုတယ် (သူတို့ Facebook ကိုယူကြည့်တော့ အိမ်ကမိန်းမနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလှလားတို့၊ ညအရက်ဝိုင်းတို့၊ မင်းကိုငါမုန်းတယ် စတာတွေ တင်ထားတာပဲ တွေ့ရတယ်။)
မိတ်ဆွေတွေ ပြောသလိုဆိုရင် ပုဂံက ဟိုတယ်တစ်ခုမှာ တစ်ညကို တစ်သိန်းလောက်တန်တဲ့ အခန်းမှာတည်းပြီး နေ့ခင်းလျှောက်လည် ညစာအုပ်ဖတ်နေတဲ့ အင်္ဂလန် နိုင်ငံသား စုံတွဲကိုပင် Facebook နဲ့ Google သုံးနည်း သင်ပြရမလိုပင်။ တကယ် အမှန်အတိုင်းသာ အားမနာတမ်း ပြောရလျှင် ကျွန်တော်တို့ မြန်မာလူမျိုးတွေ စာဖတ်နှုန်း အရမ်းနည်းသွားတာကို ၀မ်းနည်းစရာ တွေ့ရှိရပါတယ်။ ခုလက်ရှိ ခေတ်ပြောင်း နိုင်ငံရေးအပြောင်းအလဲမှာ လူတွေစိတ်ဝင်တစား ဖတ်နေတဲ့ အရောင်းရဆုံး ပုဂ္ဂလိက သတင်းစာတစ်စောင်ရဲ့ ရောင်းအားဟာ လူဦးရေ သိန်းကျော် နေထိုင်တဲ့ မိတ္ထီလာလိုမြို့ထဲမှာ တောင်တစ်ရက်စောင်ရေ ခုနစ်ရာထက် မပိုပါဘူး။ ကျန်တဲ့ပုဂ္ဂလိက သတင်းစာတွေက တစ်ရက်စောင်ရေ နှစ်ရာ၊ စောင်ရေ တစ်ရာ၊ စောင်ရေ တစ်ဆယ်နဲ့ သတင်းစာဈေးကွက် လည်ပတ်လို့နေပါတယ်။ ခုပြောတဲ့ သတင်းစာစောင်ရေ စာရင်းတွေထဲမှာ အစိုးရသတင်းစာလို့ ဆိုရမယ့် ကြေးမုံ၊ မြန်မာ့အလင်းနဲ့ မြ၀တီတို့လို သတင်းစာတွေရဲ့ စာရင်းမပါပါဘူး။ အဲဒီအစိုးရ သတင်းစာတွေကတော့ ရုံးဌာနဆိုင်ရာတွေ အများစုယူကြပေမယ့် လူကြီးပိုင်းကတော့ ဖတ်လေ့မရှိပါဘူး။ ကိုယ့်ဌာနနဲ့ဆိုင်ရာ သတင်းပါမပါ ၀န်ထမ်းငယ်ကို ဖတ်ခိုင်းဖို့ သတင်းစာ ယူလေ့ရှိကြပါတယ်။ ဒီလိုဆိုတော့ ကျွန်တော်တို့ လူမျိုးတွေ စာမဖတ်ကြတော့ဘူးလား။ ဒီမေးခွန်းမှာ အဖြေရှိပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေ လုံးဝစာမဖတ်ကြတော့ပါဘူး။
စာမဖတ်ကြဘူးဆိုတဲ့ နေရာမှာလည်း အကြောင်းအမျိုးမျိုး ရှိပါတယ်။ အချိန်မရလို့၊ စားဝတ်နေရေး မပြည့်စုံလို့၊ စာအုပ်ဖိုး မတတ်နိုင်လို့ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုး ရှိပေမယ့် တကယ် လေ့လာကြည့်တော့ ဖတ်ရကောင်းမှန်းမသိလို့ မဖတ်တဲ့လူတွေက ပိုများနေပါတယ်။ ကွမ်းယာတစ်ရက်ကို သုံးထောင်ဖိုးလောက် စားတဲ့သူက သတင်းစာ တစ်စောင် တစ်လ ငွေငါးထောင်ဖိုးလောက်ကို ဈေးများတယ် ထင်နေတာပါပဲ။ ငွေကြေးချမ်းသာတဲ့ အိမ်တွေမှာလည်း သတင်းစာ၊ စာအုပ်ဆိုတာ ၀ယ်ဖတ်ရမယ့် အရာဆိုတာကို သဘောပေါက်ဖို့ မလွယ်သေးပါဘူး။ စာအုပ်ဖိုးငါးထောင် နေ့စဉ်မသုံးပေမယ့် ကွမ်းယာငါးထောင်ဖိုး နေ့စဉ်ဝယ်စားနေသူတွေ၊ ဆေးလိပ်နဲ့ လက်ဖက်ရည်တစ်ဝိုင်း ငါးထောင်လောက် နေ့စဉ်သုံးနေတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ့်ဖြစ်ပျက်နေတဲ့ အရာတွေပါ။ ကျွန်တော်တို့တစ်တွေရဲ့ စာဖတ်အား ဘယ်လောက် ကျသွားလဲဆိုရင် မိတ္ထီလာလိုမြို့ကြီးမှာ စာအုပ်အငှားဆိုင် ကြီးကြီးမားမား မကျန်တော့တာ သက်သေပါပဲ။ ကျွန်တော်တို့ ငယ်ငယ်က မြိုင်ရာဇာတွတ်ပီ၊ ဒီရဲဂျာ၊ စိုင်းဗေဒါ ဖတ်ရဖို့ စာအုပ်အငှားဆိုင်ကို အခေါက်ခေါက် သွားခဲ့ပေမယ့် ခုခေတ်မှာတော့ အဲဒီလိုစာအုပ်ငှားဖတ်ဖို့ စာအုပ်အငှားဆိုင်ကို မသွားတတ်တော့တဲ့ ကလေးငယ်တွေ အများအပြား ဖြစ်နေပါပြီ။ အမေရိကန်သမ္မတ လင်ကွန်းဟာ စာအုပ်ကောင်း ဖတ်ရဖို့ မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့တယ် ဆိုပေမယ့် ကျွန်တော်တို့ မြန်မာတွေကတော့ မျက်စိရှေ့က စာအုပ်ကို လှန်ဖတ်ကြည့်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးဆိုတော့ မိတ္ထီလာမြို့ပေါ်မှာရှိတဲ့ စာအုပ်အငှားဆိုင်တွေကလည်း တစ်ရက်ကို စာအုပ်ငှားသူ ဆယ်ဦးမပြည့်တဲ့ရက်တွေ များနေပြီး စာအုပ်အငှားဆိုင် ဖြုတ်မလို့ စဉ်းစားနေရပါပြီ။ အများစုသော မိတ္ထီလာမြို့ပေါ်က စာအုပ်အငှားဆိုင်တွေလည်း လုပ်ငန်းပြောင်းသွားကြပါပြီ ။
မိတ္ထီလာမြို့ပေါ် ရပ်ကွက်တွေထဲမှာရှိတဲ့ စာကြည့်တိုက်လေးတွေက အမြဲပိတ်ထားတာ
တွေ့ရပြီး ဘယ်လိုအချိန်မှာ ဖွင့်မှန်းတောင် စုံစမ်းမရပါဘူး။ မိတ္ထီလာခရိုင်
ပြန်ကြားရေးရုံးက ဖွင့်ထားတဲ့ စာအုပ်ငှားခမပေးရတဲ့ စာကြည့်တိုက်မှာတောင်
တစ်ရက်ကို စာအုပ်ငှားသူ အများဆုံး ၄၀ ကျော်ပဲ ရှိပါတယ်။
အများစုသောရက်တွေမှာ တစ်ရက်စာအုပ် ငှားသူဦးရေ ၃၀ ကျော်ပဲရှိတာပါ၊
ဒါဟာမိတ္ထီလာမြို့ရဲ့ လူဦးရေနဲ့စာရင် သိပ်ကိုနည်းပါးတဲ့ စာဖတ်နှုန်းပါပဲ။
အဲဒီထက်ပိုပြီး အံ့သြစရာ ကောင်းတာကတော့ မြန်မာတစ်နိုင်ငံလုံးဖြန့်တဲ့ စာအုပ်ထုတ်ဝေသူတွေရဲ့ ပြောကြားမှုပါပဲ။
“အရောင်းရဆုံးဆိုတဲ့ စာရေးဆရာတွေကလွဲရင် ကျန်တဲ့စာအုပ်တွေက အုပ်ရေတစ်ထောင်ကျော်ပဲ ရိုက်တယ်။ အုပ်ရေတစ်ထောင် ရိုက်တဲ့စာအုပ်က တော်တော်ပေါက်တဲ့ စာအုပ်လောက်ရှိတယ်။ အများစုကအုပ်ရေ ၅၀၀ လောက်ပဲရိုက်ပြီး ဖြန့်ရတာ၊ စာအုပ်တစ်အုပ် ကုန်ကျစရိတ်က ၁၀ သိန်းနဲ့ သိန်း၂၀ ကြားထဲမှာရှိတယ်။ စာအုပ်ထုတ်ဝေတယ်ဆိုတာ ၀ါသနာအရ ထုတ်ဝေနေရတဲ့ သဘောပဲရှိတယ်။ ခုကာလမှာ ကိုယ်ရေးကိုယ်ထုတ်နိုင်အောင်
ကြိုးစားနေကြရတာ။ ဒီကြားထဲမှာ ဈေးကွက်ပျက်နေလို့ စာအုပ်ထုတ်ဝေရေး
ရပ်တည်နိုင်အောင် တော်တော်လုပ်နေရတယ်” လို့ထုတ်ဝေသူ တစ်ဦးဖြစ်တဲ့
ဒေါ်ခင်နန်းနွယ်က ပြောပြပါတယ်။ ထို့အတူ နေပြည်တော် သပြေကုန်းဈေး
အဓိပတိစာပေမှ မအေးမြမြကြည်၊ မော်လမြိုင်မှ မြမြချို၊ ဟင်္သာတ ရွှေမောင်းစာပေမှ
မနုဝါ၊ ပုသိမ်ပြုံးချို စာပေမှ ဒေါ်မာမာရွှေ၊ ပျဉ်းမနား သရဖူစာပေမှ
ကျော်ထွန်းဦးတို့ကလည်း စာပေလောကအတွက် စိုးရိမ်နေကြပါတယ်။
သိမှတ်စရာအဖြာဖြာ စာပေထဲမှာတွေ့အောင်ရှာ၊ စာပေဖတ်ရှု လေ့လာမှု လူသားတိုင်းကို ကောင်းကျိုးပြုလို့ ရှေးပညာရှိတွေက ဆိုခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးကို အများဆုံးအုပ်ရေ တစ်ထောင်ကျော်ကျော်ဆိုတဲ့ စာဖတ်နှုန်းနဲ့ဆိုရင်တော့ ကျွန်တော်တို့တွေဟာ သိမှတ်စရာအဖြာဖြာကို စာပေထဲမှာ တွေ့အောင်ရှာနိုင်ဖို့ ဝေးနေဦးမှာပါ၊ ဒါကြောင့်မို့ စာပေဖတ်ရှုပြီး လူသားတိုင်းကို ကောင်းကျိုးပြုနိုင်ဖို့ စာပေဖတ်ရှုကြပါစို့လို့ တိုက်တွန်းရင်းနဲ့ စာအုပ်တစ်အုပ်ကို အုပ်ရေငါးသောင်း၊ တစ်သိန်းလောက် ရိုက်နှိပ်ဖြန့်ဝေနိုင်မယ့် ရက်ကို မျှော်လင့်မိပါတယ်။
Writer:
■ ၀ဏ္ဏ (မိတ္ထီလာ)
============
Eleven Media Group
===================
===================
စာမဖတ်ကြတော့ဘူးလား၊ ဒီမေးခွန်းလေးကို စိတ်ထဲမှာ မေးနေမိတာအခါခါ၊ အသိမိတ်ဆွေ အပေါင်းအသင်းတွေကို မေးကြည့်တော့လည်း သူတို့က ဖတ်စရာမလိုတော့ အင်တာနက်၊ Facebook ပေါ်မှာတင် ဖတ်လို့ရနေပြီလို့ ဆိုတယ် (သူတို့ Facebook ကိုယူကြည့်တော့ အိမ်ကမိန်းမနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလှလားတို့၊ ညအရက်ဝိုင်းတို့၊ မင်းကိုငါမုန်းတယ် စတာတွေ တင်ထားတာပဲ တွေ့ရတယ်။)
မိတ်ဆွေတွေ ပြောသလိုဆိုရင် ပုဂံက ဟိုတယ်တစ်ခုမှာ တစ်ညကို တစ်သိန်းလောက်တန်တဲ့ အခန်းမှာတည်းပြီး နေ့ခင်းလျှောက်လည် ညစာအုပ်ဖတ်နေတဲ့ အင်္ဂလန် နိုင်ငံသား စုံတွဲကိုပင် Facebook နဲ့ Google သုံးနည်း သင်ပြရမလိုပင်။ တကယ် အမှန်အတိုင်းသာ အားမနာတမ်း ပြောရလျှင် ကျွန်တော်တို့ မြန်မာလူမျိုးတွေ စာဖတ်နှုန်း အရမ်းနည်းသွားတာကို ၀မ်းနည်းစရာ တွေ့ရှိရပါတယ်။ ခုလက်ရှိ ခေတ်ပြောင်း နိုင်ငံရေးအပြောင်းအလဲမှာ လူတွေစိတ်ဝင်တစား ဖတ်နေတဲ့ အရောင်းရဆုံး ပုဂ္ဂလိက သတင်းစာတစ်စောင်ရဲ့ ရောင်းအားဟာ လူဦးရေ သိန်းကျော် နေထိုင်တဲ့ မိတ္ထီလာလိုမြို့ထဲမှာ တောင်တစ်ရက်စောင်ရေ ခုနစ်ရာထက် မပိုပါဘူး။ ကျန်တဲ့ပုဂ္ဂလိက သတင်းစာတွေက တစ်ရက်စောင်ရေ နှစ်ရာ၊ စောင်ရေ တစ်ရာ၊ စောင်ရေ တစ်ဆယ်နဲ့ သတင်းစာဈေးကွက် လည်ပတ်လို့နေပါတယ်။ ခုပြောတဲ့ သတင်းစာစောင်ရေ စာရင်းတွေထဲမှာ အစိုးရသတင်းစာလို့ ဆိုရမယ့် ကြေးမုံ၊ မြန်မာ့အလင်းနဲ့ မြ၀တီတို့လို သတင်းစာတွေရဲ့ စာရင်းမပါပါဘူး။ အဲဒီအစိုးရ သတင်းစာတွေကတော့ ရုံးဌာနဆိုင်ရာတွေ အများစုယူကြပေမယ့် လူကြီးပိုင်းကတော့ ဖတ်လေ့မရှိပါဘူး။ ကိုယ့်ဌာနနဲ့ဆိုင်ရာ သတင်းပါမပါ ၀န်ထမ်းငယ်ကို ဖတ်ခိုင်းဖို့ သတင်းစာ ယူလေ့ရှိကြပါတယ်။ ဒီလိုဆိုတော့ ကျွန်တော်တို့ လူမျိုးတွေ စာမဖတ်ကြတော့ဘူးလား။ ဒီမေးခွန်းမှာ အဖြေရှိပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေ လုံးဝစာမဖတ်ကြတော့ပါဘူး။
စာမဖတ်ကြဘူးဆိုတဲ့ နေရာမှာလည်း အကြောင်းအမျိုးမျိုး ရှိပါတယ်။ အချိန်မရလို့၊ စားဝတ်နေရေး မပြည့်စုံလို့၊ စာအုပ်ဖိုး မတတ်နိုင်လို့ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုး ရှိပေမယ့် တကယ် လေ့လာကြည့်တော့ ဖတ်ရကောင်းမှန်းမသိလို့ မဖတ်တဲ့လူတွေက ပိုများနေပါတယ်။ ကွမ်းယာတစ်ရက်ကို သုံးထောင်ဖိုးလောက် စားတဲ့သူက သတင်းစာ တစ်စောင် တစ်လ ငွေငါးထောင်ဖိုးလောက်ကို ဈေးများတယ် ထင်နေတာပါပဲ။ ငွေကြေးချမ်းသာတဲ့ အိမ်တွေမှာလည်း သတင်းစာ၊ စာအုပ်ဆိုတာ ၀ယ်ဖတ်ရမယ့် အရာဆိုတာကို သဘောပေါက်ဖို့ မလွယ်သေးပါဘူး။ စာအုပ်ဖိုးငါးထောင် နေ့စဉ်မသုံးပေမယ့် ကွမ်းယာငါးထောင်ဖိုး နေ့စဉ်ဝယ်စားနေသူတွေ၊ ဆေးလိပ်နဲ့ လက်ဖက်ရည်တစ်ဝိုင်း ငါးထောင်လောက် နေ့စဉ်သုံးနေတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ့်ဖြစ်ပျက်နေတဲ့ အရာတွေပါ။ ကျွန်တော်တို့တစ်တွေရဲ့ စာဖတ်အား ဘယ်လောက် ကျသွားလဲဆိုရင် မိတ္ထီလာလိုမြို့ကြီးမှာ စာအုပ်အငှားဆိုင် ကြီးကြီးမားမား မကျန်တော့တာ သက်သေပါပဲ။ ကျွန်တော်တို့ ငယ်ငယ်က မြိုင်ရာဇာတွတ်ပီ၊ ဒီရဲဂျာ၊ စိုင်းဗေဒါ ဖတ်ရဖို့ စာအုပ်အငှားဆိုင်ကို အခေါက်ခေါက် သွားခဲ့ပေမယ့် ခုခေတ်မှာတော့ အဲဒီလိုစာအုပ်ငှားဖတ်ဖို့ စာအုပ်အငှားဆိုင်ကို မသွားတတ်တော့တဲ့ ကလေးငယ်တွေ အများအပြား ဖြစ်နေပါပြီ။ အမေရိကန်သမ္မတ လင်ကွန်းဟာ စာအုပ်ကောင်း ဖတ်ရဖို့ မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့တယ် ဆိုပေမယ့် ကျွန်တော်တို့ မြန်မာတွေကတော့ မျက်စိရှေ့က စာအုပ်ကို လှန်ဖတ်ကြည့်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ အဲဒီလို အခြေအနေမျိုးဆိုတော့ မိတ္ထီလာမြို့ပေါ်မှာရှိတဲ့ စာအုပ်အငှားဆိုင်တွေကလည်း တစ်ရက်ကို စာအုပ်ငှားသူ ဆယ်ဦးမပြည့်တဲ့ရက်တွေ များနေပြီး စာအုပ်အငှားဆိုင် ဖြုတ်မလို့ စဉ်းစားနေရပါပြီ။ အများစုသော မိတ္ထီလာမြို့ပေါ်က စာအုပ်အငှားဆိုင်တွေလည်း လုပ်ငန်းပြောင်းသွားကြပါပြီ
“အရောင်းရဆုံးဆိုတဲ့ စာရေးဆရာတွေကလွဲရင် ကျန်တဲ့စာအုပ်တွေက အုပ်ရေတစ်ထောင်ကျော်ပဲ ရိုက်တယ်။ အုပ်ရေတစ်ထောင် ရိုက်တဲ့စာအုပ်က တော်တော်ပေါက်တဲ့ စာအုပ်လောက်ရှိတယ်။ အများစုကအုပ်ရေ ၅၀၀ လောက်ပဲရိုက်ပြီး ဖြန့်ရတာ၊ စာအုပ်တစ်အုပ် ကုန်ကျစရိတ်က ၁၀ သိန်းနဲ့ သိန်း၂၀ ကြားထဲမှာရှိတယ်။ စာအုပ်ထုတ်ဝေတယ်ဆိုတာ ၀ါသနာအရ ထုတ်ဝေနေရတဲ့ သဘောပဲရှိတယ်။ ခုကာလမှာ ကိုယ်ရေးကိုယ်ထုတ်နိုင်အောင
သိမှတ်စရာအဖြာဖြာ စာပေထဲမှာတွေ့အောင်ရှာ၊ စာပေဖတ်ရှု လေ့လာမှု လူသားတိုင်းကို ကောင်းကျိုးပြုလို့ ရှေးပညာရှိတွေက ဆိုခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးကို အများဆုံးအုပ်ရေ တစ်ထောင်ကျော်ကျော်ဆိုတဲ့ စာဖတ်နှုန်းနဲ့ဆိုရင်တော့ ကျွန်တော်တို့တွေဟာ သိမှတ်စရာအဖြာဖြာကို စာပေထဲမှာ တွေ့အောင်ရှာနိုင်ဖို့ ဝေးနေဦးမှာပါ၊ ဒါကြောင့်မို့ စာပေဖတ်ရှုပြီး လူသားတိုင်းကို ကောင်းကျိုးပြုနိုင်ဖို့ စာပေဖတ်ရှုကြပါစို့လို့ တိုက်တွန်းရင်းနဲ့ စာအုပ်တစ်အုပ်ကို အုပ်ရေငါးသောင်း၊ တစ်သိန်းလောက် ရိုက်နှိပ်ဖြန့်ဝေနိုင်မယ့်
Writer:
■ ၀ဏ္ဏ (မိတ္ထီလာ)
============
Eleven Media Group
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။