သားလေး "မင်းဖာချ" ရေ...
ဘဖောင်း နည်းနည်းလောက်ပြောပါရစေကွယ် ။
နှစ်တစ်ရာကျော် ကျွန်ပြုသွားတဲ့ မျက်နှာဖြူတွေကို မေ့နေပြီး နှစ် ၅၀ လောက်ကျွန်ပြုသွားတဲ့ ကိုယ့်အချင်းချင်းကျ အမုန်းအာဃာတတွေ တစ်သက်မကျေဖြစ်နေတယ်လို့ သားလေးက ရေးလိုက်တော့ ဘဖောင်းမှာ သားလေး ဦးနှောက်ထဲ ကာလသားရောဂါပိုးတွေများ ရောက်သွားပြီလားလို့ စိုးရိမ်လိုက်ရတာကွယ်။
အရာရာဟာ အကြောင်းရှိလို့ အကျိုးဖြစ်ပြီး သူ့သဘောသူဆောင်ကြတာကွယ့်။
လူတွေဟာ ကိုယ့်လူမျိုးသာ ကိုယ်အချစ်ဆုံးပေါ့ကွယ်။ တိုင်းတစ်ပါးသားကို မမုန်းရင်တောင် ကိုယ့်လူမျိုးလောက် ဘယ်ချစ်ပါ့မလဲ။ အဲဒီ တိုင်းတစ်ပါးသားက ကိုယ့်တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ပြီး အတင်း အုပ်ချုပ်သွားတယ်ဆိုရင်တော့ လူ့သဘာဝအရ မချစ်တဲ့အပြင် ပက်ပက်စက်စက်တောင် မုန်းပြီပေါ့ကွယ်။ မုန်းလို့လည်း အသက်တွေ စတေးပြီး ပြန်တော်လှန်ကြတာပေါ့။
ဒါပေမယ့် ဒီနေ့ခေတ် ဒီနေ့အချိန် သူ့ကျွန်ခေတ် ကိုယ့်ကျွန်ခေတ် ခေတ်နှစ်ခေတ်လုံးကို ဖြတ်သန်းပြီးချိန်မှာတော့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ အမြင်တွေက သားလေးပြောသလို ဖြစ်ကုန်တာပဲကွယ်။
အဲဒါကို "တိုင်းတစ်ပါးသား ကျွန်ပြုသူတွေကို မမုန်းတော့ဘဲ ကိုယ့်လူမျိုးချင်းကို မုန်းနေတယ်" ဆိုပြီး သောက်သည်းပေါက်နေမယ့်အစား ဒီလို ဘာကြောင့် ဖြစ်ရလဲ သားလေး ဦးနှောက်ကို အလုပ်ပေးဖူးလား?
မတရားသဖြင့် ဒို့တိုင်းပြည်ကို လာအုပ်ချုပ်သွားတယ်ဆိုတဲ့ နာကျည်းစရာအချက်ကို မေ့သွားရလောက်အောင် မျက်နှာဖြူတွေက သူတို့ အပြစ်ကို အကျိုးနဲ့ ချေလို့ရစရာ ဘာတွေလုပ်ပေးသွားလဲ သားလေးတွေးကြည့်ဖူးလား?
သူတို့နိုင်ငံ သူတို့လူမျိုးအကျိုးအတွက်ပဲ
ဦးစားပေး လုပ်ကိုင်စီမံသွားတာတောင် သူတို့ကျွန်ပြုထားတဲ့
ဒီဖွတ်ကျားတိုင်းပြည်ဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံး၊ အာရှမှာလည်း
ကျားတစ်ကောင်အဆင့်ရောက်တဲ့အ ထိ
ယဉ်ကျေးမှုကလွဲလို့ အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊
လမ်းပမ်းဆက်သွယ်ရေး စသည် ကဏ္ဍစုံမှာ အခြေခံအုတ်မြစ်ကောင်းတွေ ရသွားတာ သားလေး
မင်းဖာချ သိပါရဲ့လား?
ဒီလူတွေဟာ သူတို့ရဲ့ မိခင်နိုင်ငံအတွက်ဆို ဘယ်လောက်တောင် တော်လိုက် ကောင်းလိုက်မလဲ၊ အခုလက်ရှိရော သူတို့ တိုင်းပြည်ဟာ ကမ္ဘာမှာ ဘယ်အဆင့်လဲ သားလေး စဉ်းစားမိပါရဲ့လား?
သားလေးတို့ရဲ့ "နှစ် ၅၀ လောက်လေး အုပ်ချုပ်သွားသူတွေ" ကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးအတွက် လုပ်တယ် လုပ်တယ်နဲ့ တိုင်းပြည်နဲ့ လူမျိုးက ကမ္ဘာမှာရော၊ အာရှမှာရော၊ အရှေ့တောင်အာရှမှာတောင် ဘိတ်ချီးစားနိုင်ငံဖြစ်သွား တာ သိပါသလား?
အရှင်းဆုံးပြောရရင်...
ဒီနိုင်ငံမှာ သူ့ကျွန် ဆက်ဖြစ်နေရင်တောင် ကောင်းဦးမယ်လို့ ယုံကြည်နေသူတွေ အများကြီး ရှိနေအောင် သူတို့ ဘာတွေ စွမ်းဆောင်သွားခဲ့သလဲ...
ဒီနိုင်ငံမှာ ကိုယ့်ကျွန် ဖြစ်ရတာ ရင်အနာဆုံးပဲလို့ ခံပြင်းနေသူတွေ အများကြီး ဖြစ်သွားအောင် သားလေးတို့ ဘာတွေ သောက်သုံးမကျ လုပ်ခဲ့သလဲလို့ နှိုင်းယှဉ်ချင့်ချိန်ဖူးပါသ လား?
မျက်နှာဖြူတွေ ဂုတ်သွေးစုတ်သွားတာတောင် တိုင်းပြည်က တိုးတက်လာသေးတော့ "win - win" ဖြစ်ခဲ့သေးပြီး...
မျက်နှာမဲတွေ တစ်ကိုယ်လုံး အရိုးပါမချန် ကိုက်စားသွားတော့မှ "ပြည်လုံးဆင်းရဲ ယူနီဖောင်းချမ်းသာ" ဖြစ်ပြီး lose - win ဖြစ်သွားခဲ့ရတာ...
သူ့ကျွန်ခေတ်မှာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ နင်းပြားတွေရဲ့ ဘဝအခြေအနေလောက်ပဲ ဆိုးရွားခဲ့ပြီး...
ကိုယ့်ကျွန်ခေတ်ကျမှ တိုင်းပြည်တစ်ပြည်ရဲ့ ကဏ္ဍအားလုံး အရာအားလုံး စုံးစုံးမြုပ်ပြီး ကမ္ဘာမှာ မျက်နှာတောင် မပြဝံ့တဲ့ အဆင့်အထိ အောက်တန်းနောက်တန်း ကျသွားခဲ့ရတာတွေကို သားလေး မသိချင်ယောင်ဆောင်နေတာလား၊ အတိတ်မေ့တာလား၊ သောက်ဦးနှောက်ကို လုံးလုံးပါမလာတာလား ဖြေပါ။
ဒါတွေကို မဖြေနိုင်ဘဲနဲ့ ကိုယ့်သောက်ရှက် ကိုယ်ခွဲချင်ရုံသက်သက်နဲ့တော့ လိုင်းပေါ်တက်မလာပါနဲ့ သားလေး...
ဝိုင်းတောက်ချလိုက်လို့ လစိပါပြုတ်ထွက်သွားလိမ့်မယ် ။
တိုင်းတစ်ပါးသားထက် ကိုယ့်လူမျိုးချင်း ပိုမုန်းသွားတာကို ခံရလောက်အောင် ကိုယ်တွေ ဘာမဟုတ်တာတွေ လုပ်ခဲ့ ယုတ်မာခဲ့လဲ ပြန်သုံးသပ်...
ဖင်ဆိတ်ခံရတာကို မေ့လွယ်ပေမယ့်...
မုဒိမ်းကျင့်ခံရတာကိုတော့ ဘယ်မေ့နိုင်ပါ့မလဲကွာ။
ဘဖောင်းတို့က ကျွန်စော်နံပြီး သူ့ကျွန်ခံချင်လို့ ဒါတွေပြောနေတာမဟုတ်ဘူး။
ကိုယ့်ကျွန်စော်က မခံမရပ်နိုင်အောင် ပိုပြီး နံဟောင်ပုတ်စပ် အော်ဂလီဆန်လွန်းလို့ ထွီကနဲ တံတွေးနဲ့ ထွေးမိယုံလေး၊ ဝေါ့ကနဲ အန်ချမိရုံလေးပါ သားလေး မင်းဖာချရေ!
Credit swe yu
ဘဖောင်း နည်းနည်းလောက်ပြောပါရစေကွယ်
နှစ်တစ်ရာကျော် ကျွန်ပြုသွားတဲ့ မျက်နှာဖြူတွေကို မေ့နေပြီး နှစ် ၅၀ လောက်ကျွန်ပြုသွားတဲ့ ကိုယ့်အချင်းချင်းကျ အမုန်းအာဃာတတွေ တစ်သက်မကျေဖြစ်နေတယ်လို့ သားလေးက ရေးလိုက်တော့ ဘဖောင်းမှာ သားလေး ဦးနှောက်ထဲ ကာလသားရောဂါပိုးတွေများ ရောက်သွားပြီလားလို့ စိုးရိမ်လိုက်ရတာကွယ်။
အရာရာဟာ အကြောင်းရှိလို့ အကျိုးဖြစ်ပြီး သူ့သဘောသူဆောင်ကြတာကွယ့်။
လူတွေဟာ ကိုယ့်လူမျိုးသာ ကိုယ်အချစ်ဆုံးပေါ့ကွယ်။ တိုင်းတစ်ပါးသားကို မမုန်းရင်တောင် ကိုယ့်လူမျိုးလောက် ဘယ်ချစ်ပါ့မလဲ။ အဲဒီ တိုင်းတစ်ပါးသားက ကိုယ့်တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ပြီး အတင်း အုပ်ချုပ်သွားတယ်ဆိုရင်တော့
ဒါပေမယ့် ဒီနေ့ခေတ် ဒီနေ့အချိန် သူ့ကျွန်ခေတ် ကိုယ့်ကျွန်ခေတ် ခေတ်နှစ်ခေတ်လုံးကို ဖြတ်သန်းပြီးချိန်မှာတော့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ အမြင်တွေက သားလေးပြောသလို ဖြစ်ကုန်တာပဲကွယ်။
အဲဒါကို "တိုင်းတစ်ပါးသား ကျွန်ပြုသူတွေကို မမုန်းတော့ဘဲ ကိုယ့်လူမျိုးချင်းကို မုန်းနေတယ်" ဆိုပြီး သောက်သည်းပေါက်နေမယ့်အစား ဒီလို ဘာကြောင့် ဖြစ်ရလဲ သားလေး ဦးနှောက်ကို အလုပ်ပေးဖူးလား?
မတရားသဖြင့် ဒို့တိုင်းပြည်ကို လာအုပ်ချုပ်သွားတယ်ဆိုတဲ့ နာကျည်းစရာအချက်ကို မေ့သွားရလောက်အောင် မျက်နှာဖြူတွေက သူတို့ အပြစ်ကို အကျိုးနဲ့ ချေလို့ရစရာ ဘာတွေလုပ်ပေးသွားလဲ သားလေးတွေးကြည့်ဖူးလား?
သူတို့နိုင်ငံ သူတို့လူမျိုးအကျိုးအတွက်ပဲ
ဒီလူတွေဟာ သူတို့ရဲ့ မိခင်နိုင်ငံအတွက်ဆို ဘယ်လောက်တောင် တော်လိုက် ကောင်းလိုက်မလဲ၊ အခုလက်ရှိရော သူတို့ တိုင်းပြည်ဟာ ကမ္ဘာမှာ ဘယ်အဆင့်လဲ သားလေး စဉ်းစားမိပါရဲ့လား?
သားလေးတို့ရဲ့ "နှစ် ၅၀ လောက်လေး အုပ်ချုပ်သွားသူတွေ" ကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးအတွက် လုပ်တယ် လုပ်တယ်နဲ့ တိုင်းပြည်နဲ့ လူမျိုးက ကမ္ဘာမှာရော၊ အာရှမှာရော၊ အရှေ့တောင်အာရှမှာတောင် ဘိတ်ချီးစားနိုင်ငံဖြစ်သွား
အရှင်းဆုံးပြောရရင်...
ဒီနိုင်ငံမှာ သူ့ကျွန် ဆက်ဖြစ်နေရင်တောင် ကောင်းဦးမယ်လို့ ယုံကြည်နေသူတွေ အများကြီး ရှိနေအောင် သူတို့ ဘာတွေ စွမ်းဆောင်သွားခဲ့သလဲ...
ဒီနိုင်ငံမှာ ကိုယ့်ကျွန် ဖြစ်ရတာ ရင်အနာဆုံးပဲလို့ ခံပြင်းနေသူတွေ အများကြီး ဖြစ်သွားအောင် သားလေးတို့ ဘာတွေ သောက်သုံးမကျ လုပ်ခဲ့သလဲလို့ နှိုင်းယှဉ်ချင့်ချိန်ဖူးပါသ
မျက်နှာဖြူတွေ ဂုတ်သွေးစုတ်သွားတာတောင် တိုင်းပြည်က တိုးတက်လာသေးတော့ "win - win" ဖြစ်ခဲ့သေးပြီး...
မျက်နှာမဲတွေ တစ်ကိုယ်လုံး အရိုးပါမချန် ကိုက်စားသွားတော့မှ "ပြည်လုံးဆင်းရဲ ယူနီဖောင်းချမ်းသာ" ဖြစ်ပြီး lose - win ဖြစ်သွားခဲ့ရတာ...
သူ့ကျွန်ခေတ်မှာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ နင်းပြားတွေရဲ့ ဘဝအခြေအနေလောက်ပဲ ဆိုးရွားခဲ့ပြီး...
ကိုယ့်ကျွန်ခေတ်ကျမှ တိုင်းပြည်တစ်ပြည်ရဲ့ ကဏ္ဍအားလုံး အရာအားလုံး စုံးစုံးမြုပ်ပြီး ကမ္ဘာမှာ မျက်နှာတောင် မပြဝံ့တဲ့ အဆင့်အထိ အောက်တန်းနောက်တန်း ကျသွားခဲ့ရတာတွေကို သားလေး မသိချင်ယောင်ဆောင်နေတာလား၊ အတိတ်မေ့တာလား၊ သောက်ဦးနှောက်ကို လုံးလုံးပါမလာတာလား ဖြေပါ။
ဒါတွေကို မဖြေနိုင်ဘဲနဲ့ ကိုယ့်သောက်ရှက် ကိုယ်ခွဲချင်ရုံသက်သက်နဲ့တေ
ဝိုင်းတောက်ချလိုက်လို့ လစိပါပြုတ်ထွက်သွားလိမ့်မယ်
တိုင်းတစ်ပါးသားထက် ကိုယ့်လူမျိုးချင်း ပိုမုန်းသွားတာကို ခံရလောက်အောင် ကိုယ်တွေ ဘာမဟုတ်တာတွေ လုပ်ခဲ့ ယုတ်မာခဲ့လဲ ပြန်သုံးသပ်...
ဖင်ဆိတ်ခံရတာကို မေ့လွယ်ပေမယ့်...
မုဒိမ်းကျင့်ခံရတာကိုတော့ ဘယ်မေ့နိုင်ပါ့မလဲကွာ။
ဘဖောင်းတို့က ကျွန်စော်နံပြီး သူ့ကျွန်ခံချင်လို့ ဒါတွေပြောနေတာမဟုတ်ဘူး။
ကိုယ့်ကျွန်စော်က မခံမရပ်နိုင်အောင် ပိုပြီး နံဟောင်ပုတ်စပ် အော်ဂလီဆန်လွန်းလို့ ထွီကနဲ တံတွေးနဲ့ ထွေးမိယုံလေး၊ ဝေါ့ကနဲ အန်ချမိရုံလေးပါ သားလေး မင်းဖာချရေ!
Credit swe yu

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။