သင့်ကလေးကို လက်တွေ့ကျကျ လမ်းညွန်သင်ကြားပေးနိုင်တဲ့  စကားလုံးများ
========================== =====================
ကလေးအကြောင်းမရေးဖြစ်တာ ကြာပါပြီ။ ဒီ Post မှာတော့ သဘောတရားတွေ ဒီအိုရီတွေ မရေးတော့ပဲ သင့်ကလေးကို လက်တွေ့အသုံးချလမ်းညွန်သင် ကြားနိုင်မဲ့
စကားလုံးများကို ဖေါ် ပြသွားပါမယ်။ ဒီစကားလုံးတွေထဲမှာ “အမေ” နဲ့ “သမီး”
လို့ သုံးထားပေမဲ့ “ ဖေဖေ ” နဲ့ “ သား” အဖြစ် ပြောင်းလဲ
သုံးနူန်းနိုင်ပါတယ်။
၁။ များများစဉ်းစားဖို့ အားပေးသောစကားလုံးများ
—————————————————-
ဘယ်လိုလုပ်ရင်ကောင်းမယ် ထင်သလဲ သမီး၊ သမီးမှာဘာ နည်းလမ်း တွေ့ထားသေးလဲ၊
သမီးဘယ်လိုလုပ်သင့်တယ်ထင် သလဲ၊ ဘာအရင်လုပ်မှာလဲ၊ ဘာဆက်လုပ်မှာလဲ။
သမီးသေသေချာချာ စဉ်းစားရင် နည်းလမ်းကောင်းတွေ ထွက်လာအုံးမှာပါ။
ဘာအကျိုးရလဒ်ထွက်လာမယ်လို့ သမီးထင်သလဲ။
သမီး အဲဒါကိုလိုချင်တယ်ဆိုရင် နည်းလမ်းဘယ်နှစ်ခု ရှိတယ်လို့ ထင်ပါသလဲ။
မေမေတို့ အတူတကွ စဉ်းစားမလား၊ သမီးတစ်ယောက်ထဲ စဉ်းစားမှာလား။
သမီး၊ သိပ်ကောင်းတယ်။ သမီးရဲ့ နည်းလမ်း အရမ်းကောင်းတယ်။
၂။ အပြုသဘောဆောင်ပြီး စည်းကမ်းရှိစေသောစကားလုံးများ
——————————————————————-
သမီးလိုက်နာမယ်ဆိုတာကို မေမေအပြည့်အ၀ ယုံကြည်တယ်။
သမီးလုပ်နိုင်လိမ့်မယ်ဆိုတာ မေမေမျော်လင့်တယ်။
သမီးပြောတာ မှန်တယ်လို့ မေမေထင်တယ်။
သမီးဒီလိုလုပ်တာ အိမ်စည်းကမ်းဖောက်ပြီလို့ မေမေထင်တာပဲ၊
သမီးဒီလိုလုပ်တာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။
ကိစ္စမရှိဘူး၊ နောက်တကြိမ်မမှားရင် ရပြီ။
မေမေတို့ အတူချမှတ်ထားတဲ့ စည်းကမ်းကို မှတ်ထားရမယ်နော်
ဒီတစ်ကြိမ် သမီး မေမေကို တောင်းပန်ရမယ်။ ဒါပြီးရင် နောင်လက်တွေ့နဲ့ပဲ သက်သေပြတော့၊
၃။ အကြံအဥာဏ်ပေးခြင်း နှင့် သတိပေးသော စကားလုံးများ
——————————————————————
မေမေသာ သမီးနေရာမှာ ဆိုရင် မေမေဒီလို ဆုံးဖြတ်မှာ မဟုတ်ဘူး။
နောက်နည်းလမ်းတစ်ခု ပြောင်းလဲကြည့်လိုက်လေ..သမီး။
ဒီနည်းလမ်း နည်းနည်း ပိုမကောင်းဘူးလား။
ဘာလို့ဖို့ အချိန်ရောက်ပြီလဲ။
နောင်ဘာလို့ဖို့ ရှိသေးလဲ၊ သေသေချာချာ ပြန်စဉ်းစားကြည့်၊
မမှားအောင် ဒါမှမဟုတ် အမှားနည်းအောင် ဘယ်လိုလုပ်မလဲ။
၎။ ရွေးချယ် လမ်းပြသော စကားလုံးများ
——————————————
မေမေ တီဗွီပိတ်ရမလား၊ သမီးဖာသာ သမီးပိတ်မှာလား။
သမီးအရင်လုပ်မလား၊ မေမေပဲ အရင်လုပ်ရမလား။
မေမေကူညီရမလား၊ သမီးဟာ သမီးကိုယ်တိုင်အရင်လုပ်ြ ကည့်မလား။
ဒီနည်းလမ်းနဲ့ ဟိုနည်းလမ်း ဘာကွာခြားချက်ရှိသလဲ။
သမီးဘယ်လိုထင်သလဲ၊ ဒီနေ့လား..မနက်ဖန်လား။
သမီးဘာရွေးချယ်လိုက်ပြီလဲ၊ မေမေအတူ ရွေးချယ်ပေးရအုံးမှာလား။
မေမေ ဘာကူညီပေးရအုံးမလဲ၊ သမီးကိုယ့်ကိုယ်ကို လုပ်မှာလား။
၅။ ကိုယ်ချင်းစာစိတ် မွေးမြူပေးသော စကားလုံးများ
——————————————————-
မေမေဒီလိုလုပ်ရင် သမီးဘယ်လိုခံစားရမလဲ၊ အခြားသူကော ဘယ်လိုခံစားရမလဲ။
မေမေခံစားရတဲ့ သောက သမီးခံစားမိပါသလား၊
အခြားသူတစ်ယောက်ယောက် သမီးကို ဒီလိုပြောရင် သမီးရမလား၊
သမီးဒီလိုလုပ်တာ၊ သူစိတ်ဆိုးမယ်လို့ သမီးထင်သလား၊
သူတအားစိတ်ထိခိုက်သွားတယ်။ အဲဒါ သမီးရိပ်မိလား၊
သမီးခံစားရတာတွေကို မေမေနားလည်တယ်။ မေမေလည်း ခံစားရတယ်။
Ref: WeChat
Credit" Aung Ko Latt
==========================
ကလေးအကြောင်းမရေးဖြစ်တာ ကြာပါပြီ။ ဒီ Post မှာတော့ သဘောတရားတွေ ဒီအိုရီတွေ မရေးတော့ပဲ သင့်ကလေးကို လက်တွေ့အသုံးချလမ်းညွန်သင်
၁။ များများစဉ်းစားဖို့ အားပေးသောစကားလုံးများ
—————————————————-
ဘယ်လိုလုပ်ရင်ကောင်းမယ် ထင်သလဲ သမီး၊ သမီးမှာဘာ နည်းလမ်း တွေ့ထားသေးလဲ၊
သမီးဘယ်လိုလုပ်သင့်တယ်ထင်
သမီးသေသေချာချာ စဉ်းစားရင် နည်းလမ်းကောင်းတွေ ထွက်လာအုံးမှာပါ။
ဘာအကျိုးရလဒ်ထွက်လာမယ်လို့
သမီး အဲဒါကိုလိုချင်တယ်ဆိုရင်
မေမေတို့ အတူတကွ စဉ်းစားမလား၊ သမီးတစ်ယောက်ထဲ စဉ်းစားမှာလား။
သမီး၊ သိပ်ကောင်းတယ်။ သမီးရဲ့ နည်းလမ်း အရမ်းကောင်းတယ်။
၂။ အပြုသဘောဆောင်ပြီး စည်းကမ်းရှိစေသောစကားလုံးမ
——————————————————————-
သမီးလိုက်နာမယ်ဆိုတာကို မေမေအပြည့်အ၀ ယုံကြည်တယ်။
သမီးလုပ်နိုင်လိမ့်မယ်ဆို
သမီးပြောတာ မှန်တယ်လို့ မေမေထင်တယ်။
သမီးဒီလိုလုပ်တာ အိမ်စည်းကမ်းဖောက်ပြီလို့ မေမေထင်တာပဲ၊
သမီးဒီလိုလုပ်တာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။
ကိစ္စမရှိဘူး၊ နောက်တကြိမ်မမှားရင် ရပြီ။
မေမေတို့ အတူချမှတ်ထားတဲ့ စည်းကမ်းကို မှတ်ထားရမယ်နော်
ဒီတစ်ကြိမ် သမီး မေမေကို တောင်းပန်ရမယ်။ ဒါပြီးရင် နောင်လက်တွေ့နဲ့ပဲ သက်သေပြတော့၊
၃။ အကြံအဥာဏ်ပေးခြင်း နှင့် သတိပေးသော စကားလုံးများ
——————————————————————
မေမေသာ သမီးနေရာမှာ ဆိုရင် မေမေဒီလို ဆုံးဖြတ်မှာ မဟုတ်ဘူး။
နောက်နည်းလမ်းတစ်ခု ပြောင်းလဲကြည့်လိုက်လေ..သမ
ဒီနည်းလမ်း နည်းနည်း ပိုမကောင်းဘူးလား။
ဘာလို့ဖို့ အချိန်ရောက်ပြီလဲ။
နောင်ဘာလို့ဖို့ ရှိသေးလဲ၊ သေသေချာချာ ပြန်စဉ်းစားကြည့်၊
မမှားအောင် ဒါမှမဟုတ် အမှားနည်းအောင် ဘယ်လိုလုပ်မလဲ။
၎။ ရွေးချယ် လမ်းပြသော စကားလုံးများ
——————————————
မေမေ တီဗွီပိတ်ရမလား၊ သမီးဖာသာ သမီးပိတ်မှာလား။
သမီးအရင်လုပ်မလား၊ မေမေပဲ အရင်လုပ်ရမလား။
မေမေကူညီရမလား၊ သမီးဟာ သမီးကိုယ်တိုင်အရင်လုပ်ြ
ဒီနည်းလမ်းနဲ့ ဟိုနည်းလမ်း ဘာကွာခြားချက်ရှိသလဲ။
သမီးဘယ်လိုထင်သလဲ၊ ဒီနေ့လား..မနက်ဖန်လား။
သမီးဘာရွေးချယ်လိုက်ပြီလဲ၊
မေမေ ဘာကူညီပေးရအုံးမလဲ၊ သမီးကိုယ့်ကိုယ်ကို လုပ်မှာလား။
၅။ ကိုယ်ချင်းစာစိတ် မွေးမြူပေးသော စကားလုံးများ
——————————————————-
မေမေဒီလိုလုပ်ရင် သမီးဘယ်လိုခံစားရမလဲ၊ အခြားသူကော ဘယ်လိုခံစားရမလဲ။
မေမေခံစားရတဲ့ သောက သမီးခံစားမိပါသလား၊
အခြားသူတစ်ယောက်ယောက် သမီးကို ဒီလိုပြောရင် သမီးရမလား၊
သမီးဒီလိုလုပ်တာ၊ သူစိတ်ဆိုးမယ်လို့ သမီးထင်သလား၊
သူတအားစိတ်ထိခိုက်သွားတယ်။
သမီးခံစားရတာတွေကို မေမေနားလည်တယ်။ မေမေလည်း ခံစားရတယ်။
Ref: WeChat
Credit" Aung Ko Latt

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။