Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 13, 2017

ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လိုပါသလား?

ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လိုပါသလား?

Attraction ရှိဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့ မမြင်အပ်၊ မမြင်သင့်တဲ့အရာတွေကို ဖင်တစ်လုံး ရင်တစ်လုံးပစ်ပြ၊ ထုတ်ဖော်လှစ်ဟ ပြစရာမလိုပါဘူး။

စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်လျှင်

1. ပညာတတ် တစ်ယောက်ပါစေ။
ပညာတတ်ဆိုသည်မှာ ကျောင်းကသင်လိုက်သော စာအလွတ်ကျက် စာမေးပွဲအောင်လာရုံနဲ့ ပညာတတ်မဖြစ်ပါ။ အသိဥာဏ်နဲ့ ဆက်စပ်လေ့လာတွေးခေါ်ပါ။ ဖြစ်သင့်သောအရာ မဖြစ်သင့်သောအရာ ဝေဖန်ပိုင်းခြားပါ။

2. စာများများဖတ်ပါ။
အလုပ်အရမ်းများလို့ စာပုံမှန်မဖတ်နိုင်တာဖြစ်ဖြစ်၊ စာဖတ်ဝါသနာမပါလို့ဖြစ်ဖြစ်၊ မြင်သမျှ စာတိုင်းကို ဗဟုသုတအဖြစ် သိုလှောင်ပါ။ Fb သုံးရင်းလည်း အကျိုးရှိတဲ့ စာ၊ ဗဟုသုတများ ရှာဖွေဖတ်ပါ။ အိုသွေးဆို ဘာဖြစ်တယ်၊ တနင်္လာသားသမီးဆိုညာဖြစ်တယ်။ ဘော်လီဝတ်တဲ့စော်ရှိသေးလား ဆိုတဲ့စာမျိုးတွေကို မဆိုလိုပါ။ 😑

3. စကားများများပြောတာထက် သူများပြောတာကို များများနားထောင်ပါ။
စကားဆိုတာ ပြောလေ အမှားပါလေပါ၊
နားထောင်လေ လူတွေအကြောင်းနားလည်လေပါ။
လူအကြောင်း လူတွေဆီကပဲ သင်ယူပါ။

4. ဘယ်အရာမဆို အပြုံးနဲ့ရင်ဆိုင်ပါ။
လူတိုင်းမှာ အခက်အခဲ အမှားအယွင်းတွေ ရှိတတ်ကြစမြဲပါ။
ခက်ခဲနေရင် ကြိုးစားပါ။
မှားယွင်းနေရင်ပြင်ဆင်ပါ။ သင့်ကိုဒုက္ခပေးနေသူများကိုလည်း အပြုံးနဲ့ဆက်ဆံပါ။
ဒါပေမယ့် ဘယ်တော့မှမမေ့နဲ့၊ ရန်သူများနေရင် ကိုယ့်ကိုယ်ကို ပိုကောင်းအောင်ကြိုးစားပါ။

5. ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စိတ်ရင်းနဲ့ဆက်ဆံပါ။
ယောင်္ကျားလေးတစ်ယောက်နဲ့ စကားပြောရင်လည်း "ကြာ"မပါစေနဲ့၊ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် တစ်ဖက်ယောင်္ကျားလေး အထင်သေးသွားစေမယ့် အပြုအမူမျိုး စ မလုပ်မိစေနဲ့။ ကိုယ့်မျက်လုံး၊ ကိုယ့်အပြောအဆိုတွေက ရိုးသားပါစေ။ကိုယ့်တန်ဖိုးနဲ့ကိုယ်နေပါ။
ယောင်္ကျားဆိုတာ သူတို့ကြိုက်ရင် ဆိုက်ဆိုက်ရောက်လာပါလိမ့်မယ်။
ယောင်္ကျားလေးတွေနဲ့ကျ ပရောပရီ၊ မိန်းကလေးတွေနဲ့ကျ ခပ်တန်းတန်းနေတတ်တဲ့ မိန်းမတစ်ယောက်က အခြားလူအမြင်မှာ အရမ်း Impression Down ပါတယ်။
ယောင်္ကျားလေးနဲ့ဖြစ်ဖြစ် မိန်းကလေးနဲ့ဖြစ်ဖြစ် တန်းတူ ပေါင်းသင်းဆက်ဆံရေးကောင်းအောင်နေပါ။

6. အတတ်နိုင်ဆုံး သူများမကောင်းကြောင်း ကိုယ့်ပါးစပ်က မထွက်မိပါစေနဲ့။
သူများအပုပ် ကိုယ့်ပါးစပ်က ထွက်ရတာ ရှက်စရာကောင်းပါတယ်။ ကျွန်မကိုယ်တိုင်လည်း နောက်ပိုင်းဆို အရမ်းရင်းနှီးသူမှလွဲပြီး သူများမကောင်းကြောင်း မျက်နှာလွှဲခဲပစ် ပြောတတ်တဲ့သူတွေဆို ရှောင်ပါတယ်။
သူများမကောင်းကြောင်းတောင် ကိုယ့်ဆီလာပြောနေတာ။ ကိုယ့်မကောင်းကြောင်းလည်း သူများဆီသွားမပြောဘူးလို့ မပြောနိုင်ပါဘူး။ ဝေဖန်ပါ၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်မှာလည်း အားနည်းချက်ရှိတာကို သတိချပ်ပါ။

7. တစ်ကိုယ်သန့်ရှင်းရေး ဂရုစိုက်ပါ။
စမတ်ကျကျဝတ်ဆင်ပါ။ သူ့နေရာနဲ့သူ လိုက်လျောညီထွေအောင် ဝတ်ဆင်ပါ။
နိုင်ငံတကာဖက်ရှင်တွေကို လေ့လာပါ။
ကိုယ်နဲ့ရော ပတ်ဝန်းကျင်နဲ့ပါ သင့်တော်မယ်ထင်လျှင်ဝတ်ဆင်ပါ။
အပြင်ထွက်ရင်တော့ မိတ်ကပ်တစ်ပိသာနဲ့ ကိုယ်နေတဲ့အိမ်၊ အခန်းမှာတော့ မြွေထွက်လောက်အောင် ညစ်ပတ်နေလို့တော့ မဖြစ်သေးဘူး။ ရုပ်လှအောင်ပြင်သလို ကိုယ်နေတဲ့ ပတ်ဝန်းကျင်လည်း လှအောင် ထားပါ။ မအားဘူးဆိုရင်တောင် တစ်ပတ်တစ်ခါလောက်တော့ သင့်အခန်းကို ရှင်းလင်းပြီး အမွှေးနံ့သာဖြန်းထားပါ။ နေထိုင်ပတ်ဝန်းကျင် သန့်ရှင်းနေရင် စိတ်ရော ကိုယ်ရော ကြည်လင်လာပါမယ်။

8. ဘာသာတရား မမေ့ပါနဲ့။
ဘယ်ဘာသာတရားကိုပဲ ယုံကြည်သက်ဝင်ပါစေ၊ ကိုယ်ယုံကြည်ရာကို ဆုပ်ကိုင်ထားပါ။ သတိတရားကပ်ပါစေ။

9. ရည်မှန်းချက်ထားပါ။ ရည်မှန်းချက်ရောက်အောင်သွားပါ။
ရည်မှန်းချက်ရောက်အောင် ကြိုးစားနေသူ မိန်းကလေးတစ်ယောက်အတွက် အချိန်ကုန်စေမယ့် အရာမျိုးတွေရှောင်ပါ။ ဥပမာ- ကိုယ့်အပေါ် သစ္စာမရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက် နေ့စဉ်ရက်ဆက် ငိုကြွေးနေတာမျိုး၊ ကိုယ့်ကိုယ်ပုတ်ခတ်သူတွေကို အချိန်ပေး ပြန်လည်တိုက်ခိုက်နေတာမျိုး လုပ်မနေပါနဲ့။အချိန်ကုန် စိတ်ပင်ပန်းပါတယ်။ကိုယ့်ကိုယ်ပျော်ရွှင်စေတဲ့အရာအတွက် အချိန်ကုန်တာဆိုတော်သေးတယ်။

10. သစ္စာရှိပါ။
ရည်းစား၊ လင်ယောင်္ကျားအပေါ်မှ မဟုတ်ပါဘူး။
ကိုယ့်သူငယ်ချင်း မိတ်ဆွေ၊ မိသားစုအပေါ် သစ္စာသိပါ၊ တာဝန်သိပါ။

ဒီ ၁၀ ချက်ကို အရင်ကြိုးစားကြည့်ပါ။
သင်ဟာ အရင်ကထက် ပိုစမတ်ကျ ပို Attraction ရှိလာတာကို ဘေးကလူတွေက သတိထားလာမိလိမ့်မယ်။
Credit
မယ်စူး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။