၁၁၊ ဇန်န၀ါရီ၊၂၀၁၇
တစ်ခါတစ်ရံမှာလူတွေဟာ ဘ၀မှာပိုမိုအောင်မြင်ဖို့အတွက် အရေးကြီးတဲ့အချက်က သင်ခန်းစာအသစ်တွေ၊ အမူအကျင့်အသစ်တွေကို ပျိုးထောင်ဖို့လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒါတွေထက် ပိုမိုအရေးကြီးတာက သင့်ဘ၀ထဲက အမှိုက်ရှုပ်တွေကို ဖယ်ထုတ်ရှင်းပစ်နိုင်ဖို့ပါပဲ။ ဒီတော့ ဘယ်လိုအမှိုက်ရှုပ်တွေကို သင့်ဘ၀ထဲက ရှင်းထုတ်ပစ်သင့်သလဲ?
၁ - ပြီးပြည့်စုံမှုကိုလိုချင်တဲ့စိတ်အား ရှင်းထုတ်ပစ်ပါ။
အရာရာတိုင်းဟာ ထာဝရပြီးပြည့်စုံနေပြီး အမှားကင်းကင်းနဲ့ All Perfect ဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ အမှားနည်းအောင်ကြိုးစားပါ၊ ဒါပေမယ့် လုံးဝအမှားမခံတာမျိုးဟာတော့ မဖြစ်သင့်ပါဘူး။ အမှားတွေဟာ တန်ဖိုးကြီးတဲ့ ဆရာသမားတွေပါ။
၂ - ကြောက်ရွံ့မှုတွေကို ရှင်းထုတ်ပစ်ပါ။
အတွေ့အကြုံသစ်တွေ၊ လူသစ်တွေ၊ ဒါမှမဟုတ် တခြားတစ်ခုမဟုတ် တစ်ခုခုကို ကြောက်ရွံ့နေတာမျိုး၊ လုပ်ရမှာစိုးရိမ်တတ်တာမျိုးဟာ အောင်မြင်မှုကို အဟန့်တားနိုင်ဆုံး မိစ္ဆာကောင်တွေပါ။ ဒီတော့ မလိုအပ်ပဲ ပူပန်ကြောက်ရွံ့တတ်တဲ့စိတ်ကို ရှင်းထုတ်ပစ်ပါ။
၃ - မိမိကိုယ်ကိုအပြစ်မတင်လိုစိတ်ကို ဖယ်ရှားပစ်ပါ။
အောင်မြင်သူတိုင်းဟာ မလိုအပ်ပဲ သူတစ်ပါးအပေါ် အပြစ်မဖို့တတ်ကြသလို သူတို့ရဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တိုင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အ၀ ရှိတတ်ကြပါတယ်။ တစ်ခုခုဆို သူများကိုလက်ညှိုးထိုးတာထက်စာရင် မိမိကိုယ်ကို လက်ညှိုးပြန်ထိုးလိုက်ပါ။
၎ - မပြုပြင်၊ မပြောင်းလဲလိုစိတ်ကို ဖယ်ရှားပစ်ပါ။
မိမိရဲ့အယူအဆတွေကို တရားသေ ကိုင်စွဲမထားပါနဲ့။ အခြေအနေနဲ့ အချိန်အခါ၊ ကျိုးကြောင်းဆီလျှော်မှုပေါ် မူတည်ပြီး ပြောင်းလဲသင့်ရင် ပြောင်းလဲနိုင်ရပါမယ်။ မူလတန်းအရွယ်က သိထားတဲ့ ယူဆချက်နဲ့၊ အရွယ်ရောက်ချိန်မှာ ရှိတဲ့ယူဆချက်ဟာ မတူညီသင့်တော့ဘူး မဟုတ်လား။
၅ - အဆိပ်ရှိတဲ့လူတွေကို ဖယ်ရှားပစ်ပါ။
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေဆိုတာ လောကနီတီထဲက စာသားလေးတစ်ခုပါ။ လောကကြီးထဲမှာ မိမိဘ၀အတွက် တိုးတက်ရာလှေကားထစ်ကို ပိတ်ပင်နေတဲ့သူ၊ မိမိကို အဆိုးတွေသာ ဆောင်ကျဉ်းပေးနိုင်တဲ့သူ၊ နောက်ကျောဓါးနဲ့ထိုးမယ့်သူတွေကို ကိုယ့်ဘက်က ဦးစွာဖယ်ရှားထားလိုက်တာက အန္တရာယ်ကင်းပါတယ်။

သင်ရော အမှိုက်တွေကို ရှင်းပစ်တော့မှာလား?
အောင်ခန့်
http://www.momolay.com/p/29404/text
http://www.momolay.com/p/29404/text

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။