လမ်းဟောင်းထက် စနစ်သစ်ကို ဝေဖန်ပါ။
-------------------------
ဘုရင်ကြီးတစ်ပါးဟာ ရုပ်ဖျက်ပြီး သူ့တိုင်းပြည်တခွင် လှည့်လည်သွားလာခဲ့တယ်။ နန်းတော်ကို ပြန်ရောက်တဲ့အခါ ဘုရင်ကြီးရဲ့ ခြေထောက်တွေ အရမ်းနာနေခဲ့တယ်။
"လမ်းတလျှောက်မှာ ရှိတဲ့ ကျောက်တုံးကျောက်ခဲတွေကြောင့် သူ့ခြေထောက် နာရပါတယ်" ဆိုပြီး တော့ ဘုရင်ကြီး စဉ်းစားမိ လိုက်တယ်။
တတိုင်းပြည်လုံး ရှိရှိသမျှ လမ်းတွေကို လျှောက်တဲ့ တိုင်းသူပြည်သား တွေလည်း နေ့စဉ်နဲ့အမျှ နာကျင် နေလိမ့်မယ် ဆိုတာကို မြင်မိတယ်။ ဆိုတော့ တိုင်းသူပြည်သားတွေ မနာကျင်အောင် လျှောက်လမ်း တိုင်းကို နွားသားရေနဲ့ ခင်းမယ် ကြံမိတယ်။
အမတ်တွေက မျက်လုံးပြူးကုန်ကြတယ်။ ဒီလိုသာ ခင်းမယ် ဆိုရင် နွားတွေ အများကြီး ပျက်စီး ဆုံးရှုံး တော့မှာကို မြင်မိတာပေါ့။ နဲနဲရဲတဲ့ အမတ်ငယ် တစ်ယောက် က မကြောက်မရွံ့ ထပြီးတော့ ဘုရင်ကြီးကို မေးတယ်။
"အရှင်မင်းကြီး... လမ်းတိုင်းလမ်းတိုင်းကို နွားသားရေတွေနဲ့ ခင်းမယ် ဆိုရင် နွားတွေ အများကြီး သုံးရမှာ မဟုတ်လား။"
ဘုရင်ကြီးက ပြုံးပြီးတော့ ပြန်ဖြေတယ်။ "တတိုင်းပြည်လုံးစာ လမ်းတွေ ခင်းရင် နွားသားရေတွေ အများအပြား သုံးရလိမ့်မယ် ဆိုတာ ငါ တွေးမိ တာပေါ့ အမတ်ငယ်ရယ်။"
"ဒါဆို လျှောက်လမ်းတိုင်းကို နွားသားရေတွေနဲ့ ခင်းပေးမယ် ဆိုတာ ဘယ်လိုခင်းမှာတုန်း အရှင်မင်းကြီး။"
"မလိုအပ်တဲ့ နေရာတွေကို မပြုပြင်ပဲ လိုအပ်တဲ့နေရာကိုသာ ဖြည့်စွက် မှာပါ။"
"ရှင်းပြပါဦး မင်းကြီး"
"လျှောက်လမ်းဆိုတာ လူ လျှောက်သွားတဲ့ လမ်း မဟုတ်လား။ လူမလျှောက်ရင် လမ်းမဖြစ်ဘူး။ လူ လျှောက်တော့ မှသာ လမ်းဖြစ်တာ မဟုတ်လား။"
"မှန်ပါတယ် မင်းကြီး"
"ဒီတော့ လျှောက်ခြင်းဟာ ပြဿနာစစ်စစ် ဖြစ်တယ်။ ဒီဟာကို ကိုင်တွယ်ရမယ် အမတ်ငယ်။ အကယ်၍ လျှောက်တဲ့ ခြေထောက် တစ်ပြားစာ နွားသားရေ နှစ်ချပ်ကို သင့်ခြေ နှစ်ဖဝါးမှာ ဆင်မြန်း ရင် သင် လျှောက်တဲ့ လမ်းတိုင်းဟာ နွားသားရေ ခင်းထားခြင်းပဲ မဟုတ်လား။ ဒီလိုဆိုရင် လမ်းသစ် တိုင်းလည်း နွားသားရေ အလိုလို ခင်းပြီးသား ဖြစ်သလို ကြိုက်တဲ့အရပ်ကို နူးညံ့စွာ သွားလာနိုင် လိမ့်မယ် မဟုတ်လား။"
ဒီတော့မှ ဉာဏ်ရှိတဲ့ ဘုရင်ကြီးကို အားလုံးက ဝိုင်းချီးမွန်းကြတယ်တဲ့။ အဲ့ဒီအချိန်က စလို့ ဖိနပ်ဆိုတဲ့ အသုံးအဆောင် စနစ်သစ် တစ်ခုဟာ စတင် ပေါ်ပေါက်လာခဲ့တယ်။
တကယ်လိုအပ်တာဟာ သားရေအသစ် ခင်းထားတဲ့ လမ်းအဟောင်း မဟုတ်ပါဘူး။ လမ်း အဟောင်း ကိုပဲ လျှောက်ရတာ သက်သာ လာစေမယ့် စနစ်အသစ် တစ်ခု ဖြစ်တယ်။
တကယ် ဖြစ်သင့်တာက သားရေမခင်းထားတဲ့ လမ်းအဟောင်းကို လက်ညှိုးထိုးပြီးတော့ ဝေဖန်ရမှာ မဟုတ်ဘူး။ စနစ်အသစ် "နွားသားရေ ဖိနပ်" ကို စီးပြီး နောက်ပိုင်းမှာ ခက်ခဲမှု နာကျင်မှု ရှိမရှိကိုသာ မကြောက်မရွံ့ ဝေဖန်ရမှာ ဖြစ်တယ်။
"တို့များတော့ နွားသားရေ ခင်းထားတဲ့ လမ်းပေါ်မှာ နောက်တစ်နေ့ ကျရင် တန်းပြီး လျှောက်ရ တော့မယ်" လို့ မြင်နေကြတဲ့ သူတွေကို စဉ်းစားကြည့်စေချင်တယ်။
ဘာကိုစဉ်းစားရမှာလဲ ဆိုတော့ "လိုအပ်လို့ လိုချင်တာလား။ ရသမျှ လိုချင်တာလား" ဆိုတာကိုပဲ။ လိုအပ်လို့ လိုချင်တာဆိုရင်တော့ ကျွန်တော်တို့ လိုအပ်တာဟာ အဆင်ပြေ ချောမွေ့လာစေမယ့်၊ မြန်ဆန်လာစေမယ့် စနစ်အသစ် တစ်ခုသာ ဧကန် ဖြစ်တယ်။
လောကကြီး သာယာဖို့ အတွက် ကျွန်တော်တို့တွေ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်စရာ မလိုပါဘူး။ အရမ်း များလွန်း လှပါတယ်။ မိမိ တကိုယ်စာ စိတ်ထားလေးတွေ ပြောင်းလိုက်ရုံပါပဲ။
#kyawnge
-------------------------
ဘုရင်ကြီးတစ်ပါးဟာ ရုပ်ဖျက်ပြီး သူ့တိုင်းပြည်တခွင် လှည့်လည်သွားလာခဲ့တယ်။ နန်းတော်ကို ပြန်ရောက်တဲ့အခါ ဘုရင်ကြီးရဲ့ ခြေထောက်တွေ အရမ်းနာနေခဲ့တယ်။
"လမ်းတလျှောက်မှာ ရှိတဲ့ ကျောက်တုံးကျောက်ခဲတွေကြောင

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။