အလည်အပတ်လာမည့်သူများအတွက် စင်ကာပူနိုင်ငံအတွင်း ၀င်ခွင့်ရရန် အခြေခံလိုအပ်ချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▄▄▄▄
စင်ကာပူ-မြန်မာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီးနောက် မြန်မာနိုင်ငံသားများ စင်ကာပူနိုင်ငံအတွင်းသို့ ၀င်ခွင့်ရရန်မှာ အခြေခံအားဖြင့် အောက်ပါ စာရွက်စာတမ်းများလိုအပ်ပါသည်။
၁။ အနည်းဆုံး သက်တမ်း ၆ လရှိသေးသော မြန်မာနိုင်ငံကူးလက်မှတ် (Passport)
၂။ ၀ယ်ယူထားသော အတည်ဖြစ်ပြီး အသွားအပြန်လေယာဉ်လက်မှတ်တစ် စုံ (Confirmed Tickets)
၃။ စင်ကာပူတွင်နေထိုင်စဉ်ကာလအတွင်း သုံးစွဲရန် လုံလောက်သောငွေကြေးပမာဏ (Show Money)
၎။ အချက်အလက်အပြည့်အစုံ ဖြည့်စွက်ထားသော Disembarkation/ Embarkation Card (White Card)
အထက်ပါ အခြေခံအချက်အလက်များနှင့် ပြည့်စုံနေပါသော်လည်း စင်ကာပူလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အရာရှိမှ
မိမိအား အလုပ်လာရှာသည်ဟု သင်္ကာမကင်းဖြစ်လျှင် စင်ကာပူပြည်ဝင်ခွင့်
ငြင်းပယ်ပိုင်ခွင့်ရှိပြီး မိမိဝယ်ယူထားသော အပြန်လေယာဉ်လက်မှတ်ဖြင့်
မြန်မာပြည်သို့ ပြန်ပို့လိုက်တာတွေရှိပါသည် ။ ပုံမှန်အားဖြင့် စင်ကာပူလူဝင်မှုကြီးကြပ်ရေးအ ရာရှိမှ ဘာကြောင့် စင်ကာပူကိုလာလည်တာလဲ၊ ဘယ်မှာနေမှာလဲ၊ သုံးစွဲဖို့ပိုက်ဆံဘယ်လောက် ပါသလဲ စသည်ဖြင့် မေးမြန်းတတ်ပါသော်လည်း တစ်ခါတစ်ရံမှာ လုံးဝမမေးဘဲ ရက် ၃၀ နေထိုင်ခွင့် တံဆိပ်ရိုက်နှိပ်ပေးလိုက်တာ တွေလည်းရှိသည်။ တာဝန်ကျ စင်ကာပူလူဝင်မှုကြီးကြပ်ရေးအ ရာရှိအပေါ်တွင်သာ မူတည်တတ်သည်။ မိမိ၏ မိသားစု စင်ကာပူမှာ ရှိနေခြင်းမျိုး မဟုတ်ဘဲ ခိုင်လုံသောအကြောင်းပြချက်မ ရှိ
အသွားအပြန် ၀င်ထွက်သွားလာနေလျှင်လည်း ပြည်ဝင်ခွင့် ငြင်းပယ်တတ်ပါသည်။
စင်ကာပူမှပြန်သွားပြီး ဘယ်နှစ်ရက်နေလျှင် စင်ကာပူကို ပြန်ဝင်လို့ရပါသလဲ
ဆိုသော မေးခွန်းမျိုးမှာ အမှန်တကယ်ဖြေရခက်ပြီး တာဝန်ကျ
စင်ကာပူလူဝင်မှုကြီးကြပ်ရေးအ ရာရှိအပေါ်တွင်သာ မူတည်တတ်သည်။
စင်ကာပူနိုင်ငံအတွင်း ၀င်ခွင့်ရပြီး ရက် ၃၀ နေထိုင်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့် သက်တမ်းထပ်တိုးလိုလျှင် စင်ကာပူလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့၏ အင်တာနက်စာမျက်နှာ (e-XTEND) https://extend.ica.gov.sg/ extend/index.xhtml တွင် မိမိကိုယ်တိုင် ၀င်ရောက်ပြီး နောက်ထပ် ရက် ၃၀ နေထိုင်ခွင့်သက်တမ်းထပ်တိုး နိုင်သည်။ လတ်တလော သက်တမ်းတိုးသူများ၏အတွေ့အကြုံအရ
စင်ကာပူရောက်ပြီး ၂ ပတ်ခန့်အကြာတွင် သက်တမ်းတိုးခြင်းကို ကြိုတင်၍
ပြုလုပ်ကြသည်။ ဗီဇာသက်တမ်းတိုးခြင်းအတွက် စင်ကာပူလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်ပိုင်အဖွဲ့သို့
စင်ကာပူဒေါ်လာ ၃၀ တရားဝင် ပေးဆောင်ရသည်။ ပထမ ရက်ပေါင်း ၃၀ အတွက်သာ
အခမဲ့ဖြစ်ပြီး နောက်ထပ်ရက် ၃၀ အတွက် ပေးဆောင်ရခြင်းဖြစ်သည်။ စင်ကာပူသို့
ပထမဆုံးလာရောက်သူအများစုအတွ က်သာ သက်တမ်းတိုးလွယ်ကူသော်လည်း မကြာခဏ၀င်ရောက်သွားလာနေသူများအတွက် သက်တမ်းတိုး reject ဖြစ်တတ်သည်။
အင်တာနက်တွင် ဗီဇာသက်တမ်းတိုးခြင်း reject ဖြစ်ခဲ့လျှင် စင်ကာပူနိုင်ငံသား (သို့မဟုတ်) စင်ကာပူတွင် အမြဲနေထိုင်ခွင့်ရထားသူ ပီအာတစ်ယောက်ကို ခေါ်ဆောင်ပြီး စင်ကာပူလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ရုံးသို့ လူကိုယ်တိုင်သွားရောက်ပြီး ခိုင်လုံသောအကြောင်းပြချက်တ စ်ခုပြ၍ သက်တမ်းတိုးပြုလုပ်နိုင်ပါေ သးသည်။
နှစ်သစ်မှာ စင်ကာပူလာလည်သူတိုင်း အဆင်ပြေကြပါစေ။
အလုပ်အကိုင်များလည်း အဆင်ပြေကြပါစေဗျား။
စလုံး Page
(စင်ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/ SaloneCollection
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
စင်ကာပူ-မြန်မာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီးနောက
၁။ အနည်းဆုံး သက်တမ်း ၆ လရှိသေးသော မြန်မာနိုင်ငံကူးလက်မှတ် (Passport)
၂။ ၀ယ်ယူထားသော အတည်ဖြစ်ပြီး အသွားအပြန်လေယာဉ်လက်မှတ်တစ်
၃။ စင်ကာပူတွင်နေထိုင်စဉ်ကာလအတ
၎။ အချက်အလက်အပြည့်အစုံ ဖြည့်စွက်ထားသော Disembarkation/
အထက်ပါ အခြေခံအချက်အလက်များနှင့် ပြည့်စုံနေပါသော်လည်း စင်ကာပူလူဝင်မှုကြီးကြပ်ရေးအ
စင်ကာပူနိုင်ငံအတွင်း ၀င်ခွင့်ရပြီး ရက် ၃၀ နေထိုင်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့်
အင်တာနက်တွင် ဗီဇာသက်တမ်းတိုးခြင်း reject ဖြစ်ခဲ့လျှင် စင်ကာပူနိုင်ငံသား (သို့မဟုတ်) စင်ကာပူတွင် အမြဲနေထိုင်ခွင့်ရထားသူ ပီအာတစ်ယောက်ကို ခေါ်ဆောင်ပြီး စင်ကာပူလူဝင်မှုကြီးကြပ်ရေးအ
နှစ်သစ်မှာ စင်ကာပူလာလည်သူတိုင်း အဆင်ပြေကြပါစေ။
အလုပ်အကိုင်များလည်း အဆင်ပြေကြပါစေဗျား။
စလုံး Page
(စင်ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။