ဆရာဂျိမ်း ပြောတဲ့… ရည်မှန်းချက် နဲ့ ပန်းတိုင်ချီ
ကျွန်တော် HR Manager ဘ၀မှာ အင်တာဗျူးလာတဲ့ကလေးတိုင်းနဲ့  စကား တွေပြောတော့ သူတို့က လစာကိစ္စကို အဓိ ကထားပြီးပြောပါတယ်။ နောက်ပြီးတော့ ခံစားခွင့်ဘာတွေရှိလဲဆိုတာလ ည်းမေးပါ တယ်။ ဒါနဲ့ ကျွန်တော်က သူတို့ရဲ့ရပိုင်ခွင့် တွေကိုပြောပြီးတော့ ရှေ့ဆက်ပြီး ဘာ တွေကို ရည်မှန်းချက်နဲ့လုပ်ဖို့စဉ်းစားထား လဲ။ လစာတွေများများရတော့ကော ဘာ တွေလုပ်ဖို့ စဉ်းစားထားလဲလို့မေးတော့ တချို့ကလည်း
စားသောက်ပျော်ပါးဖို့ အကြောင်းတွေကိုသာ အဓိကထားပြော ပါတယ်။ တချို့ကလည်း
သင်တန်းတွေ တက်မယ်လို့ပြောတယ်။ ဘာလို့သင်တန်း တွေတက်တာလဲလို့ပြန်မေးတော့
ဘာရယ် မဟုတ်ပါဘူး။ သင်တန်းဆင်းလက်မှတ် တွေရှိတော့ လစာကောင်းတဲ့အလုပ်တွေ ကို
လျှောက်လို့ရတာပေါ့လို့ ပြောပါတယ်။
ဒီလိုရည်မှန်းချက်တွေမရှိဘဲ နဲ့ ၂၁ ရာ စုမှာ ဘယ်လိုများရှင်သန်နေကြမလဲဆိုပြီး တော့ သူတို့အတွက် ကျွန်တော်ကတော့ ရင်လေးပါသေးတယ်။ ရည်မှန်းချက်ဆိုတာ သတ်မှတ်ထားတဲ့အချိန်ကာလအတို င်း အတာတစ်ခုအတွင်း ရရှိအောင်မြင်လိုတဲ့ တစ်စုံတစ်ခုရဲ့စိတ်အာရုံမြင်ကွင်းပဲ ဖြစ်ပါ တယ်။
ဥပမာ ဘောလုံးအသင်းတစ်သင်းက ဖလားကို သုံးနှစ်အတွင်းရရမယ်လို့ ရည် မှန်းထားသလိုမျိုးပါ။ ဒေါက်တာဝီလီက ‘‘ရလဒ်ရည်မှန်းချက်’’နဲ့ ‘‘လုပ်ငန်းစဉ်ရည် မှန်းချက်’’အကြား ပိုင်းခြားသိမြင်နိုင်စွမ်း ရှိ ဖို့ အရေးကြီးတယ်လို့ ပြောဖူးပါတယ်။ ချန် ပီယံဖြစ်ဖို့က ပုံစံကျရလဒ်ရည်မှန်းချက်ပါ။
ဒါဟာ သာမန်ပန်းတိုင်တစ်ခုပါ။ လုပ်ငန်း စဉ်ရည်မှန်းချက်က ပိုပြီးအရေးကြီးပါ
တယ်။ ပန်းတိုင်ဖြစ်တဲ့ရလဒ်ကို အောင်မြင် ဖို့ ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့
လုပ်ငန်း စဉ်ပါ။
မဟာဗျူဟာရဲ့ နောက်ကလိုက်လာ တဲ့ နည်းဗျူဟာပေါ့။ ဘယ်လိုနည်းနဲ့ ကျော်ဖြတ်မလဲပေါ့။ ဘောလုံးမှာဆိုရင် ကြံ့ ခိုင်မှုခွန်အား၊ နည်းစနစ်၊ မြန်နှုန်း စတဲ့နည်း ဗျူဟာ စတာတွေကို သတ်မှတ်ထားတဲ့ ကာလအတွင်း လေ့လာထားရမယ်။ လုပ် ငန်းအတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိသလို Player လို့ခေါ်တဲ့ လုပ်ငန်းထဲက ဝန်ထမ်းတစ်ဦးစီအတွက်လည်း ရည်မှန်း ချက်တွေရှိနေရပါမယ်။
၂၁ ရာစု အပြိုင်အဆိုင်ခေတ်ကြီးထဲ မှာတော့ ရည်မှန်းချက်တွေ တိကျခိုင်မာမှု ရှားတာကိုသိခဲ့ရတာက ကျွန်တော်ရဲ့အစ် ကိုကိုတွေ့မိလို့ပါ။ အစ်ကိုဟာ အသေး စားအိမ်တွင်းအထည်ချုပ်လုပ်င န်းတစ်ခု
လုပ်ပါတယ်။ ပိတ်စတွေကို ထိုင်းနိုင်ငံက မှာပြီးလုပ်တာပေါ့။
နှစ်နှစ်လောက်လုပ်ပြီး တော့ အလုပ်ပြုတ်သွားတာပေါ့။ ပစ္စည်း
တွေတောင်လိုပုံပြီး အရှုံးပြသွားတယ်။ တစ် နေ့စာရေးသူကို သူပြောတဲ့စကားက ‘‘ငါ
ကွာဒီလုပ်ငန်းသာ ရှုံးသွားတယ်။ ရည်ရွယ် ချက်က ဘယ်မှန်းကိုမသိဘူး။ ငါဘာ
ကြောင့် ဒီလုပ်ငန်းကို လုပ်သလဲဆိုတာ တောင် အခုထိ တိတိususမသိသေးဘူး’’ လို့
ပြောလာခဲ့တော့ စာရေးသူက ‘‘လွယ် ပါတယ် အခုဒီရှုံးနေတဲ့အလုပ်ကို ပြန်လုပ်
မယ်ဆိုရင် ဘာကြောင့် ဒီအလုပ်ကျရှုံး သွားသလဲဆိုတဲ့အချက်တွေကို ပြန်ရှာလိုက်။
အဲဒီအချက်တွေက နည်းဗျူဟာတွေပဲ၊ အဲဒီ အားနည်းခဲ့တဲ့အချက်တွေကို အား
သာချက်တွေအဖြစ်သာပြောင်းပြီး ဗျူဟာ အနေနဲ့ သုံးသင့်တယ်’’လို့ပြန်ပြောမိလိုက် ဖူးပါတယ်။
ရည်မှန်းချက်ဆိုတာ အလွန်ပဲ အရေး ကြီးပါတယ်။ ဘာကြောင့်ဆိုတော့ မအောင် မြင်တဲ့သူအများစုဟာ ရည်မှန်းချက်တိတိ ususမရှိတဲ့အတွက်ကြောင့်ပဲဆိုတာ
ငြင်း ကြမှာလား။ တချို့လူတွေကျတော့လည်း ရည်မှန်းချက်ရှိလျက်နဲ့
မအောင်မြင်ကြပြန် ဘူး။ အဲဒါကလည်း နည်းစနစ်တကျချမှတ် ဆောင်ရွက်ပါလျက်နဲ့
ဘာကြောင့် မအောင် မြင်ရသလဲဆိုတော့ တစ်ကြိမ်မအောင်မြင် တာနဲ့
နောက်ဆုတ်သွားတတ်ကြလို့ပါပဲ ။
အောင်မြင်မှုကြီးကြီးမားမားလိုချင်ရင်
ပေးဆပ်မှုစွန့်စားမှုဟာလည်း ထိုက်ထိုက် တန်တန်ပေးဆပ်ကြရမှာပါပဲ။ ‘‘ကိုယ့်မှာ
စိတ်ကူးရည်မှန်းချက် တိတိususမရှိဘူး ဆိုရင် စိတ်ကူးရည်မှန်းချက် တိတိကျကျ
ရှိတဲ့သူက ကိုယ့်ကိုခိုင်းစားသွားပါလိ မ့်မယ်’’ လို့ ပညာရှင်တစ်ဦးက ပြောပြထားဖူးပါ တယ်။
ဒါကြောင့် သြစတေးလျက ထိပ်တန်း လုပ်ငန်းရှင်ပီတာဒင်နီရယ် (Peter Daniels) က ‘‘သင်၏ ဘ၀ရည်မှန်းချက် ကို မည်သို့ရရှိအောင်ဆောင်ရွက်မ လဲ’’
ဆို တဲ့သူရဲ့စာအုပ်ထဲမှာ ‘‘သင့်မှာ ဘာရည် မှန်းချက်ရှိပါသလဲ။
၎င်းင်းရည်မှန်းချက်နဲ့ အတူ သင့်ကိုယ်သင် မြှုပ်နှံထားပါ’’လို့ ရေး
ထားခဲ့ပါတယ်။
ကံစီမံရာခံမယ့်လူနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ့်လူဆိုပြီး လူနှစ်မျိုးရှိပါ တယ်။ ကံစီမံရာကိုကျေနပ်နေရင် uH ကြမ္မာရဲ့ နင်းချေတာကိုခံရမှာပါ။ လူရယ် လို့ဖြစ်လာရင် ရင်ဆိုင်စရာ၊ ယှဉ်ပြိုင်စရာ၊ စိုးမိုးအနိုင်ယူစရာတွေကြုံ ဆုံလာရင် ယှဉ် ပြိုင်ဖို့အသင့်ရှိနေရပါမယ် ။ အဲလိုလူမျိုးက om ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးတဲ့  အရှင် သခင်ဖြစ်ပြီး ကံစီမံရာလိုက်တဲ့လူကတော့ ညှိုးညှိုးမှိန်မှိန်နဲ့ ခိုင်းစေ၊ ကျေးကျွန်ဘ၀နဲ့သာ နိဂုံးချုပ်သွားမှာဖြစ်ပါတယ်။
အတ္တဆိုတဲ့စိတ်မပါဘဲ အောင်မြင်မှု ကိုဆောင်ကျဉ်းလို့မရနိုင်ပါ ဘူး။
ယနေ့ ၂၁ ရာစုဟာ လူတော်တွေခေတ်စားနေတဲ့ အချိန်ဖြစ်ပါတယ်။ လူတစ်ဦးဟာ
မိမိရဲ့ အလုပ်ခွင်မှာ သီးသန့်ထူးချွန်မှုကို မပြုလုပ် ဘဲနဲ့
မထင်ပေါ်နိုင်ပါဘူး။
အောင်မြင်လိုသူတိုင်း လိုက်နာရမယ့် အခြေခံမူ (၅)ချက်ရှိပါတယ်။
(၁) ရောက်ရှိလိုတဲ့ခရီးပန်းတိုင်ရွေးချယ် ထားခြင်း။
(၂) ခရီးပန်းတိုင်အရောက် တက်လှမ်းနိုင် တဲ့စွမ်းရည်ရှိခြင်း။
(၃) ခရီးပန်းတိုင်အရောက် တက်လှမ်း ရာမှာ စီမံကိန်းအတွက် သေချာမှုရှိ ခြင်း။
(၄) ခရီးပန်းတိုင်အတွက် ချမှတ်ထားတဲ့ စီမံကိန်းကို အကောင်အထည်ဖော် ရာမှာ အဲဒီလုပ်ငန်းအတွက် ထူးခြား တဲ့အရည်အချင်းကို ရှာထားခြင်း။
(၅) စီမံကိန်းကို အကောင်အထည်ဖော် ရာမှာ ဇွဲရှိခြင်းတို့ပဲဖြစ်ပါတယ် ။
ဒီအခြေခံမူ (၅)ချက်အစီအစဉ်ကို အောင်မြင်တဲ့သူတိုင်း လိုက်နာကြပါတယ်။ တချို့ကအမှတ်တမဲ့လိုက်နာကြ ပီး တချို့ ကလည်း စနစ်တကျအကွက်ချပြီး လိုက် နာတတ်ကြပါတယ်။
တိကျတဲ့ရည်မှန်းချက်ထားပြီး ဆောင် ရွက်ရာမှာ အကျိုးအမြတ်တွေများစွာရရှိ ပါတယ်။ အချက်တစ်မျိုးကတော့
ပထမ- ရည်မှန်းချက်တစ်ခုသာ ထား တဲ့အတွက် အဲဒီရည်မှန်းချက်အောင်မြင်ဖို့ စေ့ဆော်တဲ့အတွက် ရည်မှန်းချက်ဟာ အကောင်အထည်ပေါ်လာပါတယ်။
ဒုတိယ- တိကျတဲ့ရည်မှန်းချက်ရှိနေ တဲ့အတွက် တိကျတဲ့၊ ခိုင်မာတဲ့ ဆုံးဖြတ် ချက်တွေကို လျင်မြန်စွာချမှတ်နိုင်တယ်။
တတိယ- တိကျတဲ့ရည်မှန်းချက်ထား ရှိတဲ့အတွက် အဲဒီရည်မှန်းချက်အောင်မြင် အောင်ဆောင်ရွက်ရာမှာ အချိန်ရွှေ့ဆိုင်း တတ်တဲ့အကျင့်ကို ခွင့်မပြုဘူး။
စတုတ္ထ- တိကျတဲ့ရည်မှန်းချက်ရှိတဲ့ အတွက် အချိန်၊ လူပန်းသက်သာတယ်။
ပဉ္စမ- တိကျတဲ့ရည်မှန်းချက်ရှိလို့ ရှေ့ဆက်လှမ်းရမယ့်ခရီးစဉ်ကို အတိအကျ သိနေတယ်။
ဆဋ္ဌမ- တိတိကျကျချမှတ်ထားတဲ့ ရည်မှန်းချက်အောင်မြင်တဲ့အထိ တစိုက် မတ်မတ်ဆောင်ရွက်သွားရမှာဖြစ်လို့ သင့် ရဲ့ဘ၀တစ်လျှောက်မှာ ဆောင်ရန်/ရှောင် ရန်အကျင့်စရိုက်တွေကို ကန့်သတ်ပေး ထားတယ်။
သတ္တမ- တိကျပြတ်သားတဲ့ရည်မှန်း ချက်ဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ်တိုး ပွားစေသလို အခြားသူတွေရဲ့ ယုံကြည် ချက်ကိုလည်း ဆွဲဆောင်စေပါတယ်။
ရည်မှန်းချက်မရှိတဲ့သူတွေရဲ့  ဘ၀ ဟာ ပဲ့မပါတဲ့သင်္ဘောလိုဖြစ်နေပြီး သူတို့ ဘ၀မှာ ရှုပ်ထွေးမှုနဲ့ မပြတ်သားမှုတွေ ရြေွာပမ်းနေပါတယ်။
စာရေးဆရာဇစ်ဇစ်ကလားကလည်း ‘‘လူအများစုဟာ အဓိပ္ပာယ်ရှိတဲ့တိကျသေ ချာမှုကို ရအောင်ရှာခြင်းထက် ယေဘုယျ သဘောများ၌ ၀ဲလည်နေတော့သည်။ ဘ၀တွင် သူတို့ဘာကို တကယ်တမ်းလိုအပ် သည်ကို သူတို့ကိုယ်တိုင်သိရှိသူနည်းကြ တယ်’’လို့ ပြောထားခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ခေတ်တွေက ပညာရှိကြီး တွေဟာ နောင်လာနောက်သားလူငယ် တွေအတွက် ဆုံးမစကားတွေ ထားရှိခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီပညာရှိစကားတွေကို မှတ်သားမထားကြတဲ့အတွက် ယနေ့ခေတ် လူငယ်တွေဟာ နည်းယူစရာမရှိဖြစ်ရပါ တယ်။ မိမိသွားရမယ့်ခရီးလမ်းကို ကောင်း ကောင်းသိသူဟာ အဆုံးတစ်နေ့မှာ ရောက်ချင်တဲ့နေရာကို ရောက်ရမှာပဲ ဖြစ်ပါတယ်။ တိကျတဲ့ရည်မှန်းချက်အတွက် အကောင်အထည်ဖော်ပေးရတဲ့ဦးနှောက် အတွက် တန်ဖိုးဟာလည်း အကန့်အသတ် မရှိပါပဲမဟုတ်ပါလား...။
ကိုးကား
ဆရာဦးစံတင်အောင် (ရွှေဘို)ရဲ့ (သင်၏တန်ဖိုးကို အမြင့်မားဆုံးဘယ် လောက်သတ်မှတ်ထားသလဲ)
Credit by Jame Kyaw Lwin
ကျွန်တော် HR Manager ဘ၀မှာ အင်တာဗျူးလာတဲ့ကလေးတိုင်းနဲ
ဒီလိုရည်မှန်းချက်တွေမရှိဘဲ
ဥပမာ ဘောလုံးအသင်းတစ်သင်းက ဖလားကို သုံးနှစ်အတွင်းရရမယ်လို့ ရည် မှန်းထားသလိုမျိုးပါ။ ဒေါက်တာဝီလီက ‘‘ရလဒ်ရည်မှန်းချက်’’နဲ့ ‘‘လုပ်ငန်းစဉ်ရည် မှန်းချက်’’အကြား ပိုင်းခြားသိမြင်နိုင်စွမ်း
မဟာဗျူဟာရဲ့ နောက်ကလိုက်လာ တဲ့ နည်းဗျူဟာပေါ့။ ဘယ်လိုနည်းနဲ့ ကျော်ဖြတ်မလဲပေါ့။ ဘောလုံးမှာဆိုရင် ကြံ့ ခိုင်မှုခွန်အား၊ နည်းစနစ်၊ မြန်နှုန်း စတဲ့နည်း ဗျူဟာ စတာတွေကို သတ်မှတ်ထားတဲ့ ကာလအတွင်း လေ့လာထားရမယ်။ လုပ် ငန်းအတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ
၂၁ ရာစု အပြိုင်အဆိုင်ခေတ်ကြီးထဲ မှာတော့ ရည်မှန်းချက်တွေ တိကျခိုင်မာမှု ရှားတာကိုသိခဲ့ရတာက ကျွန်တော်ရဲ့အစ် ကိုကိုတွေ့မိလို့ပါ။ အစ်ကိုဟာ အသေး စားအိမ်တွင်းအထည်ချုပ်လုပ်င
ရည်မှန်းချက်ဆိုတာ အလွန်ပဲ အရေး ကြီးပါတယ်။ ဘာကြောင့်ဆိုတော့ မအောင် မြင်တဲ့သူအများစုဟာ ရည်မှန်းချက်တိတိ ususမရှိတဲ့အတွက်ကြောင့်ပဲဆ
အောင်မြင်မှုကြီးကြီးမားမားလ
ဒါကြောင့် သြစတေးလျက ထိပ်တန်း လုပ်ငန်းရှင်ပီတာဒင်နီရယ် (Peter Daniels) က ‘‘သင်၏ ဘ၀ရည်မှန်းချက် ကို မည်သို့ရရှိအောင်ဆောင်ရွက်မ
ကံစီမံရာခံမယ့်လူနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ့်လူဆိုပြီး လူနှစ်မျိုးရှိပါ တယ်။ ကံစီမံရာကိုကျေနပ်နေရင် uH ကြမ္မာရဲ့ နင်းချေတာကိုခံရမှာပါ။ လူရယ် လို့ဖြစ်လာရင် ရင်ဆိုင်စရာ၊ ယှဉ်ပြိုင်စရာ၊ စိုးမိုးအနိုင်ယူစရာတွေကြုံ
အတ္တဆိုတဲ့စိတ်မပါဘဲ အောင်မြင်မှု ကိုဆောင်ကျဉ်းလို့မရနိုင်ပါ
အောင်မြင်လိုသူတိုင်း လိုက်နာရမယ့် အခြေခံမူ (၅)ချက်ရှိပါတယ်။
(၁) ရောက်ရှိလိုတဲ့ခရီးပန်းတိုင
(၂) ခရီးပန်းတိုင်အရောက် တက်လှမ်းနိုင် တဲ့စွမ်းရည်ရှိခြင်း။
(၃) ခရီးပန်းတိုင်အရောက် တက်လှမ်း ရာမှာ စီမံကိန်းအတွက် သေချာမှုရှိ ခြင်း။
(၄) ခရီးပန်းတိုင်အတွက် ချမှတ်ထားတဲ့ စီမံကိန်းကို အကောင်အထည်ဖော် ရာမှာ အဲဒီလုပ်ငန်းအတွက် ထူးခြား တဲ့အရည်အချင်းကို ရှာထားခြင်း။
(၅) စီမံကိန်းကို အကောင်အထည်ဖော် ရာမှာ ဇွဲရှိခြင်းတို့ပဲဖြစ်ပါတယ်
ဒီအခြေခံမူ (၅)ချက်အစီအစဉ်ကို အောင်မြင်တဲ့သူတိုင်း လိုက်နာကြပါတယ်။ တချို့ကအမှတ်တမဲ့လိုက်နာကြ
တိကျတဲ့ရည်မှန်းချက်ထားပြီး
ပထမ- ရည်မှန်းချက်တစ်ခုသာ ထား တဲ့အတွက် အဲဒီရည်မှန်းချက်အောင်မြင်ဖ
ဒုတိယ- တိကျတဲ့ရည်မှန်းချက်ရှိနေ တဲ့အတွက် တိကျတဲ့၊ ခိုင်မာတဲ့ ဆုံးဖြတ် ချက်တွေကို လျင်မြန်စွာချမှတ်နိုင်တယ်။
တတိယ- တိကျတဲ့ရည်မှန်းချက်ထား ရှိတဲ့အတွက် အဲဒီရည်မှန်းချက်အောင်မြင် အောင်ဆောင်ရွက်ရာမှာ အချိန်ရွှေ့ဆိုင်း တတ်တဲ့အကျင့်ကို ခွင့်မပြုဘူး။
စတုတ္ထ- တိကျတဲ့ရည်မှန်းချက်ရှိတဲ့ အတွက် အချိန်၊ လူပန်းသက်သာတယ်။
ပဉ္စမ- တိကျတဲ့ရည်မှန်းချက်ရှိလို့
ဆဋ္ဌမ- တိတိကျကျချမှတ်ထားတဲ့ ရည်မှန်းချက်အောင်မြင်တဲ့အထ
သတ္တမ- တိကျပြတ်သားတဲ့ရည်မှန်း ချက်ဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ်တ
ရည်မှန်းချက်မရှိတဲ့သူတွေရဲ
စာရေးဆရာဇစ်ဇစ်ကလားကလည်း ‘‘လူအများစုဟာ အဓိပ္ပာယ်ရှိတဲ့တိကျသေ ချာမှုကို ရအောင်ရှာခြင်းထက် ယေဘုယျ သဘောများ၌ ၀ဲလည်နေတော့သည်။ ဘ၀တွင် သူတို့ဘာကို တကယ်တမ်းလိုအပ် သည်ကို သူတို့ကိုယ်တိုင်သိရှိသူနည်
လွန်ခဲ့တဲ့ခေတ်တွေက ပညာရှိကြီး တွေဟာ နောင်လာနောက်သားလူငယ် တွေအတွက် ဆုံးမစကားတွေ ထားရှိခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီပညာရှိစကားတွေကို မှတ်သားမထားကြတဲ့အတွက် ယနေ့ခေတ် လူငယ်တွေဟာ နည်းယူစရာမရှိဖြစ်ရပါ တယ်။ မိမိသွားရမယ့်ခရီးလမ်းကို ကောင်း ကောင်းသိသူဟာ အဆုံးတစ်နေ့မှာ ရောက်ချင်တဲ့နေရာကို ရောက်ရမှာပဲ ဖြစ်ပါတယ်။ တိကျတဲ့ရည်မှန်းချက်အတွက် အကောင်အထည်ဖော်ပေးရတဲ့ဦးနေ
ကိုးကား
ဆရာဦးစံတင်အောင် (ရွှေဘို)ရဲ့ (သင်၏တန်ဖိုးကို အမြင့်မားဆုံးဘယ် လောက်သတ်မှတ်ထားသလဲ)
Credit by Jame Kyaw Lwin

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။