Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 1, 2017

ဘဝကို အရှုံးမပေးသူ (သို့) လက်တွေမရှိတဲ့ စားဖိုမှူး

ဘဝကို အရှုံးမပေးသူ (သို့) လက်တွေမရှိတဲ့ စားဖိုမှူး
=============
ဘာသာပြန်သူ - စည်သူထက် (မအူပင်တက္ကသိုလ်)
ဒီဇာတ်လမ်းလေးကတော့ ထိတ်လန့်စက်ဆုပ်ဖွယ်အကောင်းဆုံး မီးလျှံထဲကို ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းလေးကို ဖတ်ရတဲ့အခါ သင့်ရဲ့ဝဋ်ဆင်းရဲဆိုတာတွေဟာ ဒီမိန်းကလေး ဖြတ်သန်းခဲ့ရတာနဲ့ ယှဉ်မယ်ဆိုရင် ဘာမှ မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ပါလိမ့်မယ်။
၂၀၀၀ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့က ဖြစ်ပါတယ်။ 'မယ်ရီဆယ်အက်ပတန်' ဟာ ဇမ်ဘိုအမ်ဂါစီရင်စုနယ် (ဖိလစ်ပိုင်) မှာနေတဲ့ ၁၁နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒီမိန်းကလေးဟာ ဦးလေးနဲ့အတူ ရေငင်ဖို့သွားခဲ့ပါတယ်။

လမ်းမှာ လူလေးယောက်နဲ့ သူတို့တွေ့ပါတယ်။ သူတို့ဟာ ဓားရှည်တွေကို ကိုင်ထားပါတယ်။ သူတို့က ဦးလေးကို မြေကြီးနဲ့ မျက်နှာအပ်ခိုင်းပြီး လည်ပင်းကို ဓားနဲ့ခုတ်ကာ သတ်ပစ်လိုက်ပါတယ်။ မယ်ရီဆယ်က အလွန်အမင်းတုန်လှုပ်သွားပါတယ်။ အထူးသဖြင့် ဒီလူတွေဟာ သူတို့ရဲ့ အိမ်နီးချင်းတွေဖြစ်နေတဲ့ အတွက်ပါ။ သူက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားပေမဲ့ ဒီလူတွေက သူ့ရဲ့နောက်ကို လိုက်လာပါတယ်။
သူက "kuya, 'wag po, 'wag n'yo akong tagain! Maawa op kayo as akin!" (ကျွန်မကို မသတ်ကြပါနဲ့။ သနားကြပါရှင်) ဆိုပြီးအော်တယ်။
ဒါပေမဲ့ သူတို့က နားမထောင်ပါဘူး။ လူတစ်ယောက်က သူ့ရဲ့လည်ပင်းကိုလည်း ဓားရှည်နဲ့ ခုတ်ချလိုက်ပါတယ်။
မယ်ရီဆယ် မြေပေါ်လဲကျသွားပြီး သတိလစ်သွားပါတယ်။
သူနိုးလာတဲ့အခါ သွေးတွေအများကြီးကို တွေ့ပါတယ်။ သူ့ရဲ့ဘေးမှာ အဲဒီလူတွေရဲ့ ခြေထောက်တွေကိုလည်းတွေ့ပါတယ်။ ဒါပေမဲ့ သူသေချင်ယောင်ဆောင်နေလိုက်တယ်။ သူတို့ထွက်သွားတဲ့အခါ မယ်ရီဆယ်က အိမ်ကိုပြန်ပြေးလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်နှစ်ဖက်စလုံးပြတ်နေတာကို လမ်းမှာမြင်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေဟာ လက်တွေကိုလည်း ခုတ်ခဲ့လို့ဖြစ်ပါတယ်။ သူငိုကြွေးမိပါတယ်။ ဒါပေမဲ့ ဆက်ပြေးပါတယ်။ တစ်ခါတစ်ရံမှာ သူကမေ့မျောပြီး မြေပေါ်ကို လဲကျသွားပါတယ်။ ဒါပေမဲ့ သူသတိပြန်ရလာရင် ထပ်ပြေးတာပါပဲ။
အိမ်နားရောက်လာတော့ မယ်ရီဆယ်က အမေ့ကိုခေါ်တယ်။ သမီးလေးကို တွေ့တဲ့အခါ အမေက ထိတ်လန့်တကြားစူးစူးဝါးဝါးအော်တယ်။ သူက သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတဲ့ ကလေးကို စောင်နဲ့ပတ်ပြိး ဆေးရုံကို သယ်သွားတယ်။
အခု ပြဿနာတက်ပါပြီ။သူတို့ရဲ့အိမ်ကနေ အမြန်လမ်းမကို ၁၂ ကီလိုမီတာ လမ်းလျှောက်ရပါတယ်။ အမြန်လမ်းမပေါ်ရောက်ဖို့တင် ၄ နာရီကြာပါတယ်။ ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေက မယ်ရီဆယ်သေတော့မှာပဲလို့ တွေးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ငါးနာရီကြာ ခွဲစိတ်ကုသခဲ့ကြပါတယ်။ သူ့ရဲ့လည်ပင်းနဲ့ နောက်ကျောက ဓားဒဏ်ရာ အရှည်ကြီးကို ၂၅ချက် ချုပ်ယူရပါတယ်။ မယ်ရီဆယ်ဟာ အသက်ရှင်တယ်ဆိုရုံလေး ရှင်ခဲ့ပါတယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးလည်း ဆုံးရှုံးခဲ့ရပါတယ်။
ဖြစ်ချင်တော့ နောက်တစ်နေ့ဟာ မယ်ရီဆယ်ရဲ့မွေးနေ့ဖြစ်ပါတယ်။ သူ့အသက် ၁၂ နှစ်ရှိပါပြီ။ ဒါပေမဲ့ ကြေကွဲစရာအဖြစ်က ဒီမှာအဆုံးမသတ်သေးပါဘူး။ သူတို့အိမ်ပြန်သွားတဲ့အခါ သူတို့အိမ်လေးမရှိတော့ပါဘူး။ အိမ်လေးကို ကြေးစားလူမိုက်တွေက မွှေနှောက်ခိုးယူပြီး မီးရှို့ထားလိုက်ပါပြီ။
အလွန်ဆင်းရဲသွားတဲ့အတွက် မယ်ရီဆယ်ရဲ့မိသားစုဟာ ဆေးရုံစရိတ် ပီဆို ၅၀,၀၀၀ ကိုပေးစရာမရှိပါဘူး။ ဒါပေမယ့် ကံဟာအမြဲတမ်းဆိုးမနေပါဘူး။
ကံအဆိုးတွေပြီးရင် ကံအကောင်းတွေလာပါလိမ့်မယ်။
ရပ်ဝေးက ဆွေမျိုးတစ်ဦးဖြစ်တဲ့ ခရစ်ယာန်ဂိုဏ်ချုပ် 'အန်တိုနီယို လီဒက်စမာ' က ဆေးရုံစရိတ်တွေ ပေးခဲ့ပြီး ရာဇဝတ်သားတွေ တရားခွင်ရောက်ဖို့ ကူညီခဲ့ပါတယ်။ သူတို့ထောင်ကျသွားပါတယ်။
ဒီနေ့မှာတော့ သူဟာ Regina Rosarii မှာ သီလရှင်တွေနဲ့ Sr.Eppie Brasil, O.P နဲ့အတူနေပါတယ်။ ဒါပေမဲ့ ဒါဟာ မယုံကြည်နိုင်လောက်တဲ့ အံ့ဖွယ်ရာတစ်ခုပါပဲ။ လှဲနေမယ့်အစား မယ်ရီဆယ်ဟာ ဆက်ပြေးနေခဲ့ပါတယ်။
သူ့မှာ လက်တွေ ဘာကြောင့်မရှိရတာလဲလို့ ကိုယ့်ကိုကိုယ် ငိုယို ကျိန်ဆဲနေမယ့်အစား သင့်ကို ရင်သပ်ရှုမောဖြစ်စေမယ့် မယုံနိုင်လောက်တဲ့နည်းလမ်းတွေနဲ့ သူ့ရဲ့လက်ကောက်ဝတ်တွေကို အခုသုံးနေပါတယ်။
မယ်ရီဆယ်ဟာ မသန်စွမ်းသူကလေးများကျောင်းမှာ လုံ့လဝီရိယအရှိဆုံး၊ ကွန်ပျူတာအတော်ဆုံး၊ အယဉ်ကျေးဆုံးအဖြစ် ချီမွမ်းခြင်းခံရပါတယ်။
၂၀၀၈ ခုနှစ်မှာ သူဟာ ဟိုတယ်နဲ့ စားသောက်ဆိုင်စီမံခန့်ခွဲမှု သင်တန်းပြီးဆုံးခဲ့ပါတယ်။ အနုပညာနဲ့ အတတ်ပညာကျွမ်းကျင်မှုအတွက် ရွှေတံဆိပ်ဆုတောင် ရခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ သူဟာစားဖိုမှူးတစ်ဦးဖြစ်လာမယ့် ပညာရေးကို ပြီးဆုံးခဲ့ပါတယ်။ ဟုတ်ပါတယ်။ လက်တွေမရှိတဲ့ စားဖိုမှူးကြီးပါ။ ဒီအမျိုးသမီးလေး သူ့ရဲ့စိတ်ကူးအိပ်မက်တွေဆီ မရောက်ရှိအောင် ဘယ်အရာကမှ ဟန့်တားနိုင်ခြင်း မရှိပါဘူး။
တကယ့်အောင်နိုင်သူတွေဟာ ဘယ်တော့မှ လက်မလျှော့တတ်ပါဘူး!!!"
#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။