Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 13, 2017

လွတ်လပ်သော ဘ၀၊ လွတ်လပ်သော အောင်မြင်မှု

လွတ်လပ်သော ဘ၀၊ လွတ်လပ်သော အောင်မြင်မှု
-----------------------------------------------------
ပြိုင်ပွဲ ဟူသည် အနှိုင် အရှုံးအပေါ် အခြေခံသည်။ ထိုသို့မှ မဟုတ်လျှင် ပြိုင်ပွဲနှင့် တူတော့မည် မဟုတ်ပါ။ ကြီးမားသော အတ္တကို ဖြစ်ပေါ်စေသော ပြိုင်ပွဲများရှိသကဲ့သို့ သေးငယ်သော အတ္တကိုသာ ဖြစ်ပေါ်စေသည့် ပြိုင်ပွဲများလည်း ရှိပေသည်။ အချို့သော ပြိုင်ပွဲများသည် ရှုံးရှုံးနိုင်နိုင် မည်သည့် စိတ်ခံစားမှုမျှ မဖြစ်၊ အချို့သော ပြိုင်ပွဲများသည် ပြင်းထန်သည့် စိတ်ဒဏ်ရာများ ရနိုင်သည်။ လူပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲများသည် လူအချို့ကို အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ပို့ပေးနိုင်သည်။

ကျွန်ုပ်တို့သည် ငယ်စဉ်ကတည်းက ပြိုင်ပွဲများနှင့် ရင်းနှီးခဲ့ရသည်။ ကျောင်းနေစဉ် အရွယ်က “စာတော့ မပြိုင်ဘူး ပေါက်ကရကျ ရှေ့ဆုံးက” ဟု ဆရာ၊ ဆရာမများ ပြောသည်ကို ကြားခဲ့ဖူးသည်။ စာပြိုင်ခြင်းမှာ ကောင်းမွန်သော အခြေအနေတစ်ခုလား။ မိမိဘာသာ မိမိထူးချွန်အောင် ကြိုးစားခြင်းနှင့် တခြားသူ တစ်ယောက်ထက် သာအောင် ကြိုးစားခြင်း မည်သည်က ပို၍ ကောင်းသနည်း။

အချို့သော အောင်မြင်မှုများသည် ပြိုင်ပွဲတစ်ခုပေါ်သာ အခြေခံသည်။ ပြိုင်ပွဲမရှိလျှင် ထိုအောင်မြင်မှုလည်း မရှိနိုင်။ ဥပမာ ဘောလုံး အားကစား၊ ဘောလုံး အားကစား သည် ပြိုင်ပွဲများသာ ၀င်ရောက် ယှဉ်ပြိုင်နေရခြင်း ဖြစ်၍ အောင်မြင်မှုသည် ပြိုင်ပွဲထဲ၌သာ ရှိသည်။ ထို့ကြောင့် ပြိုင်ပွဲ အထောက်အပံ့လိုသည်။ အချို့သော အောင်မြင်မှုများသည် ပြိုင်ပွဲ အထောက်အပံ့ ယူနိုင်သော်လည်း ၎င်းအထောက်အပံ့ မရှိလည်းဘဲ မိမိဘာသာ အောင်မြင်မှုကို ပုံဖော်နိုင်သည်။ ဥပမာ အဆိုတော်၊ သရုပ်ဆောင်၊ စာရေးဆရာ စသဖြင့် …။

စာရေးသူ သိထားသော အဖြစ်အပျက်လေး တစ်ခု ပြောပြ လိုသည်။ တစ်ခါတုန်းက စာသင်ကျောင်း တစ်ကျောင်းတွင် ခရီးသွားဆောင်းပါးပြိုင်ပွဲ တစ်ခုကျင်းပခဲ့သည်။ ထိုပြိုင်ပွဲကို ကျောင်းသားလူငယ်လေး တစ်ယောက် ကြိုးကြိုး စားစား ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ၎င်း လူငယ်လေး ဆုကြေငြာခြင်း ခံရသည်။ သို့သော် အငြင်းပွားဖွယ်၊ သံသယဖြစ်ဖွယ်၊ နားမလည်နိုင်ဖွယ် အခြေအနေများနှင့်အတူ ဆုပေးပွဲ အခမ်းအနား ကျင်းပခြင်းမရှိသည့်အပြင် ဘာမှဆက်မဖြစ်တော့ဘဲ ပြီးဆုံး သွားခဲ့သည်။ ထိုအချိန်ကတည်းကစပြီး ထိုလူငယ်လေး စာရေးခြင်းမရှိတော့ဘဲ ယခုအသက် (၆၀) ကျော်ရောက်သည့် အချိန်မှသာ ကဗျာများ ပြန်ရေးလာခဲ့သည်။

နောက်တစ်ခုက စာရေးသူ၏ ရူးသွပ်သွပ် အတွေးတစ်ခုသာ ဖြစ်သည်။ ယနေ့ လူငယ်များကြား ရေပန်းစား နေသည့် အဆိုတော် G Fatt သည် အသံကောင်းသော အဆိုတော်တစ်ယောက် မဟုတ်ပါဟု အချို့ဝေဖန်ကြ သည်။ G Fatt ကိုယ်တိုင်လည်း အင်တာဗျူး တစ်ခုတွင် ၀န်ခံထားသည်။ G fatt ကို တိုက်ခိုက်လိုစိတ် မရှိပါ။ စာရေးသူကိုယ်တိုင်က G fatt ရဲ့ ပရိတ်သတ်တစ်ဦးပါလို့ ကြိုပြောထားပါရစေ။

G fatt သည် မအောင်မြင်သေးသည့် အချိန်ကတည်းကပင် သီချင်းများ ရေးသားပြီး ဂီတအပေါ် ရူးသွပ် စွာဖြင့် ဇွဲမလျှော့ဘဲ မကောင်းဘူးဟု ဝေဖန်ခံနေရသော သူ့ရှိသည့် သူ့အသံနှင့် ကြိုးစားသီဆိုခဲ့၍သာ ယခု ကဲ့သို့ အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့ မရူးသွပ်ဘဲ နမည်ကြီး သီချင်းဆို ပြိုင်ပွဲများသာ ၀င်ရောက်ယှဉ်ပြိုင်နေခဲ့မူ အသံစစ်သည့် အဆင့်မှာတင် ပယ်ချခြင်းခံနေရမည်မှာ မလွဲပေ။ ထိုအခါ သူ့ရည်မှန်းချက် ဖြစ်သည့် အဆိုတော် အိပ်မက်အတွက် ဖြစ်နိုင်ပါ့မလားဟူသော သံသယများ မွေးဖွားလာတော့မည်။ ထိုသို့ဖြစ်လာလျှင် G fatt သည် ယခုကဲ့သို့ အောင်မြင်သော အဆိုတော် တစ်ယောက် ဖြစ်လာနိုင်ဦးမှာလား။ ၁၀၀% တပ်အပ် ပြောဖို့ မလွယ်ကူတော့ပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲတစ်ခု၏ အဖြေရလာဒ်သည် ဒိုင်အဖွဲ့၏ လွှမ်းမိုးမှု ရှိနေသောကြောင့်ပင် ဖြစ်သည်။

ပြိုင်ပွဲများကြောင့် လူအချို့ အောင်မြင်မှု သရဖူဆောင်းနိုင်သည်။ လူနည်းစုသည် အောင်မြင်မှုကို ပြိုင်ပွဲများမှ တစ်ဆင့် ရယူသွားနိုင်သည်။ ထိုသူတို့ကို အားကျ၍ ထိုသူတို့ နည်းတူ ကြိုးစားမည်ဆိုလျှင် သင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် အောင်မြင်ကောင်း အောင်မြင်လာနိုင်သည်။ သို့သော် တခြားသူ တို့ထက်သာရန် လိုအပ်သည်။

ပြိုင်ပွဲ မ၀င်ဘဲ မိမိအောင်မြင်မှုအတွက် လွတ်လွတ်လပ်လပ် ကြိုးစားနေသည့် သူတစ်ယောက်အတွက် မည်သူ့ ထက်မှ ပိုတော်စရာမလိုပါ။ ထိုကဲ့သို့သော သတ်မှတ်ချက်များကို ဂရုစိုက်ရန်မလို၊ မည်သူတစ်ဦး တစ်ယောက်ကို မှလည်း သက်ရောက်ခြင်းမရှိ။ မိမိအတွက် တစ်ခုတည်းသော အားသာချက်မှာ မိမိဖြစ်နေခြင်းဟူသည့် အကြောင်းတရားပင် ဖြစ်သည်။

ပြိုင်ပွဲများကြောင့် အချို့ အောင်မြင်သွားကြသည်။ ပြိုင်ပွဲများကြောင့် အချို့ ကျဆုံးသွားကြသည်။ ပြိုင်ပွဲများကြောင့် အများစု ဘာမှဆက်မဖြစ်တော့ချေ။ အောင်မြင်မှုဟူသည် ပြိုင်ပွဲတစ်ခုတည်းကသာ လာနိုင်ခြင်းမဟုတ် နေရာတိုင်းက လာနိုင်သည်။ ဆန္ဒရှိမယ်ဆိုရင်ဖြင့် လွတ်လပ်သော ဘ၀နှင့် လွတ်လပ်သော အောင်မြင်မှု တို့ကို လွတ်လပ်စွာ ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလျှက် …။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
--------------------

စာကြွင်း။ ။
နယ်ပယ်အသီးသီးမှ ပြိုင်ပွဲများအပေါ် တိုက်ခိုက် စော်ကားလိုစိတ် မရှိပါ။
ပြိုင်ပွဲများနှင့် ပတ်သက်၍ စာရေးသူ၏ ရူးသွပ်သွပ် အတွေးတစ်ခုကိုသာ ရေးထားခြင်း ဖြစ်သည်။

------------------

Credit - Toe Tat Aung (Bago)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။