'' နောက်ကျခဲ့သော ဒိုင်ယာရီ ''
________________________
နှုတ်ခမ်းမြွက်ဟ၊ ကြားလိုလှသည်
နားဝ ချိုမြိန်၊ ပျားရည်အိမ်နဲ့
သကာစိမ် အိပ်မက်၊ အဆိပ်တက်စွ
နှိပ်စက် ဖန်ခါ၊ ဖီလာ ပြယ်ပျောက်
မီးတောက် အရက်ပြင်း၊ နေ့ခင်း ညနေ
ရီဝေ ဝိုးဝါး၊ နိမိတ်ခါးနဲ့
နှစ်ပါး လိုအင်၊ သူ့ ကိုယ်ထင်တို့
ဟိုစဉ် ဝေးဝေး၊ အတိတ်နွေးတို့
စိတ်ရေး မြင်ထင်၊ သူ့သံစဉ်တို့
ကံနှင် ကွေကွင်း၊ နေ့ခင်း ကြောင်တောင်
ညလို မှောင်မိုက်၊ အမိုက်တိုက်ထဲ
လောင်မြိုက် စွဲထင်၊ မောဟ အလင်္ကာ
သောက အကြင်နာတို့ကြောင့် …
မှောင်လည်း မြင်မိ၊ လင်းလည်း ထိတွေ့
ည … ရိ, နေ့ … ဆွေး၊ ဝဋ်ကံကြွေး … ချေ
မေးမနေလည်း၊ ငေးနေမြဲပဲ
စွဲလမ်း တမ်းမက်၊ အသက်လို … သူ
ရက်အို … ဆူပွက်၊ အငွေ့အသက်တွေ …
နေ့ဆက် ဝေမျှ၊ တသသ … တောင်း
ညအဟောင်းတွေ …
လောင်းရိပ် နွေဆိုး၊ သူ့တန်ခိုးကြောင့်
ခိုးငွေ့ ဝေ့ဝဲ၊ ငါ့အသည်းက
ညထဲ ငုပ်တုတ်၊ သက်မဲ့ရုပ်လို
သစ်ငုတ် ပမာ၊ အလင်္ကာသည်
ကျိန်စာ ဖြစ်ခဲ့ပါပြီတည်း။
*** *** ***
ဟိန်းဆက်သွင်
________________________
နှုတ်ခမ်းမြွက်ဟ၊ ကြားလိုလှသည်
နားဝ ချိုမြိန်၊ ပျားရည်အိမ်နဲ့
သကာစိမ် အိပ်မက်၊ အဆိပ်တက်စွ
နှိပ်စက် ဖန်ခါ၊ ဖီလာ ပြယ်ပျောက်
မီးတောက် အရက်ပြင်း၊ နေ့ခင်း ညနေ
ရီဝေ ဝိုးဝါး၊ နိမိတ်ခါးနဲ့
နှစ်ပါး လိုအင်၊ သူ့ ကိုယ်ထင်တို့
ဟိုစဉ် ဝေးဝေး၊ အတိတ်နွေးတို့
စိတ်ရေး မြင်ထင်၊ သူ့သံစဉ်တို့
ကံနှင် ကွေကွင်း၊ နေ့ခင်း ကြောင်တောင်
ညလို မှောင်မိုက်၊ အမိုက်တိုက်ထဲ
လောင်မြိုက် စွဲထင်၊ မောဟ အလင်္ကာ
သောက အကြင်နာတို့ကြောင့် …
မှောင်လည်း မြင်မိ၊ လင်းလည်း ထိတွေ့
ည … ရိ, နေ့ … ဆွေး၊ ဝဋ်ကံကြွေး … ချေ
မေးမနေလည်း၊ ငေးနေမြဲပဲ
စွဲလမ်း တမ်းမက်၊ အသက်လို … သူ
ရက်အို … ဆူပွက်၊ အငွေ့အသက်တွေ …
နေ့ဆက် ဝေမျှ၊ တသသ … တောင်း
ညအဟောင်းတွေ …
လောင်းရိပ် နွေဆိုး၊ သူ့တန်ခိုးကြောင့်
ခိုးငွေ့ ဝေ့ဝဲ၊ ငါ့အသည်းက
ညထဲ ငုပ်တုတ်၊ သက်မဲ့ရုပ်လို
သစ်ငုတ် ပမာ၊ အလင်္ကာသည်
ကျိန်စာ ဖြစ်ခဲ့ပါပြီတည်း။
*** *** ***
ဟိန်းဆက်သွင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။