ဂီတမာနကြီးတဲ့ အယ်နောင်း
Q. ကိုအယ်နောင်းရဲ့ ပထမဆုံးစီးရီးစသွင်းတဲ့အချိ န်က ဘယ်လို ယုံကြည်မှုတွေကြောင့် Own Tune သီးသန့်ရပ်တည်ခဲ့တာလဲ။
A. အစ်ကိုက အဲဒီအချိန်တုန်းက Alternative ပေါ့၊ ကပ်ကိုဗိန်း၊ Greenday တို့ကို ကြိုက်တယ်၊ ခွေလုပ်မယ်ဆိုတော့ Copy လဲ မလုပ်ချင်ဘူး၊ အဲဒါနဲ့ သူတို့ကိုမှီငြမ်းပြီး Own Tune မရ ရအောင် ကြိုးစားမယ်ဆိုပြီး လုပ်ခဲ့တာပါ။
Q. ကိုယ်က အရမ်းကြိုးစားပြီး လုပ်ခဲ့ပေမယ့် ခွေထွက်လာတဲ့အခါ စိတ်တိုင်းကျ ဖြစ်ခဲ့လား။
A. ကျွန်တော်ထွက်ပြီးသမျှ စီးရီးအားလုံးကို တီးနေချိန်မှာ လုံးဝ အားမရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာက Player တွေက တစ်စုတစ်ဝေးတည်း တီးတာ မဟုတ်ဘူးလေ၊ သူတို့လည်း အခြေအနေအရ မတီးနိုင်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့သီချင်းက တစ်ပြိုင်နက်တီးရင် ပိုပြီး Active ဖြစ်တယ်၊ အဲဒီအချိန်မှာ မကြိုက်ရင် ပြုပြင်လို့ရတယ်၊ အားလုံးပြီးမှဆိုတော့ ပြန်ပြင်ဖို့ဆိုတာက မလွယ်ဘူး၊ ဒါတောင် တချို့သီချင်းဆို ပြန်တီးတာတွေ ရှိခဲ့ပါတယ်။ ခွေထွက်ပြီး တော်တော်ကြာမှ ပြန်နားထောင်တဲ့အခါ အရသာတစ်မျိုးဖြစ်ပြီး ကျေနပ်သွားတာပဲ ရှိပါတယ်။
Q. အခု စတုတ္ထအခွေလုပ်နေတယ် ဆိုတော့ Player တွေနဲ့ အစ်ကို ဘယ်လို နားလည်မှုတွေနဲ့ လုပ်နေလဲ
A. အခု စတုတ္ထအခွေကို Metal Zone မှာ သွင်းနေတယ်။ Drum ရယ် Bass ရယ် ဂစ်တာသမားရယ် အနည်းဆုံး (၃) ယောက်ရှိမှ သီချင်းသွင်းတယ်၊ သီချင်းတစ်ပုဒ်ကို တစ်ရက်ပြီးအောင် ကြိုးစားတယ်။
Q. အဲဒီစီးရီးမှာ ပါဝင်တဲ့ တေးရေးတွေက ဘယ်သူတွေလဲ
A. မောင်မောင်ဇော်လတ်၊ ရွှေဂျော်ဂျော်၊ ကိုမြင့်မိုးအောင်၊ ကိုအယ်ဖြူနဲ့ ကျွန်တော်ပါ။
Q. ကိုအယ်ဖြူသီချင်းတွေက ရေးထားပြီး ကျန်နေခဲ့တဲ့ သီချင်းတွေလား
A. ကျွန်တော်နဲ့ကိုအယ်ဖြူ အတူရေးပြီး ကျန်တာတွေရှိတယ်၊ သူတောင် သိချင်မှ သိမယ်၊ အဲဒီသီချင်းတွေပါတယ်၊ ကိုအယ်လ်ဖြူနဲ့ ကျွန်တော်ဆိုထားတဲ့ သီချင်းတွေလည်းရှိတော့ ကိုဖြူတို့ ကိုမောင်လတ်တို့က လုပ်စေချင်တာနဲ့ ဒီခွေ လုပ်ဖြစ်တာပါ။
Q. ဒီခွေကိုရော ကိုယ်တိုင်ပဲ ထုတ်မှာလား
A. ကိုယ်တိုင်ပဲလုပ်ဖို့ စိတ်ကူးထားတယ်။ စိတ်တိုင်းကျသီချင်း ၂၅ ပုဒ်ထဲက ၁၀ ပုဒ်၊ ၁၂ ပုဒ် လောက်ရွေးမယ်။ Tape နဲ့ CD ပဲ ထုတ်မယ်။
Q. အခုဈေးကွက် အနေအထားအရဆို VCD ဈေးကွက်က အဓိကလို ဖြစ်နေတာ ဆိုတော့ အစ်ကိုက VCD မထွက်ဘူးလို့ ကြိုပြောပြီး ထုတ်မှာလား။
A. အဲဒါက ဒီခွေကို ကျွန်တော်လုပ်မယ်ဆိုရင် သီချင်း ၁၂ ပုဒ်ထဲက MTV လုပ်လို့ကောင်းမယ့် ၂ ပုဒ် ၃ ပုဒ် လောက်ကို MTV လုပ်ပြီး မြ၀တီ၊ MRTV-4 တို့က တဆင့်လွှင့်မယ်၊ တခြား Producer ဖြစ်ခဲ့ရင် မပြောတတ်ဘူး၊ ကျွန်တော့်စိတ်ထဲမှာတော့ VCD ကာရာအိုကေကို မကြိုက်ဘူး၊ နိုင်ငံခြားနဲ့ယှဉ်ရင် အများကြီးကွာသေးတယ်၊ Live အနေဆို မဆိုးဘူး။ VCD ကာရာအိုကေတွေက မကောင်းဘူး မဟုတ်ဘူး၊ ဒါလည်း တိုးတက်လာတဲ့ သဘောပဲ၊ ဒါပေမယ့် တခြားမှာ အဲဒီလို သရုပ်ဆောင်တွေနဲ့ စာတမ်းထိုးပြီး ကာရာအိုကေတွေ ဆိုတာ ခေတ်မရှိဘူး။
Q. အစ်ကိုရဲ့ အခု Album ကို ကိုယ့်စိတ်တိုင်းကျပဲ စီစဉ်နေတာဆိုတော့ ဒီ Album ကနေ အစ်ကို့အနုပညာတွေ အဓိက များများကျန်ဖို့ ရည်ရွယ်တာလား
A. ကျွန်တော့်ရဲ့ ပထမခွေ၊ ဒုတိယခွေက ကိုယ်တိုင်ပဲလုပ်တယ်၊ ကိုယ်တိုင်လုပ်တော့ ငွေတော့ကုန်တယ်၊ ကိုယ်ကုန်တဲ့ငွေကို ဘယ်သူမဆို ပြန်လိုချင်တာပဲလေ၊ အဲဒီလို ပြန်လိုချင်လို့ ကိုယ့်အနုပညာ အနေအထား လျှော့ပြီး လုပ်မလား၊ အနုပညာပဲ လုပ်မလားလို့ စဉ်းစားတော့ ငွေလိုချင်ရင်တော့ တခြားဟာလုပ်မယ်၊ ကိုယ့်အနုပညာအပေါ်တော့ ကျွန်တော်သစ္စာရှိရမယ်။ ဒါကြောင့် အခုအခွေအတွက် ကျွန်တော် အရင်ကတည်းက နည်းနည်းငွေစုတယ်၊ ငွေအင်အားရလာတဲ့အခါ မိသားစုကိုလည်း ပြောတယ်၊ စီးရီးလုပ်မယ်၊ ပြန်ရချင်မှ ရမယ်၊ ကျွန်တော်ငွေရေး ကြေးရေးကို ပြန်ရဖို့ မရည်ရွယ်ဘူး၊ ကျွန်တော့်အနုပညာကိုပဲ ကျွန်တော်လုပ်တာ။ ဒါပေမယ့် ဖြန့်မယ့်ဆိုင်အနေနဲ့တော့ တခြားယှဉ်ထွက်လို့ အဆင်မပြေတဲ့ အဆိုတော်တွေနဲ့ အချိန်ညှိတာတို့တော့ ရှိချင်ရှိနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာမှ ကိုယ်ပိုင်ဖြန့်ချိရေး မရှိတာ၊ အနုပညာအရ ဘယ်အတိုင်းအတာအထိ ပရိသတ်လက်ထဲ ရောက်တယ်ဆိုတာ ခွေထွက်ပြီးမှပဲ သိရမှာပါ။
Q. ကိုစိုင်းထီးဆိုင် ပွဲမှာရော ဘယ်လိုကိစ္စတွေကြောင့် မဆိုဖြစ်ခဲ့တာလဲ
A. ကျွန်တော်က Show တွေကို သိပ်မဆိုဖြစ်တာ။ 99 ခွေထွက်ပြီး အိမ်ထောင်ကျတယ်၊ ကျွန်တော်က အရင်ကတည်းက အလုပ်ရှိတော့ အလုပ် Project တစ်ခုနဲ့ မန္တလေးမှာ ၂ နှစ်လောက် သွားနေလိုက်တယ်၊ ဒီကြားထဲ ၁ပုဒ်စ၊ ၂ ပုဒ်စ လောက်ပဲ ဆိုဖြစ်တော့တယ်၊ နားထောင်တာပဲ ရှိတော့တယ်၊ မိသားစုရှိတော့ ပိုဆိုးလာတယ်၊ နောက်ပိုင်း ပြန်ဆိုတေးတွေ ခေတ်စားလာတယ်၊ ကိုဖိုးဇော်တို့က စင်ပေါ်ကို အတင်းတွန်းတင်ပြီး ဆိုခိုင်းလို့ မိုးစက်နှင်းဆီမှာ ၀င်ဆိုဖြစ်တယ်။ ကျွန်တော့်ကို လာဆိုခိုင်းကြတယ်၊ ကျွန်တော်က အဲလိုတော့ ပြန်မဆိုချင်ဘူး၊ အဲဒါမို့ သူတို့ကိုပြောတယ်၊ ကျွန်တော့် Own Tune တစ်ပုဒ်ကို ယူသွား၊ ဆို၊ ပိုက်ဆံလည်း တစ်ပြားမှ မပေးနဲ့၊ ရတယ်လို့။ ဒါပေမယ့် မရဘူး၊ အတင်းဆိုခိုင်းတယ်၊ အဲဒါမို့ တခါတလေ ဆိုဖြစ်တာ။ ပြန်ဆိုတယ်၊ ပြန်ပြီးဆန်းသစ်ကြတယ်ဆိုတာ တချို့သီချင်းတွေက မကောင်းဘူး၊ တချို့သီချင်းတွေက ပြန်ဆိုလို့၊ ပြန်တီးလို့ကောင်းတယ်၊ ကိုထီးအတွက် လာပြောတာလဲ ဒီလိုပဲ၊ ကိုထီးရဲ့သီချင်းတွေကို ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားကြိုးစား၊ ကိုထီးရဲ့အာပေါက်ကို မမီနိုင်ဘူး၊ ကိုထီးလို ဆိုနိုင်မှာ မဟုတ်ဘူး၊ အဲဒီအခါ သီချင်းက ပျက်စီးသွားနိုင်တယ်။ အဲဒါမို့ သွားပြီးမဆိုဖြစ်တာ၊ ကျွန်တော့်သီချင်းတွေကိုလည်း ပြန်ဆိုဖို့ လာပြောကြတယ်၊ ကျွန်တော်က မရောင်းဘူး၊ ဒါပေမယ့် တချို့က ပြီးမှ လက်မှတ်လာထိုးခိုင်းတာရှိတယ်၊
စည်းမရှိကြဘူး၊ အဲဒီအခါ ကျွန်တော်က လက်မှတ်တော့ ထိုးပေးလိုက်ပါတယ်၊
ဒါပေမယ့် ကျွန်တော်ပြောလိုက်တယ်၊ ကျွန်တော်လဲ မသေသေးဘူး၊ ကျွန်တော့်မှာလဲ
ဆိုစရာ ဒါတွေပဲရှိတယ်။ ကျွန်တော်လဲ နောင် ၄ နှစ်လောက်ဆို ဆိုဖြစ်တော့မှာ
မဟုတ်ပါဘူး၊ စောင့်ပါဦး၊ ဒီကြားထဲ ကျွန်တော်သေလို့ ကျွန်တော့်မိသားစုက
ရောင်းခဲ့ရင်တော့ ဆိုကြပေါ့ဗျာလို့ ပြောရတယ်။
Q. အခုလို ပြန်ဆိုတေး တခေတ် ပြန်လည်သွားတယ် ဆိုတဲ့အပေါ် အစ်ကို့ရဲ့အမြင်လေး ပြောပြပါ။
A. ဒါကတော့ ခေတ်အခြေအနေအရလို့ ပြောရမယ်။ ဒီခေတ်ထဲမှာ ကိုယ်ပိုင်သံစဉ်ရေးတဲ့သူတွေ
အနုပညာမာနထားပြီး သီချင်းကို ဖန်တီးတဲ့လူတွေက လက် ၁၀ ချောင်း မပြည့်ဘူး။
အဓိက အဆိုတော် တစ်ယောက်ရဲ့ ဘ၀ရပ်တည်မှုဆိုတာက တစ်နှစ်ကို တစ်ခွေလောက်နဲ့
မရဘူး၊ တစ်လ ၂ ပုဒ် ၃ ပုဒ် လောက်မှ အဆင်ပြေမှာလေ၊ သူတို့မှာလည်း ၀တ်ရ၊
စားရ၊ သွားရ၊ လာရ ဆိုတော့ အနုပညာအတွက် အချိန်မပေးနိုင်တော့ဘူး၊
ကိုယ်ပိုင်သံစဉ်သီချင်းရေးတ ယ်ဆိုတာ
ရအောင်ကြိုးစားရေးရင် ရပါတယ်၊ ဒါပေမယ့် မကြိုးစားချင်တော့ဘူး၊ Ready Made
ပဲ လုပ်ချင်ကြတယ်၊ ဒါလည်း Producer ကြောင့်လဲ ဖြစ်မယ်ထင်တယ်၊ ဘာပြောပြော
Hip-Hop လူငယ်တွေက မဆိုးဘူး၊ အနုပညာအပေါ် မာနထားကြတယ်။ ကြိုးစားကြတယ်။
တခြားလူငယ်တွေလဲ အဲလိုကြိုးစားရင် အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာမှာပါ။
Q. ဒီနှစ်အတွင်းမှာ ကိုယ်ပိုင်သံစဉ်သမားတွေ အများကြီးကြွေလွင့်သွားတယ်၊ သူတို့လို လူမျိုးတွေနေရာမှာ အစားထိုးလာပြီး ၀င်ရောက်လာနိုင်တဲ့သူတွေ ရှိနိုင်လား။
A. မရှိနိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုဒိုးလုံးဆို သူ့ရဲ့ Creation တွေကို တခြားလူတွေလုပ်ဖို့ဆိုတာ မလွယ်ဘူး၊ လုပ်နိုင်ခဲ့ရင်လည်း သူ့ရဲ့အရသာကို ရနိုင်မှာ မဟုတ်ဘူး၊ ကိုအယ်ဖြူတို့ ကိုငှက်(ထူးအိမ်သင်)တို့ ဖန်တီးသလို၊ ကိုမောင်မောင်ဇော်လတ်လည်း Own Tune ပါပဲ၊ ဒါပေမယ့် သူတို့ပေးနိုင်တဲ့ အရသာက မတူဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခုလူငယ်တွေရေးထားတဲ့ သီချင်းတွေက ကိုအယ်ဖြူ၊ ကိုဒိုးလုံး၊ ကိုငှက်တို့ ၅ တန်း ၆ တန်းလောက်က ရေးထားတဲ့ သီချင်းတွေလောက် အဆင်မပြေဘူး၊ တချို့ကောင်းတဲ့သူတွေလည်း ရှိပါတယ်၊ အဲဒါကြောင့် ကိုယ့်အနုပညာကို အကောင်းဆုံးပြနိုင်အောင် ကြိုးစားပါလို့ ပြောတာ။
Q. အနုပညာသမားတစ်ယောက်ဟာ အနုပညာမာနတွေ အတ္တတွေ လျှော့လိုက်ရင် ဖန်တီးနိုင်မှုတွေ ကျဆင်းသွားနိုင်လား။
A. ငွေကြေးဘက်ကို လိုက်မယ်ဆိုရင်တော့ အဲဒီလူရဲ့ အနုပညာတွေ တစ်ဖြည်းဖြည်း မှိန်သွားနိုင်ပါတယ်၊ အနုပညာသမားတစ်ယောက်က မလုပ်ခင်မှာ သေချာစဉ်းစား၊ ပေါပေါပဲပဲ ငွေများများရချင်ရင် တခြားအလုပ်ပဲလုပ်၊ အဲဒီလိုမဟုတ်ဘဲ အနုပညာနဲ့ရှာရင်တော့ မကြာခင် ပျောက်ကွယ်သွားမှာပဲ၊ အဲဒါမို့ ကျွန်တော်နဲ့ အနုပညာအသိုင်းအ၀ိုင်းနဲ့က ဝေးတာ၊ ကိုအယ်ဖြူဆိုရင် ကျွန်တော့်ထက်တောင်ဆိုးတယ်၊
သူသီချင်းဆိုဖို့ သွားတယ်၊ တီးဝိုင်းသမားကအစ ပြီးပြီးရော လုပ်နေရင် လုံးဝ
မဆိုတော့ဘူး၊ လှည့်ကိုမကြည့်ဘဲ ထားထားခဲ့တာ။ အဲဒီလိုမျိုး အနုပညာမာနတော့
ကျွန်တော်တို့မှာ ရှိတယ်။
Q. အခု Hip-Hop လူငယ်တွေရဲ့ ကြိုးစားမှုအပေါ်မှာ အစ်ကို့သဘောထားကို ပြောပြပါ။
A. ကျွန်တော်က 1993 လောက်ကတည်းက Hip-Hop စနားထောင်ဖြစ်တယ်။ ဘာ Music မှန်းတော့ မသိဘူး၊ သူတို့က ကြိုးစားကြတယ်၊ ကွန်ပျူတာလေးနဲ့ သံစဉ်တွေတီး၊ ရေးကြနဲ့ ကြိုးစားကြတယ်၊ သူတို့ဂီတအပေါ် ယုံကြည်မှု အပြည့်ထားပြီး လုပ်ကြတယ်၊ အဲဒီတော့ ပိုပြီး တိုးတက်လာကြတယ်၊ တခြား Music တွေမှာလည်း ဒီလိုမျိုး ယုံကြည်မှုတွေနဲ့ ကြိုးစားသင့်တယ်။
Q. အဲဒီလိုဆိုရင် Hip-Hop Music တစ်ခေတ် ဖြစ်လာနိုင်မလား။
A. Music Industry မှာတော့ အစုံရှိမှာပဲ၊ Hip-Hop ချည်းသက်သက်လည်း မဖြစ်နိုင်တော့သလို Rock ချည်းလည်း မဟုတ်နိုင်တော့ဘူး၊ အကြိုက်အလိုက် နားထောင်ကြမှာပါ၊ နောက်ထပ် အသစ်တွေလည်း ရှိလာနိုင်မှာပါ။
Q. အစ်ကိုက နောက် ၃၊ ၄ နှစ်မှာ အနားယူမယ်ဆိုတော့ ဂီတလောကက အပြီးထွက်သွားဖို့ စိတ်ကူးရှိလား။
A. ဒီခွေထွက်ပြီး အလွန်ဆုံး တစ်ခွေ နှစ်ခွေလောက်ပဲ လုပ်နိုင်မှာပါ၊ ကျွန်တော်က ငွေစုလိုက် ခွေလုပ်လိုက် လုပ်ရတာကိုး၊ အဲဒါမှ ကိုယ်ပြချင်တဲ့ အနုပညာကို စိတ်တိုင်းကျ လုပ်လို့ရမှာ၊ အနားယူမယ်ဆိုပေမယ့် ဂီတလောကက အပြီးထွက်မှာတော့ မဟုတ်ဘူး၊ ဂီတနဲ့ပတ်သက်ပြီး တခြားလုပ်နိုင်မယ့် အသစ်တွေကို လုပ်ဖြစ်မယ်ထင်တယ်၊ အဲဒီအတွင်း အနုပညာအပေါ် တကယ်မြတ်နိုးပြီး တကယ်တန်ဖိုးထားတဲ့ လူတွေနဲ့တွေ့ရင်လည်း သီချင်းတွေ ရေးဖြစ်နေဦးမှာပါ။******** **********။
-MTK
People magazine
ခုနှစ်မသိ
#ကိုအယ်နောင်း၏ စတုတ္ထမြောက် တစ်ကိုယ်တော်တေးစီးရီးသည် မထွက်ဖြစ်ခဲ့ပါ။ အခွင့်ရှိရင် နားထောင်ချင်ပါဘိ
စာစီကျေးဇူးရှင် Ko Thu Reyn Navigator
ထွက်ပြီးသမျှ အယ်နောင်းသီချင်းများ တင်ပြီးသားပါ။ နားထောင်ချင်သူများ ရှာကြည့်ကြပါ
Q. ကိုအယ်နောင်းရဲ့ ပထမဆုံးစီးရီးစသွင်းတဲ့အချိ
A. အစ်ကိုက အဲဒီအချိန်တုန်းက Alternative ပေါ့၊ ကပ်ကိုဗိန်း၊ Greenday တို့ကို ကြိုက်တယ်၊ ခွေလုပ်မယ်ဆိုတော့ Copy လဲ မလုပ်ချင်ဘူး၊ အဲဒါနဲ့ သူတို့ကိုမှီငြမ်းပြီး Own Tune မရ ရအောင် ကြိုးစားမယ်ဆိုပြီး လုပ်ခဲ့တာပါ။
Q. ကိုယ်က အရမ်းကြိုးစားပြီး လုပ်ခဲ့ပေမယ့် ခွေထွက်လာတဲ့အခါ စိတ်တိုင်းကျ ဖြစ်ခဲ့လား။
A. ကျွန်တော်ထွက်ပြီးသမျှ စီးရီးအားလုံးကို တီးနေချိန်မှာ လုံးဝ အားမရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာက Player တွေက တစ်စုတစ်ဝေးတည်း တီးတာ မဟုတ်ဘူးလေ၊ သူတို့လည်း အခြေအနေအရ မတီးနိုင်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့သီချင်းက တစ်ပြိုင်နက်တီးရင် ပိုပြီး Active ဖြစ်တယ်၊ အဲဒီအချိန်မှာ မကြိုက်ရင် ပြုပြင်လို့ရတယ်၊ အားလုံးပြီးမှဆိုတော့ ပြန်ပြင်ဖို့ဆိုတာက မလွယ်ဘူး၊ ဒါတောင် တချို့သီချင်းဆို ပြန်တီးတာတွေ ရှိခဲ့ပါတယ်။ ခွေထွက်ပြီး တော်တော်ကြာမှ ပြန်နားထောင်တဲ့အခါ အရသာတစ်မျိုးဖြစ်ပြီး ကျေနပ်သွားတာပဲ ရှိပါတယ်။
Q. အခု စတုတ္ထအခွေလုပ်နေတယ် ဆိုတော့ Player တွေနဲ့ အစ်ကို ဘယ်လို နားလည်မှုတွေနဲ့ လုပ်နေလဲ
A. အခု စတုတ္ထအခွေကို Metal Zone မှာ သွင်းနေတယ်။ Drum ရယ် Bass ရယ် ဂစ်တာသမားရယ် အနည်းဆုံး (၃) ယောက်ရှိမှ သီချင်းသွင်းတယ်၊ သီချင်းတစ်ပုဒ်ကို တစ်ရက်ပြီးအောင် ကြိုးစားတယ်။
Q. အဲဒီစီးရီးမှာ ပါဝင်တဲ့ တေးရေးတွေက ဘယ်သူတွေလဲ
A. မောင်မောင်ဇော်လတ်၊ ရွှေဂျော်ဂျော်၊ ကိုမြင့်မိုးအောင်၊ ကိုအယ်ဖြူနဲ့ ကျွန်တော်ပါ။
Q. ကိုအယ်ဖြူသီချင်းတွေက ရေးထားပြီး ကျန်နေခဲ့တဲ့ သီချင်းတွေလား
A. ကျွန်တော်နဲ့ကိုအယ်ဖြူ အတူရေးပြီး ကျန်တာတွေရှိတယ်၊ သူတောင် သိချင်မှ သိမယ်၊ အဲဒီသီချင်းတွေပါတယ်၊ ကိုအယ်လ်ဖြူနဲ့ ကျွန်တော်ဆိုထားတဲ့ သီချင်းတွေလည်းရှိတော့ ကိုဖြူတို့ ကိုမောင်လတ်တို့က လုပ်စေချင်တာနဲ့ ဒီခွေ လုပ်ဖြစ်တာပါ။
Q. ဒီခွေကိုရော ကိုယ်တိုင်ပဲ ထုတ်မှာလား
A. ကိုယ်တိုင်ပဲလုပ်ဖို့ စိတ်ကူးထားတယ်။ စိတ်တိုင်းကျသီချင်း ၂၅ ပုဒ်ထဲက ၁၀ ပုဒ်၊ ၁၂ ပုဒ် လောက်ရွေးမယ်။ Tape နဲ့ CD ပဲ ထုတ်မယ်။
Q. အခုဈေးကွက် အနေအထားအရဆို VCD ဈေးကွက်က အဓိကလို ဖြစ်နေတာ ဆိုတော့ အစ်ကိုက VCD မထွက်ဘူးလို့ ကြိုပြောပြီး ထုတ်မှာလား။
A. အဲဒါက ဒီခွေကို ကျွန်တော်လုပ်မယ်ဆိုရင် သီချင်း ၁၂ ပုဒ်ထဲက MTV လုပ်လို့ကောင်းမယ့် ၂ ပုဒ် ၃ ပုဒ် လောက်ကို MTV လုပ်ပြီး မြ၀တီ၊ MRTV-4 တို့က တဆင့်လွှင့်မယ်၊ တခြား Producer ဖြစ်ခဲ့ရင် မပြောတတ်ဘူး၊ ကျွန်တော့်စိတ်ထဲမှာတော့ VCD ကာရာအိုကေကို မကြိုက်ဘူး၊ နိုင်ငံခြားနဲ့ယှဉ်ရင် အများကြီးကွာသေးတယ်၊ Live အနေဆို မဆိုးဘူး။ VCD ကာရာအိုကေတွေက မကောင်းဘူး မဟုတ်ဘူး၊ ဒါလည်း တိုးတက်လာတဲ့ သဘောပဲ၊ ဒါပေမယ့် တခြားမှာ အဲဒီလို သရုပ်ဆောင်တွေနဲ့ စာတမ်းထိုးပြီး ကာရာအိုကေတွေ ဆိုတာ ခေတ်မရှိဘူး။
Q. အစ်ကိုရဲ့ အခု Album ကို ကိုယ့်စိတ်တိုင်းကျပဲ စီစဉ်နေတာဆိုတော့ ဒီ Album ကနေ အစ်ကို့အနုပညာတွေ အဓိက များများကျန်ဖို့ ရည်ရွယ်တာလား
A. ကျွန်တော့်ရဲ့ ပထမခွေ၊ ဒုတိယခွေက ကိုယ်တိုင်ပဲလုပ်တယ်၊ ကိုယ်တိုင်လုပ်တော့ ငွေတော့ကုန်တယ်၊ ကိုယ်ကုန်တဲ့ငွေကို ဘယ်သူမဆို ပြန်လိုချင်တာပဲလေ၊ အဲဒီလို ပြန်လိုချင်လို့ ကိုယ့်အနုပညာ အနေအထား လျှော့ပြီး လုပ်မလား၊ အနုပညာပဲ လုပ်မလားလို့ စဉ်းစားတော့ ငွေလိုချင်ရင်တော့ တခြားဟာလုပ်မယ်၊ ကိုယ့်အနုပညာအပေါ်တော့ ကျွန်တော်သစ္စာရှိရမယ်။ ဒါကြောင့် အခုအခွေအတွက် ကျွန်တော် အရင်ကတည်းက နည်းနည်းငွေစုတယ်၊ ငွေအင်အားရလာတဲ့အခါ မိသားစုကိုလည်း ပြောတယ်၊ စီးရီးလုပ်မယ်၊ ပြန်ရချင်မှ ရမယ်၊ ကျွန်တော်ငွေရေး ကြေးရေးကို ပြန်ရဖို့ မရည်ရွယ်ဘူး၊ ကျွန်တော့်အနုပညာကိုပဲ ကျွန်တော်လုပ်တာ။ ဒါပေမယ့် ဖြန့်မယ့်ဆိုင်အနေနဲ့တော့ တခြားယှဉ်ထွက်လို့ အဆင်မပြေတဲ့ အဆိုတော်တွေနဲ့ အချိန်ညှိတာတို့တော့ ရှိချင်ရှိနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာမှ ကိုယ်ပိုင်ဖြန့်ချိရေး မရှိတာ၊ အနုပညာအရ ဘယ်အတိုင်းအတာအထိ ပရိသတ်လက်ထဲ ရောက်တယ်ဆိုတာ ခွေထွက်ပြီးမှပဲ သိရမှာပါ။
Q. ကိုစိုင်းထီးဆိုင် ပွဲမှာရော ဘယ်လိုကိစ္စတွေကြောင့် မဆိုဖြစ်ခဲ့တာလဲ
A. ကျွန်တော်က Show တွေကို သိပ်မဆိုဖြစ်တာ။ 99 ခွေထွက်ပြီး အိမ်ထောင်ကျတယ်၊ ကျွန်တော်က အရင်ကတည်းက အလုပ်ရှိတော့ အလုပ် Project တစ်ခုနဲ့ မန္တလေးမှာ ၂ နှစ်လောက် သွားနေလိုက်တယ်၊ ဒီကြားထဲ ၁ပုဒ်စ၊ ၂ ပုဒ်စ လောက်ပဲ ဆိုဖြစ်တော့တယ်၊ နားထောင်တာပဲ ရှိတော့တယ်၊ မိသားစုရှိတော့ ပိုဆိုးလာတယ်၊ နောက်ပိုင်း ပြန်ဆိုတေးတွေ ခေတ်စားလာတယ်၊ ကိုဖိုးဇော်တို့က စင်ပေါ်ကို အတင်းတွန်းတင်ပြီး ဆိုခိုင်းလို့ မိုးစက်နှင်းဆီမှာ ၀င်ဆိုဖြစ်တယ်။ ကျွန်တော့်ကို လာဆိုခိုင်းကြတယ်၊ ကျွန်တော်က အဲလိုတော့ ပြန်မဆိုချင်ဘူး၊ အဲဒါမို့ သူတို့ကိုပြောတယ်၊ ကျွန်တော့် Own Tune တစ်ပုဒ်ကို ယူသွား၊ ဆို၊ ပိုက်ဆံလည်း တစ်ပြားမှ မပေးနဲ့၊ ရတယ်လို့။ ဒါပေမယ့် မရဘူး၊ အတင်းဆိုခိုင်းတယ်၊ အဲဒါမို့ တခါတလေ ဆိုဖြစ်တာ။ ပြန်ဆိုတယ်၊ ပြန်ပြီးဆန်းသစ်ကြတယ်ဆိုတာ တချို့သီချင်းတွေက မကောင်းဘူး၊ တချို့သီချင်းတွေက ပြန်ဆိုလို့၊ ပြန်တီးလို့ကောင်းတယ်၊ ကိုထီးအတွက် လာပြောတာလဲ ဒီလိုပဲ၊ ကိုထီးရဲ့သီချင်းတွေကို ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားကြိုးစား၊ ကိုထီးရဲ့အာပေါက်ကို မမီနိုင်ဘူး၊ ကိုထီးလို ဆိုနိုင်မှာ မဟုတ်ဘူး၊ အဲဒီအခါ သီချင်းက ပျက်စီးသွားနိုင်တယ်။ အဲဒါမို့ သွားပြီးမဆိုဖြစ်တာ၊ ကျွန်တော့်သီချင်းတွေကိုလည်
Q. အခုလို ပြန်ဆိုတေး တခေတ် ပြန်လည်သွားတယ် ဆိုတဲ့အပေါ် အစ်ကို့ရဲ့အမြင်လေး ပြောပြပါ။
A. ဒါကတော့ ခေတ်အခြေအနေအရလို့ ပြောရမယ်။ ဒီခေတ်ထဲမှာ ကိုယ်ပိုင်သံစဉ်ရေးတဲ့သူတွေ
Q. ဒီနှစ်အတွင်းမှာ ကိုယ်ပိုင်သံစဉ်သမားတွေ အများကြီးကြွေလွင့်သွားတယ်၊
A. မရှိနိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုဒိုးလုံးဆို သူ့ရဲ့ Creation တွေကို တခြားလူတွေလုပ်ဖို့ဆိုတာ မလွယ်ဘူး၊ လုပ်နိုင်ခဲ့ရင်လည်း သူ့ရဲ့အရသာကို ရနိုင်မှာ မဟုတ်ဘူး၊ ကိုအယ်ဖြူတို့ ကိုငှက်(ထူးအိမ်သင်)တို့ ဖန်တီးသလို၊ ကိုမောင်မောင်ဇော်လတ်လည်း Own Tune ပါပဲ၊ ဒါပေမယ့် သူတို့ပေးနိုင်တဲ့ အရသာက မတူဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခုလူငယ်တွေရေးထားတဲ့ သီချင်းတွေက ကိုအယ်ဖြူ၊ ကိုဒိုးလုံး၊ ကိုငှက်တို့ ၅ တန်း ၆ တန်းလောက်က ရေးထားတဲ့ သီချင်းတွေလောက် အဆင်မပြေဘူး၊ တချို့ကောင်းတဲ့သူတွေလည်း ရှိပါတယ်၊ အဲဒါကြောင့် ကိုယ့်အနုပညာကို အကောင်းဆုံးပြနိုင်အောင် ကြိုးစားပါလို့ ပြောတာ။
Q. အနုပညာသမားတစ်ယောက်ဟာ အနုပညာမာနတွေ အတ္တတွေ လျှော့လိုက်ရင် ဖန်တီးနိုင်မှုတွေ ကျဆင်းသွားနိုင်လား။
A. ငွေကြေးဘက်ကို လိုက်မယ်ဆိုရင်တော့ အဲဒီလူရဲ့ အနုပညာတွေ တစ်ဖြည်းဖြည်း မှိန်သွားနိုင်ပါတယ်၊ အနုပညာသမားတစ်ယောက်က မလုပ်ခင်မှာ သေချာစဉ်းစား၊ ပေါပေါပဲပဲ ငွေများများရချင်ရင် တခြားအလုပ်ပဲလုပ်၊ အဲဒီလိုမဟုတ်ဘဲ အနုပညာနဲ့ရှာရင်တော့ မကြာခင် ပျောက်ကွယ်သွားမှာပဲ၊ အဲဒါမို့ ကျွန်တော်နဲ့ အနုပညာအသိုင်းအ၀ိုင်းနဲ့က ဝေးတာ၊ ကိုအယ်ဖြူဆိုရင် ကျွန်တော့်ထက်တောင်ဆိုးတယ်၊
Q. အခု Hip-Hop လူငယ်တွေရဲ့ ကြိုးစားမှုအပေါ်မှာ အစ်ကို့သဘောထားကို ပြောပြပါ။
A. ကျွန်တော်က 1993 လောက်ကတည်းက Hip-Hop စနားထောင်ဖြစ်တယ်။ ဘာ Music မှန်းတော့ မသိဘူး၊ သူတို့က ကြိုးစားကြတယ်၊ ကွန်ပျူတာလေးနဲ့ သံစဉ်တွေတီး၊ ရေးကြနဲ့ ကြိုးစားကြတယ်၊ သူတို့ဂီတအပေါ် ယုံကြည်မှု အပြည့်ထားပြီး လုပ်ကြတယ်၊ အဲဒီတော့ ပိုပြီး တိုးတက်လာကြတယ်၊ တခြား Music တွေမှာလည်း ဒီလိုမျိုး ယုံကြည်မှုတွေနဲ့ ကြိုးစားသင့်တယ်။
Q. အဲဒီလိုဆိုရင် Hip-Hop Music တစ်ခေတ် ဖြစ်လာနိုင်မလား။
A. Music Industry မှာတော့ အစုံရှိမှာပဲ၊ Hip-Hop ချည်းသက်သက်လည်း မဖြစ်နိုင်တော့သလို Rock ချည်းလည်း မဟုတ်နိုင်တော့ဘူး၊ အကြိုက်အလိုက် နားထောင်ကြမှာပါ၊ နောက်ထပ် အသစ်တွေလည်း ရှိလာနိုင်မှာပါ။
Q. အစ်ကိုက နောက် ၃၊ ၄ နှစ်မှာ အနားယူမယ်ဆိုတော့ ဂီတလောကက အပြီးထွက်သွားဖို့ စိတ်ကူးရှိလား။
A. ဒီခွေထွက်ပြီး အလွန်ဆုံး တစ်ခွေ နှစ်ခွေလောက်ပဲ လုပ်နိုင်မှာပါ၊ ကျွန်တော်က ငွေစုလိုက် ခွေလုပ်လိုက် လုပ်ရတာကိုး၊ အဲဒါမှ ကိုယ်ပြချင်တဲ့ အနုပညာကို စိတ်တိုင်းကျ လုပ်လို့ရမှာ၊ အနားယူမယ်ဆိုပေမယ့် ဂီတလောကက အပြီးထွက်မှာတော့ မဟုတ်ဘူး၊ ဂီတနဲ့ပတ်သက်ပြီး တခြားလုပ်နိုင်မယ့် အသစ်တွေကို လုပ်ဖြစ်မယ်ထင်တယ်၊ အဲဒီအတွင်း အနုပညာအပေါ် တကယ်မြတ်နိုးပြီး တကယ်တန်ဖိုးထားတဲ့ လူတွေနဲ့တွေ့ရင်လည်း သီချင်းတွေ ရေးဖြစ်နေဦးမှာပါ။********
-MTK
People magazine
ခုနှစ်မသိ
#ကိုအယ်နောင်း၏ စတုတ္ထမြောက် တစ်ကိုယ်တော်တေးစီးရီးသည် မထွက်ဖြစ်ခဲ့ပါ။ အခွင့်ရှိရင် နားထောင်ချင်ပါဘိ
စာစီကျေးဇူးရှင် Ko Thu Reyn Navigator
ထွက်ပြီးသမျှ အယ်နောင်းသီချင်းများ တင်ပြီးသားပါ။ နားထောင်ချင်သူများ ရှာကြည့်ကြပါ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။