Ma May Moon
ဆင်းရဲခြင်းနှင်ပညာမတတ်ခြင်းဟာ ခွဲခြားလို့မရ
*********************************************
ကျွန်မတိုက်နေတာ.. မဘသ လည်း မဟုတ်ဘူး အမျိုးချစ်လည်း မဟုတ်ဘူး.ကျွန်မ တိုက်နေတာ ဆင်းရဲမွဲတေရခြင်း အကျိုးတရား၊ ကျွန်မတိုက်နေတာ ပညာမတတ်လို့ လူလိမ်ခံနေရခြင်း အကျိုးတရား.. ဒီအကျိုးတရားတွေရဲ့ ဇစ်မြစ်ဖြစ်တဲ့..
အာဏာရှင်ကို တိုက်နေတာ..
အရာအားလုံးရဲ့ အဓိက တရားခံဟာ.. ဆင်းရဲ မွဲတေမှုနဲ့ ပညာမတတ်မှုပဲ..
ဆင်းရဲမွဲတေမှုက ဘာကြောင့် ပထမဖြစ်လည်း..
ဆင်းရဲမွဲတေတော့ ပညာ မသင်နိုင်ဘူး.. ပညာမသင်နိုင်တော့.. ဗဟုသုတ မ၇ှိဘူး.. ဗဟုသုတ မ၇ှိတော့.. သူများ လိမ်တာ ခံရတယ်..
ဘယ်လိုလူတွေ လိမ်လဲ..
ကိုယ့်တိုင်းပြည်က ပိုင်ဆိုင်တဲ့ ကိုယ့်သယံဇာတတွေကို.ပေါပေါလောလော သူများ နိုင်ငံကို . သူခိုးစေျးနဲ့ ရောင်းချပြီး.. မြန်မာပြည်ကြီး ဆင်းရဲသွားအောင် လုပ်ပြီး.. သူတို့ မိသားစုသာ.. တိုင်းတပါးရဲ့ အရိုးအရင်းကြားက အသားစားပြီး ကြီးပွားနေတဲ့ အာဏာရှင်တွေ လိမ်တာ ခံနေကြရတာ..
သစ်တောတွေ ကို.. အပြောင်ရှင်း စနစ်နဲ့ ခုတ်ပြီး ပြည်ပကို ကုန်ကြမ်း အလုံးလိုက် ရောင်းစားတယ်.. တိုင်းပြည်မှာ သစ်တော ကုန်တော့မှ.. ပြီးခဲ့တဲ့ နှစ်လောက်က မှ ပြည်ပကို ခွဲခြမ်းတွေ ပဲ ပို့ရမယ်လုပ်တယ်.. တိုင်းပြည်မှာ သစ်ကုန်နေပြီ.. အခုထိ အချောထည် ပြည်ပကို မပို့နိုင်သေးဘူး..
ဒီလို စနစ်နဲ့ လုပ်စားလာတော့..
သစ်တောတွေ ပြုန်းတီး.. လူတွေလည်း.. ရာသီဥတု ပူလောင်တာတွေခံရ၊ မိုးလေ မညီညွတ်တော့.. တောင်သူလယ်သမားတွေလည်း. စိုက်ပျိုးရေး အဆင်မပြေ၊ ဒီပုံစံအတိုင်း ဆက်သွား. နောက်ဆိုရင် ကိုယ့်နိုင်ငံက ထွက်တဲ့ ဆန်စပါးတောင်.. ၀၀ လင်လင် စားဖို့ တော်တော် ရုန်းကန်မှ ထမင်း နပ်မှန်မယ်ဆိုတာ သိထားကြပါ
တောတွေ အပြောင်ရှင်းတော့.. အပူချိန် မြင့်တက်လာတယ် ရေခမ်းခြောက်မှုတွေ ဖြစ်လာတယ်..မြန်မာပြည် အလယ်ပိုင်း ဒေသတွေကို သွားကြည့်..
ရေသောက်ရဖို့ ဘယ်လောက် ပင်ပန်းလည်း ဆိုတာ..
အခုအနေအထားက မြန်မာပြည်က
သူတစ်ပါး တိုင်းပြည်တွေလို သဲကန္တာရထဲ မဟုတ်ပါပဲနဲ့.ရေတောင် ၀၀လင်လင် မသောက်ရဘူး... အနှစ်ပေါင်း ၂၀ ကျော် ဒီ လက်ရှိ အာဏာ ရှင် အုပ်ချုပ်သွာတယ်..
ဘာမှ တိုးတက်အောင် မလုပ်နိုင်ဘူး.. တိုးတက်တယ် မပြောပါနဲ့...တိုးတက်ဖို့ဆိုတာ.. အိမ်နီးနားချင်း ထိုင်းနိုင်ငံ ထက်တောင် အမျးကြီး နိမ့်ကျနေသေးတယ်..
မြန်မာပြည်မှား တိုးတက်နေတာကတော့ ဆင်းရဲမွဲတေမှု၊ ပညာမတတ်မှုနဲ့ အသိဥာဏ် တုံးမှုတွေပဲ..
ကောင်းစားရေး သူတို့ မိသားစုအတွင်းက မထွက်ပဲ.. သူ့မိသားစုတွေကျတော့ ၂၄ နာရီ မီးမပြတ်ပဲ.. ငွေတွေကို ရေလိုသုံးပြီး.. စည်းစိမ်ခံနေကြတယ်.. အကောင်းစား ကျောင်းတွေမှာ အကောင်းစား နိုင်ငံတွေမှာ ပညာတွေ သွားသင်ကြတယ်.. ဒီလိုသင်ပြီး တိုင်းပြည်ကို အကျိုးပြုလိုက်တဲ့ လူကြီး သားသမီး ရှိရင် ပြ၊ ထိုင်းဘုရင့်သမီး သီရီဒုံလိုမျိုး.. တစ်ယောက်မှ ထွက်မလာဘူး..
ဒီလို ပြည်သူကို စေတနာမ၇ှိတဲ့ အစိုးရကို ဖြုတ်ချcဖို့နဲ့ မြန်မာပြည် အတွက် change ကို ရဖို့ လုပ်နေတဲ့နေရာမှာ..
ဆရာတော် ဦးသုမင်္ဂလ စကားငှားသုံရရင်. ယောင်ဝါး ဗုဒ္ဓဘာသာတွေကြောင့်.. အသိဥာဏ်မရှိ စုံလုံးကန်း.. သူများ ပြောတိုင်းယုံနေတဲ့ လူတွေကြောင့် ဒီ ၂ရက်သုံးရက်မှာ.. စိတ်တွေလည်း ပျက်ခဲ့ရတယ်..
မျိုးချစ်တယ်.. မိန်းကလေးတွေကို မျိုးစောင့်စေချင်တယ်ဆိုရင်.. ဆင်းရဲမှုကို ပယ်ဖျက်ပေး၊ သူတို့ မဆင်းရဲအောင် လုပ်ပေး.. ပညာတတ်အောင် လုပ်ပေး၊ အသိဥာဏ်ရှိအောင် လုပ်ပေး.. ဘာသာတရားတွေ ရင်ထဲရောက်အောင် လုပ်ပေး လူတွေရဲ့ စိတ်ဓာတ်ကို အသိဥာဏ်နဲ့ ခွဲခြမ်း စိတ်ဖြာ နိုင်အောင် လုပ်ပေး ဒါမှ မျိုးချစ်တာ ခေါ်တယ်..
၊ အလိုမတူမှ ထွက်ပေါ်လာတဲ့ ခြင်ထောင်ထဲက အသံကို သွားမပြောနေနဲ့ အလိုတူရင် ရှင်တို့ တောင် မသိလိုက်ရဘူး
.နိုင်ငံတကာကို ဆင်းရဲလွန်းလို့.. ငတ်ပြတ်နေလို့.. အိမ်ဖော်သွားလုပ်နေတဲ့ သူတွေ နိုင်ငံတကာမှာ နိုင်ငံတကာက ယောက်ျားတွေ.. အလိုမတူပဲ.. ဆော်ကားခံနေရတာတွေရော သိရဲ့လား.ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မိန်းကလေးတွေ ၇ိုးသားတဲ့မိန်းကရော မရိုးသားတဲ့ မိန်းကလေးတွေရော.. ဒီလို အဖြစ်အပျက်မျိုးတွေ ရှိတာ သိရဲ့လား... အဲ့ဒါ ရှင်တို့မှ မသိပဲ၊ သူတို့ကလည်း မပြောဘူးလေ.. မြင်တာကိုပဲ လုပ်နိုင်မယ် မမြင်တာကိုကျတော့ မလုပ်နိုင်ဘူး..ဘာကြောင့်ဖြစ်လဲ ဆင်းရဲလို့.. ဆင်းရဲလို့ ဒီလို အဖြစ်အပျက်တွေ ဖြစ်နေတာ..
.. လူတိုင်း လူတိုင်း ကိုယ့်ဘ၀နဲ့ ကိုယ် ကိုယ့်ဝမ်းဝဖို့ ကိုယ့်မိသားစု ၀မ်းဝဖို့ နည်းမျိုးစုံနဲ့ ရုန်းကန်နေကြရတဲ့ မိန်းကလေးတွေ ဘယ်လောက်များ အစော်ကား ခံရပြီးပြီးလဲ... ကုလားက စော်ကားမှ အစော်ကားခံရတာလား.. မြန်မာ အချင်းချင်းရော.. ကုလား မဟုတ်တဲ့ အခြားနိုင်ငံသား စော်ကားရင်ရော.. စော်ကားခံရတာ မဟုတ်ဘူးလားး
သူ ဆင်းရဲရင်.. ဆင်းရဲဒဏ် မခံနိုင်ရင်.. ဒီတစ်ခါ မဟုတ်ဘူး နောက်တစ်ခါလည်း ပတ်သက်မှာပဲ.. အဲ့လို မဖြေစ်အောင် မဆင်းရဲအောင် လုပ်ပေး၊ ပညာတတ်အောင် လုပ်ပေး.. အသိဥာဏ်တွေနဲ့ တွေးခေါ်တတ်အောင် လုပ်ပေး..ပညာတတ်ရင်အသိဥာဏ်ရှိရင် ယူပါဆိုရင်တောင် မယူဘူး..
မိန်းကလေးတစ်ယောက်က ပညာတတ်ရင် ကိုယ့်ဘ၀ကို ရပ်တည်နိုင်ရင် အတွေးအခေါ်ရှိလာတယ်.. ဘယ်လမ်းမသွားသင့်ဘူး ဘယ်လို မနေသင့်ဘူးဆိုတာ.. စဉ်းစားတတ်လာတယ်..ဒီလို စဉ်းစား တတ်လာရင်.. အခုလို အဖြစ်အပျက်တွေ ဖြစ်စရာ မ၇ှိဘူး..
ဖြစ်သမျှ မိန်းကလေးတွေကို ကြည့် ကျေးလက်ကဖြစ်ချင်ဖြစ် မဖြစ်ရင် ပညာမတတ်တဲ့ မိန်းကလေးတွေ များတယ်.. ဘာကြောင့်လဲ အဖြေရှာစမ်းပါ..
လူတွေကို အောက်လုံးနည်းတွေနဲ့ မတိုက်ခိုက်ပါနဲ့ ဒီအချိန်း စစ်အစိုးရကို မဖြစ်မနေ ဖြုတ်ချမှ.. သင်တို့ အခုပြေလည်နေတဲ့ ဘ၀လည်း လုံခြုံမှာ ဆိုတာ သဘောပေါက်..
အဲ့လို မဟုတ်ရင် နောင်တစ်ချိန်မှာ.. သူများ ဒုက္ခ ကိုယ့်ဒုက္ခဖြစ်လာနိုင်တယ်.. သဘောပေါက်ကြမ်းစမ်းပါ..
ကျွန်မက ဒေါ်စုအတွက် ပြောနေတာ မဟုတ်ဘူး.. ဒီဆင်းရဲမွဲတေမှုနဲ့ ပညာမတတ်မှုကို.. လုပ်ပေးနိုင်တဲ့ မည်သူ့ကို မဆို..ကြိုဆိုတယ်..
လတ်တလော ကျွန်မ မြင်တာ.. ဒေါ်စုနဲ့ NLD ပဲရှိတယ်.. ဒါက သူတို့ လုပ်နေတဲ့ အလုပ်တွေကို ကြည့်တာ..
လူတစ်ယောက်ကို ပြည်သူရဲ့ ကိုယ်စလှယ်အဖြစ် ရွေးချယ်တော့မယ်ဆိုရင် သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ စိတ်ထားကို ကြည့်ရတယ်..
ဒီလိုပဲစစ်အာဏာရှင်တွေနဲ့ လုပ်ဆောင်ချက်နဲ့ စိတ်ထားကို နှစ်ပေါင်းများစွာကြည့်ခဲ့တယ်..ဒီအချိန်ဟာ ပြောင်းလဲချိန် တန်ပြီ..
ဗုဒ္ဓ ဟောကြားခဲ့တဲ့ အကြောင်းအကျိုး ဆိုတာရော သိလား.. အကျိုးကို မသတ်နဲ့ အကြောင်းကိုသတ်ပါ..
ဘယ်လို အကြောင်းကြောင့် ဒီလိုအကျိုးတွေ ဖြစ်နေလဲ.. စဉ်းစားပါ.အကျိုးတွေပဲ လိုက်သတ်နေရင်တော့.. မဆုံးနိုင်ဘူး. ဒီအကျိုးကို မဖြစ်အောင် ဒီအကြောင်းကို သတ်မှ နောက်ထပ် အကျိုးဆိုတာ မဖြစ်လာတော့မှာ..
ဒီအချိန်မှာအစိုးရဖွဲ့နိုင်တဲ့ပါတီက NLD ပဲရှိတယ အစိုးကိုပြောင်းလဲပစ်ဖို့ဆိုရင် NLD ကိုမဲပေးမှ ရမယ်..အဲ့လိုမဟုတ်ရင်တော့ ကျွန်မတို့ အစိုးရကို ပြောင်းလဲမပြစ်နိုင်ပဲ.. လက်ရှိ အစိုးရနဲ့သာ ဆက်ပြီး စခန်းသွားရပါလိမ့်မယ်.. စဉ်းစားကြပါ..
နားလည်း သိမြင်နိုင်ပါစေ
မေတ္တာဖြင့်
(မေမွန်း)
28.06.15

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။