Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 10, 2017

လူငယ်နှင့်ပတ်ဝန်းကျင်

#လူငယ်နှင့်ပတ်ဝန်းကျင်
#နေဘုန်းလတ်

ကလေးငယ်ဆိုတဲ့ အသက်အရွယ် အပိုင်းအခြားတစ်ခုကို ကျော်လာပြီးတဲ့နောက်မှာတော့ လူငယ်ဆိုတဲ့ အပိုင်းအခြားထဲကို ၀င်လာပါပြီ။ မိမိကိုယ်မိမိ တာဝန်မယူနိုင်သေးတဲ့အချိန်၊ မိမိရဲ့ပတ်ဝန်းကျင်ကို မိမိကိုယ်တိုင် မရွေးချယ်နိုင်သေးတဲ့အချိန်တွေမှာ မိဘတွေနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေ အသက်ကြီးလာပြီး ဆယ်ကျော်သက်အရွယ် လူငယ်ဖြစ်လာပြီဆိုရင်တော့ မိဘနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတို့ရဲ့ တာဝန်ယူလိုမှုနဲ့ လူငယ်တွေရဲ့ မိမိကိုယ်မိမိ တာဝန်ယူချင်မှုကြားမှာ ပဋိပက္ခတချို့ ရှိလာတတ်ပါတယ်။ ကလေးငယ်အဖြစ်ကနေ လူငယ်ဘ၀ကို တရွေ့ရွေ့ချဉ်းကပ်လာချိန်မှာတော့ မိဘနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေအနေနဲ့ မိမိတို့ရဲ့တာဝန်ယူမှုကို လူငယ်တွေအနေနဲ့ သူတို့ကိုယ်သူတို့ တာဝန်ယူနိုင်မှုဆီရောက်သွားအောင် တဖြည်းဖြည်း ကူးပြောင်းပေးသင့်ပါတယ်။ လူငယ်တွေအနေနဲ့ကလည်း မိမိအပေါ် မိမိနဲ့ထိစပ်နေသော ပတ်ဝန်းကျင်တစ်ခုက သက်ရောက်လာတဲ့ သက်ရောက်မှုတွေကို မှန်မှန်ကန်ကန်နဲ့ လက်ခံတုံ့ပြန်မှုတွေ လုပ်နိုင်ဖို့အတွက် စိတ်ခံအားတစ်ခုတော့ ရှိနေဖို့ လိုပါလိမ့်မယ်။ ခန္ဓာကိုယ်ပေါ်ကျရောက်လာမယ့် ရောဂါပိုးမွှားတွေအတွက် ကိုယ်ခံအားကောင်းနေဖို့လိုသလို မိမိရဲ့ စိတ်သန္တာန်အပေါ်ကျရောက်လာနိုင်တဲ့ Virus တွေကို ခုခံတွန်းလှန်ဖို့အတွက် စိတ်ခံအားကောင်းနေဖို့ လိုပါတယ်။

#သိမှတ်မှုအစုအဝေး
လူတိုင်းလူတိုင်းဟာ မိမိရဲ့ သိမှတ်မှုအစုအဝေး (Mindset) ကို ကိုယ်တိုင်တည်ဆောက်ကြရပါတယ်။ တချို့ကျတော့ စနစ်တကျတည်ဆောက်ပြီး တချို့တွေကျတော့ မသိလိုက်မသိဘာသာပဲ တည်ဆောက်ကြပါတယ်။ သိသိ မသိသိ ကျွန်တော်တို့အားလုံးမှာ ကျွန်တော်တို့ကိုယ်တိုင် တည်ဆောက်ထားတဲ့ သိမှတ်မှုအစုအဝေး (Mindset)တစ်ခုစီ ရှိကြပါတယ်။ ဘယ်လိုတည်ဆောက်သလဲဆိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ပတ်ဝန်းကျင်တွေ၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ဖြတ်သန်းမှုတွေ၊ ကျွန်တော်တို့ ဖတ်မှတ်လေ့လာဖူးတဲ့ အသိပညာ၊ အတတ်ပညာတွေ၊ ကျွန်တော်တို့ ဆုံတွေ့ပေါင်းဖော်ဖူးကြတဲ့လူတွေ၊ ကျွန်တော်တို့ရဲ့ဘ၀အတွေ့အကြုံတွေထဲကရတဲ့ အုတ်ချပ်၊ သဲပွင့်၊ သွပ်တို့၊ သံတို့နဲ့ အလားသဏ္ဌာန်တူသော သိမှတ်မှုတွေနဲ့ Mindset တွေကို တည်ဆောက်ကြပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာပဲဖြစ်ဖြစ်၊ စိတ်ခံအားနည်းတဲ့သူတွေမှာပဲဖြစ်ဖြစ် အဲဒီ Mindset ဟာ တစ်စုံတစ်ရာခိုင်မာမှုမရှိသေးတဲ့ အနေအထားဖြစ်တာကြောင့် ပတ်ဝန်းကျင်ကပေးတဲ့ သိမှတ်မှုတွေက မိမိကို လွှမ်းမိုးပြီး မိမိရဲ့စိတ်မှာ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ရှင်းရှင်းပြောရရင် ပတ်ဝန်းကျင်ကနေ ကိုယ့်ကို ပြောင်းလဲပစ်လိုက်တာပါ။ ပတ်ဝန်းကျင်က ပြုလုပ်သူ(Subject) ဖြစ်ပြီး ကိုယ်က အပြုခံ(Object) သဘောမျိုးပါ။

#စိတ်ခံအားကောင်းကြစေချင်ပါတယ်
နောက်ပိုင်း အတိုင်းအတာတစ်ခုအထိ အရွယ်ရောက်လာပြီး မိမိမှာ မိမိကိုယ်တိုင်တည်ဆောက်ထားသော၊ အခြေခိုင်သောသိမှတ်မှု အစုအဝေး(Mindset) တစ်ခုရှိလာတဲ့အခါမျိုး၊ ပြီးတော့ စိတ်ခံအားတစ်ခု ပိုင်ပိုင်နိုင်နိုင် တည်ဆောက်ထားနိုင်ပြီး ဖြစ်တဲ့အခါမျိုးတွေမှာတော့ ပတ်ဝန်းကျင်ကပေးတဲ့ သိမှတ်မှုတွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူမခံတော့ဘဲ ချိန်ထိုးစဉ်းစားမှုတွေ၊ တန်ပြန်မေးခွန်းထုတ်မှုတွေ၊ အသစ်ရှာဖွေမှုတွေကို လုပ်နိုင်လာပါတယ်။ တကယ်လို့ ပတ်ဝန်းကျင်ကပေးတဲ့ သိမှတ်မှုမှာ ကိုယ်လက်ခံနိုင်စရာပါရင်လည်း ကိုယ့်သိမှတ်မှုထဲ ပေါင်းထည့်လိုက်ပါတယ်။ ကိုယ် ငြင်းပယ်စရာပါရင်လည်း လက်မခံဘဲ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါတယ်။ ပတ်ဝန်းကျင်ရဲ့သိမှတ်မှုဟာ မဖြစ်သင့်ဘူးလို့ မြင်လာရင်လည်း ကိုယ့်ရဲ့စိတ်ခံအားကို အခြေပြုပြီး ပတ်ဝန်းကျင်ရဲ့ သိမှတ်မှုကို ပြန်ပြီးတော်လှန်ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ ကိုယ်ဟာ အပြုခံ(Object) သက်သက်မဟုတ်တော့ဘဲ လိုအပ်ရင် ပြုလုပ်သူ (Subject) နေရာဝင်ယူပြီး ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲပစ်နိုင်အောင် ကြိုးစားသူအဖြစ် ရပ်တည်ပါတယ်။ ဒါကြောင့် လူနဲ့ သူ့ရဲ့ပတ်ဝန်းကျင်ဟာ အပြန်အလှန် သက်ရောက်မှုတွေကို Vise Visa သဘောမျိုး ပေးနေပါတယ်။ အခြားသူတွေဟာ မိမိရဲ့ပတ်ဝန်းကျင်ဖြစ်ပြီး မိမိကိုယ်တိုင်ဟာလည်း အခြားသူတွေရဲ့ပတ်ဝန်းကျင် ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ အခုလို နည်းပညာခေတ်ကြီးထဲမှာ ပတ်ဝန်းကျင်ပေါင်းများစွာက မိမိရဲ့စိတ်ကို သိမှတ်မှုပေါင်းများစွာနဲ့ ထိုးဖောက်သွတ်သွင်းဖို့ ကြိုးစားကြတာကို ခေတ်လူငယ်တိုင်း ကြုံကြရမှာပါ။ ပတ်ဝန်းကျင် ပုံသွင်းသမျှ အများအလိုကျ ပုံလိုက်ပြောင်းပေးရတဲ့ ဖယောင်းရုပ်လို လူတွေမဖြစ်စေဖို့ လူငယ်တွေကို စိတ်ခံအားကောင်းကြစေချင်ပါတယ်။

#မိမိရဲ့စိတ်ဟာမိမိရဲ့ပတ်ဝန်းကျင်ကောင်း
ကိုယ့်အနားမှာ ဘယ်သူမှမရှိတဲ့အတွက် ကိုယ့်မှာပတ်ဝန်းကျင် မရှိဘူးလို့ ပြောလို့မရပါဘူး။ မိမိဘေးမှာ သစ်ပင်လေးတစ်ပင်၊ ပုရွက်ဆိတ်လေးတစ်ကောင်၊ စမ်းချောင်းလေးတစ်ခု၊ ဂစ်တာလေးတစ်လက် စသဖြင့် ရှိနေတာတွေဟာလည်း မိမိရဲ့ ပတ်ဝန်းကျင်တွေပဲလို့ မှတ်ယူသင့်ပါတယ်။ အဲဒီလို သဘာဝပတ်ဝန်းကျင်တွေအတွက်လည်း မိမိဟာ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့ ကြိုးစားကြသင့်ပါတယ်။ နောက်ဆုံး ကိုယ့်အနားမှာ ဘာဆိုဘာမှမရှိဘဲ အခန်းကျဉ်းတစ်ခုတည်းမှာ ကိုယ်တစ်ယောက်တည်း ရှိနေပြီဆိုရင်တောင် မိမိနဲ့အတူ မိမိရဲ့စိတ် ရှိနေသေးတယ်ဆိုတာကို သတိရစေချင်ပါတယ်။ မိမိရဲ့စိတ်ဟာလည်း မိမိအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်သင့်ပါတယ်။ စိတ်နဲ့ကိုယ် ရန်ဖြစ်ပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြတဲ့သူတွေကို တွေ့ဖူးကြမယ် ထင်ပါတယ်။

#မိမိကိုယ်မိမိပျိုးထောင်ကြစေချင်ပါတယ်
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်ရဲ့ ဆိုးသွမ်းသောသက်ရောက်မှုတွေမှာ ဘ၀ပျက်ရလောက်တဲ့အထိ ဖြစ်မသွားရအောင် မိမိရဲ့ကိုယ်ပိုင်စိတ်ခံအားတစ်ခုကို ပိုင်ပိုင်နိုင်နိုင် တည်ဆောက်ထားကြစေချင်ပါတယ်။ လိုအပ်ရင် ဆိုးရွားသောပတ်ဝန်းကျင်ကို ကောင်းသောအနေအထား တစ်ခုရောက်အောင် ပြောင်းလဲပစ်နိုင်စွမ်းသော လူစွမ်းကောင်းတွေ ဖြစ်လာတဲ့အထိ မိမိကိုယ်မိမိ ပျိုးထောင်ကြစေချင်ပါတယ်။ အိန္ဒိယခေါင်းဆောင်ကြီး နေရူးပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ခေတ်ကာလကြီးက မကောင်းဘူး။ ဟုတ်တယ် ... ဒါပေမဲ့ အဲဒါကို ပိုကောင်းအောင်လုပ်ဖို့ အဲဒီနေရာမှာ မင်းရှိနေတယ် (The time is bad. Well, but you are there to make it better)”တဲ့။ လူငယ်တွေ မိမိကိုယ်မိမိ ကောင်းသောပတ်ဝန်းကျင်တွေအဖြစ် ပျိုးထောင်ကြရင်း မကောင်းသောပတ်ဝန်းကျင်တွေထဲကို ပြောင်းလဲအစားထိုးနိုင်ကြပါစေ။

ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။
ဉာဏ်ပညာကို တန်ဖိုးထားပါ။
အနုပညာကို ခံစားတတ်ပါစေ။
#နေဘုန်းလတ်

(ဆရာနေဘုန်းလတ်ရေးသားသော "လူနှင့် သူ၏ပတ်ဝန်းကျင်" ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
Eternal Light Magazine
December 2016
#လူငယ်နှင့်ပတ်ဝန်းကျင်ကောင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။