( ကွန်ပျူတာရှေ့မှာ အချိန်ပြည့် ထိုင်ပြီး အလုပ်လုပ်နေတဲ့ သူတွေအတွက် အသုံးဝင်မှာပါ။)
၁) ငါးများများစားပေးပါ။ ငါးများမှာမျက်ခုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။
၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို့၊စက်ပြင်ဆရာတို့ဆိုရင်လည်းအကာအကွယ်မျက်မှန်တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို့ ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။
၃) ကားမောင်းစဉ် ခေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက်လောက်အထိကိုချိန်ထားပါ။ မျက်နှာတည့်တည့်ထားရင်လေအေးပေးစက်ကထွက်လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတက်တယ်။ ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ထားပါ။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးတက်ရုံမက ကြာရင်မျက်စိပါကွယ်သွာဒးနိုင်ပါတယ်။
၎) ဟင်ချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိတိမ်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို့ပါ။
၅) အိမ်အပြင်နေကူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။
၆) ညစာစားတဲ့အခါ စိမ်းစာဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။
၇) ညအိပ်ရာမဝင်ခင် မျက်စိတစ်ဝိုက်နားက မိတ်ကပ်တွေဖယ်ရှားပေးပါ။မိတ်ကပ်အပိုင်းအစကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွားနိုင်တယ်။
၈) သန့်ရှင်းတဲ့မျန်နှာသူတ်ပုဝါကို သုံးပါ။ အခြားသူတွေသုံးတဲ့မျက်နှသူတိပုဝါကို မသုံးပါနဲ့။conjunctivitus လို့ခေါ်တဲ့ကူးစက်မြန်မျက်စိရောဂါဖြစ်စေတယ်။
၉) စာဖတ်စာကျက်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင် မိနစ် သုံးဆယ်ပြည့်တိုင်း စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို စက္ကန့် သုံးဆယ်လောက်ကြည့်သင့်တယ်။(နာရီသံပတ်ပေးပြီးနှိုးဆော်ပါ)
၁၀) တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်းသင့်တယ်။သွေးပေါင်ချိန်မြင့်ရင် မျန်စိထဲက သွေးကြောတွေကို ဒုက်ခပေးနိုင်တယ်။
၁၁) စပယ်နဲ့ပါတဲ့ ရေမွှေးကို သုံးပေးရင်မျက်စိအားကောင်းတယ်။ စပယ်ပန်းရနံ့ဟာ ဦးနှောက်ရှေ့ပိုင်းက beta လှိုင်း တွေကို ဖြစ်ပေါ်စေပြီးနိုးကြားထက်မြက်မှုနဲ့ မျက်စိအားကောင်းခြင်းတို့ကို ဖြစ်စေတယ်။
၁၂) ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကိုသုံးပါ။ အရောင်သွေဖယ်မှုနည်းတယ်။ ယာဉ်ကောင်တဲ့အခါ ပိုအရေးကြီးတယ်။
၁၃) အငန်လျှော့စားသင့်တယ်။အငန်ဓါတ်များရင်မျက်စိမှာတိမ်ဖြစ်ဖို့ အခြေအနေပိုပေးတက်တယ်။ဆားလျှော့စားပါ။
http://www.thutazone.com/2016/12/blog-post_89.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။