ကြားမဝင်ကြနဲ့နော် :-P
"ဒါမှ ငါ့ယောက်ျားကွ...ချစ်လိုက်တာ မွမွ"
ဖီလင်လပ်ဆိုပြီး ယောက်ျားလုပ်သူ အဝတ်လျှော်
မီးပူတိုက်နေတဲ့ပုံတွေကို မိန်းမလုပ်သူက
ဖေ့စဖုတ်ပေါ်တင်တယ်...
ဒါကို ယောက္ခထီးလုပ်သူက မြင်တော့
"ငါ့သားများ ငါ့တုန်းကနဲ့တော့ ကွာပကွာ"
ဖီလင်အမေဇင်ဆိုပြီး ချွေးမလုပ်သူတင်ထားတဲ့
ပုံတွေကို သူ့မိန်းမကို တက်လုပ်ပြီး ပြန်ရှဲတယ်...
ဟော အဲ့ဒါကို ယောက္ခမလုပ်သူက မြင်တော့
သူ့သားကို ဒီလောက်တောင် ခိုင်းနေရလားဆိုပြီး
"မိန်းမကောင်းဆိုတာ လင်ယောက်ျားကို
အဲ့လောက်မခိုင်းစားသင့်ဘူး" ဆိုပြီး ဝင်မန့်တယ်...
အဲ့ဒီလို ယောက္ခမက ဝင်မန့်ထားတာကို
ယောက်မလုပ်သူကပါ သူ့အမေကွန်းမန့်ကို လိုက်လုပ်ပြီး
"ကိုကြီးဘဝက သနားစရာစွန်းကောင်းတယ် မာမီ"
ဆိုပြီး ရက်ပလိုင်းဝင်ရေးတယ်
မတ်လုပ်သူကလည်း ဟားဟား စတစ်ကာဝင်မန့်တယ်...
အဲ့ဒါကို ခမည်းခမက်လုပ်သူတွေလည်းမြင် ရော
"ကလေးတွေကိစ္စ လူကြီးတွေဝင်မပါသင့်ဘူး"ဆို ပြီး
ဝင်မန့်တယ်...အဲ့ဒါကို မရီးလုပ်သူက လိုက်လုပ်တယ်
လှောင်ပြုံးပြုံးနေတဲ့ စတစ်ကာရက်ပလိုင်းလုပ်တယ်..
အဲ့ဒီမှာ မိန်းမဘက်က ဝမ်းကွဲအမတွေက
တစ်မျိုးလုံးကို မန်းရှင်းခေါ်ပြီး
"ပွဲကောင်းနေတယ် ဖျာလာခင်းကြ"ဆိုပြီး
ဝင်မန့်သွားတယ်...
အဲ့ဒါကိုမြင်တော့ ယောက်ဖလုပ်သူကပါ
မူးမူးနဲ့ ဝင်လာပြီး "အားလုံး ယီးပဲကွာ ဖက်ခ်"ဆိုပြီး
အသားလွတ်ဝင်ဆဲတယ် အဲ့ဒီမှာ
ဟိုဘက်က အဒေါ်လုပ်သူကလည်း
"အမယ်လေး အဆင့်မရှိတဲ့ ကလေကဝအမျိုးတွေ"
ဆိုပြီး ထပ်မန့်တယ်...
အဲ့ဒီမှာ မြေးမပေါက်စလေးတွေကပါ
ယောက်ျားလုပ်သူ အရင်ကတည်းက ကြမ်းတိုက်
တံမြက်စည်းလှဲ ဟင်းချက်နေတဲ့ပုံတွေကို
စကရင်ရှော့တွေရိုက်ပြီး "အခုမှမဟုတ် အစကတည်းက
ဒီလိုလုပ်လာတာ တွေ့ကြလား" ဆိုပြီး ထပ်ဖွတယ်...
ဒီဘက်က ဦးလေးတွေကလည်း
အထောက်အထားတွေ စကားပုံတွေ အကိုးအကားတွေနဲ့
"ဒီလိုတော့ မလုပ်သင့်ဘူး ငါ့တူမရဲ့ စာများများဖတ်"
ဆိုပြီး ထပ်မန့်တယ်...
အဲ့ဒီမှာ ယောက်ျားဘက်က သူငယ်ချင်းတွေကလည်း
"ငါ့ကောင်ကြီး မယကဥက္ကဌဖြစ်နေပြီပေါ့"ဆိုပြီး
ဆေးဝင်ထိုးတယ် မိန်းမဘက်က ဘော်ဒါတွေကလည်း
"အားကျလိုက်တာဟယ် တကယ်လေးစားတယ်"ဆိုပြီး
မိန်းမလုပ်သူဘက်က ဝင်မြှောက်ကြတယ်...
အဲ့ဒီမှာနောက်ဆုံး တစ်ဖက်နဲ့ တစ်ဖက် အမျိုးတွေ
အန်ကြတယ် "ဟင် နင်တို့ကတောင် အန်သေးတာ
ငါတို့ကလည်း ဘော့တယ်ဟယ်"ဆိုပြီး ဘော့ကြတယ်
ဘော့ရုံနဲ့တင် အားမရဘဲ ဖုန်းနံပါတ်တွေပါ
ဘလက်လစ်လုပ်ပစ်ကြတယ်
သေခန်းဖြတ်လိုက်ကြတယ်...
တစ်ဖက်နဲ့ တစ်ဖက် ရေကုန်ရေခမ်းနွှဲနေကြတဲ့
အဲ့လိုအချိန်မှာ လင်မယားနှစ်ယောက်ကတော့
သူတို့အကောင့်လေးတွေကို တိုးတိုးတိတ်တိတ်
ဒီအက်တီဘိတ်လုပ်ပြီး ကြည်ကြည်နူးနူးနဲ့
အိပ်ယာဝင်သွားကြပါတယ်တဲ့
ပုံပြင်လေးကတော့ ဒါပါပဲ...
(အားနေလို့ လက်ဆော့ထားတာပါ...)
Wai Phyo Maung
"ဒါမှ ငါ့ယောက်ျားကွ...ချစ်လိုက်တ
ဖီလင်လပ်ဆိုပြီး ယောက်ျားလုပ်သူ အဝတ်လျှော်
မီးပူတိုက်နေတဲ့ပုံတွေကို မိန်းမလုပ်သူက
ဖေ့စဖုတ်ပေါ်တင်တယ်...
ဒါကို ယောက္ခထီးလုပ်သူက မြင်တော့
"ငါ့သားများ ငါ့တုန်းကနဲ့တော့ ကွာပကွာ"
ဖီလင်အမေဇင်ဆိုပြီး ချွေးမလုပ်သူတင်ထားတဲ့
ပုံတွေကို သူ့မိန်းမကို တက်လုပ်ပြီး ပြန်ရှဲတယ်...
ဟော အဲ့ဒါကို ယောက္ခမလုပ်သူက မြင်တော့
သူ့သားကို ဒီလောက်တောင် ခိုင်းနေရလားဆိုပြီး
"မိန်းမကောင်းဆိုတာ လင်ယောက်ျားကို
အဲ့လောက်မခိုင်းစားသင့်ဘူး"
အဲ့ဒီလို ယောက္ခမက ဝင်မန့်ထားတာကို
ယောက်မလုပ်သူကပါ သူ့အမေကွန်းမန့်ကို လိုက်လုပ်ပြီး
"ကိုကြီးဘဝက သနားစရာစွန်းကောင်းတယ် မာမီ"
ဆိုပြီး ရက်ပလိုင်းဝင်ရေးတယ်
မတ်လုပ်သူကလည်း ဟားဟား စတစ်ကာဝင်မန့်တယ်...
အဲ့ဒါကို ခမည်းခမက်လုပ်သူတွေလည်းမြင်
"ကလေးတွေကိစ္စ လူကြီးတွေဝင်မပါသင့်ဘူး"ဆို
ဝင်မန့်တယ်...အဲ့ဒါကို မရီးလုပ်သူက လိုက်လုပ်တယ်
လှောင်ပြုံးပြုံးနေတဲ့ စတစ်ကာရက်ပလိုင်းလုပ်တယ်..
အဲ့ဒီမှာ မိန်းမဘက်က ဝမ်းကွဲအမတွေက
တစ်မျိုးလုံးကို မန်းရှင်းခေါ်ပြီး
"ပွဲကောင်းနေတယ် ဖျာလာခင်းကြ"ဆိုပြီး
ဝင်မန့်သွားတယ်...
အဲ့ဒါကိုမြင်တော့ ယောက်ဖလုပ်သူကပါ
မူးမူးနဲ့ ဝင်လာပြီး "အားလုံး ယီးပဲကွာ ဖက်ခ်"ဆိုပြီး
အသားလွတ်ဝင်ဆဲတယ် အဲ့ဒီမှာ
ဟိုဘက်က အဒေါ်လုပ်သူကလည်း
"အမယ်လေး အဆင့်မရှိတဲ့ ကလေကဝအမျိုးတွေ"
ဆိုပြီး ထပ်မန့်တယ်...
အဲ့ဒီမှာ မြေးမပေါက်စလေးတွေကပါ
ယောက်ျားလုပ်သူ အရင်ကတည်းက ကြမ်းတိုက်
တံမြက်စည်းလှဲ ဟင်းချက်နေတဲ့ပုံတွေကို
စကရင်ရှော့တွေရိုက်ပြီး "အခုမှမဟုတ် အစကတည်းက
ဒီလိုလုပ်လာတာ တွေ့ကြလား" ဆိုပြီး ထပ်ဖွတယ်...
ဒီဘက်က ဦးလေးတွေကလည်း
အထောက်အထားတွေ စကားပုံတွေ အကိုးအကားတွေနဲ့
"ဒီလိုတော့ မလုပ်သင့်ဘူး ငါ့တူမရဲ့ စာများများဖတ်"
ဆိုပြီး ထပ်မန့်တယ်...
အဲ့ဒီမှာ ယောက်ျားဘက်က သူငယ်ချင်းတွေကလည်း
"ငါ့ကောင်ကြီး မယကဥက္ကဌဖြစ်နေပြီပေါ့"ဆိုပြ
ဆေးဝင်ထိုးတယ် မိန်းမဘက်က ဘော်ဒါတွေကလည်း
"အားကျလိုက်တာဟယ် တကယ်လေးစားတယ်"ဆိုပြီး
မိန်းမလုပ်သူဘက်က ဝင်မြှောက်ကြတယ်...
အဲ့ဒီမှာနောက်ဆုံး တစ်ဖက်နဲ့ တစ်ဖက် အမျိုးတွေ
အန်ကြတယ် "ဟင် နင်တို့ကတောင် အန်သေးတာ
ငါတို့ကလည်း ဘော့တယ်ဟယ်"ဆိုပြီး ဘော့ကြတယ်
ဘော့ရုံနဲ့တင် အားမရဘဲ ဖုန်းနံပါတ်တွေပါ
ဘလက်လစ်လုပ်ပစ်ကြတယ်
သေခန်းဖြတ်လိုက်ကြတယ်...
တစ်ဖက်နဲ့ တစ်ဖက် ရေကုန်ရေခမ်းနွှဲနေကြတဲ့
အဲ့လိုအချိန်မှာ လင်မယားနှစ်ယောက်ကတော့
သူတို့အကောင့်လေးတွေကို တိုးတိုးတိတ်တိတ်
ဒီအက်တီဘိတ်လုပ်ပြီး ကြည်ကြည်နူးနူးနဲ့
အိပ်ယာဝင်သွားကြပါတယ်တဲ့
ပုံပြင်လေးကတော့ ဒါပါပဲ...
(အားနေလို့ လက်ဆော့ထားတာပါ...)
Wai Phyo Maung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။