သင့်ကလေးကို ရွေးချယ်တတ်အောင်ဘယ်လိုပျိုးထောင်မလဲ
++++++++++++++++++++++++++ ++++++++++
ဘ၀ဆိုတာတိုက်ပွဲ၊ ဘ၀ဆိုတာ ခရီး စသည်ဖြင့် တင်စားပြောဆို ရေးသားလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာ ဘ၀ဆိုတာ “ ရွေးချယ်မူ ” လို့ တင်စားရေးသားလာကြပါတယ်။ မှန်ပါတယ်။ ဘ၀ခရီးလမ်းတလျှောက်မှာ ပညာသင်ကြားတာပဲဖြစ်ဖြစ်၊ အလုပ်ရွေးချယ်တာပဲဖြစ်ဖြစ် ၊ ဘ၀ခရီးဖေါ် ရှာတဲ့အခါပဲဖြစ်ဖြစ် တစ်ခုခု ရွေးချယ်လိုက်ရင် ဘ၀လမ်းကြောင်းတစ်ခုလုံး လမ်းကြောင်းပြောင်းလဲသွားတတ်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောစရာရှိပါတယ်။ မိဘစီမံရာ ဆိုတာလည်း ရွေးချယ်မူ
တစ်မျိုးပါ။ ဒီလိုဆိုရင် ကလေးများ ငယ်စဉ်ကစလို့ ရွေးချယ်တတ်အောင်
ပျိုးထောင်ထားဖို့ လိုပါတယ်။ ဘယ်လိုပျိုးထောင်မလဲ၊
ဆွေးနွေးကြရအောင်.........
၁။ ကလေးများကို အကဲစမ်းရဲအောင်၊ စွန့်စားရဲအောင် အားပေးအားမြောက်ပြုသင့်သလို ကိုယ့်ရွေးချယ်မူ အပေါ် တာဝန်ယူရဲတဲ့စိတ်ပါ တပါတည်း ပျိုးထောင်ပေးထားရပါမယ်။
၂။ ကလေးရဲ့ နိုက်နိုက်ချွတ်ချွတ် သိလိုစိတ်၊ စူးစမ်းလိုစိတ် များကို ပျိုးထောင်ပေးထားပါ။ ဘာမဆို မသင်ပေးပါနဲ့၊ သူတို့ဟာသူတို့ စမ်းကြည့်ပါစေ။ ဆုံးရူံးသွားရင်လည်း ကိစ္စမရှိပါ။
၃။ ကလေးများကို သင့်တော်တဲ့ ရွေးချယ်ခွင့် အမြဲပေးပါ။ ကလေးများ ကိုယ့်အရှင်သခင်ဖြစ်ပါစေ။
၎။ ကလေးများကို အပြည့်အ၀ ယုံကြည်ပါ။ ယုံကြည်ခြင်းဟာ အပြစ်ပေးဒဏ်ခတ်ခြင်းထက် ကလေးများကို တာဝန်သိစိတ်ပိုမို ဖြစ်ထွန်းစေပါတယ်။
၅။ အောင်မြင်ဖို့ ဆိုတာ အတွေ့အကြုံ လိုအပ်တတ်ပါတယ်။ အတွေ့အကြုံဆိုတာ အမှားထဲက လာပါတယ်။ ဒါကြောင့်မို့လို့ အမှားလုပ်မိလို့၊ ဆုံးရူံးမိလို့ အတွေ့အကြုံသင်နိုင်ရင် အကောင်းဆုံးပါ။ ရွေးချယ်မူကြောင့်ဖြစ်ပေါ်လာ တဲ့ အကျိုးအကြောင်းများဟာ ကလေးများကို တာဝန်ယူရဲတဲ့စိတ် ပျိုးထောင်ပေးပါတယ်။
၆။ ကလေးများစိတ်ကူးယဉ်မယ်။ လေပေါ်မှာတိုက်အိမ်ဆောက်ခဲ့ မယ်ဆိုရင်
မိဘများအနေနဲ့ ငြိမ်ငြိမ်လေး နားထောင်ပေးပါ။ လက်တွေ့မဆန်ဘူးဆိုပြီး
သွားမတားလိုက်ပါနဲ့၊ အကြီးအကျယ်ထူးချွန်တဲ့ လူတော်တော်များများဟာ
စိတ်ကူးယဉ်ကနေ စတင်ပါတယ်။
၇။ ကလေးများရဲ့ အနာဂတ်ကို စီစဉ်တဲ့အခါ မိဘများ မလောလိုက်ပါနဲ့၊ အတတ်နိုင်ဆုံး ကလေးနဲ့ တိုင်ပင်ပါ။ သူတို့ စိတ်တွင်းထဲက စကားကို နားထောင်ပေးပါ။ ကလေးနဲ့အတူ စီစဉ်ပါ။ မိဘများရဲ့ အတွေးခေါ်နဲ့ အတင်းမလုပ်လိုက်ပါနဲ့။ မိဘများရဲ့ အကောင်းမွန်ဆုံးလို့ ထင်မြင်ယူဆထားတဲ့လမ်းကြောင်းဟာ ကလေးဘ၀အတွက် အတားအဆီးဖြစ်နေတတ်ပါတယ်။
၈။ ကလေးများ အတွေ့အကြုံ ရစေဖို့ အခွင့်အရေးဖန်တီးပေးပါ။ ပြပွဲအမျိုးမျိုး ခေါ်သွားပါ။ ကလေးများ နားလည်တဲ့အရွယ်ဖြစ်ရင် ဟောပြောပွဲတို့၊ စာပေပွဲတော်တို့ ခေါ်သွားပေးပါ။ ကလေးများနဲ့အတူ မိသားစု ခရီးသွားပေးပါ။ ကလေးနည်းနည်းကြီးတဲ့ အရွယ်ဖြစ်ရင် အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ အတူ စုဆောင်းပြီး အတူ ဆွေးနွေးပေးပါ။
Ref: WeChat
++++++++++++++++++++++++++
ဘ၀ဆိုတာတိုက်ပွဲ၊ ဘ၀ဆိုတာ ခရီး စသည်ဖြင့် တင်စားပြောဆို ရေးသားလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာ ဘ၀ဆိုတာ “ ရွေးချယ်မူ ” လို့ တင်စားရေးသားလာကြပါတယ်။ မှန်ပါတယ်။ ဘ၀ခရီးလမ်းတလျှောက်မှာ ပညာသင်ကြားတာပဲဖြစ်ဖြစ်၊ အလုပ်ရွေးချယ်တာပဲဖြစ်ဖြစ်
၁။ ကလေးများကို အကဲစမ်းရဲအောင်၊ စွန့်စားရဲအောင် အားပေးအားမြောက်ပြုသင့်သလို
၂။ ကလေးရဲ့ နိုက်နိုက်ချွတ်ချွတ် သိလိုစိတ်၊ စူးစမ်းလိုစိတ် များကို ပျိုးထောင်ပေးထားပါ။ ဘာမဆို မသင်ပေးပါနဲ့၊ သူတို့ဟာသူတို့ စမ်းကြည့်ပါစေ။ ဆုံးရူံးသွားရင်လည်း ကိစ္စမရှိပါ။
၃။ ကလေးများကို သင့်တော်တဲ့ ရွေးချယ်ခွင့် အမြဲပေးပါ။ ကလေးများ ကိုယ့်အရှင်သခင်ဖြစ်ပါစေ။
၎။ ကလေးများကို အပြည့်အ၀ ယုံကြည်ပါ။ ယုံကြည်ခြင်းဟာ အပြစ်ပေးဒဏ်ခတ်ခြင်းထက် ကလေးများကို တာဝန်သိစိတ်ပိုမို ဖြစ်ထွန်းစေပါတယ်။
၅။ အောင်မြင်ဖို့ ဆိုတာ အတွေ့အကြုံ လိုအပ်တတ်ပါတယ်။ အတွေ့အကြုံဆိုတာ အမှားထဲက လာပါတယ်။ ဒါကြောင့်မို့လို့ အမှားလုပ်မိလို့၊ ဆုံးရူံးမိလို့ အတွေ့အကြုံသင်နိုင်ရင် အကောင်းဆုံးပါ။ ရွေးချယ်မူကြောင့်ဖြစ်ပေါ်လာ
၆။ ကလေးများစိတ်ကူးယဉ်မယ်။ လေပေါ်မှာတိုက်အိမ်ဆောက်ခဲ့
၇။ ကလေးများရဲ့ အနာဂတ်ကို စီစဉ်တဲ့အခါ မိဘများ မလောလိုက်ပါနဲ့၊ အတတ်နိုင်ဆုံး ကလေးနဲ့ တိုင်ပင်ပါ။ သူတို့ စိတ်တွင်းထဲက စကားကို နားထောင်ပေးပါ။ ကလေးနဲ့အတူ စီစဉ်ပါ။ မိဘများရဲ့ အတွေးခေါ်နဲ့ အတင်းမလုပ်လိုက်ပါနဲ့။ မိဘများရဲ့ အကောင်းမွန်ဆုံးလို့ ထင်မြင်ယူဆထားတဲ့လမ်းကြောင်
၈။ ကလေးများ အတွေ့အကြုံ ရစေဖို့ အခွင့်အရေးဖန်တီးပေးပါ။ ပြပွဲအမျိုးမျိုး ခေါ်သွားပါ။ ကလေးများ နားလည်တဲ့အရွယ်ဖြစ်ရင် ဟောပြောပွဲတို့၊ စာပေပွဲတော်တို့ ခေါ်သွားပေးပါ။ ကလေးများနဲ့အတူ မိသားစု ခရီးသွားပေးပါ။ ကလေးနည်းနည်းကြီးတဲ့ အရွယ်ဖြစ်ရင် အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ အတူ စုဆောင်းပြီး အတူ ဆွေးနွေးပေးပါ။
Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။