ပညာရှိကြီးရဲ့ ဆရာ (၃) ယောက်
-------------------------- -
တစ်ခါတုန်းက နာမကျန်းဖြစ်ပြီး သူ့ရဲ့နောက်ဆုံးနေ့ရက်တွေဆီ ကို ရောက်ရှိလို့လာတဲ့ ပညာရှိသူတော်စင်ကြီးတစ်ယောက်ကို တပည့်တစ်ယောက်က မေးလိုက်တယ်။
" သိခွင့်ရှိရင် ဆရာ့ရဲ့ ဆရာအကြောင်း သိချင်မိပါတယ် ဆရာ"
" ငါ့တပည့်! တကယ်ဆို ဆရာသင်ယူဆည်းပူးခဲ့ရတဲ့ ဆရာတွေက များပြားလွန်းလှတဲ့အတွက် ဆရာတစ်ယောက်ချင်းစီရဲ့ အကြောင်းပြောပြဖို့ရင် လတွေ နှစ်တွေနဲ့ချီပြီးကြာမြင့်ေ နလိမ့်မယ်။ ဒါကြောင့် သင်ယူဆည်းပူးခဲ့ရတဲ့အထဲက အရေးအကြီးဆုံးနဲ့ အမှတ်အရဆုံး ဆရာ(၃)ယောက်အကြောင်း တပည့်ကို ဆရာပြောပြမယ်"
ပထမဆုံးဆရာ
************
ဆရာရဲ့ပထမဆုံးဆရာက သူခိုးတစ်ယောက်ဆိုရင် ငါ့တပည့်ယုံနိုင်မလား?
တစ်ခါက ဆရာခရီးသွားရင်း တောထဲမှာ မျက်စိလည်လမ်းမှားသွားတဲ့အတွက်
ညဥ့်နက် မှ ရွာတစ်ရွာကိုရောက်ခဲ့တယ်။ အဲဒီတုန်းက ရွာတံခါးဟာ
ပိတ်သွားခဲ့ပြီဖြစ်သလို ရွာအပြင်မှာလဲ တစ်ယောက်တစ်လတောင် မရှိကြတော့ဘူး။
ဒါနဲ့ ရွာအပြင်မှာ အိပ်ဖို့နေရာရှာနေတဲ့အချိန် ရွာထဲကိုအပေါက်ပြီးဝင်ဖို့ ကြံစည်နေတဲ့ လူတစ်ယောက်နဲ့တွေ့တယ်။
အဲဒီလူကို အကြောင်းစုံပြောပြပြီး အကူအညီတောင်းခံတဲ့အခါ ဒီအချိန်မှာ နေစရာတစ်နေရာရှာဖို့ မလွယ်ကူတော့တဲ့အကြောင်း၊ သူခိုးတစ်ယောက်နဲ့ နေဖို့အခက်အခဲမရှိဘူးဆိုရင် သူနဲ့လိုက်နေနိုင်ကြောင်ြးေ ပာခဲ့တယ်။ ဒါကြောင့်ပဲ သူနဲ့ ရက်အတော်ကြာ လိုက်နေဖြစ်တယ်ပဲဆိုပါတော့။
ညစဉ်တိုင်း သူသွားမခိုးခင်မှာ သူက ဒီလိုအမြဲပြောလေ့ရှိတယ်။
"ငါ အလုပ်သွားလုပ်လိုက်ဦးမယ်။ မင်းကတော့ ငါအဆင်ပြေဖို့ ဆုတောင်းပေးရင်း နားနားနေနေနေခဲ့ပါကွာ"
ညစဉ် သူပြန်လာတဲ့အထိ ဆရာကစောင့်ပြီး "ဒီနေ့ အဆင်ပြေခဲ့ရဲ့လား"လို့မေးတဲ့ အခါတိုင်း "ဒီညတော့ အဆင်မပြေခဲ့ဘူးကွာ။ နောက်နေ့ ဒီထပ်ပိုကြိုးစားရတာပေါ့" လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလေ့ရှိတယ်။
သူမျှော်လင့်တာတွေ ဖြစ်မလာပေမယ့် စိတ်မပျက်ပဲ နေ့ရက်တိုင်းကို အမြဲပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းခဲ့တဲ့ လူတစ်ယောက်ပေါ့။
ဒီအဖြစ်အပျက်ပြီးနောက် ဆရာတရားကျင့်တာ အချိန်အတော်ကြာတဲ့အထိ ဘယ်လိုထူးခြားတဲ့ဉာဏ်နဲ့အမြ င်ကိုမရခဲ့ဘူး။ ဒီလိုနဲ့ လူက စိတ်ဓါတ်ကျပြီး တဖြည်းဖြည်း မျှော်လင့်ချက်မဲ့လာပြီး စွန့်လွှတ်လိုက်တော့မယ်အလုပ် မှာ သူခိုးဖြစ်တဲ့ ဆရာ့အကြောင်းကိုတွေးမိပြီး "အခုအဆင်မပြေသေးလဲ မနက်ဖြန်ဒီထပ်ပိုကြိုးစားတာ ပေါ့" ဆိုတဲ့စကားလေးကြောင့် ဒီနေ့ တပည့်တို့ဆရာဖြစ်လာရတာပေါ့။
ဒုတိယဆရာ
*********
တစ်ခါက ဆရာမြစ်ကမ်းနံဘေးမှာ စိတ်ပြေလက်ပျောက်သွားထိုင်တုန်းက ရေအရမ်းဆာနေတဲ့ ခွေးတစ်ကောင်ကိုတွေ့တယ်။
ပထမမှာ အဲဒီခွေးလေးဟာ ရေကိုအငမ်းမရသောက်ဖို့ မြစ်ဆီပြေးလာတယ်။ ရေသောက်မယ်ပြင်လိုက်တာနဲ့ ရေထဲက သူ့အရိပ်ကိုမြင်ကာ ကြောက်ရွံ့စွာဟောင်ပြီး ကုန်းပေါ်ကို ပြန်ပြေးတယ်။ ဒါပေမယ့် ခွေးကလေးဟာဝေးဝေးကို ပြန်မပြေးနိုင်ဘူး။ သူ ရေအရမ်းဆာနေရှာတာကိုး။
ဒီလိုနဲ့ ရေပြင်ဆီလာလိုက် ဟောင်ပြီးကုန်းပေါ်ကို ပြန်ပြေးလိုက် အကြိမ်ကြိမ်ဗျာများနေသေးတယ် ။ နောက်ဆုံး ရေငတ်တဲ့ဝေဒနာကို မခံစားနိုင်တော့တဲ့အဆုံးမှာ မြစ်ရေပြင်ထက်ကို ခုန်ချလိုက်တော့တယ်။
ဒီဒုတိယဆရာက ဆရာ့ကို ဘယ်လိုပဲဖြစ်ဖြစ် အကြောက်တရားတွေကိုရင်ဆိုင်ြ ပီး ရှေ့ဆက်ရမယ်ဆိုတဲ့ သင်ခန်းစာကိုပေးခဲ့တယ်။
တတိယဆရာ
***********
တစ်ခါ ဆရာမြို့တစ်မြို့ကိုသွားတော့  လမ်းမှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးကို ကိုင်ပြီး လျှောက်လာနေတဲ့ ကလေးငယ်တစ်ယောက်ကိုတွေ့တယ်။
ဆရာက အဲဒီကလေးလေးကိုမေးလိုက်တယ်။
"ကလေး ဒီဖယောင်းတိုင်ကို သားကိုယ်တိုင်ညှိလာတာလား"
"ဟုတ်ကဲ့" ကလေးကပြန်ဖြေတယ်။
"ဒါဆို ဒီဖယောင်းတိုင်ကအလင်းဟာ မထွန်းညှိခင်က သူ့မှာ ရှိမနေဘူးမဟုတ်လား။ ဒါဆို အခုလင်းနေတဲ့ အလင်းက ဘယ်ကရောက်လာသလဲလို့ ကလေးအနေနဲ့မြင်သလဲ"လို့ မေးလိုက်တဲ့အခါ
ကလေးက ရုတ်တရက် ဖယောင်းတိုင်ကို မှုတ်ကာ ပြောလိုက်တယ်။
"အခုဆို ဦးလေးကြီးမေးတဲ့ အလင်းဟာ သူလာတဲ့နေရာဆီ ပြန်ရောက်သွားပါပြီ"
ကလေးငယ်ရဲ့အဖြေကို ကြားမိတဲ့အခိုက်မှာ ဆရာ့အနေနဲ့ အလွန်ရှက်မိသွားသလို ငါပဲပိုသိတယ် ငါပဲပိုတတ်ဆိုတဲ့ အတ္တတွေကိုလဲ ဖယ်ထုတ်လိုက်မိတော့တယ်။
ဒီကမ္ဘာမှာ သင်ယူစရာသင်ခန်းစာတွေများပြားလွန်းလှပါတယ်။
ဘယ်လိုအထင်ကရနေရာ ဘယ်လိုလူပုဂ္ဂိုလ်ဆီက သင်ယူတယ်ဆိုတာထက် ဘယ်လိုသင်ယူမယ်
ဘယ်လိုခံယူမယ်ဆိုတဲ့ စိတ်ကသာ အရေးအကြီးဆုံးလို့မြင်မိပါတ ယ်ဗျာ။
- မှတ်စုကြမ်း #nayaung
--------------------------
တစ်ခါတုန်းက နာမကျန်းဖြစ်ပြီး သူ့ရဲ့နောက်ဆုံးနေ့ရက်တွေဆီ
" သိခွင့်ရှိရင် ဆရာ့ရဲ့ ဆရာအကြောင်း သိချင်မိပါတယ် ဆရာ"
" ငါ့တပည့်! တကယ်ဆို ဆရာသင်ယူဆည်းပူးခဲ့ရတဲ့ ဆရာတွေက များပြားလွန်းလှတဲ့အတွက် ဆရာတစ်ယောက်ချင်းစီရဲ့ အကြောင်းပြောပြဖို့ရင် လတွေ နှစ်တွေနဲ့ချီပြီးကြာမြင့်ေ
ပထမဆုံးဆရာ
************
ဆရာရဲ့ပထမဆုံးဆရာက သူခိုးတစ်ယောက်ဆိုရင် ငါ့တပည့်ယုံနိုင်မလား?
တစ်ခါက ဆရာခရီးသွားရင်း တောထဲမှာ မျက်စိလည်လမ်းမှားသွားတဲ့အတ
အဲဒီလူကို အကြောင်းစုံပြောပြပြီး အကူအညီတောင်းခံတဲ့အခါ ဒီအချိန်မှာ နေစရာတစ်နေရာရှာဖို့ မလွယ်ကူတော့တဲ့အကြောင်း၊ သူခိုးတစ်ယောက်နဲ့ နေဖို့အခက်အခဲမရှိဘူးဆိုရင်
ညစဉ်တိုင်း သူသွားမခိုးခင်မှာ သူက ဒီလိုအမြဲပြောလေ့ရှိတယ်။
"ငါ အလုပ်သွားလုပ်လိုက်ဦးမယ်။ မင်းကတော့ ငါအဆင်ပြေဖို့ ဆုတောင်းပေးရင်း နားနားနေနေနေခဲ့ပါကွာ"
ညစဉ် သူပြန်လာတဲ့အထိ ဆရာကစောင့်ပြီး "ဒီနေ့ အဆင်ပြေခဲ့ရဲ့လား"လို့မေးတဲ
သူမျှော်လင့်တာတွေ ဖြစ်မလာပေမယ့် စိတ်မပျက်ပဲ နေ့ရက်တိုင်းကို အမြဲပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းခဲ့တဲ့ လူတစ်ယောက်ပေါ့။
ဒီအဖြစ်အပျက်ပြီးနောက် ဆရာတရားကျင့်တာ အချိန်အတော်ကြာတဲ့အထိ ဘယ်လိုထူးခြားတဲ့ဉာဏ်နဲ့အမြ
ဒုတိယဆရာ
*********
တစ်ခါက ဆရာမြစ်ကမ်းနံဘေးမှာ စိတ်ပြေလက်ပျောက်သွားထိုင်တ
ပထမမှာ အဲဒီခွေးလေးဟာ ရေကိုအငမ်းမရသောက်ဖို့ မြစ်ဆီပြေးလာတယ်။ ရေသောက်မယ်ပြင်လိုက်တာနဲ့ ရေထဲက သူ့အရိပ်ကိုမြင်ကာ ကြောက်ရွံ့စွာဟောင်ပြီး ကုန်းပေါ်ကို ပြန်ပြေးတယ်။ ဒါပေမယ့် ခွေးကလေးဟာဝေးဝေးကို ပြန်မပြေးနိုင်ဘူး။ သူ ရေအရမ်းဆာနေရှာတာကိုး။
ဒီလိုနဲ့ ရေပြင်ဆီလာလိုက် ဟောင်ပြီးကုန်းပေါ်ကို ပြန်ပြေးလိုက် အကြိမ်ကြိမ်ဗျာများနေသေးတယ်
ဒီဒုတိယဆရာက ဆရာ့ကို ဘယ်လိုပဲဖြစ်ဖြစ် အကြောက်တရားတွေကိုရင်ဆိုင်ြ
တတိယဆရာ
***********
တစ်ခါ ဆရာမြို့တစ်မြို့ကိုသွားတော
ဆရာက အဲဒီကလေးလေးကိုမေးလိုက်တယ်။
"ကလေး ဒီဖယောင်းတိုင်ကို သားကိုယ်တိုင်ညှိလာတာလား"
"ဟုတ်ကဲ့" ကလေးကပြန်ဖြေတယ်။
"ဒါဆို ဒီဖယောင်းတိုင်ကအလင်းဟာ မထွန်းညှိခင်က သူ့မှာ ရှိမနေဘူးမဟုတ်လား။ ဒါဆို အခုလင်းနေတဲ့ အလင်းက ဘယ်ကရောက်လာသလဲလို့ ကလေးအနေနဲ့မြင်သလဲ"လို့ မေးလိုက်တဲ့အခါ
ကလေးက ရုတ်တရက် ဖယောင်းတိုင်ကို မှုတ်ကာ ပြောလိုက်တယ်။
"အခုဆို ဦးလေးကြီးမေးတဲ့ အလင်းဟာ သူလာတဲ့နေရာဆီ ပြန်ရောက်သွားပါပြီ"
ကလေးငယ်ရဲ့အဖြေကို ကြားမိတဲ့အခိုက်မှာ ဆရာ့အနေနဲ့ အလွန်ရှက်မိသွားသလို ငါပဲပိုသိတယ် ငါပဲပိုတတ်ဆိုတဲ့ အတ္တတွေကိုလဲ ဖယ်ထုတ်လိုက်မိတော့တယ်။
ဒီကမ္ဘာမှာ သင်ယူစရာသင်ခန်းစာတွေများပြ
- မှတ်စုကြမ်း #nayaung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။