နောင်တရစေသော ပေးဆပ်ခြင်း
^^^^^^^^^^^^^^^^^^^^^^^^^^ ^
ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူ့မှာ ချစ်သူကောင်မလေး တစ်ယောက်လည်းရှိတယ်။ တစ်နေ့တော့ သူ့ချစ်သူကောင်မလေးကို တစ်ခြား ကောင်လေးတစ်ယောက်က ချစ်တယ် ဖွင့်ပြောလာခဲ့တယ်။ နောက်သူ့ကောင်မလေးက အဲ့ဒီကောင်လေးအပေါ် စိတ်ယိုင်လာတယ်။ ဒီလိုနဲ့ ကျွန်တော့် သူငယ်ချင်းခမျာမှာ အမည်ခံချစ်သူ သက်သက်ကို ဖြစ်လာတယ်။ နောက်ဆုံး ကျွန်တော့်သူငယ်ချင်းက သူ့ကောင်မလေးရှေ့ရေးအတွက် အသာတကြည်ပဲ နေခဲ့ပေးလိုက်တယ်။ ဟိုကောင်လေးကလည်း အစစအရာရာ အဆင်ပြေတော့ သူ့ချစ်သူအတွက် ကောင်းမွန်တဲ့ လက်တွဲဖော် တစ်ဦး ဖြစ်လာနိုင်တယ်လေ။ သူ့ကောင်မလေးကို အဆင်ပြေပြေ နေစေချင်တာကိုး။ ကောင်မလေးကလည်း သူ့ကိုထားခဲ့ပြီး နောက်ကောင်လေးနဲ့တွဲသွာခဲ့တ ယ်။
နောက်လည်းကျရော ကောင်မလေးရဲ့ ချစ်ချစ် ကောင်လေးက ပွေတာတွေ ရှုပ်တာတွေ
ဖြစ်လာပါလေရော။ ကောင်မလေးခမျာ တစ်နေ့တစ်နေ့ ငိုနေရတာနဲ့ချည်း
အချိန်တွေကုန်နေခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းကတော့ သူ့ချစ်သူအတွက်
အကောင်းဆုံး ပေးဆပ်ခဲ့တာပါပဲ။ ဒါပေမယ့် သူမထင်ထားတဲ့ အဆိုးရွားဆုံးရလဒ်တွေ
ထွက်ပေါ်လာခဲ့တယ်။
ရာဇ၀င်မှာဆိုလည်း တောင်သမန်လယ်စား မောင်ဖေငယ် ဟာ သူ့ချစ်သူ ဒိုင်းခင်ခင်ကို ချစ်ပေမယ့် ရှင်ဘုရင့်ကြောင့် အသာတကြည် နောက်ဆုတ်ပေးခဲ့တယ်။ သူ့ဇနီးဖြစ်မယ့်အစား ရှင်ဘုရင့် မိဖုရား ဖြစ်တာဟာ သူ့ချစ်သူအတွက် ပိုပြီးတော့ ပြည့်စုံလိမ့်မယ်လို့ သူယုံကြည်ခဲ့တယ်။ သူ့ချစ်သူ ကောင်းစားရေးအတွက် နှလုံးသားနဲ့ရင်းပြီး အကောင်းဆုံး ပေးဆပ်ခဲ့တယ်။ နောက်ဆုံး နန်းတွင်း အရှုပ်တော်ပုံတွေကြားမှာ ဒိုင်းခင်ခင်ဟာ အသတ်ခံရတဲ့ အခြေအနေတွေအထိ ဖြစ်ကုန်ပါတယ်။
နောက်တစ်ခုက ရာမဇာတ်တော်ထဲက လက္ခဏ။ လက္ခဏဟာ မယ်သီတာကို ချစ်ပါတယ်။ ဒါပေမယ့် သူ့နဲ့ယူရင် အိမ်ရှေ့စံရဲ့ မိဖုရားပဲ ဖြစ်လိမ့်မယ်။ သူ့အစ်ကိုယူရင် ရှင်ဘုရင့် မိဖုရား ဖြစ်မယ်။ ဒီအတွေးကြောင့် သူဟာ မယ်သီတာအတွက် နှလုံးသားနဲ့ရင်းပြီး အကောင်းဆုံးဖန်တီးပေးဆပ်ခဲ့ တယ်။
ရာမနဲ့ မယ်သီတာတို့ ယူခဲ့ပေမယ့် နောက်ဆုံ ဒဿ - သီတာ - ရာမ
အရှုပ်တော်ပုံတွေကြားမှာ မယ်သီတာဟာ ပြည်နှင်ဒဏ်အပေးခံရတာနဲ့ ဒဿဂီရိနဲ့
မငြိစွန်းပါဘူးဆိုတဲ့အကြောင်း
သစ္စာဆိုပြီး မီးပုံထဲခုန်ချပြရတာနဲ့ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရတယ်။
သူထင်သလို ဖြစ်မလာဘဲ အဆိုးရွားဆုံးဒုက္ခတွေကို မယ်သီတာခံစားခဲ့ရတယ်။
အကယ်၍ တောင်သမန်လယ်စား မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင်တို့သာ လက်ထပ်ဖြစ်ခဲ့ရင် ဒိုင်းခင်ခင်လည်း အသတ်မခံရနိုင်ဘူး။ အဲ့ဒီလိုပဲ လက္ခဏနဲ့ မယ်သီတာတို့သာ လက်ထပ်ဖြစ်ခဲ့ရင် မယ်သီတာလည်း ဒုက္ခမျိုးစုံ မကြုံတွေ့နိုင်ပါဘူး။ အင်္ဂလိပ်ဆိုးရိုးစကား တစ်ခုရှိတယ်။ "Love can change history" အချစ်ဟာ သမိုင်းကြောင်း တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တယ်တဲ့ ။
တစ်စုံတစ်ယောက်အတွက် ကိုယ်က အကောင်းဆုံးတွေ ဖန်တီးပေးတိုင်း ထွက်ပေါ်လာတဲ့ ရလဒ်တွေက အကောင်းတွေချည်း ဖြစ်မလာနိုင်ပါဘူး။ အကောင်းဆုံး ပေးဆပ်ခဲ့ပေမယ့် အဆိုးရွားဆုံး ရလဒ်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို သာဓကတွေနဲ့တကွ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အချစ်မှာ ပေးဆပ်သူတိုင်း သူရဲကောင်း ဖြစ်ခဲ့ကြပေမယ့် ပေးဆပ်ခြင်းခံရသူတိုင်း အမြဲတမ်းတော့ အဆင်ပြေပြေ ရှိမနေနိုင်ခဲ့ပါဘူး။
တိုးတက်အောင်(ပဲခူး) ရေးသားသည်။
-------------------------- -------------------------- ----
ယခုပို့စ်နှင့်ပတ်သက်ပြီး ဝေဖန်လို၍ ဖြစ်စေ အကြံပြုလို၍ ဖြစ်စေ
တိုးတက်အောင်-ပဲခူး ၏ ဖေ့ဘွတ်ခ် အကောင့် Toe Tat Aung သို့ ဆက်သွယ်နိုင်ပါသည်။
https://fb.me/ writertoetataung
^^^^^^^^^^^^^^^^^^^^^^^^^^
ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူ့မှာ ချစ်သူကောင်မလေး တစ်ယောက်လည်းရှိတယ်။ တစ်နေ့တော့ သူ့ချစ်သူကောင်မလေးကို တစ်ခြား ကောင်လေးတစ်ယောက်က ချစ်တယ် ဖွင့်ပြောလာခဲ့တယ်။ နောက်သူ့ကောင်မလေးက အဲ့ဒီကောင်လေးအပေါ် စိတ်ယိုင်လာတယ်။ ဒီလိုနဲ့ ကျွန်တော့် သူငယ်ချင်းခမျာမှာ အမည်ခံချစ်သူ သက်သက်ကို ဖြစ်လာတယ်။ နောက်ဆုံး ကျွန်တော့်သူငယ်ချင်းက သူ့ကောင်မလေးရှေ့ရေးအတွက် အသာတကြည်ပဲ နေခဲ့ပေးလိုက်တယ်။ ဟိုကောင်လေးကလည်း အစစအရာရာ အဆင်ပြေတော့ သူ့ချစ်သူအတွက် ကောင်းမွန်တဲ့ လက်တွဲဖော် တစ်ဦး ဖြစ်လာနိုင်တယ်လေ။ သူ့ကောင်မလေးကို အဆင်ပြေပြေ နေစေချင်တာကိုး။ ကောင်မလေးကလည်း သူ့ကိုထားခဲ့ပြီး နောက်ကောင်လေးနဲ့တွဲသွာခဲ့တ
ရာဇ၀င်မှာဆိုလည်း တောင်သမန်လယ်စား မောင်ဖေငယ် ဟာ သူ့ချစ်သူ ဒိုင်းခင်ခင်ကို ချစ်ပေမယ့် ရှင်ဘုရင့်ကြောင့် အသာတကြည် နောက်ဆုတ်ပေးခဲ့တယ်။ သူ့ဇနီးဖြစ်မယ့်အစား ရှင်ဘုရင့် မိဖုရား ဖြစ်တာဟာ သူ့ချစ်သူအတွက် ပိုပြီးတော့ ပြည့်စုံလိမ့်မယ်လို့ သူယုံကြည်ခဲ့တယ်။ သူ့ချစ်သူ ကောင်းစားရေးအတွက် နှလုံးသားနဲ့ရင်းပြီး အကောင်းဆုံး ပေးဆပ်ခဲ့တယ်။ နောက်ဆုံး နန်းတွင်း အရှုပ်တော်ပုံတွေကြားမှာ ဒိုင်းခင်ခင်ဟာ အသတ်ခံရတဲ့ အခြေအနေတွေအထိ ဖြစ်ကုန်ပါတယ်။
နောက်တစ်ခုက ရာမဇာတ်တော်ထဲက လက္ခဏ။ လက္ခဏဟာ မယ်သီတာကို ချစ်ပါတယ်။ ဒါပေမယ့် သူ့နဲ့ယူရင် အိမ်ရှေ့စံရဲ့ မိဖုရားပဲ ဖြစ်လိမ့်မယ်။ သူ့အစ်ကိုယူရင် ရှင်ဘုရင့် မိဖုရား ဖြစ်မယ်။ ဒီအတွေးကြောင့် သူဟာ မယ်သီတာအတွက် နှလုံးသားနဲ့ရင်းပြီး အကောင်းဆုံးဖန်တီးပေးဆပ်ခဲ့
အကယ်၍ တောင်သမန်လယ်စား မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင်တို့သာ လက်ထပ်ဖြစ်ခဲ့ရင် ဒိုင်းခင်ခင်လည်း အသတ်မခံရနိုင်ဘူး။ အဲ့ဒီလိုပဲ လက္ခဏနဲ့ မယ်သီတာတို့သာ လက်ထပ်ဖြစ်ခဲ့ရင် မယ်သီတာလည်း ဒုက္ခမျိုးစုံ မကြုံတွေ့နိုင်ပါဘူး။ အင်္ဂလိပ်ဆိုးရိုးစကား တစ်ခုရှိတယ်။ "Love can change history" အချစ်ဟာ သမိုင်းကြောင်း တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တယ်တဲ့
တစ်စုံတစ်ယောက်အတွက် ကိုယ်က အကောင်းဆုံးတွေ ဖန်တီးပေးတိုင်း ထွက်ပေါ်လာတဲ့ ရလဒ်တွေက အကောင်းတွေချည်း ဖြစ်မလာနိုင်ပါဘူး။ အကောင်းဆုံး ပေးဆပ်ခဲ့ပေမယ့် အဆိုးရွားဆုံး ရလဒ်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို သာဓကတွေနဲ့တကွ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အချစ်မှာ ပေးဆပ်သူတိုင်း သူရဲကောင်း ဖြစ်ခဲ့ကြပေမယ့် ပေးဆပ်ခြင်းခံရသူတိုင်း အမြဲတမ်းတော့ အဆင်ပြေပြေ ရှိမနေနိုင်ခဲ့ပါဘူး။
တိုးတက်အောင်(ပဲခူး) ရေးသားသည်။
--------------------------
ယခုပို့စ်နှင့်ပတ်သက်ပြီး ဝေဖန်လို၍ ဖြစ်စေ အကြံပြုလို၍ ဖြစ်စေ
တိုးတက်အောင်-ပဲခူး ၏ ဖေ့ဘွတ်ခ် အကောင့် Toe Tat Aung သို့ ဆက်သွယ်နိုင်ပါသည်။
https://fb.me/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။