Bamaw Thein Pe added 2 new photos.
တနေ့ ပူပြင်းလှတဲ့ နေရောင်အောက်မှာ မီးရထားလမ်းတစ်ခုကို အလုပ်သမားတစ်စုဟာ ပြင်နေကြပါတယ်။ ရထားတစ်စီးဟာ ဖြေးဖြေးချင်း ခုတ်မောင်းလာရာက သူတို့နေရာ ရောက်တော့ ရထားဟာ ထိုးရပ်သွားတယ်။ ရထားရဲ့ လေအေးစက်တပ်ထားပြီး ကျကျပြင်ဆင်ထားတဲ့ နောက်ဆုံးတွဲ တံခါးပေါက် ပွင့်လာပြီး ပါတယ်။ အဲဒီတွဲတံခါးပွင့်သွားပြီး တွဲပေါ်ကလူက အလုပ်သမားခေါင်းဆောင်ကို လှမ်းအော်ပြောလိုက်တယ်။ "ဟေ့ မင်း ဒေ့ဗ် မဟုတ်လား"တဲ့။ ဒေ့ဗ်ကလည်း ပြန်ပြောလိုက်တယ်။ "ဟုတ်ပါတယ် ဂျင်မ်ရာ။ ငါ ဒေ့ဗ်ပါကွ။ ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ"တဲ့။ ရထားတွဲပေါ်က လူဟာ အဲဒီမီးရထားကုမ္ပဏီရဲ့ ဥက္ကဋ္ဌပါ။
ဥက္ကဋ္ဌ ဂျင်မ်က ဒေ့ဗ်ကို တွဲပေါ်ကို ခေါ်ပြီး အအေးတိုက်ရင်း စကားတွေ
ပြောကြတယ်။ တစ်နာရီကြာတော့ သူတို့ ၂ ယောက် လက်ဆွဲနူတ်ဆက်ကြပြီး ဒေ့ဗ်ဟာ
ရထားတွဲပေါ်က ဆင်းလာခဲ့တယ်။ ဂျင်မ်က ရထားတွဲပေါ်က လက်ပြနူတ်ဆက်ရင်း
ရထားကြီးဟာ ပြန်လည်ထွက်ခွာသွားတယ်။
ဒီအဖြစ်အပျက်ကို မြင်တွေ့လိုက်ပြီး အံ့သြနေကြတဲ့ အလုပ်သမားတွေ အားလုံးဟာ ဒေ့ဗ်နား ဝိုင်းအုံလာကြပြီး ကုမ္ပဏီဥက္ကဋ္ဌနဲ့ ဘယ်တုန်းက သိခဲ့တာလဲလို့ မေးကြတယ်။ တချို့ကလည်း သူငယ်ချင်းတစ်ယောက် ဥက္ကဋ္ဌဖြစ်နေပြီး သူကျတော့ ဘာလို့ နေပူကြဲကြဲအောက်မှာ ရထားလမ်းပြင်တဲ့ အလုပ်သမားခေါင်းဆောင် ဖြစ်နေရတာလဲလို့ မေးကြတယ်။ ဒေ့ဗ်က ရယ်ကျဲကျဲနဲ့ ခုလို ပြန်ဖြေလိုက်ပါတယ်။
"လွန်ခဲ့တဲ့ ၂၃ နှစ်က သူနဲ့ ငါ တနေ့ထဲ ဒီရထားကုမ္ပဏီမှာ အလုပ်သမားအနေနဲ့ အလုပ်ဝင်ခဲ့ကြတာပါ။ ငါက အဲဒီတုန်းက တစ်နာရီကို ၂ ဒေါ်လာရတဲ့ လုပ်ခအတွက် အလုပ်လုပ်ခဲ့တယ်။ သူကတော့ မီးရထားကုမ္ပဏီအတွက် အလုပ်လုပ်ခဲ့တယ်လေ"တဲ့။
သူ့စကားဟာ တိုတိုလေးပေမယ့် အဓိပ္ပါယ် အများကြီးပါပါတယ်။ ဒေ့ဗ်ဟာ သူ့မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ တစ်ခုအတွက်ဘဲ အလုပ်လုပ်ခဲ့လို့ ယနေ့ထိ အလုပ်သမားခေါင်းဆောင်အဆင့်မှာဘဲ ဖြစ်နေပါတယ်။ ဂျင်မ်ကတော့ သူလုပ်တဲ့အလုပ်ကို စိတ်ဝင်စားပြီး ကုမ္ပဏီအတွက် ဝင်ငွေတိုးဖို့ နည်းလမ်းတွေ အမြဲဖွေရှာလုပ်ကိုင်ရင်း ရာထူးတစ်ဆင့်ပြီးတစ်ဆင့် တက်လို့ နောက်ဆုံးမှာ ဥက္ကဋ္ဌဖြစ်လာခဲ့တယ်။ ၂၃ နှစ်ဆိုတဲ့ အချိန်ကာလဟာ အလုပ်အပေါ် ခံယူချက်မတူညီကြတဲ့ လူ ၂ ယောက်ရဲ့ ဘဝအခြေအနေကို မိုးနဲ့ မြေလို ကွာဟသွားစေပါတယ်။
သင်ရော ဘာအတွက် အလုပ်လုပ်နေတာလဲ။
ဗန်းမော်သိန်းဖေ
၁၉-၀၉-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။