Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 17, 2016

အောင်မြင်သူများရဲ့အိပ်မက် (Bill McDermott, CEO, SAP)

အောင်မြင်သူများရဲ့အိပ်မက် (Bill McDermott, CEO, SAP)
----------------------------------------------------------------

ကျွန်တော်က အထက်တန်းကျောင်းတက်နေရင်း Delivery ကုမ္ပဏီလေးတစ်ခုမှာ နေ့စားအလုပ်သမား အနေနဲ့ လုပ်ခဲ့ဖူးတယ်။ ပစ္စည်းတင်တဲ့ စင်တွေရောင်းခဲ့ရတယ်။ ညတိုင်းကြမ်းတိုက်ခဲ့ရတယ်။ ကုန်စုံပစ္စည်းတွေကိုထုတ်ပိုးခဲ့ရတယ်။

အဲ့ဒီ စတိုးဆိုင်လေးက Supermarket ကြီးနဲ့ 7-Eleven convenience store ကြားမှာ ရှိတယ်။ အဲ့ဒါကြောင့် အပြိုင်အဆိုင်တွေအရမ်းများတယ်။ ကျွန်တော့ အလုပ်ရှင်က သူ့လုပ်ငန်းကို ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်သူမှ မ၀ယ်ချင်ကြဘူး။ ကျွန်တော်က လွဲလို့ပေါ့။
တစ်ခြားသူတွေ အတွက်တော့ ဒါက စိန်ခေါ်မှုတစ်ခုပေါ့။ ကျွန်တာ့်အတွက်ကတော့ အခွင့်အရေးတစ်ခုပါပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် ကျွန်တော့်အလုပ်ရှင်နဲ့ အပေးအယူတစ်ခုလုပ်ခဲ့တယ်။ သူက ကျွန်တော့်ကို S5,500 ချေးပေးခဲ့တယ်။ ဒီငွေတွေကို တစ်နှစ်အတွင်းပြန်ပေးဖို့ ကတိပေးခဲ့ရတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်က ကျောင်းတက်နေရင်း အသေးစားလုပ်ငန်းပိုင်ရှင်ဖြစ်လာတာပေါ့။
ကျွန်တော့်ရည်ရွယ်ချက်က ငွေတွေပြန်ပေးနိုင်ဖို့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စတိုးဆိုင်လေးကို အခြားနာမည်ကြီးတဲ့နေရာမှာ ဖွင့်နိုင်ဖို့နဲ့ ရောင်းအားတွေတက်အောင်လုပ်ပြီး College ကျောင်းတက်နိုင်ဖို့ကိုပဲ မျှော်လင့်ခဲ့တာပါ။ တစ်နှစ်အကြာမှာ ကျွန်တော့်လုပ်ငန်းက ကောင်းကောင်းလည်ပတ်လာနိုင်ပြီး ကျွန်တော့်မိသားစုအတွက် ပိုက်ဆံရှာနိုင်ခဲ့သလို အကြွေးတွေလည်းဆပ်နိုင်ခဲ့တယ်။ နှစ်တွေကြာလာတော့ ကျွန်တော် ကျူရှင်ခတွေ အပြည့်ပေးနိုင်ပြီးတော့ College က ဘွဲ့လည်းရခဲ့တယ်။ ကျွန်တော်ပြန်စဉ်းစားမိတော့ ကျွန်တာ့်ရဲ့ ကျန်ရှိနေတဲ့ ဘ၀အတွက် တန်ဖိုးရှိတဲ့ အရာတစ်ခုကို နားလည်လာခဲ့တယ်။ အကယ်၍ ကျွန်တော်သာ အကြွေးပြန်ဆပ်ဖို့အတွက်ပဲ အလုပ်လုပ်ခဲ့ရင် ဘာဖြစ်လာမလဲဆိုတာ တွေးမိတယ်။ ရွှေတံဆိပ်ဆုကို မျှော်မှန်းထားတဲ့ အားကစားသမားလိုပဲ Olympics ပြိုင်ပွဲမှာ အရည်အသွေးပြည့်မီဖို့ကိုပဲ မျှော်မှန်းနေမှာပါ။ တစ်ခြား မမျှော်မှန်းထားတဲ့ အရာတွေကို အောင်မြင်မှူရရှိမှာ မဟုတ်ပါဘူး။
ကျွန်တော့်ရဲ့ အသက်မွှေးဝမ်းကျောင်းပညာ အနေနဲ့ Philosophy ကို ရွေးချယ်ခဲ့ပါတယ်။ ကျောင်းပြီးသွားတဲ့အခါမှာ ပထမဆုံး အလုပ်အနေနဲ့ Xerox Corporetion မှာ door-to-door salesman အနေနဲ့ စလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့် အိပ်မက်က နှစ်ခုဖြစ်သွားတယ်။ ပထမတစ်ခုက Xerox ရဲ့ အကောင်းဆုံး salesperson ဖြစ်ချင်ခဲ့တယ်။ ဒုတိယတစ်ခုကတော့ CEO ဖြစ်ချင်ခဲ့တယ်။ ကျွန်တော့်အသက် (၂၁) မှာ အဲ့ဒီရည်မှန်းချက်တွေက အရမ်းတောက်ပနေခဲ့တယ်။

ပထမ ရည်မှန်းချက်ကတော့ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်က ကုမ္ပဏီရဲ့ အသက်အငယ်ဆုံး corporate officer ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အကောင်းဆုံး အလုပ်တစ်ခုကိုရဖို့အတွက် Xerox ကို စွန့်ခွာဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒုတိယရည်မှန်းချက်အတွက် ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင်၊ အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာခဲ့တယ်။ ကျွန်တော့်လုပ်ငန်းနဲ့ ကျွန်တော့်ရဲ့ Team ကို လုပ်ငန်းမျှော်မှန်းချက်တွေဖြစ်လာဖို့ ဦးဆောင်ခဲ့တယ်။ သူတို့နဲ့ မိတ်ဆွေဖွဲ့ခဲ့တယ်။ ဒါတွေက ကျွန်တော်ကို SAP ရဲ့ CEO အဖြစ်ရပ်တည်နိုင်အောင် ကူညီပေးခဲ့တာပါ။
Xerox မှာ အလုပ်လုပ်ရင်း ကျွန်တော့်ဘ၀ အတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုရခဲ့တယ်။ အဲ့ဒါကတော့ “ အနိုင်ရခြင်း” ဆိုတာ အဆုံးသတ်မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာကို တွေးထားတဲ့အပေါ် သဘာဝဆန်တဲ့ အဆုံးသတ်ခြင်းတစ်ခုပါပဲ။ ကျွန်တော့်အတွက် “အောင်နိုင်သူ” ဆိုတာက လိုချင်တပ်မက်မှုထက် ချီးမြှင့်မြှောက်စားမှုတွေနဲ့ ဝေးကွာနေတာကြောင့် ကိုယ့်ဘ၀အတွက် ဒါမှမဟုတ် အခြားအရာတွေအတွက် အကောင်းဆုံးရည်မှန်းချက်တွေကို အကောင်အထည် ဖေါ်ရဲတဲ့သူတွေပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်အိပ်မက်မက်နေသူတွေက အများကြီးပါပဲ။ ကျွန်တော်က လူတွေအများကြီးနဲ့ သိခွင့် ၊ အလုပ်လုပ်ခွင့်ရတာ တကယ်ကံကောင်းတာပါ။ ဒါပေမယ့် ရည်မှန်းချက်တွေ ရပ်တံ့သွားတဲ့ အရွယ်ရောက်ပြီး သူတွေ၊ ကိုယ့်အတွက် အကောင်းဆုံး ရည်မှန်းချက်ထားဖို့ ကြောက်ရွံ့နေတဲ့ လူငယ်တွေနဲ့ တွေ့ဖူးပါတယ်။ အမှန်တော့ သူတို့က ရှုံးနိမ့်မှာကို ကြောက်နေကြတာပါ။ အခြားတစ်ယောက်ယောက်က သူတို့ကို တစ်ခုခုကို အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အတိတ်က သူတို့ရဲ့ အဆင်မပြေမှုတွေ ၊ ရှုံးနိမ့်မှုတွေကို ပစ္စုပ္ပန်အထိ သယ်လာကြတာလဲဖြစ်နိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒုက္ခတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုထိလဲ ရင်ဆိုင်နေရတုန်းပါပဲ။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အခြားသူခိုးသွားတာကို ခွင့်ပြုလိုက်ရင် ကျွန်တော်တို့ ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အိပ်မက်တွေကို ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်စွာ အကောင်အထည်ဖေါ်မှ အောင်နိုင်သူဖြစ်မှာပါ။

တစ်ခြားသူတွေ မဖြစ်နိုင်ဘူးလို့ထင်နေပေမယ့် ကျွန်တော်တို့က အကျိုးဆက်ကို စိတ်အား ထက်ထက်သန်သန် မျှော်မှန်းပြီးလုပ်ရင် အောင်မြင်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်းမြင်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ လေးစားမှုရှိခြင်း စတာတွေနဲ့ လိုက်နာ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှာပါ။ အခြားသူတွေကိုလည်း လူတိုင်းအပေါ် အကောင်းဆုံးတွေဆောင်ကြဉ်းပေးနိုင်အောင် ဆွဲခေါ်နိုင်တဲ့အခါ အောင်မြင်လာမှာပါ။ အောင်မြင်ခြင်း အစစ်မှန်ဆိုတာက ကျွန်တော်လိုချင်တဲ့ အောင်မြင်မှုကို ရရှိဖို့ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာကို သိပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးနိုင်ရင် စစ်မှန်တဲ့အောင်မြင်မှုကို ရနိုင်မှာပါ။
အောင်မြင်သူတွေမှာ အိပ်မက်တွေဘာကြောင့်ရှိရသလဲ? ဘာလို့လဲဆိုတော့ အိပ်မက်ဆိုတာ အလုပ်အတွက်ရှင်သန်နေရတဲ့ ဘ၀တွေကို ဘ၀အတွက် အလုပ်လုပ်နေတဲ့ သူတွေအဖြစ်ကို ပြောင်းလဲပေးနိုင်လို့ပါပဲ။
ဒီ Platform ကို ရည်မှန်းချက်အိပ်မက်တွေ ရှိတဲ့သူတွေကိုလည်း မျှဝေပေးလိုပါတယ်။ လာမယ့်လတွေမှာလည်း ကျွန်တော် စတိုးဆိုင်အလုပ်လုပ်ခဲ့ရတာတွေ၊ ဆယ်ကျော်သက်တစ်ယောက်လို US နဲ့ Europe က Corner offices တွေမှာ ပြေးလွှားရုန်းကန်ခဲ့ရတာတွေ စတဲ့ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတွေအကြောင်းကို ရေးသားဖေါ်ပြသွားမှာပါ။ ကျွန်တော့်ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေ၊ သင်ယူလေ့လာခဲ့ရတာတွေက တစ်ဆင့် သင်ခန်းစာယူသင်ကြားရင်း သင်တို့ရဲ့ဘ၀ရည်မှန်းချက်တွေကိုအကောင်အထည်ဖေါ်နိုင်ဖို့ပါပဲ။

Original-Vanguard Business Solutions & Consulting

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။