အိုးနှစ်အိုး
--------
တစ်ခါက လူတစ်ယောက်ရဲ့အိမ်မှာ သတ္ထုအိုးတစ်အိုးနဲ့ မြေအိုးတစ်အိုး အတူတကွနေထိုင်ကြတယ်။
တစ်နေ့မှာတော့ မိုးသက်လေပြင်းတွေကျပြီး ရေလွှမ်းမိုးမှုနဲ့ကြုံတွေ့ရပါတယ်။
အိမ်တွေအားလုံးဟာ ရေမြှုပ်ကုန်တဲ့အတွက် အိုးနှစ်လုံးဟာလဲ အိမ်ကိုစွန့်ခွာခဲ့ကြတယ်။
ရေပြင်ကျယ်ကြီးကိုကြည့်ပြီး တော့ သတ္ထုအိုးက ဂုဏ်မောက်စွာ ပြောလိုက်တယ်။
"သူငယ်ချင်း မြေအိုး မင်းဟာရွံ့နဲ့လုပ်ထားတဲ့အိုးဖြစ်တဲ့အတွက် ငါ့ထက်အားနည်းတာတော့ အမှန်ပဲ"
"အရင်ငါတို့ သခင်လည်း ပစ္စည်းတွေထည့်တဲ့အခါ သန်မာတဲ့ငါ့ကိုပဲ ပိုအသုံးပြုခဲ့တယ်"
"ငါ့ဘေးနားမှာလာနေပါလား
တစ်ခုခုဆို ငါမင်းကိုကယ်လို့ရတာပေါ့"
မြေအိုးလေးက ပြန်ပြောလိုက်တယ်။
"မင်းရဲ့ ငါ့အပ်ါစိုးရိမ်ပေးမှုအတွက် ကျေးဇူးပါ သူငယ်ချင်း"
"ဒါပေမယ့် အရင်ကလိုပဲ ငါ့အား ငါကိုးပြီးပဲ ကူးခတ်ပါ့မယ်"
အိုးနှစ်လုံးဟာ ကမ်းဆီကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တတ်စွမ်းသရွေ့ ကူးခတ်ကြတယ်။
မြေအိုးလေးဟာ ကမ်းဆီကို ရောက်ရှိသွားပေမယ့် ပစ္စည်းတွေထည့်ထားပြီး ပင်ကိုယ်အလေးချိန်များတဲ့ သတ္ထုအိုးကတော့ ကမ်းမရောက်ခင်မှာပဲ နစ်မြှုပ်သွားပါသတဲ့။
(ဘာသာပြန်ဆိုပါသည်)
သင်ခန်းစာ
---------
အားနည်းချက်ဆိုတာ အသွင်သဏ္ဌန်နဲ့တင် ဆုံးဖြတ်လို့မရပါဘူး။
သူများတွေထက် သာလွန်တဲ့ ကိုယ့်အရည်အချင်းကိုလဲ မာန်တွေမတက်ပဲ အသုံးချနိုင်ပါမှ အောင်မြင်နိုင်ပါလိမ့်မယ်။
ဆက်စပ်တွေးမိခြင်းများ
--------------------
ဒီပုံပြင်ကလေးကိုဖတ်ပြီး နေ့စဉ်လှုမှုဘဝမှာ ကြုံတွေ့နေရတဲ့အကြောင်းတွေ စဉ်းစားမိတယ်။
(၁)
ချမ်းသာပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ပိုမိုကောင်းမွန်တဲ့ပညာရေးကိုသင်ယူနိုင်ပါလျက်နဲ့ ထင်သလောက် မအောင်မြင်တာတွေရှိတယ်။ ပျက်စီးတဲ့လမ်းဘက်ကို ပိုမိုရောက်သွားတာတွေလဲ ရှိပါတယ်။
အခုခေတ် ချမ်းသာတဲ့နိုင်ငံတွေက အစိုးရတွေဟာ ကောင်းမွန်တဲ့ ပညာရေးအရင်းအမြစ်ကိုအသုံးပြုပြီး သူတို့နိုင်ငံရဲ့အနာဂတ်အတွက် လူငယ်တွေကို လက်ဆင့်ကမ်းပြေးခိုင်းနေကြတ ယ်။
အချိန်နဲ့ ပညာရဲ့တန်ဖိုးကို အလေအလွင့်မရှိလောက်အောင်ကို အသုံးချနေကြတယ်။
ဒီအချိန်မှာ အရာရာနောက်ကျခဲ့တဲ့ ကျနော်တို့နိုင်ငံက သူတို့နောက်ကို ဘယ်လောက်အပြေးလိုက်ဖို့လိုတ ယ်ဆိုတာ တွေးမိတဲ့အခါ ရင်လေးစရာဖြစ်ပေမယ့် ကျွန်တော်ရင်မလေးမိဘူး။
ကျွန်တော့်အနေနဲ့ ကြိုးစားလိုက်ရမှာလဲ မကြောက်ပါဘူး။
ပင်ပန်းမှာလဲ မကြောက်မိဘူး။
တကယ်ပါ။
"ကျွန်တော်တို့ ကြောက်သင့်၊ ရင်လေးသင့်တာက ကြိုးစားချင်တဲ့စိတ်မရှိတာကိုပဲ"
(၂)
နောက်တစ်ခုက ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်းလာတယ်။အလှူဒါနရဲ့တ န်ဖိုး၊ မေတ္တာရဲ့တန်ဖိုးကိုသိတယ်။ အစွန်းမရောက်တဲ့ မဇ္ဈိမတရားရဲ့ လွှမ်းခြုံမှုအောက်မှာနေတယ်။
ဒါပေမယ့် နိုင်ငံခြားက ဘာသာခြားတွေက အလှူအတန်းကို ကဗျည်းတောင်မတင်ပဲ ကျွန်တော်တို့ထက်ပိုမိုမြင့် မြတ်စွာ လှူဒါန်းနိုင်တယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ပိုမိုယုံကြည်စွာ အားထုတ်နိုင်ကြတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့  အစွန်းရောက်တဲ့လူတွေကို တွန်းလှန်ဖို့ အစွန်းရောက်နေကြတုန်း။
အလှူဒါနနဲ့ ကဗျည်းထိုးခြင်းရဲ့ အဓိပ္ပာယ်ကိုသိပြီး အလှူဒါနတွေပြုတိုင်း နာမည်တွေအကြီးကြီးတပ်ချင်နေ ကြတုန်း။
ဗုဒ္ဓတရားတော်တွေအတိုင်း ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာသိပါလျက် ကိုယ်လိုချင်တာတွေကို ဘုရားမှာရှိခိုးပြီး တောင်းဆိုနေတာကိုပဲ ဘုရားတရားလုပ်တယ်ထင်နေကြတုန်း။
- မှတ်စုကြမ်း #nayaung
--------
တစ်ခါက လူတစ်ယောက်ရဲ့အိမ်မှာ သတ္ထုအိုးတစ်အိုးနဲ့ မြေအိုးတစ်အိုး အတူတကွနေထိုင်ကြတယ်။
တစ်နေ့မှာတော့ မိုးသက်လေပြင်းတွေကျပြီး ရေလွှမ်းမိုးမှုနဲ့ကြုံတွေ့ရပ
အိမ်တွေအားလုံးဟာ ရေမြှုပ်ကုန်တဲ့အတွက် အိုးနှစ်လုံးဟာလဲ အိမ်ကိုစွန့်ခွာခဲ့ကြတယ်။
ရေပြင်ကျယ်ကြီးကိုကြည့်ပြီး
"သူငယ်ချင်း မြေအိုး မင်းဟာရွံ့နဲ့လုပ်ထားတဲ့အို
"အရင်ငါတို့ သခင်လည်း ပစ္စည်းတွေထည့်တဲ့အခါ သန်မာတဲ့ငါ့ကိုပဲ ပိုအသုံးပြုခဲ့တယ်"
"ငါ့ဘေးနားမှာလာနေပါလား
တစ်ခုခုဆို ငါမင်းကိုကယ်လို့ရတာပေါ့"
မြေအိုးလေးက ပြန်ပြောလိုက်တယ်။
"မင်းရဲ့ ငါ့အပ်ါစိုးရိမ်ပေးမှုအတွက် ကျေးဇူးပါ သူငယ်ချင်း"
"ဒါပေမယ့် အရင်ကလိုပဲ ငါ့အား ငါကိုးပြီးပဲ ကူးခတ်ပါ့မယ်"
အိုးနှစ်လုံးဟာ ကမ်းဆီကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တတ်စွမ်းသရွေ့ ကူးခတ်ကြတယ်။
မြေအိုးလေးဟာ ကမ်းဆီကို ရောက်ရှိသွားပေမယ့် ပစ္စည်းတွေထည့်ထားပြီး ပင်ကိုယ်အလေးချိန်များတဲ့ သတ္ထုအိုးကတော့ ကမ်းမရောက်ခင်မှာပဲ နစ်မြှုပ်သွားပါသတဲ့။
(ဘာသာပြန်ဆိုပါသည်)
သင်ခန်းစာ
---------
အားနည်းချက်ဆိုတာ အသွင်သဏ္ဌန်နဲ့တင် ဆုံးဖြတ်လို့မရပါဘူး။
သူများတွေထက် သာလွန်တဲ့ ကိုယ့်အရည်အချင်းကိုလဲ မာန်တွေမတက်ပဲ အသုံးချနိုင်ပါမှ အောင်မြင်နိုင်ပါလိမ့်မယ်။
ဆက်စပ်တွေးမိခြင်းများ
--------------------
ဒီပုံပြင်ကလေးကိုဖတ်ပြီး နေ့စဉ်လှုမှုဘဝမှာ ကြုံတွေ့နေရတဲ့အကြောင်းတွေ စဉ်းစားမိတယ်။
(၁)
ချမ်းသာပြည့်စုံတဲ့မိသားစုမ
အခုခေတ် ချမ်းသာတဲ့နိုင်ငံတွေက အစိုးရတွေဟာ ကောင်းမွန်တဲ့ ပညာရေးအရင်းအမြစ်ကိုအသုံးပြ
အချိန်နဲ့ ပညာရဲ့တန်ဖိုးကို အလေအလွင့်မရှိလောက်အောင်ကို
ဒီအချိန်မှာ အရာရာနောက်ကျခဲ့တဲ့ ကျနော်တို့နိုင်ငံက သူတို့နောက်ကို ဘယ်လောက်အပြေးလိုက်ဖို့လိုတ
ကျွန်တော့်အနေနဲ့ ကြိုးစားလိုက်ရမှာလဲ မကြောက်ပါဘူး။
ပင်ပန်းမှာလဲ မကြောက်မိဘူး။
တကယ်ပါ။
"ကျွန်တော်တို့ ကြောက်သင့်၊ ရင်လေးသင့်တာက ကြိုးစားချင်တဲ့စိတ်မရှိတာက
(၂)
နောက်တစ်ခုက ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်းလာတယ်။အလှူဒါနရဲ့တ
ဒါပေမယ့် နိုင်ငံခြားက ဘာသာခြားတွေက အလှူအတန်းကို ကဗျည်းတောင်မတင်ပဲ ကျွန်တော်တို့ထက်ပိုမိုမြင်
ကျွန်တော်တို့နိုင်ငံမှာတော
အလှူဒါနနဲ့ ကဗျည်းထိုးခြင်းရဲ့ အဓိပ္ပာယ်ကိုသိပြီး အလှူဒါနတွေပြုတိုင်း နာမည်တွေအကြီးကြီးတပ်ချင်နေ
ဗုဒ္ဓတရားတော်တွေအတိုင်း ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာသ
- မှတ်စုကြမ်း #nayaung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။