Scorpion Soup For Soul added 21 new photos to the album: အွန်လိုင်းပေါ်မှအခမဲ့ download လုပ်နိုင်သောလင့်ခ်များအပေါ်အမြင်များ.
အွန်လိုင်းမှာ အခမဲ့ download လုပ်လုပ်ရတဲ့ လင့်ခ်တွေ တင်ပေးနေကြတာ အစပိုင်းမှာ အတော်သာဓုခေါ်ဖို့ကောင်းလှတယ်။ သူတို့က စေတနာပါတယ်။ ရှားပါးအခွေတွေဆိုရင် ဆိုင်တွေမှာတောင် မရနိုင်တော့တာကို သူတို့က စိတ်ရှည်လက်ရှည်နဲ့ (အဲဒီတုန်းက) ညံ့ဖျင်းလှတဲ့ အင်တာနက်ကွန်နက်ရှင်ကို အံတုပြီးတင်ပေးကြတယ်။ အားလုံး သာဓုခေါ်ကြတယ်။
ခေတ်ကပြောင်းသွားတယ်။ ထွက်သမျှအခွေကို
တယောက်နဲ့တယောက်ဦးအောင်တင်တဲ့ခေတ်ကိုရောက်သွားတယ်။ လူတချို့က သူတို့ရဲ့
facebook page လေး လူအများကြားမှာ ရေပန်းစားဖို့အတွက် ထွက်သမျှအခွေကို
သူထက်ငါဦးအောင်တင်ဖို့ကြိုးစားကြတယ်။ အကောင်းဆုံးဥပမာ ပေးရင်
တနေ့ကပဲထွက်တဲ့ အဆိုတော် ဝေလရဲ့အခွေသစ်ဆိုရင် ထွက်ပြီး
(၂၄)နာရီတောင်မပြည့်သေးဘူး ဖရီးဒေါင်းဖို့အတွက် လင့်ခ်က တင်ပြီးနေကြပြီ။
အဲဒီလို သူတပါးရဲ့ဖက်ကနေထည့်မတွက်တတ်တဲ့လူတွေ ဘယ်သိမတုန်း။ ဂီတသမားတယောက်က အခွေတခွေထွက်ဖို့ဆိုတာ မပြောနဲ့ သီချင်းတပုဒ်ဖြစ်မြောက်ဖို့ဆိုတာတောင် ဘယ်အတိုင်းအတာအထိ လေ့လာဆည်းပူး၊ ဘယ်လောကအချိန်အကုန်ခံ၊ ဘယ်လောက်ငွေကြေးရင်းနှီးမြှပ်နှံထားပြီးမှ ပြည်သူလူထုရှေ့မှာ ချပြကြရသလဲဆိုတာ သူတို့ဘယ်သိမတုန်း။
ကိုယ့်ကြောင့် ဂီတအနုပညာရှင်တဦး ငွေကြေးအရ ဘယ်လောက်ဆုံးရှုံးသွားရသလဲ သူတို့ဘယ်သိမတုန်း။ ထားပါ။ ဒါက ကျွန်တော့အမြင်။
ဒီနေ့တော့ အနုပညာအသိုင်းအဝိုင်းထဲမှာ ကျင်လည်ကျက်စားနေသူတွေရယ် ဂီတချစ်သူတွေရယ်ကို လက်လှမ်းမှီသမျှ သူတို့ရဲ့အမြင်လေးတွေကို စကော်ပီယံတို့ရဲ့ မိတ်ဆွေတွေအတွက် စုစည်းတင်ပြအပ်ပါတယ်။
ပါဝင်ကူညီကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။
ခင်သောမင်သော
စကော်ပီယံများ
မှတ်ချက်။ ။ ဓါတ်ပုံများကို ကာယကံရှင်များရဲ့ ပရိုဖိုင်မှရယူပါတယ်။
ကျွန်တော် ဝေလ ပါ .. ကိုယ်တတ်တဲ့ ဂီတအနုပညာနဲ့ အသက်မွေးဝမ်းကျောင်းမှုပြုပါတယ်..
သိပ်မကြာသေးခင်က ကျွန်တော့်ရဲ့အခွေသစ်ထွက်ပါတယ် ...ထွက်ပြီးလို့မှ ၂၄နာရီတောင်မကျော်ခင် free download link တွေ အလွယ်တကူထွက်လာပါတယ် ..ကျွန်တော့်ဘဝတစ်သက်တာလုံးဆည်းပူးလေ့လာထားတဲ့ ဂီတပညာကို အသုံးပြုပြီး နှစ်ပေါက်အောင်ဖန်တီးထားရတဲ့ ဒီအခွေလေးကို ထွက်ပြီး နာရီပိုင်းအတွင်းမှာ free download link တွေများစွာ အလွယ်တကူရရှိနေတာတွေ့မြင်ခဲ့ရပါတယ် ...နယ်မြေဒေသအရ အခွေမရောက်နိုင်တဲ့ ..အခွေဝယ်ဖို့တကယ့်ကို အခက်အခဲဖြစ်နေသူတွေကို နားလည်ပေမယ့်
..ကိုယ့်ရဲ့page ကိုလူကြည့်များဖို့ နဲ့ Like တွေများဖို့ အတွက်... “သူများတွေနှစ်ပေါက်အောင်ကြိုးစားဖန်တီးထားတဲ့
အနုပညာ” တွေကို နာရီပိုင်းအတွင်း free download link တွေပေးနေတာကတော့
မလုပ်သင့်ဘူးထင်ပါတယ် .... “Free Download link တွေများလာလေ
Albumထုတ်ပေးမယ့် ပရိုဂျူဆာတွေနည်းလာလေ(ခုတောင်တော်တော်ရှားနေပါပြီ)
ဖြစ်မှာပါ ...နောင်များ တကယ်တော်ပြီးသား တတ်ပြီးသား လူငယ်တွေ
ပရိုဂျူဆာမရှိလို့ Album ကောင်းတစ်ချပ်ထွက်ဖို့ ခက်ခဲသွားမှာကိုတော့စိုးရိမ်မိပါတယ် ..”
ဒါက ကျွန်တော်တစ်ယောက်ထဲရဲ့ ပြဿနာလို့ ကျွန်တော် မယုံကြည်ပါဘူး ..ဒီပြဿနာဟာ မြန်မာ့ဂီတလောကကြီးကို ဆိုးဆိုးဝါးဝါးထိခိုက်နေတဲ့(ဆက်လက်ထိခိုက်ဦးမယ့်)
ပြဿနာဖြစ်ပါတယ် ... ကျွန်တော်ယုံကြည်တာကတော့ အခုလို ချက်ချင်းလက်ငင်း link ချပေးတာဟာ ဂီတလောကကြီးမှာ အရည်သွေးပြည့် အခွေအသစ်တွေထွက်လာဖို့အတွက် ကြီးမားတဲ့အတားအဆီးတစ်ခုလို့ ခိုင်မာစွာ ယုံကြည်မိပါတယ် ....
ခင်မင်စွာဖြင့် ...
ဝေလ
အစ်ကိုအရင်ကပြောဘူးတယ် ခိုးကူးတွေဖမ်းတုန်းက
အစိုးရအဖွဲ့အစည်းကိုယ့်ဖက်ကရပ်တည်မပေးသ၍
အဆင်မပြေနှိုင်ဘူး ဖမ်းတဲ့သူကိုပြန်ရန်ရှာတယ် ပြန်တိုက်ခိုက်တယ်။ ခဏပဲ။ မြန်မာနိုင်ငံဂီတအစည်းအရုံးဆိုတာလည်း ဒီပြသနာတွေကို တိုက်ဖျက်တဲ့နေရာမှာ ထိရောက်အောင်မလုပ်နိုင်ဘူး။ ဂီတသမားတွေဖက်ကရပ်တည်ပြီးchallenge ဘာတခုမှလုပ်ရဲတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ အဲဒီတော့ လူတွေလုပ်ချင်သလိုလုပ်ကြပြီ ခံရမှာဘဲညီလေး။
ကိုဇော်ဝင်း
Metal Zone Studio
Producer
ဂီတ အနုပညာရှင်တွေ ဘက်ကတော့ .. ကိုယ့်အတွက် နဲ့ ပရိသတ်အတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ သီချင်းတွေ အတတ်နိုင်ဆုံး ဖန်တီးခဲ့တာဘဲ။
(၁) မြန်မာနိုင်ငံ Music Industry ဟာ နိုင်ငံတကာလို ဥပဒေရဲ့ အစောင့်အရှောက် မခံရဘူး ။
(၂) ဥပဒေက မစောင့်ရှောက်တဲ့ ဈေးကွက်ဟာ အမြတ်အစွန်းနည်းတဲ့အတွက် ဝန်ဆောင်ခ နည်းနည်းသာရတဲ့ ဖြန့်ချိရေး နဲ့ အရောင်းဆိုင်တွေက တကယ် စိတ်မဝင်စားဘူး။
သာမန် ဝန်ဆောင်မှုသာပေးတယ်။
(၃) Online ပေါ်က ရောင်းချမှုကလည်း မြန်မာပြည်သူအတွက် ဝယ်ယူဘို့ တမျိုးတဖုံခက်ခဲနေဆဲဖြစ်တယ်။
(၄) Online banking system တွေ Card တွေနဲ့ သီချင်းဝယ်ယူနိုင်တဲ့ခေတ် မြန်မာပြည်မှာ မရသေးဘူး ။
(၅) mobil ဆက်သွယ်ရေးတွေက ရောင်းချပေးမယ့်အစီအစဉ်တွေကလည်း အနုပညာရှင်တွေရဲ့ ရပိုင်ခွင့်ကို အများကြီးချိုးနှိမ်ကန့်သတ်ထားတဲ့ သဘောမှာရှိတယ်။
(၆) Original ခွေအစစ်ဝယ်မယ့် ပရိသတ်အတွက်တောင် တခါတရံမက ဝယ်ယူဘို့ခက်တဲ့အခြေအနေ ကို အချောင်နှိုက်မယ့်သူတွေက အကာအကွယ်ယူ အကြောင်းပြတယ်။
(၇) အမှန်တကယ် မဝယ်ယူနိုင်တဲ့ ပရိတ်သတ်အတွက် အားလုံးဝိုင်းစဉ်းစားစရာ ဆိုပေမယ့် အလကား နားထောင်နိုင်တဲ့ Radio FM တွေ / အလကား ကြည့်ရှူနိုင်တဲ့ free လိုင်း TV တွေ ရှိနေတာလည်း မမေ့သင့်ဘူး။
(၈) မူရင်းခွေ ရောင်းချမှူ နဲ့ အပြိုင် Online ပေါ် free download link တင်ပေးတဲ့သူတွေကတော့.သူ့ website ကျော်ကြားရေးအတွက် ဈေးသည်ရဲ့ ဗန်းထဲက ရောင်းနေတဲ့အရာတွေကို လုယက်ပြီး အများကို လှူပါတယ် လို့ အသံကောင်းဟစ် ဥပဒေချိုးဖောက်သူသာဖြစ်ပါတယ် ။ တကယ်လှူချင်ရင် ရောင်းနေသူဆီက တရားဝင်ဝယ်ယူ လှူဒါန်းရမှာဖြစ်တယ်။
(၉) တကယ် တာဝန်ပျက်ကွက်တဲ့သူတွေ မပြင်ဆင်ဘဲ ဂီတ အနုပညာရှင်တွေ အပေါ်မှာချည်း ပုံချ အပြစ်တင်နေတာ မမှန်ကန်ပါ။
(ဘယ်သူ့ကိုမှ အတင်းအကျပ် နားထောင်ခိုင်းနေတာ မဟုတ်လို့ .. မဝယ်ဘဲ နားမထောင်ဘဲလည်း ကိုယ့်သဘောနဲ့ ကိုယ် နေနိုင်ကြပါကြောင်း )
CD တွေထွက်ပြီးပြီးချင်း download link တွေလိုက်ရှဲ ကြတဲ့ကိစ္စကိုပြောချင်နေတာကြာပြီ ဒါဟာ ရိုးရိုးသားသားလဲဖြစ်နိုင်တယ် (ဒီနေရာမှာရိုးရိုးသားဆိုတာ ဘာမှမရည်ရွယ်ပဲ အရှည်လဲမတွေး IT ဗဟုသုတလေးလဲရှိ လက်ကမြင်းချင်တာလဲပါတာကြောင့် CD ကနေ MP3 ပြောင်း Internet မှာတင် သူတစ်ပါးအကျိုးစီးပွား ထိခိုက်မှာလဲမစဉ်းစားအဲဒါကိုပြောတာပါ ပြောမယ့်သာပြောတာ သူများရောင်းရင်ပိုက်ဆံရမဲ့ဟာကို အလကားတွေရှောက်ပေးပြစ်တာဟာ ရိုးရိုးသားသားပြောလို့တောင်ပြောလို့မရဘူး ရိုးရိုးတုံးတုံးပဲနေမှာ)နောက်တစ်ခုဖြစ်နိုင်တာက လူတစ်ယောက်က ဒါမှမဟုတ် လူအဖွဲ့တစ်စုစုက မနာလိုစိတ်ကြောင့် သူတပါးစီးပွားပျက်အောင်
ရည်ရွယ်ချက် ရှိရှိနဲ့လုပ်နေတာလည်းဖြစ်နိုင်ပါတယ် ဒါကတော့ကျနော် စိတ်အထင် ဖြစ်ကောင်းဖြစ်နိုင်ချေရှိတယ်လို့ တွေး မိတာပါ
ထားတော့ သေချာတာကတော့အဲဒီကိစ္စ ကျနော်တို့မတားနိုင်ဘူး လမ်းဘေးခိုးကူးခွေတွေကျနော်တို့ ပပျောက်သွားအောင်လုပ်ချင်လုပ်နိုင်လိမ့်မယ်
free download link ကိုတော့ ကျနော်တို့တားဆီးလို့ ရ ကိုမရဘူး လူသန်း ၆၀
ကျော်ထဲက download link ကိုuploadလုပ် မဲ့လူက တစ်ယောက်ပဲလိုတာလေ
တစ်ယောက်ရရင် အကုန်ရပြီ ဘယ်လိုတားမလဲ
ကမ္ဘာမှာတောင် တားလို့မရတာ ကြိုက်တဲ့ ကမ္ဘာကျော်အဆိုတော် အယ်လ်ဘမ် အသစ်ထွက် သိပ်မကြာခင် free download link တွေအများကြီးပေါ်လာလိမ့်မယ်
အဲဒီတော့ အဲံဒီကိစ္စနဲ့ပတ်သက်ပြီးလုပ်လို့ရတာ တစ်နည်းတော့ရှိတယ် ကျနော်စဉ်းစားမိတာကြာပြီ ရေးမယ်ရေးမယ်နဲ့မရေးဖြစ်သေးတာ
အဲဒါကဘာလည်းဆိုတော့ ပြည်သူ (ပရိတ်သတ်)ကိုပညာပေးရမယ် အဲဒါကလည်း
ဥပဒေဆိုင်ရာတွေ ကိုယ်ကျင့်တရားကိစ္စတွေ နဲ့ဆရာကြီးလုပ်ပြီးဩဝါဒချွေရမယ် အဲလို့မဟုတ်ဘူး
ဘယ်လိုအသိပညာပေးရမလဲဆိုတော့ စာနာစိတ် မေတ္တာစိတ်ကိုအခြေခံပြီးပညာပေးရမှာပါ
ဥပမာ ပရိတ်သတ်တွေကိုဒီလိုပြောရမည် ခင်ဗျားတို့တစ်ခွေ ၃၀၀၀ ပေးရတယ်ဆိုတာ အဲဒီထဲက တစ်ချို့တစ်ဝက်ကိုပဲအဆိုတော်ကရတာပါ သူမှာကုန်ကျစရိတ်တွေရှိတယ် ငွေရင်းရတယ် နှစ်လုံးသားရင်းရတယ် အချိန်တွေရင်းရတယ် သူတို့ဟာလည်း အဲဒီကရတဲ့ပိုက်ဆံအပေါ်မှာပဲမှီခိုနေကြရတယ် အဲဒီပိုက်ဆံနဲ့ပဲ ထမင်းစားရပါတယ် ဒီပိုက်ဆံနဲ့ပဲ ဓာတ်ဆီထည့်ရပါတယ် သားကြွေးမူမယားကြွေးမူတွေလုပ်ရပါတယ် ခလေးတွေကျောင်းထားရပါတယ် အိမ်ငှားရပါတယ် အိမ်ဝယ်ရပါတယ်
လူတွေက အဲဒါကိုမသိတာတော့မဟုတ်ပါဘူး
လေးလေးနက်နက်လေး အရှည်ကြီးမစဉ်းစားမိကြတာပါ အများစုက ဒီပိုက်ဆံ၃၀၀၀
လောက်ကို ဖျစ်ညစ်ပြီး နှမြောလွန်းလို့ အလကားယူကြတာ မဟုတ်ဘူးဗျ
လွယ်လို့ယူနေကြတာ အဆိုတောင်ရှိသေး လွယ်ရင်သူကြွယ်တောင်လက်ဆော့တယ်ဆိုတာလေ မြန်မာလူမျိုးတွေ အဲလောက် သဒ္ဒါတရား မခေါင်းပါးဘူးရယ် ဘာမှပြန်မရပဲအလကားတောင်လှုကြသေးတာပဲ အခု ပိုက်ဆံပေးလိုက်ရင် စိတ်အပန်းဖြေစရာ သီချင်းတွေ နားထောင်ရမယ်လေ
နောက်ပြီးဝယ်ရမည် ဆိုတာလဲ ထွက်သမျှဝယ်ရမယ်လို့ မဟုတ် ပါဘူး ကိုယ့် အရမ်းဖေးဖရိတ်ဖြစ်တဲ့အဆိုတော်၁
ယောက် ၂ ယောက် ကိုတော့ ဝယ်ယူနားဆင်သင့်ပါတယ် ဘယ်အဆိုတော်မှ တစ်နစ် ၂ ခွေ
မထွက်ပါဘူး မောင် အေ ကိုမကြိက်ဘူး မဝယ်နဲ့ပြသနာမရှိဘူး မောင် ဘီ
ကိုကြိုက်ရင်တော့ ဝယ်ယူနားထောင်စေချင်တယ် အဲလို စာနာစိတ်လေး
နားလည်ပြီးထားမိသွားရင် links တွေကရစေအုန်း ခန နားထောင်ဖို့ယူထားပြီး
ခွေကို အားပေးမူနှုံးမြင့်တက်လာမှာပါ
မြန်မာပြည်မှာ ရောင်းတဲ့ခွေတွေက သိန်းကျော်ခဲ့တဲ့သဓက တွေရှိခဲ့ဘူးတော့
ဒီခေတ်မှာ ၂ သောင်းလောက်ပဲရောင်းရအုံး အဆိုတော်တွေရပ်တည်နိုင်တယ် အခုက သန်း
၆၀ ကျော်မှာအဲလောက်တောင် မရှိတော့ ဂီတလောကအတော်ကြီးအကျပ်ရိုက်နေတယ် ကျနော်တော့ အဲလိုပဲစဉ်းစားမိတယ်။
ဇော်ထက်ဟန်
Noon Music Band
ကျွန် တော် တို့ နိုင် ငံ မှာ တရား ဥ ပ ဒေ စိုး မိုး မှု မ ရှိ တာ ဟာ အ ဓိ က နံ ပါတ် တစ် ပါ ။
ဆု ပေး / ဒဏ် ပေး ကျင့် သုံး လိုက် ရင် ကောင်း မယ် လို့ မြင် ပါ တယ် !!!
အ ရာ အား လုံး ဟာ ပက် သက် ဆက် နွယ် နေ တာ ကြောင့် အ ခြေ ခံ စ နစ် အား လုံး ပြောင်း လဲ မှ သာ ကျွန် တော် တို့ ဂီ တ လော က လည်း ကောင်း သွား လိမ့် မည် ဟု ယုံ ကြည် ပါ သည် ။
သအို
Vocalist
တခေတ်တခါက ခိုးကူးခွေနှိပ်စက်လို့ ကျွန်တော်တို့ဂီတလောကတခုလုံး အလဲလဲအကွဲကွဲဖြစ်ခဲ့ရဖူးတယ်။ တကယ့်တာဝန်ရှိသူတွေ မျက်စေ့ပိတ်၊ နားပိတ်လုပ်နေခဲ့လို့ ကိုယ်ထူကိုယ်ထတိုက်ဖျက်ရေးကို ဂီတလောကသားတွေကိုယ်တိုင်ပဲ ရုန်းခဲ့ကြရတယ်။ မအောင်မြင်ပါဘူး။
ဒီကနေ့ အဲဒီအခက်အခဲတွေ လျော့ပါးမယ်ကြံကာရှိသေး၊ online download link တွေဟာ ခွေထွက်ပလားဆိုမှဖြင့် သူ့ထက်ငါ အလျှိုအလျှိုပေါ်ထွက်လာပြန်တယ်။ တိုးတက်လာတဲ့နည်းပညာထဲမှာ နောက်ထပ်အရိပ်ဆိုး၊ အိပ်မက်ဆိုးတခု ထပ်မံဝင်ရောက်လာပြန်တယ်။
ကျွန်တော်တို့ထမင်းစားရဖို့လိုပါတယ်။
နားသောတရှင်ဂီတချစ်သူများကို ထပ်မံတင်ဆက် နှစ်သက်ကြစေဖို့ အားထုတ်ချင်ပါသေးတယ်။
ကျွန်တော်တို့အားလုံး ကိုယ်တတ်နိုင်တဲ့အသံနဲ့ လူထုကိုပေးဆပ်ချင်ပါသေးတယ်။
တချို့သေကုန်ကြပြီ၊ တချို့နေဝင်လုဆဲဆဲ။
ကျန်နေသေးတဲ့ခွန်အားနဲ့ မျက်လုံးမပိတ်ခင် "ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်" မိပါတယ်။
မြန်မာလူမျိုးတွေမှာမခေါင်းပါးလှတဲ့ ကိုယ်ချင်းစာတရားကို မသေခင်မြင်ပါရစေ။
Ko Zay (Music Producer)
လင့်ခ်တွေက အချိန်တစ်ခု ကြာတဲ့အခါ တင်တာကတော့ ကိစ္စမရှိပါဘူး,,, တချို့ သီချင်းတွေ ကောင်းရက်နဲ့ လူသိပ်မသိတာမျိုးတွေ,မေ့ နေတာမျိုးတွေဆို ဒီလင့်လေးတွေကတဆင့် ပြန်လည်နားဆင်နိုင်တာပေါ့နော်...
ဒါကတော့ တမျိုးပေါ့...ဒါပေမယ့် ဒီမနက်ခွေထွက်,ဒီညနေ လင့်ခ်တင်တာ, တချို
့လည်း အဲ့အနုပညာသမား ပို့ စ်အောက်မှာ လင့်ခ် လေးမစပါဆိုတာမျိုး,,,
အဲ့အောက်မှာမှတခါ လင့်ခ် လာချရေးပေးတာမျိုး....တွေကျတော့ နည်းနည်း အားမနာရာကျတာပေါ့နော်....
ခွေတခွေ ထွက်လာဖို့ ငွေ,အချိန်,အနုပညာ အကုန် အားစိုက်ထုတ်ရပါတယ်....
တခါတလေမှာ ခွေတခွေထွက်ဖို့ တော်တော် ပင်ပင်ပန်းပန်းကြိုးစားရတာပါ.. ကိုယ်ကိုယ်တိုင် ခွေထွက်ကျဲရတာလည်း အဲ့တာတွေကြောင့်ပါ... ဒီလို အပင်ပန်းခံ ချပြရတဲ့အနုပညာကို တန်ဖိုးထားပြီး..မဝယ်မှတော့..
နောက်ထပ် ခွေတွေ ထပ်ထွက်နိုင်ဖို့ က ပို ဝေးသွားတာပါ... ကြာရင် အနုပညာက
ပေါပေါပဲပဲ ပဲလိုချင်သူများလာလေ, တကယ် သီချင်းချစ်တဲ့အဆိုတော်တွေ
ခွေထုတ်ဖို့ စဉ်းစားလေပါပဲ.. ဒါတွေကြောင့် ဒီခေတ်မှာ ပရိုဂျူဆာ တွေလည်း
မရှိသလောက်ရှားလာတယ်.. ခွေထုတ်တယ် ပြီးရင် တဝက်ပြန်ရဖို့ မသေချာတာ
ကြောင့်ပါပဲ.. တော်တော်များများက ကိုယ့်အိတ်စိုက်ထုတ်နေရတယ်...ကိုယ်တွေကတော့
အငယ်ကလေးတွေပါ... ကြိုးစားဆဲ... ဒါပေမယ့်လည်း နိုင်ငံတကာမှာလို
အနုပညာတခုကို တန်ဖိုးထား ဝယ်ယူတာမျိုးကိုတော့ ဒီမှာလည်း ရချင်ပါတယ်။
လိမ်မော်သီး
အဆိုတော်
အဲဒီလို သူတပါးရဲ့ဖက်ကနေထည့်မတွက်တတ်တဲ့လူတွေ ဘယ်သိမတုန်း။ ဂီတသမားတယောက်က အခွေတခွေထွက်ဖို့ဆိုတာ မပြောနဲ့ သီချင်းတပုဒ်ဖြစ်မြောက်ဖို့ဆိုတာတောင် ဘယ်အတိုင်းအတာအထိ လေ့လာဆည်းပူး၊ ဘယ်လောကအချိန်အကုန်ခံ၊ ဘယ်လောက်ငွေကြေးရင်းနှီးမြှပ်နှံထားပြီးမှ ပြည်သူလူထုရှေ့မှာ ချပြကြရသလဲဆိုတာ သူတို့ဘယ်သိမတုန်း။
ကိုယ့်ကြောင့် ဂီတအနုပညာရှင်တဦး ငွေကြေးအရ ဘယ်လောက်ဆုံးရှုံးသွားရသလဲ သူတို့ဘယ်သိမတုန်း။ ထားပါ။ ဒါက ကျွန်တော့အမြင်။
ဒီနေ့တော့ အနုပညာအသိုင်းအဝိုင်းထဲမှာ ကျင်လည်ကျက်စားနေသူတွေရယ် ဂီတချစ်သူတွေရယ်ကို လက်လှမ်းမှီသမျှ သူတို့ရဲ့အမြင်လေးတွေကို စကော်ပီယံတို့ရဲ့ မိတ်ဆွေတွေအတွက် စုစည်းတင်ပြအပ်ပါတယ်။
ပါဝင်ကူညီကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။
ခင်သောမင်သော
စကော်ပီယံများ
မှတ်ချက်။ ။ ဓါတ်ပုံများကို ကာယကံရှင်များရဲ့ ပရိုဖိုင်မှရယူပါတယ်။
ကျွန်တော် ဝေလ ပါ .. ကိုယ်တတ်တဲ့ ဂီတအနုပညာနဲ့ အသက်မွေးဝမ်းကျောင်းမှုပြုပါ
သိပ်မကြာသေးခင်က ကျွန်တော့်ရဲ့အခွေသစ်ထွက်ပါ
..ကိုယ့်ရဲ့page ကိုလူကြည့်များဖို့ နဲ့ Like တွေများဖို့ အတွက်... “သူများတွေနှစ်ပေါက်အောင်ကြ
ဒါက ကျွန်တော်တစ်ယောက်ထဲရဲ့ ပြဿနာလို့ ကျွန်တော် မယုံကြည်ပါဘူး ..ဒီပြဿနာဟာ မြန်မာ့ဂီတလောကကြီးကို ဆိုးဆိုးဝါးဝါးထိခိုက်နေတဲ့
ပြဿနာဖြစ်ပါတယ် ... ကျွန်တော်ယုံကြည်တာကတော့ အခုလို ချက်ချင်းလက်ငင်း link ချပေးတာဟာ ဂီတလောကကြီးမှာ အရည်သွေးပြည့် အခွေအသစ်တွေထွက်လာဖို့အတွက်
ခင်မင်စွာဖြင့် ...
ဝေလ
အစ်ကိုအရင်ကပြောဘူးတယ် ခိုးကူးတွေဖမ်းတုန်းက
အစိုးရအဖွဲ့အစည်းကိုယ့်ဖက်က
အဆင်မပြေနှိုင်ဘူး ဖမ်းတဲ့သူကိုပြန်ရန်ရှာတယ် ပြန်တိုက်ခိုက်တယ်။ ခဏပဲ။ မြန်မာနိုင်ငံဂီတအစည်းအရုံး
ကိုဇော်ဝင်း
Metal Zone Studio
Producer
ဂီတ အနုပညာရှင်တွေ ဘက်ကတော့ .. ကိုယ့်အတွက် နဲ့ ပရိသတ်အတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ သီချင်းတွေ အတတ်နိုင်ဆုံး ဖန်တီးခဲ့တာဘဲ။
(၁) မြန်မာနိုင်ငံ Music Industry ဟာ နိုင်ငံတကာလို ဥပဒေရဲ့ အစောင့်အရှောက် မခံရဘူး ။
(၂) ဥပဒေက မစောင့်ရှောက်တဲ့ ဈေးကွက်ဟာ အမြတ်အစွန်းနည်းတဲ့အတွက် ဝန်ဆောင်ခ နည်းနည်းသာရတဲ့ ဖြန့်ချိရေး နဲ့ အရောင်းဆိုင်တွေက တကယ် စိတ်မဝင်စားဘူး။
သာမန် ဝန်ဆောင်မှုသာပေးတယ်။
(၃) Online ပေါ်က ရောင်းချမှုကလည်း မြန်မာပြည်သူအတွက် ဝယ်ယူဘို့ တမျိုးတဖုံခက်ခဲနေဆဲဖြစ်တယ်
(၄) Online banking system တွေ Card တွေနဲ့ သီချင်းဝယ်ယူနိုင်တဲ့ခေတ် မြန်မာပြည်မှာ မရသေးဘူး ။
(၅) mobil ဆက်သွယ်ရေးတွေက ရောင်းချပေးမယ့်အစီအစဉ်တွေက
(၆) Original ခွေအစစ်ဝယ်မယ့် ပရိသတ်အတွက်တောင် တခါတရံမက ဝယ်ယူဘို့ခက်တဲ့အခြေအနေ ကို အချောင်နှိုက်မယ့်သူတွေက အကာအကွယ်ယူ အကြောင်းပြတယ်။
(၇) အမှန်တကယ် မဝယ်ယူနိုင်တဲ့ ပရိတ်သတ်အတွက် အားလုံးဝိုင်းစဉ်းစားစရာ ဆိုပေမယ့် အလကား နားထောင်နိုင်တဲ့ Radio FM တွေ / အလကား ကြည့်ရှူနိုင်တဲ့ free လိုင်း TV တွေ ရှိနေတာလည်း မမေ့သင့်ဘူး။
(၈) မူရင်းခွေ ရောင်းချမှူ နဲ့ အပြိုင် Online ပေါ် free download link တင်ပေးတဲ့သူတွေကတော့.သူ့ website ကျော်ကြားရေးအတွက် ဈေးသည်ရဲ့ ဗန်းထဲက ရောင်းနေတဲ့အရာတွေကို လုယက်ပြီး အများကို လှူပါတယ် လို့ အသံကောင်းဟစ် ဥပဒေချိုးဖောက်သူသာဖြစ်ပါတယ
(၉) တကယ် တာဝန်ပျက်ကွက်တဲ့သူတွေ မပြင်ဆင်ဘဲ ဂီတ အနုပညာရှင်တွေ အပေါ်မှာချည်း ပုံချ အပြစ်တင်နေတာ မမှန်ကန်ပါ။
(ဘယ်သူ့ကိုမှ အတင်းအကျပ် နားထောင်ခိုင်းနေတာ မဟုတ်လို့ .. မဝယ်ဘဲ နားမထောင်ဘဲလည်း ကိုယ့်သဘောနဲ့ ကိုယ် နေနိုင်ကြပါကြောင်း )
CD တွေထွက်ပြီးပြီးချင်း download link တွေလိုက်ရှဲ ကြတဲ့ကိစ္စကိုပြောချင်နေတာကြ
ရည်ရွယ်ချက် ရှိရှိနဲ့လုပ်နေတာလည်းဖြစ်န
ထားတော့ သေချာတာကတော့အဲဒီကိစ္စ ကျနော်တို့မတားနိုင်ဘူး လမ်းဘေးခိုးကူးခွေတွေကျနော်
ကမ္ဘာမှာတောင် တားလို့မရတာ ကြိုက်တဲ့ ကမ္ဘာကျော်အဆိုတော် အယ်လ်ဘမ် အသစ်ထွက် သိပ်မကြာခင် free download link တွေအများကြီးပေါ်လာလိမ့်မယ်
အဲဒီတော့ အဲံဒီကိစ္စနဲ့ပတ်သက်ပြီးလုပ်
ဘယ်လိုအသိပညာပေးရမလဲဆိုတော့
ဥပမာ ပရိတ်သတ်တွေကိုဒီလိုပြောရမည
လူတွေက အဲဒါကိုမသိတာတော့မဟုတ်ပါဘူး
နောက်ပြီးဝယ်ရမည် ဆိုတာလဲ ထွက်သမျှဝယ်ရမယ်လို့ မဟုတ် ပါဘူး ကိုယ့် အရမ်းဖေးဖရိတ်ဖြစ်တဲ့အဆိုတေ
ဇော်ထက်ဟန်
Noon Music Band
ကျွန် တော် တို့ နိုင် ငံ မှာ တရား ဥ ပ ဒေ စိုး မိုး မှု မ ရှိ တာ ဟာ အ ဓိ က နံ ပါတ် တစ် ပါ ။
ဆု ပေး / ဒဏ် ပေး ကျင့် သုံး လိုက် ရင် ကောင်း မယ် လို့ မြင် ပါ တယ် !!!
အ ရာ အား လုံး ဟာ ပက် သက် ဆက် နွယ် နေ တာ ကြောင့် အ ခြေ ခံ စ နစ် အား လုံး ပြောင်း လဲ မှ သာ ကျွန် တော် တို့ ဂီ တ လော က လည်း ကောင်း သွား လိမ့် မည် ဟု ယုံ ကြည် ပါ သည် ။
သအို
Vocalist
တခေတ်တခါက ခိုးကူးခွေနှိပ်စက်လို့ ကျွန်တော်တို့ဂီတလောကတခုလုံ
ဒီကနေ့ အဲဒီအခက်အခဲတွေ လျော့ပါးမယ်ကြံကာရှိသေး၊ online download link တွေဟာ ခွေထွက်ပလားဆိုမှဖြင့် သူ့ထက်ငါ အလျှိုအလျှိုပေါ်ထွက်လာပြန်တ
ကျွန်တော်တို့ထမင်းစားရဖို့
နားသောတရှင်ဂီတချစ်သူများကိ
ကျွန်တော်တို့အားလုံး ကိုယ်တတ်နိုင်တဲ့အသံနဲ့ လူထုကိုပေးဆပ်ချင်ပါသေးတယ်။
တချို့သေကုန်ကြပြီ၊ တချို့နေဝင်လုဆဲဆဲ။
ကျန်နေသေးတဲ့ခွန်အားနဲ့ မျက်လုံးမပိတ်ခင် "ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်" မိပါတယ်။
မြန်မာလူမျိုးတွေမှာမခေါင်း
Ko Zay (Music Producer)
လင့်ခ်တွေက အချိန်တစ်ခု ကြာတဲ့အခါ တင်တာကတော့ ကိစ္စမရှိပါဘူး,,, တချို့ သီချင်းတွေ ကောင်းရက်နဲ့ လူသိပ်မသိတာမျိုးတွေ,မေ့ နေတာမျိုးတွေဆို ဒီလင့်လေးတွေကတဆင့် ပြန်လည်နားဆင်နိုင်တာပေါ့နေ
လိမ်မော်သီး
အဆိုတော်
..ကျွန်တော့်အနေနဲ့ အဆိုတော်/ တီးဝိုင်းများ၏ Album များကို ဆိုင်တွင်ဝက်၍ရပါလျက် အခမဲ့ Pirate လုပ်ပြီး
ဒေါင်းလုဒ် ဆွဲခြင်းကို မနှစ်မြို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံခြားက အခွေတွေကို အခမဲ့လင့်ခ်တွေက ဒေါင်းလုဒ်ဆွဲပါတယ် ဆိုသော်လည်း အဲ့လိုလုပ်ရတာဟာ ကျွန်တော်တို့နိုင်ငံကို အဲ့ဒီအခွေတွေ မရောက် ၊ အွန်လိုင်းကဝယ်ဖို့ကလည်း Credit Card အဆင်မပြေသောကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အနုပညာသည်တွေရဲ့
သီချင်းတွေကို အခကြေးငွေပေးပြီး ဝယ်ယူတာဟ သူတို့ကို နောက်သီးချင်းပေါင်းများစွာ
ဆက်လက်ထုတ်လုပ်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ကြိုက်တဲ့
Band/အဆိုတော်ရဲ့ အခွေကို မိမိအနေနှင့် တရားဝင် အခကြေးငွေ ပေးပြီး
ဝယ်ယူနိုင်လို့ရှိရင် အခကြေးငွေပေးပြီး ဝယ်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်။
Theo Maung
ဒေါင်းလုဒ် ဆွဲခြင်းကို မနှစ်မြို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံခြားက အခွေတွေကို အခမဲ့လင့်ခ်တွေက ဒေါင်းလုဒ်ဆွဲပါတယ် ဆိုသော်လည်း အဲ့လိုလုပ်ရတာဟာ ကျွန်တော်တို့နိုင်ငံကို အဲ့ဒီအခွေတွေ မရောက် ၊ အွန်လိုင်းကဝယ်ဖို့ကလည်း Credit Card အဆင်မပြေသောကြောင့်ဖြစ်ပါတယ
သီချင်းတွေကို အခကြေးငွေပေးပြီး ဝယ်ယူတာဟ သူတို့ကို နောက်သီးချင်းပေါင်းများစွာ
Theo Maung
ဒီရက်ပိုင်း ခိုးကူးခွေကိစ္စက fb မှာ အတော်ပွဲဆူတာပါလား။
ကိုMg Mg Aye ပို့စ်ရဲ့ အောက်မှာ မန့်ထားတာများ ဘာ
တဲ့ ... ခင်ဗျားရော အခွေအစစ်ပဲ အမြဲဝယ်တယ်လို့ သစ္စာဆိုရဲ
သလားတဲ့။ အံ့သြလိုက်တာ ... ဒါ သစ္စာဆိုစရာလား.... ဒါ
အလိုလို စောင့်ထိန်းရမှာလေ။ သူတပါးပစ္စည်း (ရောင်းကုန်ဖြစ်
ဖြစ် အနုပညာဖြစ်ဖြစ်) မခိုးရဘူးဆိုတာ ကျင့်ဝတ်မဟုတ်လား။
အဆိုတော်ဆိုတာ သီချင်းဆိုခြင်း၊ အခွေထုတ်ခြင်း ဆိုတာ သူ့
အလုပ်လေ။ ဒါကို သွားခိုးလို့ သင့်ပါ့မလား။ ကဲ .... ဒါဆို အနု
ပညာမလုပ်ဘဲ တခြားအလုပ် လုပ်စားတဲ့ သူတွေ .... ကိုယ့်ဆိုင်
ကိုယ့်ရောင်းကုန် ကိုယ့်လုပ်ငန်းကဟာကို လူတွေအလွယ်တကူ
ခိုးလို့ရအောင် ဆိုင်တံခါး ထိုင်ဖျက်ပေးနေရင် ဘယ်လိုခံစားမလဲ။
ယူတဲ့သူတွေကလည်း ကျနော်တို့ ကျမတို့ တံခါးပွင့်နေလို့ ယူ
လိုက်တာပါ ဆိုပြီး ၀င်နှိုက်နေကြသလို ဖြစ်မနေဘူးလား။
ခိုးကူးဝယ်ခြင်းရဲ့ အဓိက က ဈေးနှုန်း မဟုတ်ပါဘူး။ ကိုယ်ချင်းစာတရားပါ ။
Phe Phe
Publisher

မူပိုင်ခွင့်
ဆိုတာ ကျွန်တော့် အဘိဓါန်ထဲမှာတော့ ကိုယ့်လက်ထဲမှာရှိတဲ့ မုန့်.....
ခင်ဗျား အနေနဲ့ စားချင်ရင် ပြန် ဝယ်စား / ဒါမှမဟုတ် တောင်းစား (
စေတနာရှိရင် ဖဲ့ကြွေးမယ် ) .... ဒါပေမယ့် လာလုစားတာရယ် / ခိုးစားတာရယ်
ဆိုရင်တော့ လူလိုတွေးတတ်ရင် မှန်လား မှားလား ... လုပ်သင့် မသင့် စဉ်းစား
နိုင်ပါလိမ့်မယ်.......
မောင်မောင်အေး
Dream Boat
မောင်မောင်အေး
Dream Boat
အနုပညာသည်နဲ့
သူ့ရဲ့အနုပညာကို စော်ကားတယ်လို့ပဲ မြင်တယ်၊ ပီးတော့အဲ့လိုလုပ်တဲ့သူဟာ
အနုပညာစိတ်မရှိလို့ ၊ ကိုယ်ချင်းစာတရားမရှိလို့ ။ ဒါပါပဲ
ကျော်ကျော်ပိုင်မှူး
Vocalist
ကျော်ကျော်ပိုင်မှူး
Vocalist
အခွေထွက်ပြီးပြီးချင်းလင့်ခ်တွေကို တင်တာကိုလည်း ပိုလို့ လက်သင့်မခံပါဘူး အွန်လိုင်းမှာ ဒါဟာ ပိုပြီး လွယ်လင့်တကူ ပျံ့နှံ့နိုင်လို့ပါ ခိုးကူးထက်ဆိုးပါတယ်
ဒါကြောင့် အားလုံးပဲ အဆိုရှင်တွေကို လေးစားသမှုပြုသောအားဖြင့်
ထွက်ပြီးပြီးချင်း အွန်လိုင်းမှာလင့်ခ်တွေ မတင်ပေးကြဖို့နဲ့ အွန်လိုင်းမသုံးသူများလည်း မူရင်းအခွေကိုပဲ ဝယ်ယူအားပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။
မက်အိမ်
တေးရေး

သီချင်းဆိုနေရုံနဲ့ ထမင်းမစားဘဲနေနိုင်ရင်အကောင်းသား။
သီချင်းတွေလည်း ကောင်းပါရဲ့ ပရိသတ်လည်း လက်ခံပါရဲ့နဲ့ နောက်တစ်ခွေထပ်ထုတ်ဖို့
စိတ်ပျက်သွားမယ် မထုတ်ရဲတော့ဘူး မထုတ်တော့ဘူးဆိုရင် ခင်ဗျားတို့ အဲ့အဆိုတော်ကို သတ်တာပဲ။
အဲ့သီချင်းတွေကို သတ်တာပဲ။
စာအုပ်နဲ့သီချင်းကျ မတူတာက
စာအုပ်က စာအုပ်ကိုင်ဖတ်ရမှ အားရတဲ့လူတွေများနေသေးလို့ ဒီလောက်ခံသာနေတာ။
သီချင်းကျ ဘယ်ကနားထောင် နားထောင် အတူတူပဲ။
စာအုပ် Download link တက်သွားဦး
စာအုပ်ဝယ်ဖတ်မှအားရသူတွေရှိနေသေးတယ်။
စာအုပ်လောကကလည်း စာဖတ်အားနည်းလာတဲ့အပေါ် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတာ ကြာပေါ့။
ပန်ဆယ်လို
စာရေးသူ
မှတ်ချက်။ ။ ဆရာမပန်ဆယ်လိုရဲ့ ခွင့်ပြုချက်ဖြင့် သူမ၏ဖေ့စ်ဘွတ်အကောင့်မှ စတေးတပ်စ်၏ ကောက်နှုတ်ချက်ကိုတင်ပြခြင်းဖြစ်ပါသည်။
သီချင်းတွေလည်း ကောင်းပါရဲ့ ပရိသတ်လည်း လက်ခံပါရဲ့နဲ့ နောက်တစ်ခွေထပ်ထုတ်ဖို့
စိတ်ပျက်သွားမယ် မထုတ်ရဲတော့ဘူး မထုတ်တော့ဘူးဆိုရင် ခင်ဗျားတို့ အဲ့အဆိုတော်ကို သတ်တာပဲ။
အဲ့သီချင်းတွေကို သတ်တာပဲ။
စာအုပ်နဲ့သီချင်းကျ မတူတာက
စာအုပ်က စာအုပ်ကိုင်ဖတ်ရမှ အားရတဲ့လူတွေများနေသေးလို့ ဒီလောက်ခံသာနေတာ။
သီချင်းကျ ဘယ်ကနားထောင် နားထောင် အတူတူပဲ။
စာအုပ် Download link တက်သွားဦး
စာအုပ်ဝယ်ဖတ်မှအားရသူတွေရှိ
စာအုပ်လောကကလည်း စာဖတ်အားနည်းလာတဲ့အပေါ် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတာ
ပန်ဆယ်လို
စာရေးသူ
မှတ်ချက်။ ။ ဆရာမပန်ဆယ်လိုရဲ့ ခွင့်ပြုချက်ဖြင့် သူမ၏ဖေ့စ်ဘွတ်အကောင့်မှ စတေးတပ်စ်၏ ကောက်နှုတ်ချက်ကိုတင်ပြခြင်း
အဆိုတော်အသစ်တွေက တစ်ခါတလေ သူ့ တို့ ကိုယ်တိုင်ကို လိုလိုချင်ချင်နဲ့လင့် ချပေးခိုင်းတာတွေ
လဲရှိပါတယ် ။ လူသစ်တန်းတွေအခွေတွေအနေနဲ့က
သိပ်ကိစ္စမရှိပါဘူး သူ့ တို့ အတွက်ကလူသိလေပိုကောင်းလေကို ခုခေတ်အနေအထားအရ လိုင်းပေါ်မှာ
ကိုယ့်အခွေlinkလေးပျံ့နှံ့ရင်ကို အနုပညာအရအောင်မြင်မှုတစ်ခုလို့သတ်မှတ်ရမလိုဖြစ်နေတဲ့အနေထားကို
ဒါပေမဲ့ နဲနဲလူသိလာပြီး နာမည်ရှိစပြုလာတဲ့လူတွေရဲ့အခွေတို့နာမည်ရှိပြီးသားလူတွေရဲ့အခွေတွေ
ကြနဲနဲစဉ်းစားဖို့ လိုလာပြီ
မူပိုင်ခွင့်နဲ့ငြိမှာတို့ ဘာတို့  ကအစပေါ့
ထားပါ မူပိုင်ခွင့်ငြိတာမငြိတာထက်
သူတို့ ရဲ့အနုပညာဖန်တီးမှုနဲ့ပေးဆပ်မှု
ရပ်တည်မှုတွေပါကျနော်တို့ လှမ်းကြည့်မှရမယ်ထင်တယ်ဗျခွေတစ်ဖြစ်ဖို့ ကမလွယ်ဘူးလေ
ရိုင်းရိုင်းပြောရရင်ငွေတွေပုံအောရင်းထားရတာ
ခုခေတ်အနေအထားအရ အမြတ်ရဖို့ နေနေသာသာ
အရင်းမပြောနဲ့ အရင်းရဲ့ ၃ချိုး ၁ချိုး
ပြန်ရရင်ကိုကံကောင်းတဲ့အနေအထားဆိုတော့
ဖန်တီးသူအနုပညာရှင်တွေဘက်ကို
ခံစားသူကျွန်တော်တို့ ဘက်က မြင်အောင်
ပြန်ကြည့်ပေးဖို့ လို့ တယ် ဒါကြောင့်
အခွေတစ်ခွေထွက်ထွက်ခြင်း အနဲဆုံး
၃လ ကနေ ၆လအတွင်းတော့
Linkတွေထွက်မလာစေချင်ဘူးဗျ
ဒါကျနော့်အမြင်ဝင်ပြောကြည့်တာပါ
အလိုတူခွင့် ငြင်းဆန်ခွင့်ရှိပါတယ်
ခင်မင်စွာဖြင့်
ကိုထိုက် ပခုက္ကူ
လဲရှိပါတယ် ။ လူသစ်တန်းတွေအခွေတွေအနေနဲ့
သိပ်ကိစ္စမရှိပါဘူး သူ့ တို့ အတွက်ကလူသိလေပိုကောင်းလေကိ
ကိုယ့်အခွေlinkလေးပျံ့နှံ့ရ
ဒါပေမဲ့ နဲနဲလူသိလာပြီး နာမည်ရှိစပြုလာတဲ့လူတွေရဲ့အ
ကြနဲနဲစဉ်းစားဖို့ လိုလာပြီ
မူပိုင်ခွင့်နဲ့ငြိမှာတို့ ဘာတို့  ကအစပေါ့
ထားပါ မူပိုင်ခွင့်ငြိတာမငြိတာထက်
သူတို့ ရဲ့အနုပညာဖန်တီးမှုနဲ့ပေးဆပ
ရပ်တည်မှုတွေပါကျနော်တို့ လှမ်းကြည့်မှရမယ်ထင်တယ်ဗျေ
ရိုင်းရိုင်းပြောရရင်ငွေတွေ
ခုခေတ်အနေအထားအရ အမြတ်ရဖို့ နေနေသာသာ
အရင်းမပြောနဲ့ အရင်းရဲ့ ၃ချိုး ၁ချိုး
ပြန်ရရင်ကိုကံကောင်းတဲ့အနေအ
ဖန်တီးသူအနုပညာရှင်တွေဘက်ကိ
ခံစားသူကျွန်တော်တို့ ဘက်က မြင်အောင်
ပြန်ကြည့်ပေးဖို့ လို့ တယ် ဒါကြောင့်
အခွေတစ်ခွေထွက်ထွက်ခြင်း အနဲဆုံး
၃လ ကနေ ၆လအတွင်းတော့
Linkတွေထွက်မလာစေချင်ဘူးဗျ
ဒါကျနော့်အမြင်ဝင်ပြောကြည့်
အလိုတူခွင့် ငြင်းဆန်ခွင့်ရှိပါတယ်
ခင်မင်စွာဖြင့်
ကိုထိုက် ပခုက္ကူ
သီချင်းခွေသစ် တစ်ခုထွက်လာတိုင်း
ကိုယ်ချင်းမစာမနာဘဲ
နေ့ချင်းညချင်း Download link တင်ပေးနေတဲ့
ကောင်တွေကို ကျေးဇူးတင်ပြနေတဲ့လူတွေအများကြီးရှိနေကျတယ်...
အဲ့လူတွေက ဂီတလောက ကို တစ်ပိုင်တစ်နိုင်ဖျက်ဆီးနေကျတာပါ။
သီချင်းအသစ်တွေကို ဖန်တီးပေးတဲ့ အဆိုတော်တွေမျက်နှာကို မထောက်ဘဲ DL link
တင်ပေးနေတဲ့သူကို ကျေးဇူးရှင်သဖွယ် ဆက်ဆံနေလိုက်ကျတဲ့ ဂီတချစ်ပရိသတ်
အချို့ကိုလည်း အံ့သြမိပါတယ်..။နှစ်ရှည်လများ ဖန်တီးလာတဲ့ သီချင်းတွေကို နာရီပိုင်း အတွင်းမှာ link တင်ပီး ကျေးဇူးရှင်သဖွယ်လုပ်နေတဲ့
လူတွေကို လည်း ပြင်းပြင်းထန်ထန် ရှုပ်ချပါတယ်....
Free download လုပ်တာပဲဖြစ်ဖြစ်
တစ်ယောက်နဲ့ တစ်ယောက် Sharing လုပ်တာလည်းမဖြစ်သင့်ပါဘူး..
Album တစ်ချက်ကို မြန်မာငွေနဲ့ ၃၀၀၀ ကျရင်
လူ ၁၀၀ က free download ရင် ၃သိန်း ပါ
လူ ၁၀၀၀ သာဆို သိန်း ၃၀ ဖြစ်နေပီ...
အနုပညာ ရှင်တစ်ယောက် က နာရီပိုင်း အတွင်းတောင်တော်တော် နှစ်နာသွားပါပြီ ကိုယ်ချင်းစာကြည့်ပေးကျပါ...
နောက်ထပ် နောက်ထပ် သီချင်းအသစ်တွေ Album အသစ်တွေ မြင်ချင်ကြားချင်သေးတယ်ဆိုရင်
ဘယ်အနုပညာရှင် မဆိုရဲ့ သီချင်း Album Original အခွေ ကို
ရည်ရွယ်ချက်ရှိရှိ ဝယ်ယူနားဆင်အားပေးကျပါလို့
တိုက်တွန်းပါရစေဗျာ....
ပိုင်မှူးကိုကို
ဓါတ်ပုံ
ကိုယ်ချင်းမစာမနာဘဲ
နေ့ချင်းညချင်း Download link တင်ပေးနေတဲ့
ကောင်တွေကို ကျေးဇူးတင်ပြနေတဲ့လူတွေအမျာ
အဲ့လူတွေက ဂီတလောက ကို တစ်ပိုင်တစ်နိုင်ဖျက်ဆီးနေက
လူတွေကို လည်း ပြင်းပြင်းထန်ထန် ရှုပ်ချပါတယ်....
Free download လုပ်တာပဲဖြစ်ဖြစ်
တစ်ယောက်နဲ့ တစ်ယောက် Sharing လုပ်တာလည်းမဖြစ်သင့်ပါဘူး..
Album တစ်ချက်ကို မြန်မာငွေနဲ့ ၃၀၀၀ ကျရင်
လူ ၁၀၀ က free download ရင် ၃သိန်း ပါ
လူ ၁၀၀၀ သာဆို သိန်း ၃၀ ဖြစ်နေပီ...
အနုပညာ ရှင်တစ်ယောက် က နာရီပိုင်း အတွင်းတောင်တော်တော် နှစ်နာသွားပါပြီ ကိုယ်ချင်းစာကြည့်ပေးကျပါ..
နောက်ထပ် နောက်ထပ် သီချင်းအသစ်တွေ Album အသစ်တွေ မြင်ချင်ကြားချင်သေးတယ်ဆိုရ
ဘယ်အနုပညာရှင် မဆိုရဲ့ သီချင်း Album Original အခွေ ကို
ရည်ရွယ်ချက်ရှိရှိ ဝယ်ယူနားဆင်အားပေးကျပါလို့
တိုက်တွန်းပါရစေဗျာ....
ပိုင်မှူးကိုကို
ဓါတ်ပုံ
အနုပညာကို တန်ဖိုးထားလေးစား ချစ်ခင်တတ်တဲ့ စိတ်နှလုံး သေဆုံးပျောက်ကွယ်သွားတာဗျ၊ပြန်လည်ရှင်သန်လာအောင် အားလုံးပူးပေါင်းပါဝင်သင့်တယ်၊
ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာဆက်လုပ်ဦးမှာပါပဲ
အကိုတို့တွေအနေနဲ့လဲ ဝေမျှစရာ
အသိပညာနဲ့ ဥာဏဆိုင်ရာကိစ္စတွေကို
ဆွေးနွေးနေကြဦးမှာပဲလေ၊ကိုယ်တိုင်မထုတ်ပိုးပဲ သူများထုတ်ပိုးပြိးသားကို သူ့page နံမည်ကြီးအောင်
လုပ်ပြီးfoc Download links ပေးတဲ့
သူတွေရဲ့ရန်ကကာကွယ်ပေးဖို့ တိတိကျကျ ဥပဒေလဲ
လိုနေပါပြီလို့ထင်မိပါသလို၊
Online store တွေနည်းပညာအားနဲမှုကို
လဲပြန်လည်ပြင်ဆင်သင့်ပြီး
အလွယ်တစ်ကူDownload လုပ်လို့ရမယ့်
နည်းလမ်းတွေရှာဖွေသင့် အခုတော့
ဝယ်မယ့်သူကဝယ်ချင်တာတောင်ရှုတ်ထွေးပွေလီတဲ့နည်းတွေနဲ့ဆိုတော့ ထင်သလောက်ခရီးမပေါက်တော့ဘူးပေါဗျာ ။
Shoot Maung
တေးရေး၊ Vocalist
(SoulOfShoot)
ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာဆက်လုပ်ဦ
အကိုတို့တွေအနေနဲ့လဲ ဝေမျှစရာ
အသိပညာနဲ့ ဥာဏဆိုင်ရာကိစ္စတွေကို
ဆွေးနွေးနေကြဦးမှာပဲလေ၊ကို
လုပ်ပြီးfoc Download links ပေးတဲ့
သူတွေရဲ့ရန်ကကာကွယ်ပေးဖို့ တိတိကျကျ ဥပဒေလဲ
လိုနေပါပြီလို့ထင်မိပါသလို၊
Online store တွေနည်းပညာအားနဲမှုကို
လဲပြန်လည်ပြင်ဆင်သင့်ပြီး
အလွယ်တစ်ကူDownload လုပ်လို့ရမယ့်
နည်းလမ်းတွေရှာဖွေသင့် အခုတော့
ဝယ်မယ့်သူကဝယ်ချင်တာတောင်ရှု
Shoot Maung
တေးရေး၊ Vocalist
(SoulOfShoot)
ဝိုင်ဝိုင်း သမင်လည်ပြန် ထွက်တုန်းက ခိုးကူးခွေနဲ့ အဒေါ်ကြီးတစ်ယောက်ကလက်မှတ်လာထိုးခိုင်းတာကြုံဘူးတယ်
ခိုးကူးခွေမှန်း သူကိုယ်တိုင်မသိဘူး ရှင်းပြရတယ်
အင်တာနက်တော့သုံးတတ်တယ် ဒါမလုပ်သင့်တဲ့
ကိစ္စလို့မတွေးနိုင်ဘူးဆိုရင်တော့ တော်တော်အောက်တန်းကျသွားဘီ လို့ပြောချင်တယ် ( ကိုယ့်စာရိတ္တ ကိုယ်တိုင်မြှင့်တင်နိုင်ပါစေ )
ကိုမိချောလေး
တေးရေး
ခိုးကူးခွေမှန်း သူကိုယ်တိုင်မသိဘူး ရှင်းပြရတယ်
အင်တာနက်တော့သုံးတတ်တယ် ဒါမလုပ်သင့်တဲ့
ကိစ္စလို့မတွေးနိုင်ဘူးဆိုရင
ကိုမိချောလေး
တေးရေး
ခိုးကူး က တမျိုး
Online ပေါ် link တွေ တင်တာက တမျိုး
အရင်းတောင် ပြန်ရဖို့ ခက်နေတဲ့ အခြေအနေ က တစ်ခု!
ရိုးသားစွာ လှမ်းဖို့ ခြေလှမ်းတွေ အားမဲ့ရပါတယ် ...
••••••••
အဆင့်မြင့်ပါတယ် ဆိုတဲ့ သူတွေ
ကိုယ်ချင်းစာတရားတွေ ခေတ္တ ပျောက်ဆုံးနေချိန်
အနုပညာသမား တချို့လည်း တောင့်ခံနိုင်ဖို့ အင်အားတွေ ဆုံးရှုံး ...
•••••••••
ဒီလို လည်နေတဲ့ သံသရာ ကို ဥပဒေ နဲ့ ချုပ်ကိုင်မှ ရမယ့်အစား ...
ကိုယ်ချင်းစာတရားလေး နဲ့ သာ ကိုယ်ချစ်တဲ့ အနုပညာသမားတွေ ဘ၀ ကို လေးစားမယ်ဆိုရင် ...
ပိုမိုလှပတဲ့ လူ့ဘောင်မှာ ...
စစ်မှန်တဲ့ အနုပညာတွေ ထွန်းလင်းနေမှာပါ ...
အလင်းရကြပါစေ ...
with METTA ...
သျှီ

ဘယ်သူကမှားတယ်
ဘယ်သူကမှန်တယ်ဆိုတာတော့ မပြောလိုပါဘူး။ အကြောင်းရှိလို့
အကျိုးရယ်လို့ဖြစ်လာတာပါ။ အဓိက ကတော့ အသားကုန်ခေါက်ရိုးချိုးထားခံရပြီး ဖရိုဖရဲဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ဂီတသမိုင်းတချို့တဝက်ကို တာဝန်ရှိမယ်ထင်တဲ့လူတိုင်းက ဘယ်လိုပြုပြင်မလဲ ဘယ်လိုပြန်ထိန်းချုပ်မလဲဆိုတာကိုပဲ အာရုံစိုက်စေချင်ပါတယ်။
လေးစားပါတယ် Scorpion...
သာဒီးလူ
Vocalist, The Key — with Thar Deelu - သာဒီးလူ.
လေးစားပါတယ် Scorpion...
သာဒီးလူ
Vocalist, The Key
အခွေထွက်ပြီးပြီးချင် link တွေ ရှိနေတာက ကောင်းတဲ့အလားအလာတော့မဟုတ်ပေမယ့် ကမ္ဘာနဲ့ချီပြီးကြည့်ရင်တော့ IT ခေတ်မှာတားဆီးလို့ရတော့မှာမဟုတ်တာတော့သေချာပါတယ်။ link တက်လာရင် မသိချင်ယောင်ဆောင်ပြီးကျော်သွားယုံကလွဲလို့ ကျနော် တို့ကြိုးစားမှု့ကိုလွယ်လွယ်ကူကူမြည်းစမ်းနိုင်အောင် လုပ်ပေးတဲ့သူကို ကျေးဇူးတင်ယုံကလွဲလို့ ဘာမှလုပ်ပိုင်ခွင့်ကလဲမရှိပေဘူးပေါ့ဗျာ။အခွေမှာပဲဖြစ်ဖြစ် copy မလုပ်နိုင်မယ့် security စနစ်ထပ်တိုးလုပ်ဖို့ကြိုးစားဖို့ကျနော်တို့ဘက်ကတာဝန်ပေါ့လျော့တယ်လို့ပဲမှတ်ယူမိပါတယ်။ ပရိသတ်တွေမှာတော့ အပြစ်မရှိပါဘူးခင်ဗျာ ကိုယ်ကြိုက်တဲ့အနုပညာရှင်ရဲ့သတင်းတွေသီချင်းတွေကို Share ပြီးနားထောင် တာကိုပဲကျေးဇူးတင်နေပါပြီ ။
ဇွဲပြည့်
Vocalist
ဇွဲပြည့်
Vocalist
အနုပညာပစ္စည်းတို့
အနုပညာသမားတို့ စတဲ့စ ကားလုံးတွေကို ခဏဖယ်လိုက်ကြရအောင်ဗျာ။
ဒါလူတယောက်အသက်ရှင် ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်း လို့သိစေချင်တယ်။
ဆိုက်ကားဆရာ ဆိုက်ကားနင်းရသလို့၊ တက်စီဆရာ တက်စီမောင်းရသလို၊ ဆရာဝန်တွေ
ဆေးကုရသလိုပါပဲ။ ဘာမှပိုမထူးပါဘူး။ အဲ့လို စိတ်ကူးလောက်နဲ့ ကိုယ်ချင်းစာ
ပေးနိုင်ရင်တောင်မဆိုးပါဘူး။ ခုအဆိုတော်တွေက ခွေထွက်ပြီးရင် လှည့်ကိုမကြည့်ချင်ကြတော့ဘူး။ အရင်းပြန်ရဖို့ အနိုင်နိုင်ရယ်။
ဂျီလတ်
Vocalist
ဂျီလတ်
Vocalist
တချို့ကြဝယ်နိုင်တယ်မဝယ်ဘူးfree download တွေဆွဲကြတယ်ဒါဟာအနုပညာကိုအားပေးရာမရောက်ပါဘူး။အနုပညာကိုအားပေးတယ်ဆိုရင်မူရင်းကိုသာဝယ်ပြီးအားပေးကြပါ။တဘက်ကကြည့်ရင်လူတွေရဲ့စီးပွားရေးအခြေအနေ။ဥပဒေ။ထိန်းကွပ်မှု။လိုက်နာမှု။လူ့ကျင့်ဝတ်။ကိုယ်ချင်းစာတရား။လေးစားမှုအများကြီးဆိုင်သွားပြီ။
တဦးချင်းစီစောင့်ထိန်းရမယ့်ကိစ္စတွေမို့ ကိုယ့်အသိစိတ်ကိုမြှင့်တင်ရင်းအနုပညာလောကကြီးစိမ်းလန်းခမ်းနားစေဖို့...
လေးစားလျက်-ဆင်ပေါက်
တေးရေး၊ တေးဆို
တဦးချင်းစီစောင့်ထိန်းရမယ့်ကိစ္စ
လေးစားလျက်-ဆင်ပေါက်
တေးရေး၊ တေးဆို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။