စားသုံးရန်မသင့်သော အစားအသောက်များအကြောင်း အသိပညာပေး
-------------------------- --------------
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စားသုံးရန် မသင့်သော အစားအသောက်များအကြောင်း အသိပညာပေးပွဲကို ကျောင်းကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ယနေ့ (ဇွန်လ ၁၈ ရက်) ပြုလုပ်ခဲ့ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
လားရှိုးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျောင်းကျန်မာရေး ဦးစီးဌာနမှ ဒေါက်တာနီနီထွန်း၊ ဒေါက်တာစောလှဖြူတို့နှင့်အတူ ဟောပြောခဲ့ခြင်းဖြစ်သည်ဟု လားရှိုးမြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောကြားသည်။
“သူတို့ရောင်းတာကို ကျောင်းသားကျောင်းသူတွေ ဝယ်စားမယ်။ အန္တရာယ်ရှိတဲ့ အစားအသောက်တွေ၊ ဆိုးဆေးတွေအကြောင်း သူတို့ (ဈေးရောင်းသူ) တွေ သိအောင် ရည်ရွယ်ကျင်းပတာ”ဟု ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ဟောပြောပွဲကျင်းပသည့် ရည်ရွယ်ချက်ကို ရှင်းပြသည်။
စားသုံးသူ အသိပညာပေး ဟောပြောပွဲသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၃၅ ခုမှ ကျောင်းဈေးရောင်းသူ ၃၃၀ တက်ခဲ့ကြောင်း၊ ကျောင်းဈေးရောင်းသူများအနေနှင့် အန္တရာယ်ရှိသည့် ဆိုးဆေးပါသော စားသောက်ကုန်များအကြောင်း သိရှိနိုင်ရန် ဟောပြောခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လတ်တလောတွင် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းသော အေးခဲအစားအစာများ၊ ပင်လယ်စာများနှင့် အန္တရာယ် ဖြစ်စေနိုင်သော အစားအသောက်များကို ရောင်းချသူများ၊ စားသောက်ဆိုင်များကို အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေပြီး နောင်တွင် ရောင်းချခြင်း၊ တရားမဝင် သယ်ဆောင်လာခြင်းများကို မိုဘိုင်းတမ်င်းအဖွဲ့များဖြ င့် စစ်ဆေးဖမ်းဆီးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
--------------------------
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စားသုံးရန် မသင့်သော အစားအသောက်များအကြောင်း အသိပညာပေးပွဲကို ကျောင်းကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ယနေ့ (ဇွန်လ ၁၈ ရက်) ပြုလုပ်ခဲ့ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
လားရှိုးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျောင်းကျန်မာရေး ဦးစီးဌာနမှ ဒေါက်တာနီနီထွန်း၊ ဒေါက်တာစောလှဖြူတို့နှင့်အတ
“သူတို့ရောင်းတာကို ကျောင်းသားကျောင်းသူတွေ ဝယ်စားမယ်။ အန္တရာယ်ရှိတဲ့ အစားအသောက်တွေ၊ ဆိုးဆေးတွေအကြောင်း သူတို့ (ဈေးရောင်းသူ) တွေ သိအောင် ရည်ရွယ်ကျင်းပတာ”ဟု ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ဟောပြောပွဲကျင်းပသည့် ရည်ရွယ်ချက်ကို ရှင်းပြသည်။
စားသုံးသူ အသိပညာပေး ဟောပြောပွဲသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၃၅ ခုမှ ကျောင်းဈေးရောင်းသူ ၃၃၀ တက်ခဲ့ကြောင်း၊ ကျောင်းဈေးရောင်းသူများအနေန
လတ်တလောတွင် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းသော အေးခဲအစားအစာများ၊ ပင်လယ်စာများနှင့် အန္တရာယ် ဖြစ်စေနိုင်သော အစားအသောက်များကို ရောင်းချသူများ၊ စားသောက်ဆိုင်များကို အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေပြီး နောင်တွင် ရောင်းချခြင်း၊ တရားမဝင် သယ်ဆောင်လာခြင်းများကို မိုဘိုင်းတမ်င်းအဖွဲ့များဖြ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။