Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 6, 2016

တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား

တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား
--------------------------------------------
တစ်ခါက ကုန်သည်တစ်ဦးဟာ မြည်း တစ်ကောင်နဲ့ မြင်းတစ်ကောင်ကို ပိုင်ဆိုင်ပါသတဲ့..။ ကုန်သည်ဈေးကိုသွားပြီး ဈေးရောင်းတဲ့အခါတိုင်းမှာ မြည်းဟာ ကုန်စည်စလယ်တွေအကုန်လုံးကို တစ်ကောင်တည်း သယ်ပိုးရလေ့ရှိပါသတဲ့..။ မြင်းကတော့ တစ်ခါတစ်ရံမှသာ ကုန်သည်ကို သယ်ယူပြီး ဈေးကို လိုက်ပါရတာပဲဖြစ်တယ်..။ နေ့ရက်တော်တော်များများမှာတော့ မြည်းဟာ ၀န်ထုပ်ဝန်ပိုးများစွာကို တစ်ကောင်တည်း လေးလံစွာ သယ်ဆောင်ရလေ့ရှိတယ်..။

ပူပြင်းလှတဲ့ နေ့တစ်နေ့မှာတော့ ကုန်သည်ကြီးဟာ ခရီးလမ်း ကြမ်းတမ်းပြီး ဝေးလံတဲ့မြို့တစ်မြို့ကို ကုန်ပစ္စည်းသွားရောက် ရောင်းချဖို့အတွက် ၀န်ထုပ်ဝန်ပိုးများကို မြည်းရဲ့ကျောပေါ်မှာတင်ဆောင်ပြီး.. မြင်းရော မြည်းကိုပါဆွဲကာ.. ထွက်ခွာခဲ့ပါသတဲ့..။ လမ်းခရီးဟာ တောင်ဆင်းတောင်တက်နဲ့ ကြမ်းတမ်းတဲ့ မြေမျက်နှာပြင် ဖြစ်တာကြောင့်လည်း ကုန်သည်ဟာ မြင်းကို စီးနင်းဖို့ မဖြစ်နိုင်တာကြောင့် မြင်းအတွက်တော့ အင်မတန် သက်သာတဲ့ ခရီးလမ်းတစ်ခု ဖြစ်နေခဲ့တယ်..။

အဲဒီလို ခရီးထွက်ခွာလာတဲ့အခါ လမ်းခုလတ်တစ်နေရာမှာတော့ မြည်းဟာ နေပူတဲ့ဒဏ်၊ ၀န်ထုပ်ဝန်ပိုးများရဲ့ လေးလံတဲ့ဒဏ်အပြင် လမ်းခရီးကြမ်းတမ်းတဲ့ဒဏ်တွေကြောင့်ပါ အလွန်အမင်းမောဟိုက် နှုံးခွေလာပါသတဲ့..။ အဲဒီအခါ မြည်းက မြင်းကို ဒီလိုပြောခဲ့တယ်

"အစ်ကိုမြင်းရေ၊ ကျွန်တော်တော့ ဒီဝန်ထုပ်ဝန်ပိုးတွေကို သယ်ပြီး ဒီခရီးကို ဆက်သွားဖို့ မလွယ်တော့ဘူးဗျာ၊ ကျွန်တော် အရမ်းပင်ပန်းနေပါပြီ၊ အစ်ကိုမြင်းကျွန်တော့်ကို စာနာသောအားဖြင့် ကျွန်တော့်ရဲ့ ၀န်ထုပ်ဝန်ပိုး တစ်ချို့တစ်ဝက်ကို ခွဲပြီးသယ်ပေးပါလားဗျာ၊ ကျွန်တော်အရမ်းပင်ပန်းနေလို့ပါ"

အဲဒီစကားကြားတဲ့အခါ မြင်းက တဟီဟီနဲ့ ရယ်မောပြန်တယ်..၊ ပြီးတော့သူက ဒီလိုပြောတယ်

"ဟေ့ကောင်၊ မြည်းကမြည်း၊ မြင်းကမြင်းပဲ..။ မင်းအလုပ်မင်းလုပ်၊ ငါ့အလုပ်ငါလုပ်မယ်..။ ဘာအကြောင်းနဲ့မှ မင်းဝန်ထုပ်ဝန်ပိုးကို ငါသယ်စရာအကြောင်းမရှိဘူးကွ..။ ဟား..ဟား.. သယ်ပေအုံးတော့ ငမြည်းရေ၊ ကိုယ်တွေကတော့ နေသာသပ၊ လေညာကပဲကွ"

အဲဒီလိုနဲ့ မြည်းနဲ့မြည်းဟာ. ကုန်သည်ရဲ့ခေါ်ဆောင်ရာ ခရီးလမ်းကို ဆက်လက်ထွက်ခွာလာခဲ့ကြပြန်တယ်..။ တခဏ အကြာမှာတော့ မြည်းဟာ မောဟိုက်နွမ်းလျှတဲ့ဒဏ်ကို မခံနိုင်တော့ပဲ နေရာမှာပဲ လဲကျ သေဆုံးသွားခဲ့တယ်..။ အဲဒီအချိန်မှာတော့ ကုန်သည်ဟာ မြည်းရဲ ကျောပေါ်က ၀န်ထုပ်ဝန်ပိုးတွေကို မြင်းရဲ့ ကျောပေါကို ပြောင်းလဲတင်ဆောင်ခဲ့တော့တယ်..။ အဲဒီအချိန်ကစလို့ မြင်းဟာ မြည်းရဲ့ဝန်ထုပ်ဝန်ပိုးတွေအပြင် ကုန်သည်ရဲ့စီးနင်းခြင်းကိုပါခံရပြီးတာဝန်နှစ်ခုလုံးကို တစ်ကောင်တည်းပဲ သေတဲ့အထိ ထမ်းဆောင်ရတော့တယ်..။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်..။ လူသားတွေဟာ အစုအဖွဲ့ အပေါင်းအသင်းနဲ့ နေထိုင်တတ်ကြ အလုပ်လုပ်တတ်ကြတဲ့ သဘာဝကို ပိုင်ဆိုင်ထားကြသူများဖြစ်တယ်..။ ကုမ္ပဏီ၊ အသင်းအဖွဲ့၊ မိသားစု၊ ကျောင်း ၊ နိုင်ငံ စတဲ့ အ၀န်းအ၀ိုင်းပေါင်းများစွာမှာ ပါဝင်နေကြသူတွေပဲဖြစ်တယ်။ အဲဒီလို လူအများနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ၀န်းကျင်တိုင်းဟာ မြည်းနဲ့ မြင်း ပေါင်းစပ်ထားတဲ့ နေရာဌာနတွေလို့ ဆိုချင်တယ်..။

အဲဒီလို လက်တွဲလုပ်ကိုင်ကြတဲ့ အသိုင်းအ၀န်းတွေမှာ မတူညီတဲ့ တာဝန်တွေ၊ မညီမျှတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ကိုယ်စီကိုယ်ငှ ထမ်းရွက်ထားကြပြန်တယ်..။ အဲဒီလို အခြေအနေမှာ မြည်းလိုပဲ ၀န်ထုပ်ဝန်ပိုးများစွာကို ထမ်းပိုးထားရတဲ့ လူရှိသလိုမျိုး၊ မြင်းလိုပဲ သက်တောင့်သက်သာနေရာမှာ အလုပ်လုပ်ကိုင်နေကြသူများလည်းရှိနေတတ်ကြပြန်တယ်။ ဘယ်လိုပဲ မညီမျှမှုတွေ၊ ခံစားခွင့်တွေ ခြားနားနေပါစေ ကျနော်တို့ကျဉ်လည်ရာ အသိုင်းအ၀ိုင်းဟာ ခရီးတစ်ခု၊ ပန်းတိုင်တစ်ခုကို တူညီစွာ လျှောက်လမ်းနေကြတဲ့ "တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား" ဆိုတဲ့ အခြေအနေ၊ ခေါင်းစဉ်တစ်ခုအောက်မှာ ရောက်နေကြပြန်တယ်။ မြင်းဟာ မြည်းရဲ့ ၀န်ထုပ်ဝန်ပိုးကို ကူညီသယ်ဆောင်လိုက်ရုံမျှနဲ့ မိမိရဲ့ တစ်သက်တာလုံးခံစားခွင့်ရှိတဲ့ သက်တောင့်သက်သာ နေရာတစ်ခုကို အမြဲပိုင်ဆိုင်ရမှာ ဖြစ်ပေမယ့် သူ့ရဲ့ ရေသာခိုမှု၊ မဆိုင်သလိုနေမှုကြောင့် သူတစ်သက်လုံးပင်ပန်းသွားရတာပဲဖြစ်တယ်။ ကျွန်တော်တို့ဟာလည်းပဲ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ပင်ပန်းမှု၊ မနိုင်ဝန်တွေကို ကူညီလုပ်ကိုင်ပေးခြင်းအားဖြင့် မိမိအသင်းအဖွဲ့ရဲ့ အောင်မြင်မှု တစ်နည်းအားဖြင့် မိမိရဲ့ အောင်မြင်မှုကို အထောက်အပံ့ ပေးရာရောက်တယ်လို့ ဆိုလိုတာပဲဖြစ်တယ်။

အဲဒီလို မိမိရဲ့အသင်းဖော်၊ လုပ်ဖော်ကိုင်ဖက်ရဲ့ အားအင်ချိနဲ့၊ မနိုင်ဝန်ထမ်းနေရတဲ့ အခြေအနေမှာ ကိုယ်နဲ့တွဲဖက်လုပ်ကိုင်သူရဲ့ မနိုင်ဝန်၊ လိုအပ်ချက်တွေကို မိမိအနေနဲ့ အလိုက်သိစွာ ဖြည့်ဆည်းလုပ်ကိုင်ပေးရမှာပဲဖြစ်တယ်။ အဲဒီလို
ဝန်ထုပ်ဝန်ပိုးကို အလိုက်သိစွာ တစ်ဝက်ခွဲ ကူညီသယ်ဆောင်ပေးတဲ့ စိတ်ဓါတ်ဟာ၊ မွန်မြတ်လှတဲ့ ပရဟိတစိတ်ဓါတ်တစ်မျိုးဖြစ်သလို၊ လူကြီးသူမတွေပြောလေ့ရှိတဲ့ "လာဘ်မြင်တဲ့၊ အလိုက်သိတဲ့" စိတ်ဓါတ်မျိုးလို့လဲ ဆိုနိုင်သေးတယ်..။ တစ်နည်းအားဖြင့် Teamwork Ability မြင့်တဲ့ စိတ်ဓါတ်ပိုင်ရှင် လို့လည်း ဆိုနိုင်တယ်။

အဲဒီ Teamwork Ability ဟာ မိသားစုတစ်ခု၊ ဘောလုံးအသင်းတစ်သင်း၊ မိသားစုတစ်စု၊ ကျောင်းတစ်ကျောင်း၊ နိုင်ငံတစ်ခု၊ စစ်တပ်တစ်တပ်၊ တိုင်းပြည်တစ်ခု စတဲ့ အစုအဖွဲ့တွေအလိုက် (အင်မတန်) အရေးပါအရာရောက်တဲ့ စိတ်ဓါတ်မျိုးပဲဖြစ်တယ်။ အဲဒီလို အရေးကြီးလှတဲ့ ကူညီခွဲဝေ လုပ်ကိုင်တတ်၊ လိုအပ်တာတွေကို ဖြည့်ဆည်းလုပ်ကိုင်ပေးတတ်တဲ့ စိတ်ဓါတ်မှာလည်း ဂုဏ်အင်္ဂါရပ်တွေ ရှိနေကြသေးတယ်..။
အဲဒါတွေကိုလည်း အလျဉ်းသင့်လို့ဖော်ပြချင်ပါတယ်..
Listening (လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေရဲ့စကားကို တလေးတစားနားထောင်တတ်ခြင်း)
Questioning (အချင်းချင်း မသိနားမလည်တာတွေကို အပြန်အလှန်မေးမြန်းဆွေးနွေးတိုင်ပင်ခြင်း)
Persuading (အချင်းချင်း စည်းလုံးစေတဲ့၊ စကားများကို ပြောဆို စည်းရုံးခြင်း)
Respecting (အချင်းချင်း အပြန်အလှန်လေးစားမှုရှိခြင်း)
Helping (အချင်းချင်းကူညီတတ်ခြင်း)
Sharing (ကောင်းတူဆိုးဖက် အချင်းချင်းဝေမျှခံစားခြင်း)
Participating (အလုပ်တစ်ခုကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း)

တွေပဲဖြစ်တယ်။ ဆိုလိုတာကတော့ အထက်ကဖော်ပြခဲ့တဲ့ အချင်းချင်းရိုင်းပင်းတဲ့စိတ်ဓါတ်ရှိသူများဟာ၊ Teamwork Abality မြင့်သူတွေဖြစ်တဲ့အပြင် အထက်က အရည်အချင်းတွေနဲ့လည်း ပြည့်စုံသူတွေ ဖြစ်နေတတ်ကြပြန်တယ်။ အပြန်အလှန်အားဖြင့် Teamwork Abality မြင့်ဖို့အတွက်လည်း အထက်က ဖော်ပြခဲ့တဲ့ အချက် (၇) ချက်ကို ပြည့်စုံအောင် ကြိုးစားသင့်တယ်လို့ ဆိုလိုတာပဲဖြစ်တယ်..။

အဲဒီလို ကြိုးစားကြတဲ့အခါ

Coming togther is a BEGINNING.
Keeping together is PROGRESS.
Working together is SUCCESS.

ဆိုတဲ့ ကမ္ဘာကျော် ဖိုဒ့်ကားကုမ္ပဏီကို စတင်တည်ထောင်တဲ့ ဟင်နရီဖို့ဒ် ရဲ့စကားလို
အတူတကွလာရောက်တဲ့အခါ.. အစပြုခင်းဖြစ်လာတယ်။ အစုအဖွဲ့အဖြစ် တည်ရှိနေကြတဲ့အခါ တိုးတက်မှုဖြစ်လာမယ်.။ အတူတကွ အလုပ်လုပ်တဲ့အခါမှာတော့ အောင်မြင်မှု ဖြစ်လာမယ်လို့ ဆိုလိုတာပဲဖြစ်တယ်..။

တကယ်တော့ သူတပါးရဲ့ ၀န်ထုပ်ဝန်ပိုးကို ကူညီသယ်ဆောင်ပေးတာ၊ သူတပါးအကျိုးကို သယ်ပိုးပေးတာဟာလည်းပဲ ကိုယ့်အောင်မြင်မှုကို ကိုယ်တိုင်ထုဆစ်နေတာပဲဖြစ်တယ်..။

အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ကြပါစေ

(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။