ကျွန်တော့ရဲ့ လူပြိန်းအမြင်
-------------------------- -
မိသားစုတစ်စုရှိတယ်။ သူတို့မှာ သား (၃) ယောက်ရှိတယ်။ တစ်နေ့တော့ အဖေက သားတွေကိုခေါ်ပြီး ဒီလိုဆုံးမတယ်
"ငါ့သားတွေ ဆယ်တန်းအောင်တာနဲ့ ဘာမှ ဆက်တက်မနေနဲ့တော့..။ အဖေအမွေရတဲ့ လယ်ကွယ်ကို ရောင်းပြီး ဆိုက်ကားတစ်ယောက်တစ်စီးစီ ၀ယ်ပေးမယ်၊ လိုင်စင်လည်း အဖေလိုက်လုပ်ပေးမယ်။ ရတဲ့ပိုက်ဆံကို အကုန်သောက်မပစ်ကြနဲ့။ ထမင်းမငတ်အောင် အလုပ်ကြိုးစားကြ"
အဲဒီလိုနဲ့ သူတို့ရဲ့ သားတွေဟာ ဆိုက်ကားဆရာတွေဖြစ်လာကြတယ်။
မိသားစုတစ်စုရှိတယ်..။ သူတို့မှာ သား (၃) ယောက်လည်းရှိတယ်။ အဖေက သားတွေကို ခေါ်ပြီး ဒီလိုဆုံးမတယ်
"ငါ့သားတွေ ဆယ်တန်းအောင်တာနဲ့ ဘာမှ ဆက်တက်မနေနဲ့တော့။ မင်းတို့စဉ်းစားကြည့် လူတိုင်းမှာ ခေါင်းတစ်လုံးစီတော့ပါတာပဲ။ အဲဒီတော့ ဆံပင်ညှပ်ဖို့လိုလာမှာသေချာ တယ်။ မင်းတို့ ဆံပင်ညှပ်သင်ကြ"
အဲဒီလိုနဲ့ သူတို့ရဲ့သားတွေဟာ ဆံပင်ညှပ်ဆရာတွေဖြစ်လာကြတယ် ။
မိသားစုတစ်စုရှိတယ်။ သူတို့မှာ သား(၃) ယောက်လည်းရှိတယ်။ တစ်နေ့မှာ အဖေက သားတွေကို ခေါ်ပြီးဒီလိုဆုံးမတယ်
"ငါ့သားတွေ ဆယ်တန်းအောင်ရုံနဲ့ ဘ၀ဆိုတာပြီးမသွားဘူး။ ဘ၀ဟာ လေ့လာစရာတွေ သင်ယူစရာတွေနဲ့ ပြည့်နေတဲ့ စာအုပ်စင်ကြီးနဲ့တူတယ်။ ဘယ်နေရာကို ရောက်ရောက် လေ့လာသင်ယူပါ။ မင်းတို့ ဆယ်တန်းအောင်တာနဲ့ ကိုယ်ဝါသနာပါရာလမ်းကို တစိုက်မတ်မတ်လုပ်ကြ၊ မင်းတို သင်ယူချင်သမျှ သင်တန်း၊ ကျောင်းစရိတ်ကို အဖေတတ်နိုင်သမျှ ထောက်ပံ့မယ်။ လိုအပ်ရင် မင်းတို့ကိုယ်တိုင်လည်း အလုပ်လုပ်ကြရမယ်။ အရေးကြီးတာက တစိုက်မတ်မတ်နဲ့ လုံ့လရှိရှိ ကိုယ့်လမ်းကို မရောက်မချင်း တည့်တည့် လျှောက်ဖို့ပဲ"
ဒီလိုနဲ့ သူတို့သားတွေဟာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်သူတွေ ဖြစ်လာကြတယ်..။
ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ အချက်ကို ရောက်ပြီ။
ဖခင်ဟာ အခါခပ်သိမ်းသားတွေအပေါ် ထားတဲ့စေတနာကတော့ အတူတူပဲဖြစ်တယ်။ ဒါပေမယ့် ဖခင်တွေရဲ့ အတွေးအခေါ်အနိမ့်အမြင့်၊ အမြင်ကျယ်မကျယ် ပေါ်မူတည်ပြီး သားတွေရဲ့ ဘ၀နဲ့ အတွေးအခေါ်ပြောင်းလဲသွားတယ် ဆိုတဲ့အချက်ပဲဖြစ်တယ်။ သဘောကတော့ ကိုယ်အတုယူ၊ အတုခိုး၊ လိုက်နာကျင့်ကြံတဲ့ လူပုဂ္ဂိုဟ်၊ စာပေ၊ အကြားအမြင် တွေအပေါ်မှာမူတည်ပြီးကျွန်တော်တို့ကိုယ်တိုင်ရဲ့
ဘ၀ပုံစံနဲ့ အတွေးအခေါ် ပြောင်းလဲသွားတတ်တဲ့ အချက်ပဲဖြစ်တယ်။ တကယ်တော့
ကျွန်တော်တို့တွေဟာ ကိုယ့်အပေါ်ကို Influence ဖြစ်တဲ့၊ ကိုယ့်အတွေးအခေါ်ကို
အကျိုးသက်ရောက်ပြောင်းလဲစေတဲ့ အဆုံးအမတွေ၊ အကြားအမြင်တွေ၊ Knowledge တွေနဲ့ အရွယ်ရောက် ရင့်ကျက်လာသူတွေဖြစ်ကြတယ်.. ။
အဲဒီလို လူ၊ ပုဂ္ဂိုလ်၊ စာပေ၊ ရုပ်မြင်သံကြား၊ စတဲ့ အကြားအမြင်တွေဆီကနေ
အတုယူ၊ အတတ်သင်ရင်း ကိုယ့်အတွေးအခေါ်၊ ရင့်ကျက်ခြင်း၊ မရင့်ကျက်ခြင်း၊
ကောင်းခြင်း၊ ဆိုးခြင်းတွေကို ပုံပေါ်ကြီးရင့်လာကြတာပဲဖြစ် တယ်။
ကိုယ့်ခြေထောက်နှစ်ဖက်ပေါ် ကိုယ်မရပ်နိုင်ခင်ကတည်းက မိခင်ရဲ့ စကားသံတွေ၊ အမူအယာတွေကို ဗီဇစိတ်နဲ့ လိုက်လံ မှတ်သားတာကစလို့ အရွယ်ရောက်ပြီး စာတိုပေစတွေကို ဖတ်ရှုလေ့လာတာကအဆုံး ကိုယ့်ရဲ့ အမြင်၊ အကြားတွေကနေ အတွေးအခေါ်နဲ့ စရိုက်ကို ပုံဖော်ခဲ့ကြတာချည်းပဲဖြစ်တ ယ်..။ ဘာကိုမှ မလေ့လာ မမှတ်သားသူဟာ၊ ဘာကိုမှ တွေးတောနိုင်စွမ်း၊ ဦးဆောင်ဆုံးဖြတ်နိုင်စွမ်း မရှိသူဖြစ်လာသလို၊
မှန်ကန်တဲ့စာပေ၊ လူပုဂ္ဂိုလ်၊ အဆုံးအမ၊ အကြားအနာတွေကြောင့်ပဲ
ကျွန်တော်တို့တွေရဲ့ အတွေးအခေါ် အယူအဆတွေဟာ မှန်ကန်၊ ဖြောင့်မတ်၊
ကောင်းမွန်လာနိုင်ကြပြန်တယ် .။
ကျွန်တော်တို့ရဲ့ နိုင်ငံဟာလည်း သားအဖတွေရဲ့ ဥပမာလို ကျွန်တော်တို့ရဲ့ ဗဟုသုတရင်းမြစ်တွေဖြစ်တဲ့ ရုပ်ရှင်၊ ၀တ္တု၊ မီဒီယာ၊ လူမှုကွန်ယက်၊ တီဗီဇာတ်လမ်းတွဲ၊ ကျောင်းပညာရေး စတာတွေရဲ့ အကျိုးသက်ယောက်မှု အတွေးအခေါ်တွေ၊ အပြုအမူတွေအတိုင်းပဲ
ကျွန်တော်တို့ကိုယ်တိုင်ဟာ မှတ်သားနာယူသူ၊ လေ့လာဆည်းပူးသူတစ်ယောက်ဖြစ် နေနိုင်သလို၊ ကိုယ့်တပည့်၊ သားသမီး၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို
လမ်းပြပေးနိုင်တဲ့ Knowledge Source တွေ ဖြစ်နေကြပြန်တယ်။
ဖခင်တစ်ယောက်ရဲ့ အတွေးအခေါ်မြင့်မားခြင်းဟာ၊ သားတွေရဲ့ ဥာဏ်ပညာကို
ထက်မြက်စေသလို၊ ၀တ္တုဇာတ်လမ်းဖန်တီးရေးသားတဲ့ သူရဲ့ အတွေးအခေါ်ဟာလည်း၊ သူ့ပရိသတ်ရဲ့ အတွေးအခေါ်ကို Impact ဖြစ်စေမှာပဲဖြစ်တယ်။
ဥပမာအားဖြင့်- ကိုရီးယားဒရမ်မာတွေမှာပါတဲ့ မိန်းကလေးကစတဲ့ဇာတ်လမ်းတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် ကျွန်တော်တို့ မြန်မာပြည်မိန်းကလေးတွေလည်း
လွတ်လပ်စွာ ချစ်ခွင့်ပန်လာကြတယ်၊ ဘီယာသောက်တတ်လာမယ်၊ တူနှစ်ကိုယ်
အနမ်းခြွေတဲ့ပုံတွေကို လူမှုကွန်ယက်မှာတင်တတ်လာမယ် (ကောင်း၏ ဆိုး၏
မဝေဖန်လိုပါ။ အကြားအမြင်အပေါ် အတုယူတတ်ခြင်းကို နမူနာပြခြင်းသာဖြစ်ပါသည်)
Grand Thieft Auto ဆိုတဲ့ Video Games တစ်ခုရဲ့ အကျိုးသက်ရောက်မှုကြောင့် ကျောင်းဝင်းထဲမှာ သူနတ်နဲ့ လိုက်ပစ်တဲ့ လူငယ်တွေပေါ်လာခဲ့ပြန်တယ်။
- ဥပမာအားဖြင့် စာရေးသူတစ်ယောက်ဟာ အချစ်၊ အချစ်၊ အချစ် နဲ့ တစ်ချစ်တည်းချစ်နေတဲ့ ဇာတ်လမ်းတွေကိုသာ ဆက်တိုက်ဖန်တီးနေရင်တော့ လူဦးရေတိုးပွားလာရုံကလွဲပြီးရင်
ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ပဲမြင်မိတယ်။ ဆိုင်ထိုင်၊ ဖွန်ကြောင်၊
အလုပ်မရှိအကိုင်မရှိ စရိုက်ကို ပုံဖော်ရင်တော့၊ အဲဒါကို အတုယူတဲ့
လူငယ်တွေပဲ ဖြစ်လာမှာ မုချပဲဖြစ်တယ်။ ဒီလိုပြောလိုက်လို့ အချစ်ဝတ္တု
မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လူသားတိုင်းဟာ ခံစားမှု၊ ရသ၊
နှလုံးသားသိမ်မွေ့ဖို့၊ ချစ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီလိုလိုအပ်တဲ့
ခံစားမှုကိုပုံဖော်တဲ့နေရာမှာတော့ Knowledge နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ထည့်သွင်းဖော်ပြဖို့လိုလာပါ တယ်။
ဥပမာအားဖြင့် မိဘမေတ္တာကို ပုံဖော်ချင်တယ်ဆိုပါစို့ ဟောလိဝုဒ်ရဲ့
နာမည်ကျော်မင်းသာ ဘရုစ်ဝီလီသရုပ်ဆောင်တဲ့ အမက်ဂက်ဒွန် armageddon ဇာတ်လမ်းက
နှစ်ခြမ်းကွဲသွားတဲ့ လကမ္ဘာကြောင့် ကမ္ဘာပျက်မဲ့ရန်က ကာကွယ်ဖို့အတွက်
အသက်ပေးသွားတဲ့ ဘရုစ်ဝီလီရဲ့ သမီးအပေါ်ထားတဲ့ မိဘမေတ္တာ ကို အာကာသ knowledge
နဲ့ တွဲဖက်တင်ပြသွားသလိုမျိုးကို
ဆိုလိုတာပဲ ဖြစ်ပါတယ်။ မုဆိုးမအမေရဲ့ ပဲပြုတ်ရောင်း၊ အလုပ်ကြိုးစား၊
သားသမီးကို ကျောင်းထား၊ အနစ်နာခံ ဆိုတဲ့ သမားရိုးက
ဇာတ်လမ်းတွေကနေခွဲထွက်ပြီး ဆန်းသစ်တဲ့ ဗဟုသုတပါတဲ့၊ မိဘမေတ္တာဘွဲ့ ဇာတ်လမ်း၊
စာပေ၊ ရုပ်ရှင် မျိုးတွေကိုေ မျှာ်လင့်မိတာပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ
လူငယ်တွေဲ့ ချစ်ခြင်းကို တင်ပြချင်တဲ့အခါမှာလည်း လူငယ်တွေရဲ့
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊
တွေးသင့်တဲ့အတွေး၊ လုပ်ငန်းခွင်တွေကိုပါ ထင်ဟပ်စေတဲ့ ဇာတ်လမ်း၊ ပြင်ပ
ဗဟုသုတတွေပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကိုပါ ထည့်သွင်းရေးသားသင့်တယ်လို့
ဆိုလိုတာပဲဖြစ်ပါတယ်။ ခုခေတ်ရဲ့အနေအထားအရ ကိုယ်က ချစ်နေ၊
လွမ်းနေတဲ့အချိန်မှာ တိုးတက်တဲ့ နိုင်ငံကြီးတွေက လကမ္ဘာမှာတောင်
သတ္တုတူးဖော်ဖို့ စိုင်းပြင်းနေကြတာကိုလည်း သတိပြုသင့်လှတယ်။
မိခင်ဖခင်တွေဟာလည်း မိမိရဲ့သားသမီးရဲ့နားနဲ့ နှလုံးသားကို စွဲမြဲမှတ်သားစေနိုင်တဲ့ ဆုံးမစကားကို ပြောဖို့အတွက် မိမိရဲ့ စိတ်နဲ့နှလုံးသားကို ကောင်းမွန်၊ မှန်ကန်စေတဲ့ စာကောင်းပေမွန်၊ အကြားအမြင်၊ အတုယူစရာတွေနဲ့ ဖြည့်တင်းထားဖို့လိုအပ်ပါတယ်။ ဘာမလုပ်ရဘူး၊ ဘာလုပ်ရမယ်ဆိုတဲ့ဆုံးမစကားေ တွအစား နှလုံးသားကိုစွဲမြဲစေနိုင်တဲ့ အကြောင်းအရာ၊ နမူနာတွေနဲ့ ထည့်သွင်းဆုံးမသွန်သင်သင့်လှတယ်။
ကျွန်တော်တို့ဟာလည်း ဥပမာထဲက ဖခင်တွေလို မိမိရဲ့ မိသားစု၊ သားသမီး၊ နိုင်ငံကို ကောင်းမွန်တိုးတက်စေချင်တဲ့
ဆန္ဒကိုယ်စီ ရှိနေကြမယ်လို့ ကျနော်ယုံကြည်မိတယ်။ အဲဒီဆန္ဒနဲ့အတူ မိမိရဲ့
အသိုင်းအ၀ိုင်းနဲ့ နိုင်ငံတော်ကို ကောင်းမွန်အောင်လည်း
ကြိုးစားတည်ဆောက်ချင်ကြမယ်လို့လည်း
ထင်မြင်မိတယ်။ အဲဒီလို တည်ဆောက်ကြတဲ့အခါ ကိုယ့်ရဲ့အတွေးအမြင် မြင့်မားမှ၊
အမြင်ကျယ်မှသာ မိမိလမ်းညွှန်၊ သင်ပြ၊ ဆိုဆုံးမရမယ့်သူတွေရဲ့ ဘ၀ဟာ
မြင့်မားလာမှာပဲဖြစ်တယ်။
ကျွန်တော်ဆိုလိုတာက ဘက်ပေါင်းစုံရဲ့ အကြားအမြင်ပေါင်းစုံ ပေါများနေတဲ့ခေတ်အခြေအနေမှာ ၊ အနာဂတ်လှပဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိရဲ့အကြားအမြင်ကို အရင်ဦးဆုံး ကြိုးစားမြှင့်တင်ဖို့လိုမယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင် အမြင်ကျယ်ပါမှသာ ကိုယ်နဲ့ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးအမြ င်ကျယ် တိုးတက်လာမှာပဲဖြစ်ပါတယ်။ စာရေးသူအမြင်ကျယ်လာတဲ့အခါ ၊ စာဖတ်သူအမြင်ကျယ်လာမယ်၊ ရုပ်ရှင်ဒါရိုက်တာအမြင်ကျယ် လာရင် ပရိတ်သတ်အမြင်ကျယ်လာမယ်၊ ဆရာဆရာမတွေ အမြင်ကျယ်လာရင်၊ ကျောင်းသူကျောင်းသားတွေအမြင်ကျယ်လာမယ်။
အထူးသဖြင့် အဲဒီလိုနည်းနဲ့ အမြင်ကျယ်မှု၊ အတွေးအခေါ်မြင်မားမှုတွေနဲ့
ပျိုးထောင်မှသာ နောင်အနာဂတ်နိုင်ငံတော်ရဲ့ တိုးတက်ထွန်းကားမှုကို
ရနိုင်မှာပဲဖြစ်ပါတယ်။ လူတွေရဲ့ စံနမူနာပုဂ္ဂိုလ်တွေဟာ အဲဒီလူတွေထက် ပိုပြီး
အမြင်ကျယ်ဖို့ လိုအပ်မှာပဲဖြစ်တယ်။ အဲဒီလိုမှမဟုတ်ဘဲ အမျိုးကိုချစ်တယ်၊
နိုင်ငံတော်ကိုချစ်တယ်၊ မိသားစုကိုချစ်တယ်၊ ချစ်သူကိုချစ်တယ်၊ စတဲ့
ချစ်ခြင်းကိုသာအတွင်တွင်အော်ပြီး
ဦးနှောက်ဗလာကို မဖြည့်တင်းရင်တော့ ကိုယ်အတွေးအခေါ်နဲ့ လိုက်ဖက်တဲ့၊
ကိုယ်နဲ့တန်တဲ့ ၀န်းကျင်၊ နိုင်ငံကိုသာ ကျွန်တော်တို့
ပိုင်ဆိုင်ကြရမှာပဲဖြစ်ပါတယ်.။ တကယ်တော့ ကျွန်တော့်အမြင်အရပြောရရင် အရင်ဦးဆုံးဖြည့်တင်းသင့်တာ က ကိုယ့်ရဲ့ အတွေးအခေါ်ဗဟုသုတပဲဖြစ်ပါတယ် ။ ကျွန်တော်တို့ စာအများကြီးဖတ်ဖို့၊ ဖတ်အောင်တိုက်တွန်းဖို့ လိုနေတယ်လို့မြင်ပါတယ်။
ကောင်းသော ဗဟုသုတရင်းမြစ်များရရှိကြပါ စေ-
မေတ္တာဖြင့်
(ဖြိုးသုတ)
မှတ်ချက်။ ပုဂ္ဂလိကအမြင်မျှသာဖြစ်ပါသည် ။
--------------------------
မိသားစုတစ်စုရှိတယ်။ သူတို့မှာ သား (၃) ယောက်ရှိတယ်။ တစ်နေ့တော့ အဖေက သားတွေကိုခေါ်ပြီး ဒီလိုဆုံးမတယ်
"ငါ့သားတွေ ဆယ်တန်းအောင်တာနဲ့ ဘာမှ ဆက်တက်မနေနဲ့တော့..။ အဖေအမွေရတဲ့ လယ်ကွယ်ကို ရောင်းပြီး ဆိုက်ကားတစ်ယောက်တစ်စီးစီ ၀ယ်ပေးမယ်၊ လိုင်စင်လည်း အဖေလိုက်လုပ်ပေးမယ်။ ရတဲ့ပိုက်ဆံကို အကုန်သောက်မပစ်ကြနဲ့။ ထမင်းမငတ်အောင် အလုပ်ကြိုးစားကြ"
အဲဒီလိုနဲ့ သူတို့ရဲ့ သားတွေဟာ ဆိုက်ကားဆရာတွေဖြစ်လာကြတယ်။
မိသားစုတစ်စုရှိတယ်..။ သူတို့မှာ သား (၃) ယောက်လည်းရှိတယ်။ အဖေက သားတွေကို ခေါ်ပြီး ဒီလိုဆုံးမတယ်
"ငါ့သားတွေ ဆယ်တန်းအောင်တာနဲ့ ဘာမှ ဆက်တက်မနေနဲ့တော့။ မင်းတို့စဉ်းစားကြည့် လူတိုင်းမှာ ခေါင်းတစ်လုံးစီတော့ပါတာပဲ။
အဲဒီလိုနဲ့ သူတို့ရဲ့သားတွေဟာ ဆံပင်ညှပ်ဆရာတွေဖြစ်လာကြတယ်
မိသားစုတစ်စုရှိတယ်။ သူတို့မှာ သား(၃) ယောက်လည်းရှိတယ်။ တစ်နေ့မှာ အဖေက သားတွေကို ခေါ်ပြီးဒီလိုဆုံးမတယ်
"ငါ့သားတွေ ဆယ်တန်းအောင်ရုံနဲ့ ဘ၀ဆိုတာပြီးမသွားဘူး။ ဘ၀ဟာ လေ့လာစရာတွေ သင်ယူစရာတွေနဲ့ ပြည့်နေတဲ့ စာအုပ်စင်ကြီးနဲ့တူတယ်။ ဘယ်နေရာကို ရောက်ရောက် လေ့လာသင်ယူပါ။ မင်းတို့ ဆယ်တန်းအောင်တာနဲ့ ကိုယ်ဝါသနာပါရာလမ်းကို တစိုက်မတ်မတ်လုပ်ကြ၊ မင်းတို သင်ယူချင်သမျှ သင်တန်း၊ ကျောင်းစရိတ်ကို အဖေတတ်နိုင်သမျှ ထောက်ပံ့မယ်။ လိုအပ်ရင် မင်းတို့ကိုယ်တိုင်လည်း အလုပ်လုပ်ကြရမယ်။ အရေးကြီးတာက တစိုက်မတ်မတ်နဲ့ လုံ့လရှိရှိ ကိုယ့်လမ်းကို မရောက်မချင်း တည့်တည့် လျှောက်ဖို့ပဲ"
ဒီလိုနဲ့ သူတို့သားတွေဟာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်သူတွေ ဖြစ်လာကြတယ်..။
ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ အချက်ကို ရောက်ပြီ။
ဖခင်ဟာ အခါခပ်သိမ်းသားတွေအပေါ် ထားတဲ့စေတနာကတော့ အတူတူပဲဖြစ်တယ်။ ဒါပေမယ့် ဖခင်တွေရဲ့ အတွေးအခေါ်အနိမ့်အမြင့်၊ အမြင်ကျယ်မကျယ် ပေါ်မူတည်ပြီး သားတွေရဲ့ ဘ၀နဲ့ အတွေးအခေါ်ပြောင်းလဲသွားတယ် ဆိုတဲ့အချက်ပဲဖြစ်တယ်။ သဘောကတော့ ကိုယ်အတုယူ၊ အတုခိုး၊ လိုက်နာကျင့်ကြံတဲ့ လူပုဂ္ဂိုဟ်၊ စာပေ၊ အကြားအမြင် တွေအပေါ်မှာမူတည်ပြီးကျွန်တေ
ကိုယ့်ခြေထောက်နှစ်ဖက်ပေါ် ကိုယ်မရပ်နိုင်ခင်ကတည်းက မိခင်ရဲ့ စကားသံတွေ၊ အမူအယာတွေကို ဗီဇစိတ်နဲ့ လိုက်လံ မှတ်သားတာကစလို့ အရွယ်ရောက်ပြီး စာတိုပေစတွေကို ဖတ်ရှုလေ့လာတာကအဆုံး ကိုယ့်ရဲ့ အမြင်၊ အကြားတွေကနေ အတွေးအခေါ်နဲ့ စရိုက်ကို ပုံဖော်ခဲ့ကြတာချည်းပဲဖြစ်တ
ကျွန်တော်တို့ရဲ့ နိုင်ငံဟာလည်း သားအဖတွေရဲ့ ဥပမာလို ကျွန်တော်တို့ရဲ့ ဗဟုသုတရင်းမြစ်တွေဖြစ်တဲ့ ရုပ်ရှင်၊ ၀တ္တု၊ မီဒီယာ၊ လူမှုကွန်ယက်၊ တီဗီဇာတ်လမ်းတွဲ၊ ကျောင်းပညာရေး စတာတွေရဲ့ အကျိုးသက်ယောက်မှု အတွေးအခေါ်တွေ၊ အပြုအမူတွေအတိုင်းပဲ
ကျွန်တော်တို့ကိုယ်တိုင်ဟာ မှတ်သားနာယူသူ၊ လေ့လာဆည်းပူးသူတစ်ယောက်ဖြစ်
ဥပမာအားဖြင့်- ကိုရီးယားဒရမ်မာတွေမှာပါတဲ့
Grand Thieft Auto ဆိုတဲ့ Video Games တစ်ခုရဲ့ အကျိုးသက်ရောက်မှုကြောင့် ကျောင်းဝင်းထဲမှာ သူနတ်နဲ့ လိုက်ပစ်တဲ့ လူငယ်တွေပေါ်လာခဲ့ပြန်တယ်။
- ဥပမာအားဖြင့် စာရေးသူတစ်ယောက်ဟာ အချစ်၊ အချစ်၊ အချစ် နဲ့ တစ်ချစ်တည်းချစ်နေတဲ့ ဇာတ်လမ်းတွေကိုသာ ဆက်တိုက်ဖန်တီးနေရင်တော့ လူဦးရေတိုးပွားလာရုံကလွဲပြ
မိခင်ဖခင်တွေဟာလည်း မိမိရဲ့သားသမီးရဲ့နားနဲ့ နှလုံးသားကို စွဲမြဲမှတ်သားစေနိုင်တဲ့ ဆုံးမစကားကို ပြောဖို့အတွက် မိမိရဲ့ စိတ်နဲ့နှလုံးသားကို ကောင်းမွန်၊ မှန်ကန်စေတဲ့ စာကောင်းပေမွန်၊ အကြားအမြင်၊ အတုယူစရာတွေနဲ့ ဖြည့်တင်းထားဖို့လိုအပ်ပါတယ
ကျွန်တော်တို့ဟာလည်း ဥပမာထဲက ဖခင်တွေလို မိမိရဲ့ မိသားစု၊ သားသမီး၊ နိုင်ငံကို ကောင်းမွန်တိုးတက်စေချင်တဲ့
ကျွန်တော်ဆိုလိုတာက ဘက်ပေါင်းစုံရဲ့ အကြားအမြင်ပေါင်းစုံ ပေါများနေတဲ့ခေတ်အခြေအနေမှာ
ကောင်းသော ဗဟုသုတရင်းမြစ်များရရှိကြပါ
မေတ္တာဖြင့်
(ဖြိုးသုတ)
မှတ်ချက်။ ပုဂ္ဂလိကအမြင်မျှသာဖြစ်ပါသည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။