အိမ်မက်ခရီးလမ်းမှ အမှားများ
=================
အောင်မြင်ချင်တဲ့ လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိပါတယ်။ အိမ်မက်တွေလည်း ကိုယ်စီရှိကြပါတယ်။ ဒီအိမ်မက်တွေရှိရာကို သွားတဲ့လမ်းခရီးတစ်လျှောက်မှာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ အနှောင့်အယှက် ပေါင်းစုံေ
တွလည်း ကြုံရလေ့ရှိပါတယ်။ တစ်ချို့ကတော့ ဒါတွေကို မရရအအောင်ဖြတ်ကျော်ပြီး ပန်းတိုင်ကို အရောက်သွားတယ်။ တစ်ချို့ကတော့ လမ်းတွေပျောက်ပြီး အရှုံးပေးလိုက်ကြတယ်။
.
ဒီလို အိမ်မက်ခရီးလမ်းကို သွားတဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားနေရက်နဲ့ တစ်ခါတစ်လေမှာတော့ မရည်ရွယ်တဲ့ အမှားလေးတွေ ပြုမိတတ်ပါတယ်။ ဒီအမှားသေးသေးလေးတွေဟာ ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့
စိတ်ခွန်အားကို မသိမသာနဲ့ ထိခိုက်နေစေပါတယ်။ နောက်ဆုံး ကျွန်တော်တို့ အရှုံးပေးသွားရတဲ့အထိပေါ့။ ဒီတော့ အိမ်မက်ခရီးကို သွားတဲ့အခါမှာ ရှောင်ကြဉ်သင့်တဲ့ အမှားလေးတွေကို သတိပြုမိအောင် ဖော်ပြပေးလိုက်ရပါတယ်။
.
(၁) မြန်မြန်ရောက်လိုခြင်း။
တစ်နေရာကို သွားတဲ့အခါမှာ အချိန်ဆိုတာ အတိုင်းအတာတစ်ခုထိ ပေးရတတ်ပါတယ်။ ခရီးကဝေးလေလေ အချိန်က ပိုပေးရလေလေပါပဲ။ တစ်ခါတစ်လေမှာတော့ ဖြစ်ချင်စိတ်တွေများပြီး အားသွန်ခွန်စိုက် ကြိုးစားပါတ
ယ်။ မြန်မြန်ဖြစ်လာလိမ့်မယ်လို့ လည်း
မျှော်လင့်ကြပါတယ်။ ဒါပေမယ့် မျှော်လင့်ထားတဲ့အချိန်မှာ ဖြစ်မလာတော့
စိတ်တွေလည်း ပင်ပန်းပြီး စိတ်ဓါတ်တွေလည်း ကျလာပါတယ်။ တကယ်တော့
အိမ်မက်ခရီးကို သွားတဲ့လမ်းက
မာရသွန်ပြေးလမ်းကြီးပါ။ မြန်မြန်ရောက်ဖို့ထက်စာရင် မှန်မှန်နဲ့ ဝေးဝေးရောက်ဖို့ပဲ လိုအပ်ပါတယ်။ မာရသွန်ခရီးမှာ ဘယ်သူကမှ အပြေးမြန်တဲ့သူကို မချီးကျူးပါဘူး။ နောက်ဆုံး ပန်းဝင်သွားတဲ့သူကိုပဲ ချီးကျူးတာပါ။
.
(၂) အရှုံးတွေကို နိဂုံလို့ထင်ခြင်း။
လူတစ်ချို့က ပြောကြတယ်။ လောကကြီးက မတရားဘူးတဲ့။ တကယ်တော့ လောကကြီးက လူတိုင်းအပေါ် အရမ်းကို မျက်နှာသာပေးလွန်းပါတယ်။ တစ်ခါချော်လဲတိုင်း တစ်ခါပြန်ထခွင့်ပေးတယ်။ ကျရှုံးသွားတိုင်း အခွင့်
အရေးတွေပေးတယ်။ ဘယ်တော့မှ Game Over ဆိုပြီး စာတမ်းမထိုးဘူး။ ဒီအခွင့်အရေးကို ယူတတ်ဖို့ပဲ လိုတယ်။ ဒီလမ်းခရီးမှာ တစ်ခါလဲကျတိုင်း အရှုံးမဟုတ်ပါဘူး။ အခါခါလဲကျလည်း အရှုံးမဟုတ်သေးပါဘူး။ (ခဏ
ခဏလဲကျနေရင်တော့ လိုရာခရီးဘယ်ရောက်ပါတော့မလဲ နော်။)
.
(၃) စိတ်ထားပုံ မှားယွင်းခြင်း။
တက်ကြွတဲ့လူငယ်တွေ အိမ်မက်ခရီးပန်းတိုင်ကို လျှောက်လှမ်းတဲ့အခါ လုပ်တတ်တဲ့ အမှားအယွင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့စိတ်ပါ။ ဒီစိတ်ဟာ အခက်အခဲ အတားအဆီး
တွေကို ကျော်ဖြတ်တဲ့အခါမှာ တော်တော်လေးတော့ အသုံးဝင်ပါတယ်။ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတွေ (တစ်နည်းအားဖြင့်တော့ - ဖြစ်နိုင်ဖို့ ခဲယဉ်းတာတွေ) ကို လုပ်နေရင်းနဲ့ပဲ အချိန်တွေ၊ ခွန်အား
တွေ ကုန်နေကြတတ်ပါတယ်။ မဖြစ်နိုင်တာတွေအတွက် အချိန်ပေးရင်း ဖြစ်နိုင်တာတွေကို လျစ်လျူရှုလိုက်ကြပါတော့တယ်။ ဒီတော့ တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် ဘယ်အရာက ဖြစ်နိုင်ချေရှိမလဲဆိုတာကို အရင်စဉ်းစား
ပါ။ ဖြစ်နိုင်တာတွေကို အရင်လုပ်ပါ။ ဖြစ်နိုင်တာတွေ အားလုံးကို တစ်ခုမကျန်လုပ်ပြီးတဲ့အခါမှာတော့ မဖြစ်နိုင်တာကြီးကို လုပ်ပြီးလျက်သားဖြစ်နေတာကို ထူးဆန်းစွာ တွေ့ရမှာပါ။
.
(၄) ငြီးငွေ့သွားတတ်ခြင်း။
ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်လမ်းကို သွားတာ ငြီးငွေ့သွားတတ်လို့လားလို့ မေးရင်တော့ ငြီးငွေ့သွားတတ်ပါတယ်လို့ပဲ ဖြေရမှာပါပဲ။ လမ်းမှာ ကြုံရတဲ့ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ၊ အတားအဆီးတွေအပြင် စိန်ခေါ်မှုတွေမရှိခဲ့ရင်လည်း ဒီလမ်းကိုလျှောက်ရတာ ပျင်းလာတတ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်မှန်းသလိုမဖြစ်တဲ့အခါ၊ ကိုယ်ကြိုးစားသလောက် ဘာမှအရာမထင်လာတဲ့အခါမှ စိတ်ပျက်ခြင်းကနေတစ်ဆင့် ငြီးငွေ့ခြင်းကို အသွင်ြေ
ပာင်းလေ့ရှိပါတယ်။ ဒီတော့ တစ်ခု လုပ်သင့်တာက အမြဲတမ်းအလိုလို ကိုယ့်ကိုယ်ကို နှိုးဆော်နေဖို့လိုပါတယ်။ အောင်မြင်မှုပန်းတိုင်ရဲ့ နောက်ကွယ်မှာ ဘယ်လိုချိုမြိန်သာယာမှုတွေရှိလဲဆိုတာ ကိုယ့်ကိုယ်ကိုအမြဲမပြတ် အ
သိပေးနေသင့်ပါတယ်။ ဒါမှ လျှောက်နေတဲ့ ခြေလှမ်းတွေဟာ ပျင်းတိပျင်းရွဲ့မဖြစ်ဘဲ အားမာန်အပြည့်နဲ့ တက်ကြွနေမှာလည်း ဖြစ်ပါတယ်။
.
(၅) တခြားသူတွေအကြောင်း ခေါင်းထဲထည့်လွန်းခြင်း။
နောက်ထပ်မှားတဲ့အမှားက ပတ်ဝန်းကျင်ကြောင့် ဖြစ်တဲ့အမှားပါ။ ဟိုလူကတော့ ဟိုလိုလုပ်တာ အောင်မြင်သွားပြီ။ ဒီလူကတော့ ဒီလိုလုပ်တာ အဆင်ပြေသွားပြီ။ ငါကျတော့ ဘာလုပ်လုပ် ဘာမှမဖြစ်ပါ့လားဆိုတဲ့ အတွေးေ
တွက သင့်ရဲ့ တက်ကြွခြင်းတွေအားလုံးကို အဆုံးသတ်လိုက်ပါတော့တယ်။"သူ ကတော့
ဘာမှဖြစ်လာမှာမဟုတ်ပါဘူး" ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအမြစ်မရှိတဲ့
စကားတွေဟာလည်း သင့်ရဲ့ အိမ်မက်လမ်းခရီးကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒီစကားတွေကို ခေါင်းထဲ ပိုထည့်လေလေ သင့်ခြေလှမ်းတွေက လေးကန်လေလေဖြစ်ပြီး
နောက်ဆုံး အဆုံးသတ်သွားတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။
.
(၆) ပါးနပ်မှုမရှိခြင်း။
လှေနံဓါးထစ် လုပ်တတ်တဲ့သူတွေထဲက အနည်းစုသာ အောင်မြင်တတ်ပြီး အများစုဟာ ပန်းတိုင်သွားရာလမ်းမှာပဲ ကျရှုံးသွားလေ့ရှိပါတယ်။ တကယ်တမ်း ပန်းဝင်သွားတဲ့သူအများစုဟာ ပါးနပ်မှုရှိကြပါတယ်။ သူတို့လမ်းကို
သွားတဲ့အခါ ဘယ်လိုသွားရင် မြန်မလဲ၊ ဘယ်လိုသွားရင် အခက်အခဲနည်းမလဲဆိုတာကို အမြဲတမ်း ကြံစည်တွက်ဆပါတယ်။ ဘယ်လိုလူနဲ့ လက်တွဲပြီးသွားရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီနိုင်မယ်။
ဘယ်လိုလူကိုတော့ လက်တွဲဖြုတ်သင့်တယ်။ စသဖြင့် တွေးတတ်ခေါ်တတ်ပါတယ်။ ဒီလို ပါးနပ်လိမ္မာမှုမရှိဘူးဆိုရင် တော့ သင့်ပန်းတိုင်ဟာ သင်မျှော်မှန်းထားတာထက် သေချာပေါက် ဝေးကွာနေဦးမှာပါ။
.
အိမ်မက်ခရီးကို သွားတဲ့လမ်းမှာ တခြားသောအမှားတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဒီအချက်တွေကတော့ လူတွေ သတိမမူမိဘဲ အကျူးလွန်တတ်ဆုံး အမှားတွေပါ။ ဒီလိုအမှားမျိုးတွေ၊ အလွဲမျိုးတွေကို သတိပြုဆင်ခြင်
ပြီးတော့ ကိုယ်လိုရာခရီးကို အဆင်ပြေချော့မွေ့စွာ သွားလာရောက်ရှိနိုင်ပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်။
__________
ရွှေညာမောင် (Focus Youth)
Ref: LH
=================
အောင်မြင်ချင်တဲ့ လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိပါတယ်။ အိမ်မက်တွေလည်း ကိုယ်စီရှိကြပါတယ်။ ဒီအိမ်မက်တွေရှိရာကို သွားတဲ့လမ်းခရီးတစ်လျှောက်မ
တွလည်း ကြုံရလေ့ရှိပါတယ်။ တစ်ချို့ကတော့ ဒါတွေကို မရရအအောင်ဖြတ်ကျော်ပြီး ပန်းတိုင်ကို အရောက်သွားတယ်။ တစ်ချို့ကတော့ လမ်းတွေပျောက်ပြီး အရှုံးပေးလိုက်ကြတယ်။
.
ဒီလို အိမ်မက်ခရီးလမ်းကို သွားတဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားနေရက်နဲ့ တစ်ခါတစ်လေမှာတော့ မရည်ရွယ်တဲ့ အမှားလေးတွေ ပြုမိတတ်ပါတယ်။ ဒီအမှားသေးသေးလေးတွေဟာ ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့
စိတ်ခွန်အားကို မသိမသာနဲ့ ထိခိုက်နေစေပါတယ်။ နောက်ဆုံး ကျွန်တော်တို့ အရှုံးပေးသွားရတဲ့အထိပေါ့။ ဒီတော့ အိမ်မက်ခရီးကို သွားတဲ့အခါမှာ ရှောင်ကြဉ်သင့်တဲ့ အမှားလေးတွေကို သတိပြုမိအောင် ဖော်ပြပေးလိုက်ရပါတယ်။
.
(၁) မြန်မြန်ရောက်လိုခြင်း။
တစ်နေရာကို သွားတဲ့အခါမှာ အချိန်ဆိုတာ အတိုင်းအတာတစ်ခုထိ ပေးရတတ်ပါတယ်။ ခရီးကဝေးလေလေ အချိန်က ပိုပေးရလေလေပါပဲ။ တစ်ခါတစ်လေမှာတော့ ဖြစ်ချင်စိတ်တွေများပြီး အားသွန်ခွန်စိုက် ကြိုးစားပါတ
ယ်။ မြန်မြန်ဖြစ်လာလိမ့်မယ်လို့
မာရသွန်ပြေးလမ်းကြီးပါ။ မြန်မြန်ရောက်ဖို့ထက်စာရင် မှန်မှန်နဲ့ ဝေးဝေးရောက်ဖို့ပဲ လိုအပ်ပါတယ်။ မာရသွန်ခရီးမှာ ဘယ်သူကမှ အပြေးမြန်တဲ့သူကို မချီးကျူးပါဘူး။ နောက်ဆုံး ပန်းဝင်သွားတဲ့သူကိုပဲ ချီးကျူးတာပါ။
.
(၂) အရှုံးတွေကို နိဂုံလို့ထင်ခြင်း။
လူတစ်ချို့က ပြောကြတယ်။ လောကကြီးက မတရားဘူးတဲ့။ တကယ်တော့ လောကကြီးက လူတိုင်းအပေါ် အရမ်းကို မျက်နှာသာပေးလွန်းပါတယ်။ တစ်ခါချော်လဲတိုင်း တစ်ခါပြန်ထခွင့်ပေးတယ်။ ကျရှုံးသွားတိုင်း အခွင့်
အရေးတွေပေးတယ်။ ဘယ်တော့မှ Game Over ဆိုပြီး စာတမ်းမထိုးဘူး။ ဒီအခွင့်အရေးကို ယူတတ်ဖို့ပဲ လိုတယ်။ ဒီလမ်းခရီးမှာ တစ်ခါလဲကျတိုင်း အရှုံးမဟုတ်ပါဘူး။ အခါခါလဲကျလည်း အရှုံးမဟုတ်သေးပါဘူး။ (ခဏ
ခဏလဲကျနေရင်တော့ လိုရာခရီးဘယ်ရောက်ပါတော့မလဲ
.
(၃) စိတ်ထားပုံ မှားယွင်းခြင်း။
တက်ကြွတဲ့လူငယ်တွေ အိမ်မက်ခရီးပန်းတိုင်ကို လျှောက်လှမ်းတဲ့အခါ လုပ်တတ်တဲ့ အမှားအယွင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့စိတ်ပါ။ ဒီစိတ်ဟာ အခက်အခဲ အတားအဆီး
တွေကို ကျော်ဖြတ်တဲ့အခါမှာ တော်တော်လေးတော့ အသုံးဝင်ပါတယ်။ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတွေ (တစ်နည်းအားဖြင့်တော့ - ဖြစ်နိုင်ဖို့ ခဲယဉ်းတာတွေ) ကို လုပ်နေရင်းနဲ့ပဲ အချိန်တွေ၊ ခွန်အား
တွေ ကုန်နေကြတတ်ပါတယ်။ မဖြစ်နိုင်တာတွေအတွက် အချိန်ပေးရင်း ဖြစ်နိုင်တာတွေကို လျစ်လျူရှုလိုက်ကြပါတော့တယ်။
ပါ။ ဖြစ်နိုင်တာတွေကို အရင်လုပ်ပါ။ ဖြစ်နိုင်တာတွေ အားလုံးကို တစ်ခုမကျန်လုပ်ပြီးတဲ့အခါမှ
.
(၄) ငြီးငွေ့သွားတတ်ခြင်း။
ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်လမ်းကို သွားတာ ငြီးငွေ့သွားတတ်လို့လားလို့
ပာင်းလေ့ရှိပါတယ်။ ဒီတော့ တစ်ခု လုပ်သင့်တာက အမြဲတမ်းအလိုလို ကိုယ့်ကိုယ်ကို နှိုးဆော်နေဖို့လိုပါတယ်။ အောင်မြင်မှုပန်းတိုင်ရဲ့ နောက်ကွယ်မှာ ဘယ်လိုချိုမြိန်သာယာမှုတွေရှ
သိပေးနေသင့်ပါတယ်။ ဒါမှ လျှောက်နေတဲ့ ခြေလှမ်းတွေဟာ ပျင်းတိပျင်းရွဲ့မဖြစ်ဘဲ အားမာန်အပြည့်နဲ့ တက်ကြွနေမှာလည်း ဖြစ်ပါတယ်။
.
(၅) တခြားသူတွေအကြောင်း ခေါင်းထဲထည့်လွန်းခြင်း။
နောက်ထပ်မှားတဲ့အမှားက ပတ်ဝန်းကျင်ကြောင့် ဖြစ်တဲ့အမှားပါ။ ဟိုလူကတော့ ဟိုလိုလုပ်တာ အောင်မြင်သွားပြီ။ ဒီလူကတော့ ဒီလိုလုပ်တာ အဆင်ပြေသွားပြီ။ ငါကျတော့ ဘာလုပ်လုပ် ဘာမှမဖြစ်ပါ့လားဆိုတဲ့ အတွေးေ
တွက သင့်ရဲ့ တက်ကြွခြင်းတွေအားလုံးကို အဆုံးသတ်လိုက်ပါတော့တယ်။"သူ
.
(၆) ပါးနပ်မှုမရှိခြင်း။
လှေနံဓါးထစ် လုပ်တတ်တဲ့သူတွေထဲက အနည်းစုသာ အောင်မြင်တတ်ပြီး အများစုဟာ ပန်းတိုင်သွားရာလမ်းမှာပဲ ကျရှုံးသွားလေ့ရှိပါတယ်။ တကယ်တမ်း ပန်းဝင်သွားတဲ့သူအများစုဟာ ပါးနပ်မှုရှိကြပါတယ်။ သူတို့လမ်းကို
သွားတဲ့အခါ ဘယ်လိုသွားရင် မြန်မလဲ၊ ဘယ်လိုသွားရင် အခက်အခဲနည်းမလဲဆိုတာကို အမြဲတမ်း ကြံစည်တွက်ဆပါတယ်။ ဘယ်လိုလူနဲ့ လက်တွဲပြီးသွားရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီနိုင်မယ်။
ဘယ်လိုလူကိုတော့ လက်တွဲဖြုတ်သင့်တယ်။ စသဖြင့် တွေးတတ်ခေါ်တတ်ပါတယ်။ ဒီလို ပါးနပ်လိမ္မာမှုမရှိဘူးဆိုရင်
.
အိမ်မက်ခရီးကို သွားတဲ့လမ်းမှာ တခြားသောအမှားတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဒီအချက်တွေကတော့ လူတွေ သတိမမူမိဘဲ အကျူးလွန်တတ်ဆုံး အမှားတွေပါ။ ဒီလိုအမှားမျိုးတွေ၊ အလွဲမျိုးတွေကို သတိပြုဆင်ခြင်
ပြီးတော့ ကိုယ်လိုရာခရီးကို အဆင်ပြေချော့မွေ့စွာ သွားလာရောက်ရှိနိုင်ပါစေလို
__________
ရွှေညာမောင် (Focus Youth)
Ref: LH
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။