SPOKEN ENGLISH”
1.You can be certain of success.
ခင်ဗျား အောင်မြင်မှာ သေချာပါတယ်။
2.I cannot say for certain when she will arrive.
သူမ ဘယ်အချိန် ရောက်မယ်ဆိုတာ၊ ကျွန်တော် အတိအကျ မပြောနိုင်ဘူး။
3.I certify that this is the true copy of his birth certificate (ဆာထစ်ဖစ်ခတ်-ထ်).
ဒါဟာ သူ့ရဲ့ မွေးစာရင်း မိတ္တူမှန်ဖြစ်ကြောင်း၊ ကျွန်တော် အတည်ပြုနိုင်ပါတယ်။
4.Let chance decide.
ကံက အဆုံးအဖြတ် ပေးပါစေ။
5.It is the chance of a lifetime.
ဒါက တစ်သက်မှာ တစ်ကြိမ်သာရတဲ့ အခွင့်အရေးပဲ။
6.It chanced that I was out when he called.
ကြုံကြိုက်ချင်တော့ သူဖုန်းဆက်တဲ့အချိန်မှာ၊ ကျွန်တော်က အပြင်မှာ ရောက်နေတယ်။
7.It is a great chance for the better.
ဒါက ဒိထက်ပိုကောင်းတဲ့ မဟာအခွင့်အရေးပဲ။
8.It’s characteristic of him.
ဒါက သူ့ရဲ့စရိုက်လက္ခဏာပဲ။
9.He fell a victim of her charms.
သူဟာ သူမရဲ့ မာယာကျော့ကွင်းမှာ သားကောင်ဖြစ်သွားတယ်။
10.He has a charmed life.
သူက ဘဝပေး ကုသိုလ်ကံကောင်းတယ်။
11.You charm away my sorrow.
ခင်ဗျားက ကျွန်တော်ရဲ့ ဝမ်းနည်းမှုတွေကို ဖယ်ရှားပေးတယ်။
12.I advise you to keep a check on your temper.
ကျွန်တော်အနေနဲ့ ခင်ဗျား ဒေါသကို ထိန်းသိမ်းဖို့ အကြံပေးပါတယ်။
13.Your visit has cheered your sick father.
ခင်ဗျား အလည်အပတ်လာတွေ့တာဟာ ခင်ဗျားအဖေ နေမကောင်းတာကို သက်သာသွားစေတယ်။
14.They are new-comers to our circle.
သူတို့ဟာ ကျွန်တော်တို့ အသိုင်းအဝိုင်းထဲက လူသစ်တွေပဲ။
15.Circumstances alter cases.
အခြေအနေတွေက ကိစ္စရပ်တွေကို ပြောင်းလဲသွားတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။