English Speaking Basics (69)
.......................... .....
English phrasal verb လေးတစ်ခုပါဝင်တဲ့ စကားပြော စာကြောင်းလေးများဖြစ်ပါတယ် ၊ phrasal verb တွေက သိတဲ့စာလုံးလွယ်လွယ်လေးတွေ ပေါင်းထားတော့ သိသလိုလို ဖြစ်နေပေမယ့် တကယ်မသိဘဲ ဖြစ်နေတတ်ပါတယ် ၊ အဓိပ္ပါယ်အသစ်တစ်ခု ဖြစ်သွားလို့ပါ ။ ဒါကြောင့် phrasal verb လေးတွေကို အလျှဉ်းသင့်သလို မှတ်သားထားဖို့ လိုပါလိမ့်မယ် ..အဲဒီအထဲက တစ်ခုကို ၀ါကျတွေဖွဲ့တဲ့အခါမှာတော့
.
Go for ( phrasal verb) :
(1) သီးခြားပုံစံရှိတဲ့ တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ခုကို ကြိုက်နှစ်သက်တယ် like a particular type of person or thing
(2) သီးခြားတစ်ခုကိုရွေးချယ်တယ် choose a particular thing
(3) တစ်စုံတစ်ခုကို ရဖို့ ကြိုးစားတယ် try to get something
.......................... .
I. EXAMPLES:
.....................
1. I really GO FOR Beethoven.
ကျနော် ဗီသိုဗင် ကို တကယ်ကြိုက်တယ်ဗျာ
( ဗေထိုဗင် ၊ ဗီးထိုဖင်..စသည်ဖြင့်လည်း အမျိုးမျိုး အသံထွက်ကြပါ၏)
.
2. I really GO FOR this house. It’s terrific.
ကျနော်ဒီအိမ်ကို တကယ်ကြိုက်တယ်ဗျာ ၊ ရင်သပ်ရှုမောလောက်ပါရဲ့။
(terrific (adj) : ရင်သပ်ရှုမောဖွယ် ၊ လက်ဖျားခါရလောက်သော)
.
3. She GOES FOR tall and handsome men.
သူမက အရပ်မြင့်ပြီးရုပ်ချောတဲ့ ယောက်ျားတွေကို ကြိုက်တယ်
.
4. I don’t GO much FOR modernism.
ကျနော် ရှေးရိုးအယူအဆတွေကိုငြင်းပယ်တဲ့ခေတ်သစ်ဝါဒကို အများကြီး မနှစ်သက်ပါဘူး
(adv ဖြစ်တဲ့ much ကို ကြားမှာထားလိုက်တာ သတိပြုပါ)
.......................
II. DIALOGUES:
........................
A: Hey, I’m hungry. How about you?
ဟေး ၊ ကိုယ်တော့ဆာနေပြီကွာ မင်းရော
.
B: Yeah, I can really go for some Chinese food right now.
အေး ၊ အခုလောလောဆယ်တော့ တရုတ်အစားအသောက်ဆို တကယ်ကြိုက်မှာပဲ
(right now = at the present time အခုလက်ရှိအချိန်မှာ)
.
A: That’s a great idea. Let’s go to a Chinese restaurant right now.
ကောင်းတဲ့အကြံပဲ ၊ အခုပဲ တရုတ်စားသောက်ဆိုင်ကို သွားကြစို့
.
B: OK. It’s my treat.
ကောင်းပြီ ၊ ကိုယ်ဒကာခံပါ့မယ်
.
A: Are you sure?
သေချာရဲ့လားကွာ
.
B: Yeah. You can pay next time.
အေးပါ ၊ နောက်တစ်ခါ မင်းပေးပေါ့
.......................... ................
- See more at: http://engtalks.com/ 050-i-really-go-for/…
.
မေတ္တာဖြင့် Win Naing Oo https://web.facebook.com/ winnaing.oo.79?fref=nf
..........................
English phrasal verb လေးတစ်ခုပါဝင်တဲ့ စကားပြော စာကြောင်းလေးများဖြစ်ပါတယ် ၊ phrasal verb တွေက သိတဲ့စာလုံးလွယ်လွယ်လေးတွေ ပေါင်းထားတော့ သိသလိုလို ဖြစ်နေပေမယ့် တကယ်မသိဘဲ ဖြစ်နေတတ်ပါတယ် ၊ အဓိပ္ပါယ်အသစ်တစ်ခု ဖြစ်သွားလို့ပါ ။ ဒါကြောင့် phrasal verb လေးတွေကို အလျှဉ်းသင့်သလို မှတ်သားထားဖို့ လိုပါလိမ့်မယ် ..အဲဒီအထဲက တစ်ခုကို ၀ါကျတွေဖွဲ့တဲ့အခါမှာတော့
.
Go for ( phrasal verb) :
(1) သီးခြားပုံစံရှိတဲ့ တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ခုကို ကြိုက်နှစ်သက်တယ် like a particular type of person or thing
(2) သီးခြားတစ်ခုကိုရွေးချယ်တယ်
(3) တစ်စုံတစ်ခုကို ရဖို့ ကြိုးစားတယ် try to get something
..........................
I. EXAMPLES:
.....................
1. I really GO FOR Beethoven.
ကျနော် ဗီသိုဗင် ကို တကယ်ကြိုက်တယ်ဗျာ
( ဗေထိုဗင် ၊ ဗီးထိုဖင်..စသည်ဖြင့်လည်း အမျိုးမျိုး အသံထွက်ကြပါ၏)
.
2. I really GO FOR this house. It’s terrific.
ကျနော်ဒီအိမ်ကို တကယ်ကြိုက်တယ်ဗျာ ၊ ရင်သပ်ရှုမောလောက်ပါရဲ့။
(terrific (adj) : ရင်သပ်ရှုမောဖွယ် ၊ လက်ဖျားခါရလောက်သော)
.
3. She GOES FOR tall and handsome men.
သူမက အရပ်မြင့်ပြီးရုပ်ချောတဲ့ ယောက်ျားတွေကို ကြိုက်တယ်
.
4. I don’t GO much FOR modernism.
ကျနော် ရှေးရိုးအယူအဆတွေကိုငြင်းပယ
(adv ဖြစ်တဲ့ much ကို ကြားမှာထားလိုက်တာ သတိပြုပါ)
.......................
II. DIALOGUES:
........................
A: Hey, I’m hungry. How about you?
ဟေး ၊ ကိုယ်တော့ဆာနေပြီကွာ မင်းရော
.
B: Yeah, I can really go for some Chinese food right now.
အေး ၊ အခုလောလောဆယ်တော့ တရုတ်အစားအသောက်ဆို တကယ်ကြိုက်မှာပဲ
(right now = at the present time အခုလက်ရှိအချိန်မှာ)
.
A: That’s a great idea. Let’s go to a Chinese restaurant right now.
ကောင်းတဲ့အကြံပဲ ၊ အခုပဲ တရုတ်စားသောက်ဆိုင်ကို သွားကြစို့
.
B: OK. It’s my treat.
ကောင်းပြီ ၊ ကိုယ်ဒကာခံပါ့မယ်
.
A: Are you sure?
သေချာရဲ့လားကွာ
.
B: Yeah. You can pay next time.
အေးပါ ၊ နောက်တစ်ခါ မင်းပေးပေါ့
..........................
- See more at: http://engtalks.com/
.
မေတ္တာဖြင့် Win Naing Oo https://web.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။