Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 20, 2016

သားလေးအတွက်မေမေ့လက်ဆောင်

 
သားလေးအတွက်မေမေ့လက်ဆောင်

သားရေ ..ဒီနေ့ဟာ သားရဲ့ ၁၃ နှစ်မြောက်မွေးနေ့ဖြစ်တယ် ..။မေမေ သားအတွက် သားအလိုချင်ခဲ့ဆုံး လက်ဆောင်လေး ဒီကနေ့တော့ပေးတော့မယ် ..။ဒီအတိုင်းတော့မပေးချင်ဘူးသားလေးရယ် ..။ မေမေနဲ့ စကားပြောရင်း မေမေ့လက်ဆောင်လေး သားကို ပြမယ် ..။ ဟော ..ဟန်တောင်မဆောင်နိုင်အောင် သားလေး ဝမ်းသာနေတယ်ပေါ့..။

အင်းပေါ့လေ ..သားက ကလေးလေးပဲရှိသေးတာကိုး ..သားမှာဖြူစင်မှုလေးတွေ ရှိတယ် ..။ သားပျော်နေမယ် ဆိုတာမေမေ သိနေတယ်သားလေး..။ဒီလိုပဲလူတွေဟာ ကိုယ်လိုချင်တာရတော့မယ်ဆိုရင်အသက်အရွယ်မရွေး ကလေးလေးတစ်ယောက်လို ပျော်ရွှင်လာတတ်ကြတယ်သားရေ ..။

သားလေးအကြိမ်ကြိမ်ပူဆာခဲ့ဖူးတယ်နော် .."မေမေ ..သား စက်ဘီးစီးချင်တယ်.. ဝယ်ပေးပါနော် " တဲ့..။ မေမေ မဝယ်ပေးဖြစ်ခဲ့ဘူး သားလေး ရယ်..။ ခုတော့ မေ မေ ဝယ်ပေးသင့်ပြီလို့ ဆုံးဖြတ်လိုက်တယ် ..။ ကြည့်.. ငါ့ သားလေး ဟာလေ .. ပျော်လာရင်ပဲဖြစ်ဖြစ် သဘောကျရင်ပဲဖြစ်ဖြစ် မျက်လုံးလေးတွေက ပြုံး ပြီး ပါးစပ်ကြီး ကို မစေ့နိုင်တော့ဘူး ..။ ကဲ..လာ ..သွားကြည့်ကြရအောင် ..။ အပြာရောင် အသစ်စက်စက် စက်ဘီးလေးတစ်စီး ကတော့ အိမ်ရှေ့ က ခြံဝင်းထဲမှာ ဒေါက်ထောက်ရက်လေး ငြိမ်သက်ဝင့်ထည်စွာနဲ့ ပိုင်ရှင် လေး ကို စောင့်ကြိုနေလေရဲ့..။

စက်ဘီးလေးကိုမြင်လိုက်ရတယ်ဆိုရင်ဘဲ ..ဟန်တောင်မဆောင်နိုင်အောင် စက်ဘီးလေးရှိရာကိုပြေးသွားတဲ့ သားလေးကျောပြင်ကိုကျွန်မကြည့်ရင်း ရင်ထဲမှာသားလေးနဲ့ ထပ်တူပျော်နေမိတယ်..။ စိုးရိမ်စိတ်တွေကတော့ တားမရဆီးမရနဲ့ ငါများမှားပီလားဆိုတဲ့အတ္တဆန်ဆန်အတွေး ကို အတင်းဖယ်ပစ်နေရတာ.. ပင်ပန်းလိုက် တာ..။

စက်ဘီးကိုဒီအရွယ်ထိရောက်တာတောင် မစီးတတ်သေးတဲ့ သားကိုသူငယ်ချင်းတွေဝိုင်းစတော့ငိုပြီး အမေ ကို လာပြန်တိုင် ရင်း အပြစ်တင်စကားပြောလာတတ်နေတဲ့ သားလေး..။မေမေစိုးရိမ်လို့ပါသား ရယ်..။မေမေ မွေးတုန်း က မှဲ့လေးတစ်ပေါက်တောင်မပါတဲ့သားလေး ဒဏ်ရာအနာတရဖြစ်မှာစိုးရိမ်ခဲ့မိလို့ပါ...။ခုတော့မေမေ အဲဒီလိုတွေး ပြီးစိုးရိမ်နေဖို့မသင့်တော့ဘူးဆိုတာ မေမေ သိပါတယ်..။ သားရေ..မေမေသားကိုစက်ဘီးစီး သင်ပေးမယ်နော် ..။

သား.. စက်ဘီးလေး ကိုကြည့်စမ်းပါ..။ သူကဘီးကနှစ်ဘီးထဲဆိုတော့ သူ့ ဘာသာ မရပ်နိုင် ဘူးနော် ..ဒေါက်ကလေး ထောက်မှရပ်ထားနိုင်တယ်..ဒါမှမဟုတ်ဒေါက်ကျိုးသွားရင် တိုင်တစ်တိုင် နံရံတစ်ခုခုမှာသွားမှီ ထားရတယ် .. ။ သားလေး သေချာနားထောင်ပေးနော် ..။ မေမေတို့ လူတွေဟာလည်း တစ်ယောက်ထဲ ရပ်တည်ဖို့မဖြစ်နိုင်ဘူးသား..အမှီကောင်းကောင်းရှိရတယ်..မိဘ၊မောင်နှမ၊ဆွေမျိုးအသိုင်းအဝန်း.၊သူငယ်ချင်းကောင်းတွေရှိမှ လူတစ်ယောက်ရဲ့ ဘဝဟာကောင်းမွန်စွာရပ်တည်လို့ ရတတ်တာမို့ ..သူတို့တွေကို ဘယ်တော့မှမပစ်ပယ်လိုက်ပါနဲ့ သားရယ်နော်..။

နောက်..စက်ဘီးလက်ကိုင်လေးကိုကြည့်ပါအုံးသားရယ် .. ဒီစက်ဘီးလက်ကိုင်လေးက ဘယ်ညာကွေ့တဲ့ နေရာအသုံးဝင်သလိုလမ်းတစ်လမ်းကို ဖြောင့်တန်းစွာသွားတဲ့နေရာမှာလည်းအသုံးဝင်တာပေါ့သား..။ ဒါဟာ လေဘာနဲ့တူသလဲဆိုတော့သားသင်ယူခဲ့တဲ့ အတန်းပညာတွေ နဲ့မေမေတို့ဘာသာတရားအဆုံးအမ တွေ ထဲက အသိပညာနဲ့တူတယ်..။ ဘီးလေးနှစ်ဘီးထဲမို့လူတစ်ယောက်ဝိတ်ကိုထိန်းရင်းရမ်းခါနေတဲ့စက်ဘီး ကို ဒီလက်ကိုင်ကလေး နဲ့ မယိမ်းမယိုင်သွားရအောင်ထိန်း သလိုပေါ့သားရယ်..သားရဲ့ဘဝလမ်းတစ်လျှောက်ကို သားသိမှတ်ခဲ့တဲ့ အသိပညာတွေနဲ့ သားဘဝကိုလိုသလို ထိန်းကျောင်းရင်းလမ်းမှန် ရောက်အောင်နင်းပါ နော်သား..။

သားလေးစက်ဘီးပေါ်တက်တော့..ခုတော့မေမေထိန်းကိုင်ပေးမယ်..သားဖြည်းဖြည်းနင်းကြည့်နော် ..။ဒီလိုဘဲ သားရယ် ..မေမေက သားအနားမှာ အမြဲ နေပြီး ခုလိုထိန်းကျောင်းပေးဖို့နောက်ဆို မလိုတော့ဘူး.. သားဒီစက်ဘီးလေးကိုနင်းတတ်တဲ့အချိန် မေမေက သားဘာသာ နင်းပြီးထွက်သွားတာကိုကြည့်ပြီး ကျန်နေခဲ့ ရတော့မှာ ..။လမ်းမှာ ကျင်းတွေချိုင့်တွေ ကိုတွေ့လိမ့်မယ်သား .. သေချာ ရှောင်နင်းပါနော် သားလေး..။ဒီလိုဘဲဘဝမှာ လဲ မကောင်းတဲ့နေရာတွေ ကိုရှောင်ကွင်း ပြီး သာသွားပါ သားလေးရယ်နော် ..။ သားရေ ..နောက်ဆို သား က ကျွမ်းကျင်လာရင် စက်ဘီး ကို အမြန်နင်းလာလိမ့်မယ် ..ကိုယ့်ကို ကိုယ်ယုံကြည်မှုအပြည့်နဲ့ပေါ့ ..။ ဒါပေမယ့်သားလေး.. ဘယ်အရာမဆိုပြိုင်ပွဲ သာမဟုတ်ရင် ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ပါသားရယ် ..ဒါဟာအမှားအနည်းဆုံးနဲ့အထိရောက်ဆုံး အန္တရယ်အကင်းဆုံး ပါပဲ ..။

အရင်ကဆို သားလေးက မေမေ့နောက်မှာမေ့ ခါးကိုဖက်ပြီး ငြိမ်လိုက်တတ်တဲ့ သားလေး က ..နောက်ဆို ..သားနောက်မှာသားခါးလေးကိုဖက်ပြီးစီးမယ့် ကောင်မလေးတစ်ယောက်ပါလာ တော့မှာ.. ဟော..သားက ဒါကျတော့လဲရှက်သွားလိုက်တာ..။ ဟုတ်တယ်လေ..သားရဲ့ ..မေမေ့တုန်းကလဲ သားလေးနောက်မှာ ပါလာတော့ သားလေးဘေးရန်မသီအောင်မေမေဂရုစိုက်နင်းခဲ့ရတာ ..မေမေသွားရာသားလိုက်ခဲ့ သလို.. သားလေးသွားရာ လိုက်မယ့်သူလေးအပေါ် သားက ဘေးမသီရန်မခ ကာကွယ်ပေးဖို့ တာဝန်ရှိလာမှာနော် ..။

သားလေး ဘယ်ကိုကွေ့မယ်ဆိုရင်ဘဲဖြစ်ဖြစ်ညာကိုကွေ့မယ် ဆိုရင်ပဲဖြစ်ဖြစ် နောက်ကိုအရင် လှည့်ကြည့်ဖြစ် အောင်လှည့်ကြည့်ပြီးမှကွေ့ သလို ..လက်ကိုင်ပေါ်ကဘဲလ်လေး ကိုတီး ပြီး ရှေ့ ကိုလည်းသတိပေးရမယ် နော် ..။ ဘဝမှာလည်း အချိုးအကွေ့ရောက်တိုင်း နောက်ကိုလှည့်ကြည့်ပါအုံးသားရယ် သားနောက်မှာ သားကို ကြည့်ပြီးလိုက်လာမယ့်လူတွေ ရှိသေးတယ်လေ..ရှေ့ ကိုလည်း သတိမပြတ်စေနဲ့ပေါ့ .. ဘာအန္တရာယ်ကြုံရမလဲဆိုတာ ကြိုမသိနိုင်ဘူးလေ..။ ဟုတ်ပြီ သားလေး .. တော်တော်စီးတတ်လာပြီ ..မေမေ လက်လွှတ်လိုက်ပြီနော် ...။

ကျွန်မ မျက်စေ့ရှေ့မှာ ရမ်းတမ်းရမ်းတမ်းနဲ့ထွက်သွားတဲ့ စက်ဘီးလေးနဲ့ သား ကို စိုးရိမ်ကြီးစွာ စောင့်ကြည့်နေမိနေချိန်မှာဘဲ .." ဝုန်း" ဆိုတဲ့ အသံနဲ့ သားလေးပေါ်မှာစက်ဘီး ကအုပ်ရက်သားလေး လဲနေတဲ့သားကိုငိုမဲ့မဲ့လေးတွေ့ ရ ပါတော့တယ် .. ရင်ထဲမှာ ဒုန်းကနဲမြည်ဟီး သွားပေမယ့် ..ကျွန်မ ခြေ တစ်လှမ်းမှမရွေ့ လိုက်ပါဘူး .. အတော်စိတ်ကိုတင်းထားလိုက်ရပါတယ် .." သားလေး .. ပြန် ထ ပြီး ဆက်စီး ပါ သား.. ဒီလိုဘဲ ဘဝ မှာတစ်ချို့သင်ခန်းစာတွေ က သွေးမထွက်ဘဲ မနာကျင်ဘဲ သင်လို့ မရဘူး သားလေ..ထ ..နာကျင်တာကိုမေ့ပြီး ရအောင်ဆက်စီး ပါ သား ရေ " လို့ တုန်ယင်နေတဲ့ အသံ ကိုထိန်းရင်း အားပေးလိုက်တယ်..။ သိပ်မကြာပါဘူး သားလေး စက်ဘီးကို ကောင်းကောင်းထိန်းပြီးစီးရင်း ကျွန်မနဲ့ ဝေးသထက်ဝေး ရာ ကို ပျော်ရွှင်စွာ စီးနင်းသွားပါတော့တယ် ..။

တစ်နေ့တော့ ကျွန် မ ကြုံ ရမယ့် အရာ ကို ကျွန်မ ကောင်းကောင်းနားလည်ပါတယ် ..။

ခုတော့ ..ကျွန်မ သားလေးပြန်အလာ ကို စောင့်နေခွင့် ရှိပါသေးတယ်နော် ...။

လေးစားကျေးဇူးတင်လျက် မနတ်သမီး
Photo – www.lix.polytechnique.fr
www.yoyarlay.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။