Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 8, 2016

ရခိုင်လူမျိုးနှင့်ရခိုင်သမိုင်းဖြစ်တည်လာပုံ

ရခိုင်လူမျိုးနှင့်ရခိုင်သမိုင်းဖြစ်တည်လာပုံ
••••••••••••••••••••••••••••••••••••••••••
ရခိုင်လူမျိုးမှန်လျှင် Share ပေးခြင်းဖြင့်
ဂုဏ်ယူပေးကြပါရန် အနုအညွှတ်တောင်းဆို
အပ်ပါသည်။
ကျမ နှင်းနှင်းနွယ်(ရခိုင်သူ)

ရခိုင်..။ ရက္ခိုက်..ရက္ခိုင်..ရခိုင်.။ အမျိုး ၊ သီလ နှစ်ဌာနကို စောင့်သော ရခိုင် ။ ရာဇ၀င်တင့်သော ရခိုင် ။ သမိုင်း လှသော ရခိုင် ။ မျိုးရိုး ရခိုင်တို့၏ မူလအစ ပထမကို ထူထောင်ခဲ့ကြသော ရှေးရခိုင်လူမျိုး ဘိုး ဘေး ဘီ ဘင်တို့၏ လက်ရုံးရည် နှလုံးရည် ၊ ဇွဲလုံ့လ ၀ိရိယ ၊ ဥာဏ်ပညာ အမြော်မြင်တို့သည် သူတို့ခေတ် ၊ သူတို့အချိန်ခါက မည်သို့မည်ပုံရှိခဲ့သည် ၊ မည်သို့ ထင်ရှားကျော်ကြားခဲ့သည် ၊ မည်မျှထိ စည်းလုံးမှု အားကောင်းခဲ့သည် ၊ နောင်လာနောက်သားများအတွက် မည်သို့အကျိုးပြုခဲ့သည် ဆိုသည်ကို ယခုတိုင်အောင် လှပသော သမိုင်းတစ်ခုအဖြစ် တွေ့မြင်နိုင်လေသည် ။

ရှေးရခိုင်လူမျိုးကြီးတို့တာဝန်ကျေပွန်ခဲ့ကြသည်ကို ယနေ့ခေတ်လူငယ်များ စံနမူနာထား ဂုဏ်ယူနိုင်လေသည်။
ကမ္ဘာပေါ်ရှိ မည်သည့် လူမျိုးတွင်မဆို ၄င်းတို့ လျှောက်လှမ်း ဖြတ်သန်းလာကြရာ သမိုင်းကိုယ်စီ ရှိကြသည် ။ မိမိတို့လူမျိုး၏ မျိုးရိုး ဇာတိ ၊ အမည်နာမ ၊ ရူပါ လက္ခဏာ စသည်တို့ကို အဦးဆုံး သမိုင်းရေးသူတို့က သမိုင်းရေးခဲ့ကြသည် ။ သယ်ပိုးထမ်းရွက်သူတို့က အစဉ်အဆက် ထမ်းရွက်သည် ။ ထိုသို့ဖြင့်ပင် တဆင့်ပြီးတဆင့် မျိုးရိုးဇာတိခိုင်မာပြီး ပိုမို တိုးတက်သော လူမျိုးအဖြစ် ရပ်တည်လာခဲ့ကြသည် ။
ရခိုင်လူမျိုးတို့သည် အမျိုး ၊ သီလ နှစ်ဌာနကို စောင့်ရှောက်သော လူမျိုးဖြစ်သည် ။ မိမိတို့၏ သမိုင်းတစ်လျှောက်တွင် စစ်မှန်သော မျိုးရိုးဂုဏ် ၊ မဖောက်ပြန် မလော်လီသော သီလ သမာဓိတို့ဖြင့် သမိုင်းကို လှလှပပ အစဉ်အဆက် ရေးထိုးလာခဲ့ကြသည် ။ ရခိုင်လူမျိုးတို့သည် ရှေးကျသော ၊ သက်တမ်းရင့်သော လူမျိုးဖြစ်သော်လည်း ယနေ့တိုင် မတိမ်ကော မပျောက်ကွယ်သွားပဲ ပိုမိုကာ နာမည်ဂုဏ်သတင်း မွှေးပျံ့ခိုင်မာသောလူမျိုးအဖြစ် ကမ္ဘာ့အလည်တွင် ရပ်တည်နိုင်သည်မှာ အမျိုး ၊ သီလ နှစ်ဌာနကို စောင့်ထိန်းခြင်း၏ ထင်ရှားသော သက်သေတစ်ခု ဖြစ်သည် ။
ရခိုင်လူမျိုးတို့သည် အမျိုး သီလ နှစ်ဌာနကို စောင့်ထိန်းကြသည်သာ မဟုတ် ။ မိမိတို့ လူမျိုး၏ တိုးတက်မှုကို အစဉ်တစိုက် ဆောင်ရွက်လာခဲ့ကြသော လူမျိုးလည်း
ဖြစ်သည် ။ ခေတ်အဆက်ဆက် အုပ်ချုပ်သူ လူတန်းစားအဖြစ် နေထိုင်လာခဲ့ကြသော ရခိုင်လူမျိုးတို့တွင် မိမိတို့ နိုင်ငံ ၊ လူမျိုး ၊
ဘာသာ ၊ သာသနာ ၊ ယဉ်ကျေးမှုတို့ကို
တစ်စထက် တစ်စ ပိုမို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဟူသောဥာဏ်ပညာ အမြော်မြင်ကြီးမှု အပြည့်ရှိခဲ့ကြသည်ကို သမိုင်းမှတ်တမ်းမှတ်ရာများက ငြင်းမရအောင် သက်သေပြနေပေသည် ။

ရခိုင်လူမျိုးတို့သည် BC .3325 တွင် မာရယုမင်း ထူထောင်သော ဓည၀တီခေတ်မှ အစချီကာ ထင်ရှားသော သမိုင်းနိဒါန်းကို ကျောက်ထက်အက္ခရာတင် မှတ်တမ်းရေးထိုးလာခဲ့ကြသည် ။ ရခိုင်ပြည်၏ သမိုင်းမှတ်တမ်းများ ၊ ရုပ်ကြွင်းများ ၊ ရာဇ၀င် ကျမ်းဂန် ၊ ဗုဓ္ဒ၀င် အစရှိသည်တို့တွင်
ရခိုင်လူမျိုးတို့သည် ထင်ရှားသော ဘုရင့်နိုင်ငံတော်များကို ခေတ်အဆက်ဆက် ထူထောင်ခဲ့ကြသည် ။ နယ်ပယ် အမျိုးမျိုး ၊ လူမျိုး အသီးသီးတို့ဖြင့် ပုံမှန်အားဖြင့် ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားကာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး ၊ ယဉ်ကျေးမှုအရာတို့၌ သီးသန့် ကိုယ်ပိုင်စရိုက် လက္ခဏာ ၊ ကိုယ်ပိုင် တန်ခိုး အာဏာတို့ဖြင့် နေထိုင်လာခဲ့ကြသည် ။

ရခိုင့်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် အကြမ်းအားဖြင့် ခေတ် ၄ ခေတ်သတ်မှတ်ကာ ရေတွက်နိုင်လေသည် ။ ဓည၀တီ ၊ ဝေသာလီ ၊ လေးမြို့ ၊ မြောက်ဦး စသည်ဖြင့် သမိုင်း ထင်ရှားသည် ။
ဓည၀တီခေတ်ကို အကြမ်းအားဖြင့် ပထမ ၊ ဒုတိယ ၊ တတိယ စသည်ဖြင့် သုံးပိုင်းခွဲ မှတ်တမ်းတင်သည် ။
ပထမ ဓည၀တီကို BC – 3325 တွင်
မာယယုမင်းကြီးမှ၎င်း ၊
ဒုတိယ ဓည၀တီကို BC -1507 တွင် ဘုရင်
ကံရာဇာကြီးမှ ၄င်း ၊
တတိယ ဓညသတီကို BC -580 တွင် ဘုရင်ကြီး စန္ဒာသူရိယ " ဗုဒ္ဓဘုရားရှင်နှင့် ခေတ်ပြိုင်"တို့ကအသီးသီး
တည်ထောင်ခဲ့ကြသည် ။

ဘုရင် စန္ဒာသူရိယ လက်ထက်တော်တွင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်သည် ဘုရင်စန္ဒာသူရိယ နန်းစံသက် ၂၅ နှစ်မြောက်တွင် ရခိုင်ပြည်သို့ဓည၀တီသို့ ကြွရောက်ခဲ့သည် ။ ထိုစဉ်ခါက ရခိုင်ဘုရင် စန္ဒာသူရိသည် ဗုဒ္ဓ၏ ပုံတူတော် မဟာမုနိရုပ်ပွားတော်မြတ်ကို သွန်းလုပ်ခဲ့ကြောင်း ရခိုင့် ရာဇ၀င်များနှင့်တကွ သမိုင်းမှတ်တမ်းများအရ တညီတညွတ်တည်း ဖော်ပြကြသည် ။ ရခိုင်လူမျိုးတို့သည် ထိုစဉ်အချိန် ဓည၀တီခေတ် ၊ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် ထေရ၀ါဒ ဗုဒ္ဓအယူကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကြသူများ ဖြစ်သည် ။
ဓည၀တီခေတ်အလွန်တွင် ဝေသာလီခေတ် ကို ရောက်သည် ။ ဝေသာလီခေတ်ကို AD-327 တွင် ဒွန်းစန္ဒြားမင်း ခေါ် တိုင်းစန္ဒြားမင်းကြီး ထူထောင်သည် ။ ဝေသာလီ ကျောက်လှေကားခေတ်မှာ သမိုင်း ထင်ရှားသည် ။ ဘာသာရေး အလွန်ထွန်းကားခဲ့ရာ ခေတ် ဖြစ်သည် ။ ယေဓမ္မာ အစချီသော ထေရ၀ါဒဗုဒ္ဓဘာသာကို အထွဋ်အမြတ် ဦးထိုက်ထားသော ကျောက်စာ များစွာကို တွေ့ရသည် ။

AD-818 တွင် လေးမြို့ခေတ်ကိုရောက်သည် ။ ဘုရင် ငတုန်းမင်း ခေါ် ဘုရင် စောရွှေလူမှ တည်ထောင်သည် ။ ထိုခေတ်မှာ AD-1430 တွင် အဆုံးသတ်ကာ မြောက်ဦးရွှေခေတ်ကို
ရောက်သည် ။
မြောက်ဦးခေတ်ကိုလည်း ပထမ ၊ ဒုတိယ ၊ တတိယဟု ခေတ်သုံးခေတ်ခွဲ သတ်မှတ်သည် ။ ပထမ မြောက်ဦးခေတ်ကို AD-1430 တွင် ဒုတိယ လောင်းကြက်မြို့ကို စိုးစံခဲ့သူ ဘုရင် မင်းစောမွန်မှ စတင် ထူထောင်ခဲ့သည် ။ မင်းစောမွန်၏ ညီတော် နရနု လက်ထက်တွင် ပိုမိုစည်ပင် ၀ပျော ခဲ့သည် ။ ဒုတိယ မြောက်ဦးခေတ်ကို AD-1531 ဘုရင် မင်းဘာကြီး တည်ထောင်ခဲ့သည် ။ မင်းဘာကြီး လက်ထက်တော်တွင် အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်၏ ဘုန်းတန်ခိုးအချိန်အ၀ါမှာ အလွန်တရာမှ ကြီးမားထွန်းတောက်ခဲ့သည် ။ ဗုဒ္ဓဘာသာမှာလည်း နေရောင်အလား ထွန်းပြောင်ခဲ့သည်။ သျှစ်သောင်းဘုရားအပါဝင် သမိုင်းဝင် စေတီပုထိုးများစွာကို တည်ထား ကိုးကွယ်ခဲ့သည် ။ နိုင်ငံရေး ၊ စီးပွားရေး ၊ စစ်ရေး အရာတို့တွင် သြဇာကြီးခဲ့သည် ။ အာရှတစ်ဝှန်းသို့ ကျယ်ပျံ့သော လူမှု စီိးပွား ကူးသန်းရောင်းဝယ်မှုများ ရှိခဲ့သည် ။ တတိယ မြောက်ဦးခေတ်ကို ဘုရင် နရပတိကြီးမှ AD-1638 တွင်စိုးစံခဲ့သည် ။ ရခိုင်တို့၏ မြောက်ဦးခေတ် နောက်ဆုံး မင်းဆက်မှာ ဘုရင်ကြီး မဟာသမ္မတရာဇာ ဖြစ်သည် ။ သမ္မတရာဇာ လက်ထက်တော်တွင် မြောက်ဦးနန်းတော်ကြီး ကျရှုံးကာ မင်းဆက်ဖြုတ်ခံခဲ့ရလေသည် ။ ထိုသိုဖြင့် ရခိုင်လူမျိုးများသည် ခေတ်အဆက်ဆက် လှပသော သမိုင်း ၊ ထင်ရှားသော အမှတ်အသားများဖြင့် ခိုင်ခိုင်ခံ့ခံ့ ရပ်တည်လာခဲ့ကြသည် ။ လေးစားဖွယ်အတိ ကောင်းလှလေသည်။

လူမျိုးတစ်မျိုး၏ အသက်သည် စာပေ ဖြစ်သည်ဟု ဆိုသည့်အတိုင်း ရခိုင့်ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသော အက္ခရာ စာပေများအကြောင်းကိုလည်း လေ့လာမှတ်သားနိုင်သည် ။ စာပေသည် လူမျိုးတစ်မျိုးတို့၏ ယဉ်ကျေးမှု ၊ လူနေမှုအဆင့်တန်းကို မှတ်တမ်းတင်သော ပြယုဂ် ဖြစ်သည် ။ သမိုင်းအထောက်ထားများအရ ရခိုင်လူမျိုးများသည် ဓည၀တီခေတ်မှစတင်ကာ စာပေအသုံးပြုမှု ထွန်းကားနေပြီဖြစ်ကြောင်း တွေ့ရည် ။ တောင်ပေါက်ကြီးကျောက်စာ ၊ အာနန္ဒစန္ဒြားကျောက်စာ ၊ ဗိုက်ပူကြီး ကျောက်စာ ၊ လေးမျက်နှာ ဘုရားကျောက်စာ ၊ အစ ရှိသည်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးပျက်စီးသွားခဲ့ရသော ကျောက်စာများစွာလည်း ရှိသည် ။ ကျောက်စာများ ၊ သမိုင်းကြွင်းများသည် ရှေးရခိုင်လူမျိုးကြီးများ၏ လူနေမှု အဆင့်တန်းကို ပြနေပေသည် ။ ရခိုင်လူမျိုးတို့ အသုံးပြုခဲ့သော စာပေ အက္ခရာများကို အကြမ်းအားဖြင့် ဓည၀တီခေတ်တွင် မာဂဓ ၊ ဝေသာလီခေတ်တွင် (ဂုပ¿့တ) ၊ နောက်ပိုင်း ဝေသာလီခေတ်တွင် သက္ကဋ နှင့် ပြကရိုဋ် အက္ခရာ ၊ ထိမှတဆင့် ရခိုင်လူမျိုးတို့၏ အဆင့်ဆင့် ကွန့်မြူးဆင့်ပွားလာခဲ့ကြသော ရက္ခ၀ဏ္ဏ ကိုယ်ပိုင်အက္ခရာ စသည်ဖြင့် ဆင်းသက် သုံးစွဲလာခဲ့ကြကြောင်း ရခိုင် မြန်မာ ပဏ္ဍိတ် ဥိးဦးသာထွန်း၏ မှတ်တမ်း မှတ်ရာများတွင် ခိုင်လုံသော အထောက်သားများဖြင့် တွေ့ရသည်။
ရခိုင်လူမျိုးတို့သည် ယဉ်ကျေးမှု ဓလေ့ ထုံးစံ ရေးရာတို့၌လည်း ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်ဖြင့် ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြသည် ။ ဗုဓ္ဒ၀ါဒကို သက်ဝင် ယုံကြည် ကိုးကွယ်ကြသူများပီပီ နေမှု ထိုင်မှု ၊ ရိုးရာ ဓလေ့စရိုက် ၊ ယဉ်ကျေးမှုတို့စသည်တို့ကို ဗုဒ္ဓ၏ တရားတော် အဆုံးအမ ၊ အယူဝါဒများနှင့် အခြေခံကြသည် ။
ထိုသို့ လှပသော ၊ သေသပ် ချောမွေ့သော ၊ ခိုင်ခံ့ ဖြောင့်စင်းသော လမ်းတို့ကို ရာဇ၀င် သမိုင်းထွန်းပြောင်အောင် အသက် ၊ ချွေး ၊ သွေးတို့ဖြင့် လှလှပပ ထုဆစ်ဖောက်လုပ်လာခဲ့ကြသော ရှေးရခိုင်လူမျိုးကြီး ဘိုး ဘေး ဘီ ဘင်တို့၏ လမ်းကို အဆက်ဆက် လျှောက်လှမ်းလာကြသော ခေတ်ရခိုင်လူမျိုး ကြီး ၊ ရွယ် ၊ ငယ်တို့အနေဖြင့် ဂုဏ်ယူစရာ ကောင်းလှလေသည် ။
တစ်ခုရှိသည်မှာ ထိုသို့ သမိုင်းလှသော ရခိုင်လူမျိုးများအနေဖြင့် ယခုအခါ ဆက်လက်ရေးထိုးရမည့် ဆက်ရန်သမိုင်းများကို ပိုမိုလှပအောင် ရည်သန်သောစိတ် ၊ အမျိုးစောင့်သောစိတ်များဖြင့် တာဝန်သိသိ ထမ်းရွက်ကြရန်သာ လိုတော့သည်ဟု ထင်ပါသည် ။ ယနေ့ခေတ် ရခိုင်လူငယ်များတွင် ပိုမို တာဝန်ရှိကြသည်ဟု ဆိုနိုင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ယနေ့ လူငယ်များသည် နောင်တစ်ချိန်၏ ရခိုင့် အနာဂတ် ဖြစ်သောကြောင့် ဖြစ်ပါသည် ။ ထို့ကြောင့် သမိုင်းတာဝန်ကို လက်ဆင့်ကမ်း ထမ်းရွက်ကြမည့် ရခိုင်လူမျိုး လူငယ်လူရွယ်များအနေဖြင့် မိမိတို့လူမျိုး၏ သမိုင်းပေးတာဝန်များကို မည်မျှထိ တာဝန်ကျေကျေ ထမ်းရွက်ပေးဆပ်နိုင် ရမည်ဆိုသော အသိစိတ်မျိုး ရှိရန်လိုအပ်ပေသည် ။ မဆပ်နိုင်သည် ရှိသော်လည်း ကျေးဇူးသိတတ်သော ရခိုင့်သားကောင်း လူငယ်များအဖြစ်သော်မျှ ရှိနေရပေမည် ။ သို့တည်းမဟုတ်ပဲ သမိုင်းကြွေးမကျေ ၊ ကျေးဇူးမသိရုံမျှမဟုတ် ၊ အမျိုးဂုဏ်မရှိ ကျေးဇူးကန်းသော ခေတ်ရခိုင်လူမျိုးများ မဖြစ်ကြရန် အထူး လိုအပ်ပါပေသည် ။
လူတို့သည် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ကြရင်း မိမိတို့ တိုင်းပြည် လူမျိုးတို့၏ ဂုဏ်ကို အရောင်တက်စေသည် ။ မပြည့်စုံသေးသော သမိုင်းကို ပိုမို ပြည့်စုံစေသည် ။ချို့ယွင်းနေသော သမိုင်းကို ကောင်းမွန်စေကြသည် ။ အရုပ်ဆိုး အကျည်းတန်ခဲ့မှုကို ပြန်လည်လှပစေကြသည် ။ လစ်လပ်မှုကိုလည်း ပြန်လည် ဖြည့်တင်းနိုင်ကြလေည် ။
ထိုအတိုင်းဆိုပါလျှင် ယနေ့အချိန်ခါတွင် ရှေးရခိုင်လူမျိုး ဆွေစဉ်မျိုးဆက်တို့ လက်ဆင့်ကမ်း ရေးခဲ့ကြသော သမိုင်းခရီးလမ်းထက်တွင် လျှောက်လှမ်းနေကြသော ခေတ်ရခိုင်လူငယ်များအနေဖြင့် မိမိတို့ လျှောက်လှမ်းနေကြသော ရခိုင့်သမိုင်းလမ်းခရီးထက်တွင် ဆက်လက်တာဝန်ကျေပွန်ကြရန်သာ
လိုတော့ကြောင်း မြင်မိပါတော့သည် ။။

=====================================
ရခိုင်ထီးဆက်မင်းဆက်ဇယား
•••••••••••••••••••••••••••••••

ဒွါရာဝတီ(သံတွဲ)ခေတ်မင်းဆက်များ
(သမိုင်းမတင်မီကာလ)

ဦးရေ။မင်းအမည်။နန်းတက်နှစ်။နန်းကျနှစ်။နန်းစံနှစ်။ မှတ်ချက်
(၁)၀ါသုဒေ၀မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁)ဗြဟ္မကာရာဇာမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)
-ဘီစီ(၃၃၂၅)မတိုင်မီ။
(၅)ဗြဟ္မသုန္တရမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။
(၁၅)ဗြဟ္မသိန္ဒိမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁။)ဿရဘန်မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။

ဓည၀တီ"ပဋ္ဌမ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။ မှတ်ချက်
(၁)မာရယုမင်း(၃၃၂၅-၃၂၆၃)ထိ(၆၂)နှစ်-ဘီစီ(ခရစ်တော်မပေါ်မီကာလ)
(၂)မာရဇေတုမင်း(၃၂၆၃-၃၂၃၁)ထိ(၃၂)နှစ်(၁)၏သား
(၃)မာရအုံမင်း(၃၂၃၁-၃၁ရ၈)ထိ(၅၃)နှစ်(၂)၏သား
(၄)မာရရွယ်မင်း(၃၁ရ၈-၃၁၃၀)ထိ(၄၈)နှစ်(၃)၏သား
(၅)မာရတင်မင်း(၃၁၃၀-၃၀ရ၅)ထိ(၅၅)နှစ်(၄)၏်သား
(၆)မာရဇိန်မင်း(၃၀ရ၅-၃၀၄၂)ထိ(၃၃)နှစ်(၅)၏သား
(ရ)မာရတင်မင်း(၃၀၄၂-၃၀၂၀)ထိ(၂၂)နှစ်(၆)၏သား
(၁)ငဆက်အို(မျိုးခြား)(၃၀၂၀-၂၉၉၉)ထိ(၂၁)နှစ်(မျိုးခြားမင်း)
(၈)ဒေါလစန္ဒရားမင်း(၂၉၉၉-၂၉၅၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သောလစန္ဒရား(၂၉၅၉-၂၉၂၆)ထိ(၃၃)နှစ်(၈)၏သား
(၁၀)သူရိယစန္ဒရား(၂၉၂၆-၂၈၈၉)ထိ(၃ရ)နှစ်(၉)၏သား
(၁၁)ကာလစန္ဒရား(၂၈၈၉-၂၈၄၉)ထိ(၄၀)နှစ်(၁၀)၏သား
(၁၂)ကဉ္စန္ဒရား(၂၈၄၉-၂၈၁၈)ထိ(၃၁)နှစ်(၁၁)၏သား
(၁၃)မဓုစန္ဒရား(၂၈၁၈-၂ရ၉ရ)ထိ(၂၁)နှစ်(၁၂)၏သား
(၁၄)ဇေယျစန္ဒရား(၂ရ၉ရ-၂ရ၅ရ)ထိ(၄၀)နှစ်(၁၃)၏သား
(၁၅)မောက္ခစန္ဒရား(၂ရ၅ရ-၂ရ၃၁)ထိ(၂၆)နှစ်(၁၄)၏သား
(၁၆)ဂုနစန္ဒရား(၂ရ၃၁-၂ရ၁၉)ထိ(၁၂)နှစ်(၁၅)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၂ရ၁၉-၂ရ၁၈)ထိတစ်လသာစံရသည်။
(၁ရ)ကံရာဇာကြီး(၂ရ၁၈-၂၆ရရ)ထိ(၄၁)နှစ်(၁၆)၏သား
(၁၈)ကံရာဇာငယ်(၂၆ရရ-၂၆၄၁)ထိ(၃၆)နှစ်(၁ရ)၏သား
(၁၉)အိန္ဒသူရိယ(၂၆၄၁-၂၆၀၆)ထိ(၃၅)နှစ်(၁၈)၏သား
(၂၀)အသူရိန္ဒသူရိယ(၂၆၀၆-၂၅ရ၆)ထိ(၃၀)နှစ်(၁၉)၏သား
(၂၁)သာရမိတ္တ(၂၅ရ၆-၂၅၄၈)ထိ(၂၈)နှစ်(၂၀)၏သား
(၂၂)သူရိယမင်း(၂၅၄၈-၂၅၁၅)ထိ(၃၁)နှစ်(၂၁)၏သား
(၂၃)မင်းထီး(၂၅၁ရ-၂၄၉၅)ထိ(၂၂)နှစ်(၂၂)၏သား
(၂၄)မင်းပါ(၂၄၉၅-၂၄ရ၃)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)စည်ပေါင်သူ(၂၄ရ၃-၂၄၄၅)ထိ(၂၈)နှစ်(၂၄)၏သား
(၂၆)တံတိုင်းသင်(၂၄၄၅-၂၄၁၄)ထိ(၃၁)နှစ်(၂၅)၏ညီ
(၂ရ)ကျော်ခေါင်စည်(၂၄၁၄-၂၃၆၁)ထိ(၅၃)နှစ်(၂၆)၏သား
(၂၈)သူရိယစန္ဒမိတ္တ္ဋ(၂၃၆၁-၂၃၄၀)ထိ(၂၁)နှစ်(၂ရ)၏သား
(၂၉)အနန္ဒဘယ(၂၃၄၀-၂၃၁၀)ထိ(၃၀)နှစ်(၂၈)၏သား
(၃၀)လင်္ကျာစည်သူ(၂၃၀-၂၂၈၀)ထိ(၃၀)နှစ်(၂၉)၏သား
(၃၁)သီဟကုစ္ဆိ(၂၂၈၀-၂၂၃ရ)ထိ(၄၃)နှစ်(၃၀)၏သား
(၃၂)မင်းဘုန်းသန်(၂၂၃ရ-၂၂၀၆)ထိ(၃၁)နှစ်(၃၁)၏သား
(၃၃)သက္ကမွေး(၂၂၀၆-၂၁၅ရ)ထိ(၄၉)နှစ်(၃၂)၏သား
(၃၄)ဇေယျနန္ဒသူ(၂၁၅ရ-၂၁၀၅)ထိ(၅၂)နှစ်(၃၃)၏သား
(၃၅)တက္ကသူ(၂၁၀၅-၂၀၅၉)ထိ(၄၆)နှစ်(၃၄)၏သား
(၃၆)လက္ခဏ(၂၀၅၉-၂၀၂၂)ထိ(၃ရ)နှစ်(၃၅)၏သား
(၃ရ)ဂုဏရာဇ်(၂၀၂၂-၁၉၈၀)ထိ(၄၂)နှစ်(၃၆)၏သား
(၃၈)သီဝရာဇ်(၁၉၈၀-၁၉၃၉)ထိ(၄၁)နှစ်(၃ရ)၏သား
(၃၉)မင်းလှမွှေး(၁၉၃၉-၁၉၁၈)ထိ(၂၁)နှစ်(၃၈)၏သား
(၄၀)ပူရိန္ဒ(၁၉၁၈-၁၈၅၈)ထိ(၆၀)နှစ်(၃၉)၏သား
(၄၁)မင်းသိဒ္ဒက်(၁၈၅၈-၁၈၃၆)ထိ(၂၂)နှစ်(၄၀)၏သား
(၄၂)မင်းလှကြီး(၁၈၃၆-၁ရ၈၉)ထိ(၄ရ)နှစ်(၄၁)၏သား
(၄၃)ထွေးလုပ်ကြီး(၁ရ၈၉-၁ရ၆၅)ထိ(၂၄)နှစ်(၄၂)၏သား
(၄၄)စေရာဇ်(၁ရ၆၅-၁ရ၂ရ)ထိ(၃၈)နှစ်(၄၃)၏သား
(၄၅)ချက်နှာဝန်း(၁ရ၂ရ-၁ရ၀၃)ထိ(၂၄)နှစ်(၄၄)၏သား
(၄၆)လက်ရုံးကြီး(၁ရ၀၃-၁၆ရ၆)ထိ(၂ရ)နှစ်(၄၅)၏သား
(၄ရ)သီရိကမ္မ္မသုန္ဒုရ(၁၆ရ၆-၁၆၄၆)ထိ(၃၀)နှစ်(၄၆)၏သား
(၄၈)နန္ဒကောဘယ(၁၆၄၆-၁၆၁၉)ထိ(၂ရ)နှစ်(၄ရ)၏သား
(၄၉)မင်းနံဖြူ(၁၆၁၉-၁၅၉၉)ထိ(၂၀)နှစ်(၄၈)၏သား
(၅၀)မင်းနံလှ(၁၅၉၉-၁၅ရ၁)ထိ(၂၈)နှစ်(၄၉)၏သား
(၅၁)မင်းခေါင်ငယ်(၁၅ရ၁-၁၅၅၁)ထိ(၂၀)နှစ်(၅၀)၏သား
(၅၂)လောက်ခေါင်ရာဇာ(၁၅၅၁-၁၅၃၆)ထိ(၁၅)နှစ်(၅၁)၏သား
(၅၃)မင်းသီဟ(၁၅၃၆-၁၅၁၅)ထိ(၂၁)နှစ်(၅၂)၏သား
(၅၄)မင်းငယ်ပျော်လှစည်သူ(၁၅၁၅-၁၅၀၈)ထိ(ရ)နှစ်(၅၃)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၁၅၀၈-၁၅၀ရ)ထိ(၁)လတစ်ဦးစီလပိုင်းစံရသည်။

ဓည၀တီ"ဒုတိယ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)ကမ္မရာဇာ(ကံရာဇာကြီး)(၁၅၀ရ-၁၄ရ၀)ထိ(၃ရ)နှစ်။အချို့ကကံရာဇာကြီးဟုခေါ်သည်။
(၂)သီလရာဇာ(၁၄ရ၀-၁၄၂၉)ထိ(၄၁)နှစ်(၁)၏သား
(၃)၀ါသုရ(၁၄၂၉-၁၃၉၈)ထိ(၃၁)နှစ်(၂)၏သား
(၄)နန္ဒသူရိယ(၁၃၉၈-၁၃၅၈)ထိ(၄၀)နှစ်(၃)၏သား
(၅)သူရိယနန္ဒ(၁၃၅၈-၁၃၂၆)ထိ(၃၂)နှစ်(၄)၏သား
(၆)သူရနန္ဒ(၁၃၂၆-၁၃၁၃)ထိ(၂၃)နှစ်(၅)၏သား
(ရ)စန္ဒမာဂု(၁၃၁၃-၁၂ရ၁)ထိ(၃၂)နှစ်(၆)၏သား
(၈)သီရိစန္ဒာ(၁၂ရ၁-၁၂၃၁)ထိ(၄၀)နှစ်(ရ)၏သား
(၉)သီဟရာဇာ(၁၂၃၁-၁၁၈၅)ထိ(၄၆)နှစ်(၈)၏သား
(၁၀)သီဟယနု(၁၁၈၅-၁၁၆၅)ထိ(၂၀)နှစ်(၉)၏သား
(၁၁)ပယာက(၁၁၆၅-၁၁၃၄)ထိ(၃၁)နှစ်(၁၀)၏သား
(၁၂)နီလဂုဏ်(၁၁၃၄-၁၀၉၃)ထိ(၄၁)နှစ်(၁၁)၏သား
(၁၃)ရောဟဂုဏ်(၁၀၉၃-၁၀၆၃)ထိ(၃၀)နှစ်(၁၂)၏သား
(၁၄)သီရိဂုဏ်(၁၀၆၃-၁၀၉၃)ထိ(၂၄)နှစ်(၁၃)၏သား
(၁၅)သမံဇာ(၁၀၃၉-၁၀၀၄)ထိ(၃၅)နှစ်(၁၄)၏တူ
(၁၆)သုဝဏ္ဍကုမ္မာ(၁၀၀၄-၉၈၄)ထိ(၂၀)နှစ်(၁၅)၏သား
(၁ရ)သက်တင်ဖြူ(၉၈၄-၉၄၄)ထိ(၄၀)နှစ်(၁၆)၏သား
(၁၈)သက်တင်ဦး(၉၄၄-၉၀၂)ထိ(၄၂)နှစ်(၁ရ)၏သား
(၁၉)ဇေတ၀န်(၉၀၂-၈၆၆)ထိ(၃၆)နှစ်(၁၈)၏သား
(၂၀)မုဉ္စိယ(၈၆၆-၈၃၉)ထိ(၂ရ)နှစ်(၁၉)၏သား
(၂၁)ကုမ္မရာဝိသုက(၈၃၉-ရ၆၂)ထိ(ရရ)နှစ်(၂၀)၏သား
(၂၂)၀ါသုမဏ္ဍလ(ရ၆၂-ရ၂၈)ထိ(၃၄)နှစ်(၂၁)၏သား
(၂၃)ပုရိန္ဒ(ရ၂၈-၆၉ရ)ထိ(၃၁)နှစ်(၂၂)၏သား
(၂၄)ရာလာမာယု(၆၉ရ-၆ရ၅)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)နာလမာယု(၆ရ၅-၆၄၄)ထိ(၃၁)နှစ်(၂၄)၏သား
(၂၆)၀ရတကုနိ(၆၄၄-၆၂၂)ထိ(၂၂)နှစ်(၂၅)၏သား
(၂ရ)၀ိသုရာဇာ(၆၂၂-၆၁၀ထိ(၁၂)နှစ်(၂၆)၏သား
(၂၈)သီရိရာဇာ(၆၁၀-၅၈၀)ထိ(၃၀)နှစ်(၂ရ)၏သား

ဓည၀တီ"တတိယ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)စန္ဒသူရိယမင်း(၅၈၀-၅၂ရ)ထိ(၅၃)နှစ်။သီရိရာဇာ၏သား
(၂)သူရိယာဓိပတိ(၅၂ရ-၄၈၀)ထိ(၄ရ)နှစ်(၁)၏သား
(၃)သူရိယာပတိပါတ်(၄၈၀-၄၂၄)ထိ(၅၆)နှစ်(၂)၏သား
(၄)သူရိယရုပ(၄၂၄-၃ရ၉)ထိ(၄၅)နှစ်(၃)၏သား
(၅)သူရိယစန္ဒာလ(၃ရ၉-၃၁၅)ထိ(၆၄)နှစ်(၄)၏သား
(၆)သူရိယစက္က(၃၁၅-၂ရ၁)ထိ(၄၄)နှစ်(၅)၏သား
(ရ)သူရိယနထ(၂ရ၁-၂၉၉)ထိ(၄၂)နှစ်(၆)၏သား
(၈)သူရိယ၀ံသ(၂၉၉-၁၈၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သူရိယဗန္ဒ(၁၈၉-၁၆၃)ထိ(၂၆)နှစ်(၈)၏သား
(၁၀)သူရိယကလျာကာ(၁၆၃-၁၂၅)ထိ(၃၈)နှစ်(၉)၏သား
(၁၁)သူရိယမုခ(၁၂၆-၉၅)ထိ(၃၀)နှစ်(၁၀)၏သား
(၁၂)သူရိယတေဇ(၉၅-၄၅)ထိ(၅၀)နှစ်(၁၁)၏သား
(၁၃)သူရိယပုည(၄၅-၁၀)ထိ(၃၅)နှစ်(၁၂)၏သား
(၁၄)သူရိယကုလ(ဘီစီ၁၀မှအေဒီ၂၆)ထိ(၃၆)နှစ်(၁၃)၏သား(ခရစ်တော်ပေါ်ပြီးကာလ)
(၁၅)သူရိယပဘာ(၂၆-၈၀)ထိ(၅၄)နှစ်(၁၄)၏သား
(၁၆)သူရိယစိတ္တရ(၈၀-၁၁၆)ထိ(၃၆)နှစ်(၁၅)၏သား
(၁ရ)သူရိယဇေဌ(၁၁၆-၁၃၈)ထိ(၂၂)နှစ်(၁၆)၏သား
(၁၈)သူရိယ၀ိမလ(၁၃၈-၁၅၆)ထိ(၁၈)နှစ်(၁ရ)၏သား
(၁၉)သူရိယယေနု(၁၅၆-၁ရ၈)ထိ(၂၂)နှစ်(၁၈)၏သား
(၂၀)သူရိယကံသ(၁ရ၈-၁၉၄)ထိ(၁၆)နှစ်(၁၉)၏သား
(၂၁)သူရိယသကျ(၁၉၄-၂၀၂)ထိ(၈)နှစ်(၂၀)၏ဘထွီး
(၂၂)သူရိယသီရိ(၂၀၂-၂၂၂)ထိ(၂၀)နှစ်(၂၁)၏သား
(၂၃)သူရိယကေသီ(၂၂၂-၂၄၁)ထိ(၂၁)နှစ်(၂၂)၏သား
(၂၄)သူရိယကုမ္မာ(၂၄၁-၂ရ၃)ထိ(၃၂)နှစ်(၂၃)၏သား
(၂၅)သူရိယကေတု(၂ရ၁-၃၂ရ)ထိ(၅၆)နှစ်(၂၄)၏သား

ဝေသာလီ"ကျောက်လှေကား'ခေတ်နှင့်စမ္မ၀က်ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မဟာစန္ဒြ္ဒ္ဒ္ဒ္ဒ္ဒား(၃၂ရ-၃၈၄)ထိ(၅ရ)နှစ်။သူရိယကေတု၏သား
(၂)သူရိယစန္ဒြား(၃၈၄-၄၃၃)ထိ(၄၉)နှစ်(၁)၏သား
(၃)မောလစန္ဒြား(၄၃၃-၄၈၁)ထိ(၄၈)နှစ်(၂)၏သား
(၄)ပေါလစန္ဒြား(၄၈၁-၅၂ရ)ထိ(၄၆)နှစ်(၃)၏သား
(၅)ကာလစန္ဒြား(၅၂ရ-၅ရ၆)ထိ(၄၉)နှစ်(၄)၏သား
(၆)ထူလစန္ဒြား(၅ရ၆-၅၉၅)ထိ(၁၉)နှစ်(၅)၏သား
(ရ)သီရိစန္ဒြား(၅၉၅-၆၆ရ)ထိ(ရ၂)နှစ်(၆)၏သား
(၈)သင်္ဂစန္ဒြား(၆၆ရ-ရ၃၃)ထိ(၆၆)နှစ်(ရ)၏သား
(၉)စူဠစန္ဒြား(ရ၃၃-ရ၆၉)ထိ(၃၆)နှစ်(၈)၏သား
(၁)အမြတူ(မြို)(ရ၆၉-ရရ၆)ထိ(ရ)နှစ်(မျိုးခြားမင်း)
(၂)ပဲဖြူ(ရရ၆-ရ၉၃)ထိ(၁ရ)နှစ်(အမြတူ၏ညီသား)
-မင်းမဲ့ကာလ(ရ၉၃-၇၉၄)ထိ(၁)နှစ်(မင်းမရှိသောကာလ)
(၁၀)ငတုံမင်း(ရ၉၄-၈၁၈)ထိ(၂၄)နှစ်(စူဠစန္ဒြား၏သား)

ပဉ္စာခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ခေတ္တသင်(၈၁၈-၈၂၈အေဒီ)ထိ(၁၀)နှစ်(စူဠစန္ဒြရားတူစန္ဒကူး၏သား)
(၂)စန္ဒသင်(၈၂၈-၈၄၃)ထိ(၁၅)နှစ်(ခေတ္တသင်၏ညီ)
(၃)မင်းသင်ဖြူ(၈၄၃-၈ရ၃)ထိ(၃၀)နှစ်(၁)၏သား
(၄)နာဂသူရိယ(၈ရ၃-၉၀၄)ထိ(၃၂)နှစ်(၂)၏သား
(၅)ပုဏ္ဍက(၉၃၆-၉၆၉)ထိ(၃၃)နှစ်(၄)၏သား
(၆)မင်းကြီးဖြူ(၉၆၉-၉၈၄)ထိ(၁၅)နှစ်(၅)၏သား
(၁)စည်သဘင်(၉၈၄-၉၈၆)ထိ(၂)မျိုးခြားမင်း
(ရ)မင်းနု(၉၈၆-၁၀၁၄)ထိ(၂၈)နှစ်(မင်းကြီးဖြူ၏သား)
(၈)မင်းလာတော်(၁၀၁၄-၁၀၃၄)ထိ(၂၀)နှစ်(ရ)၏သား
(၉)မင်းကုလား(၁၀၃၄-၁၀၆၂)ထိ(၂၈)နှစ်(၈)၏သား
(၁၀)မင်းဘီလူး(၁၀၆၂-၁၀၆၈)ထိ(၆)နှစ်(၉)၏သား
(၁)၀ရောင်းငှက်အသင်္ခယာ(၁၀၆၈-၁၀ရ၆)ထိ(၈)နှစ်(ကြားမင်း)
(၂)မင်းဘုန်းသန်(၁၀ရ၆-၁၀၉၀)ထိ(၁၄)နှစ်(အသင်္ခယာ၏သား)
(၃)မင်းမတ်(၁၀၉၀-၁၁၀၃)ထိ(၁၃)နှစ်(မင်းဘုန်းသန်၏သား)

ပရိန်"ပဋ္ဌမ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လင်္ကျာမင်းနန်(၁၁၀၃-၁၁၀၉)ထိ(၆)နှစ်(မင်းဘီလူး၏မြီး)
(၂)မင်းသီဟ(၁၁၀၉-၁၁၁၀)ထိ(၁)နှစ်(၁)၏သား
(၃)ရာဇာကြီး(၁၁၁၀-၁၁၁၃)ထိ(၃)နှစ်(၂)၏သား
(၄)သကျဝင်ကြီး(၁၁၁၃-၁၁၁၅)ထိ(၂)နှစ်(၃)၏သား
(၅)သကျဝင်ငယ်(၁၁၁၅-၁၁၁၈)ထိ(၃)နှစ်(၄)၏သား
(၆)ကောလိယ(၁၁၁၈-၁၁၂၃)ထိ(၅)နှစ်(၅)၏သား

ပရိန်"ဒုတိယ"ခေတ်မင်းဆက်များ
့ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ဒဿရာဇာ(၁၁၂၃-၁၁၃၉)ထိ(၁၆)နှစ်(ကောလိယ၏သား)
(၂)အနန္ဒသီရိ(၁၁၃၉-၁၁၄၂)ထိ(၃)နှစ်(၁)၏သား
(၃)မင်းဖုန်းစား(၁၁၄၂-၁၁၄၉)ထိ(ရ)နှစ်(အနန္ဒသီရိ၏ညီ)
(၄)ပဉ္စဏလ၀တ်(၁၁၄၉-၁၁၅၁)ထိ(၂)နှစ်(၃)၏သား
(၅)ဓနရူပေါ(၁၁၅၁-၁၁၆၀)(၉)နှစ်(၄)၏သား
(၆)စလင်ကာဗိုလ်အမတ်(၁၁၆၀-၁၁၆၁)ထိ(၁)နှစ်(၅)၏သား
(ရ)မဉ္စူသင်(၁၁၆၁-၁၁၆၁)ထိ(၅)နှစ်(ဓနရူပေါ၏သား)
(၈)ငရံမံ(၁၁၆၆-၁၁၆၈)ထိ(၂)နှစ်(ရ)၏သား
(၉)မင်းပုဂံ(၁၁၆၈-၁၁ရ၀)ထိ(၂)နှစ်(၈)၏သား
(၁၀)ငရက္ခိုင်(၁၁ရ၀-၁၁ရ၃)ထိ(၃)နှစ်(၉)၏သား
(၁၁)မင်းကြုံ(၁၁ရ၃-၁၁၈၅)ထိ(၁၂)နှစ်(၁၀)၏သား
(၁၂)မင်းဆူ(၁၁၈၅-၁၁၉၀)ထိ(၅)နှစ်(၁၁)၏သား
(၁၃)ရွှေသင်(၁၁၉၀-၁၁၉၃)ထိ(၃)နှစ်(၁၂)၏သား
(၁၄)မင်းခေါင်ကြီး(၁၁၉၃-၁၂၀၄)ထိ(၆)နှစ်(၁၃)၏သား
(၁၅)မင်းခေါင်ငယ်(၁၁၉၉-၁၂၀၄)ထိ(၅)နှစ်(၁၄)၏သား
(၁၆)ကမ္ဘာလောင်ကြီး(၁၂၀၄-၁၂၁၀)ထိ(၆)နှစ်(၁၅)၏သား
(၁ရ)ကမ္ဘာလောင်ငယ်(၁၂၁၀-၁၂၂၀)ထိ(၁၀)နှစ်(၁၆)၏သား
(၁၈)သကျဝင်ကြီး(၁၁၂၀-၁၂၂၂)ထိ(၂)(၁ရ)၏သား
(၁၉)သကျဝင်ငယ်(၁၂၂၂-၁၂၃၂)ထိ(၁၀)နှစ်(၁၈)၏သား
(၂၀)သနပင်ဖြူ(၁၂၃၂-၁၂၃၅)ထိ(၃)နှစ်(၁၉)၏သား
(၂၁)နယ်သိမ်း(၁၂၃၅-၁၂၄၆)ထိ(၁၁)နှစ်(၂၀)၏သား
(၂၂)ငနလုံး(၁၂၄၆-၁၂၅၀)ထိ(၄)နှစ်(၂၁)၏သား

လောင်းကြက်ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လောမာဖြူ(၁၂၅၀-၁၂၅၆)ထိ(၆)နှစ်(ငနလုံး၏သား)
(၂)ရာဇာသူကြီး(၁၂၅၆-၁၂၅၈)ထိ(၂)နှစ်(၁)၏သား
(၃)စောလူး(၁၂၅၈-၁၂၆၁)(၃)နှစ်(၂)၏သား
(၄)ဥစ္စနာကြီး(၁၂၆၁-၁၂၆၉)ထိ(၈)နှစ်(၃)၏သား
(၅)စောမွန်ကြီး(၁၂၆၉-၁၂ရ၃)ထိ(၄)နှစ်(၄)၏သား
(၆)နန်းကျကြီး(၁၂ရ၃-၁၂ရရ)ထိ(၄)နှစ်(၅)၏သား
(ရ)မင်းဘီလူး(၁၂ရရ-၁၂၈၁)ထိ(၄)နှစ်(၆)၏သား
(၈)စည်သဘင်အမတ်ကြီး(၁၂၈၁-၁၂၈၃)ထိ(၂)နှစ်
(၉)မင်းထီး(၁၂၈၃-၁၃၈၉)ထိ(၁၀၆)နှစ်(မင်းဘီလူး၏သား)
(၁၀)ဥစ္စနာငယ်(၁၃၈၉-၁၃၉၁)ထိ(၂)နှစ်(၉)၏သား
(၁၁)သီဝရာဇ်(၁၃၉၁-၁၃၉၂)ထိ(၁)နှစ်(၁၀)၏ညီ
(၁၂)နန်းကျငယ်(၁၃၉၂-၁၃၉၄)ထိ(၂)နှစ်(၁၁)၏ညီ
(၁၃)ရာဇသူ(၁၃၉၄-၁၃၉၆)ထိ(၂)နှစ်(၁၂)၏သား
(၁၄)စည်သဘင်အမတ်(၁၃၉၆-၁၃၉ရ)ထိ(၁)နှစ်
(၁၅)မြင်စည်စားအမတ်(၁၃၉ရ-၁၃၉ရ)ထိ(၅)လ
(၁၆)ရာဇသူမင်း(၁၃၉ရ-၁၄၀၁)ထိ(၄)နှစ်
(၁ရ)သိင်္ဂသူ(၁၄၀၁-၁၄၀၄)ထိ(၃)နှစ်(၁၆)၏ညီ

မြောက်ဥ"ပဋ္ဌမ"ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မင်းစောမွန်(၁၄၀၄-၁၄၃၃)ထိ(၂၉)နှစ်(ရာဇသူ၏သား)
(၂)အလီခင်(၁၄၃၃-၁၄၅၈)ထိ(၂၅)နှစ်(၁)၏ညီ
(၃)ဘစောဖြူ(ကုလမသျှာ)(၁၄၅၈-၁၄၈၁)ထိ(၂၃)နှစ်(၂)၏သား
(၄)မင်းဒေါ်လျာ(ဆင်ဖြူရှင်)(၁၄၈၁-၁၄၉၁)ထိ(၁၀)နှစ်(၃)၏သား
(၅)မင်းညို(၁၄၉၁-၁၄၉၃)ထိ(၂)နှစ်(၄)၏ပထွီး
(၆)ရန်အောင်(၁၄၉၃-၁၄၉၄)ထိ(၆)လ(၄)၏သား
(ရ)စလင်္ကာသူ(၁၄၉၄-၁၅၀၁)ထိ(ရ)နှစ်(၆)၏ဦးကြီး
(၈)မင်းရာဇာ(၁၅၀၁-၁၅၁၃)ထိ(၁၂)နှစ်(ရ)၏သား
(၉)ကဇာပတိ(၁၅၁၃-၁၅၁၅)ထိ(၂)နှစ်(၈)၏သား
(၁၀)မင်းစောအို(၁၅၁၅-၁၅၁၅)ထိ(၆)လ(မင်းရာဇာ၏ပထွီး)
(၁၁)သဇာတာ(၁၅၁၅-၁၅၂၁)ထိ(၆)နှစ်(၄)၏သား
(၁၂)မင်းခေါင်ရာဇာ(၁၅၂၁-၁၅၃၁)ထိ(၁၀)နှစ်(၁၁)၏ညီ

မြောက်ဥ"ဒုတိယ"ခေတ်မင်းဆက်များ
(၁)မင်းဗာကြီး(၁၅၃၁-၁၅၅၃)ထိ(၂၂)နှစ်(မင်းရာဇာ၏သား)
(၂)မင်းတိက္ခာ(၁၅၅၃-၁၅၅၆)ထိ(၃)နှစ်(၁)၏သား
(၃)မင်းစောလှ(၁၅၅၆-၁၅၆၄)ထိ(၈)နှစ်ကျော်(၂)၏သား
(၄)စကြ၀ဒေး(၁၅၆၄-၁၅ရ၁)ထိ(ရ)နှစ်(၃)၏ညီ
(၅)မင်းဖလောင်း(၁၅ရ၁-၁၅၉၃)ထိ(၂၂)နှစ်(မင်းဗာကြီး၏သား)
(၆)မင်းရာဇာ(၁၅၉၃-၁၆၁၂)ထိ(၁၉)နှစ်(၅)၏သား
(ရ)မင်းခမောင်း(၁၆၁၂-၁၆၂၂)ထိ(၁၀)နှစ်(၆)၏သား
(၈)သီရိသုဓမ္မရာဇာ(၁၆၂၂-၁၆၃၈)ထိ(၁၆)နှစ်(ရ)၏သား
(၉)မင်းစနေ(၁၆၃၈-၁၆၃၈)ထိ(၂၀)ရက်(၈)၏သား

မြောက်ဦး"တတိယ"ခေတ်နောက်ဆုံးမင်းဆက်များ
(၁)နရပတိမင်း(ကုသလ)(၁၆၃၈-၁၆၄၅)ထိ(ရ)နှစ်
(၂)သတိုးဓမ္မရာဇာ(၁၆၄၅-၁၆၅၂)ထိ(ရ)နှစ်(၁)၏သား
(၃)စန္ဒသုဓမ္မရာဇာ(၁၆၅၂-၁၆ရ၄)ထိ(၂၂)နှစ်(၂)၏သား
(၄)ဥက္ကာဗလ(၁၆ရ၄-၁၆၈၅)ထိ(၁၁)နှစ်(၃)၏သား
(၅)၀ရဓမ္မရာဇာ(၁၆၈၅-၁၆၉၂)ထိ(ရ)နှစ်(၄)၏ညီ
(၆)မဏိသုဓမ္မရာဇာ(၁၆၉၂-၁၆၉၄)ထိ(၂)နှစ်(၅)၏နောင်တော်
(ရ)စန္ဒသူရိယဓမ္မရာဇာ(၁၆၉၄-၁၆၉၆)ထိ(၂)နှစ်(၆)၏ညီ
(၈)ငတုံနော်ရထာ(၁၆၉၆-၁၆၉၆)ထိ(၃ရ)ရက်(ရ)၏သား
(၉)မာရုပိယ(၁၉၆၉-၁၉၆ရ)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၀)လာလကန္တတ်(၁၉၆ရ-၁၉၆၈)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၁)ရွှေဝါနရာဓိပတိ(၁၆၉၈-၁ရ၀၀)ထိ(၂)နှစ်(မင်းသား)
(၁၂)စန္ဒ၀ိမလဓမ္မရာဇာကျော်သိင်္ဂ(၁ရ၀၀-၁ရ၀၆)ထိ(၆)နှစ်
(၁၃)သူရိယရာဇာသတိုးလှ(၁ရ၀၆-၁ရ၁၀)ထိ(၄)နှစ်
(၁၄)စန္ဒ၀ိဇာရာဇာတန္တဗိုလ်(၁ရ၁၀-၁ရ၃၁)ထိ(၂၁)နှစ်
(၁၅)သာမစန္ဒသူရိယရာဇာ(၁ရ၃၁-၁ရ၃၄)ထိ(၃)နှစ်(၁၄)၏သမက်
(၁၆)နရာအဓိပတိ(၁ရ၃၄-၁ရ၃၅)ခု(၁)နှစ်(၁၅)၏သား
(၁ရ)န၀မရရာဇာ(၁ရ၃၅-၁ရ၃ရ)ထိ(၂)နှစ်(၁၆)၏ညီ
(၁၈)စန္ဒ၀ိဇယ(၁ရ၃ရ-၁ရ၃ရ)ထိ(၈)လ(၁ရ)၏ဘကြီးသားညီ
(၁၉)သူရတန်ရာဇာ(၁ရ၃ရ-၁ရ၃ရ)ထိ(၃-ရက်)မျိုးခြား
(၂၀)မေတ္တရာဇ်(၁ရ၃ရ-၁ရ၄၂)ထိ(၅)နှစ်(စန္ဒ၀ိဇယ၏ညီ)
(၂၁)နရအဘယရာဇာ(၁ရ၄၂-၁ရ၆၁)ထိ(၁၉)နှစ်(၂၀)၏ပထွီး
(၂၂)သီရိသုရာဇာ(၁ရ၆၁-၁ရ၆၁)ထိ(၃)လ(၂၁)၏သား
(၂၃)စန္ဒပရမရာဇာ(၁ရ၆၁-၁ရ၆၄)ထိ(၃)နှစ်(၂၂)၏ညီ
(၂၄)အဘယမဟာရာဇာ(၁ရ၆၄-၁ရရ၃)ထိ(၉)နှစ်(၂၃)၏ယောက်ဖ
(၂၅)ဒါးပိုင်သောကြာ(စန္ဒသုမန)(၁ရရ၃-၁ရ၃ရ)ထိ(၄)နှစ်
(၂၆)စန္ဒ၀ိမလ(အမတ်ပိုးရွှေ)(၁ရရရ-၁ရရရ)ထိ(၄၀-ရက်)
(၂ရ)စန္ဒသတိဿရာဇာ(အောင်စုန်)(၁ရရရ-၁ရ၈၂)ထိ(၅)နှစ်
(၂၈)မဟာသမ္မတရာဇာ(သတိုးအောင်)(၁ရ၈၂-၁ရ၈၄)(၂)နှစ်(၂ရ)၏တူမလင်

••••••••••••••••••••••••••••••••••••••••••
ရခိုင်အလံ အဓိပ္ပါယ်ဖွင့်ဆိုချက်
••••••••••••••••••••••••••••••••
အရောင်
•••••••••••
အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှင့် ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့် ဖြူစင်တည်ကြည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကိုဖော်ဆောင်သည်။ အနီရောင်၏သဘောမှာ ရဲရင့်တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သောဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်ရှိခြင်းတို့ကို အဓိပ္ပါယ်ဆောင်သည်။

သီရိ၀စ ၦ
••••••••
သီရိ၀စ ၦမွာ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ်တံကဲများ၊ တံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင်သင်္ကေတများစွာပါရှိသည်။

နေနှင့်လ
•••••••••
နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသောအမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလအမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့် အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသောအကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားလက္ခဏာများကိုဖော်ညွှန်းထားပါသည်။ နေသည် ကမ္ဘာ မြေပြင်ပေါ်ရှိလူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည်အေးမြကြည်လင်သောသာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသောအရောင်ကိုပေးတတ်သည်။ လူသားသတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။

လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း
•••••••••••••••••••••••••••••••••••••••••••••••
တိုင်းပြည်ကိုအုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်ကျာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သားတို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကို ဖော်ဆောင်ပါသည်။

စိန်တောင်
••••••••••••
စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဏိုင်မားမားမတ်မတ်ဖြောင့်တန်းစွာရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည်မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားသည်။

စိန်တောင်အောက်ခံ
•••••••••••••••••••••
စိန်တောင်အောက်ခံမှာလခြမ်းသဒဏ္ဍာန်ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့် မတ်တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်းသဘောကို သရုပ်ဆောင်သည်။

ရွေးလုံး(ရ)လုံး (ဗိန္ဒု)
•••••••••••••••••••••
ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့်ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ်သည် စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ်ခုနစ်ကောင်ဟုဆိုသည်) ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။ ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့်လျှော်ညီစွာ စိုက်ပျိုးရေးကိုအဓိကပြု၍ အသက်မွေးဝမ်းကြောင်း ဆောင်ရွက်ရသော တိုင်းပြည်ဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်သည်။

ခြူးပန်း
••••••••••
ခြူးပန်းသည် အမြင့်မြတ်ဆုံးသောပန်းတစ်မျိုးတွင် ပါဝင်သည်။ခြူးပန်းမှာ အပင်မှပွင့်သောပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက်မှ ပေါက်ရောက်နေသောအမွှေးအမျှင်တို့၏ ပုံသဒဏ်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ပန်းနွယ်များထုလုပ်ရာတွင်သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏အလယ်တွင်ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။ မင်္ဂလာရှိသော၊ တေးသံသာသောအသံကို သရုပ်ဖော်ထားသည်။ ၎င်းတို့သည်ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားသည်။

ဤသီရိဝိစ္ဆ
တစ်ခုလုံး၏သဘောတရားမှာသစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကိုဆင်ခြင်စေနိုင်ခြင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများတိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်ဆောင်ထားပါသည်။

န၀ရူပ ဗျာလ ပေါ်ပေါက်လာပုံ
•••••••••••••••••••••••••••••••
ကမ္ဘာဦးကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၄င်းတို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများ ရှိခဲ့ကြသည်။ အလားတူပင် ရခိုင် လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထု တစ်ခုရှိသည်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူအများစုက မသိကြရှိပါ။ ၄င်းရို့ကို ရှေ့ဟောင်း စေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှေ့ဟောင်းလက်ရာ အမွေအနှစ်အဖြစ် တွေ့နိုင်ပါသည်။ ယင်း သတ္တ၀ါကို ရခိုင် လူမျိုးတို့က "ဗျာလ" ဟုခေါ်ဆိုကြသည်။ အဆိုပါ သတ္တ၀ါ မှာရခိုင် လူမျိုးတျု့၏၏ရှေ့ရိုးစဉ်ဆက် တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တ၀ါဖြစ်သည်။

ယင်း "ဗျာလ"ကို သတ္တ၀ါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင်ရှိသော သတ္တ၀ါတို့၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားသည်။ယင်းသို့ သတ္တ၀ါ ကိုးမျိုး၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် "န၀ ရူပ ဗျာလ"ဟုလည်းခေါ်သည်။ အဆိုပါ "န၀ ရူပ ဗျာလ"ရုပ်တွင် ပါရေသတ္တ၀ါ ကိုးမျိုး၏ အစိတ်အပိုင်း များမှာ --
၁. ဆင်နှာမောင်း
၂. သမင်မျက်လုံး
၃. ကြံ့ဂြို
၎. ကြက်တူရွေး(ကျီး)လျှာ
၅. ခြူး (ငါးကြင်းကွက်)
၆. ဒေါင်းအမြီး
၇. မြင်းနားရွက်
၈. ကျားအစွယ်
၉. ခြင်္သေ့လက်ဝါး တို့ဖြစ်သည်။

ထိုကဲ့သို့ ထူးခြားသော စွမ်းအင်ရှိသော အစိတ်အပိုင်းများကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ် ထားခြင်းမှာလည်း ဗျာလ သတ္တ၀ါ ၏ ထူးခြားမှုကို ရည်ညွှန်းထားသော အဓိပ္ပါယ် ဖြစ်သည်။
ဗျာလတွင် ပါသောအစိတ်အပိုင်းများ အနက် ကြက်တူရွေး (ကျီး) လျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်းကောင်း ၊ ဒေါင်းအမြီးသည် လှပ တင့်တယ် ခြင်းကို လည်းကောင်း ၊ မြင်း နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်း ကိုလည်းကောင်း ၊ သမင်မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း ၊ငါး(ခြူး) ၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို လည်းကောင်း ၊ ကြံ့ဂြို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း သည် စွမ်းအင် ကြီးမားခြင်းတို့ကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါသည်။
အဆိုပါ သတ္တ၀ါ ကိုးမျိုးရို့၏ အစိတ်အပိုင်းဖြင့် တန်ဆာ ဆင်အပ်သော သတ္တ၀ါအား ထားခြင်းဖြင့် "အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စီတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုသာ ဖြစ်စီတတ်၏" ဟု ရခိုင်လူမျိုးတို့ ယုံကြည်ထားကြသည်။
ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက အဆောက်အအုံ များတွင် စတင်တွေ့ရသည်။ ယင်းထက် ရှေးကျသော ရုပ်ထုများလည်း ရှိကောင်း ရှိနိုင်ပါသေးသည်။ မင်္ဂလာ အခမ်းအနားများ၌ သုံးစွဲသော အသုံးအဆောင် ပစ္စည်းများတွင် အနည်းငယ် တွေ့ရပါသည်။ ရခိုင်လူမျိုးတို့၏ ရှေးဟောင်း အထိမ်းအမှတ် တခုဖြစ်သော "န၀ ရူပ ဗျာလ"ကို ကျောင်းကန်၊ စေတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော အဆောက် အဦး များတွင် လည်ကောင်း၊ စွမ်းအင် ကိုးမျိုး ပေါင်းစု ထားသောအစောင့် အရှောက် သတ္တ၀ါ အဖြစ် ထားလေ့ရှိပါသည်။
ရခိုင်ရိုးရာ"ကျင်"သမိုင်း
••••••••••••••••••••••••••
ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ရှိကြောင်း ဖော်ပြထားသည်။

ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်တို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရေးဖွဲ့ထားသည်။
ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ၌ဤသို့ရးစပ်
ထားလေသည်။

"ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်" ဟူ၍ရေးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။
ပါမောက္ခချုပ်ဦးကျော်ရင်၏ "ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ" (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -
"ရှေ့ရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသေသတ်ခဲ့သော ကျင်သမားဟုရှိသည်။

ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခဲ့သည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရရှိခဲ့သည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ရှိလေရာ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်ခဲ့လေပြီ။
ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။ဟူ၍ သုံးသပ်ပြထားသည်။
ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် "ဗျည်း-၃၃ လုံးလှေလှော်သံ" ကိုစပ်ဆိုခဲ့သည်။ ယင်းလှေလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရေတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။
ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -
"ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။"ဟူ၍ ရေးထားသည်။ ၄င်းလှေလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခဲ့သည်။
"ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ" (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃)
"ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး" စသည်ဖြင့်ဖြစ်သည်။

မြောက်ဦးခေတ် "ထမရာဖွဲ့" ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားရှိပြီးဖြစ်သည်။
အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း "မဇ္ဈိမဒေသအရေးတော်ပုံကျမ်း”"၌ တွေ့ရသည်။ ရုပ်ဝတ္ထုသက်သေအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ဒီကနေ့ထိ တွေ့မြင်နိုင်သည်။
ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှေးခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှေးရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။
တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်တို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။

ရခိုင်ရိုးရာအက "ကျင်ယိမ်း"၌ -
ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်"ဟူ၍ စပ်ဆိုထားသည်။
ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် "ပန်းစည်းဆု" ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ "လောရယ် (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရေးသားထားသည်။ ယခုထိကျင်သန်များအား "ပန်းဆု"ဟူ၍ူ ချီးမြှင့်သည်ကို တချို့နေရာများ၌ တွေ့ရသေးပေသည်။
ရှေးက ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။

အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် မယ်လ်ဒေးလ်" တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလေသည်။
ရခိုင်တော်ဝင်ဂန္ဓဝင်မြောက် ရခိုင့်ကျင်ကို မပျောက်မပျက်၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန်မှာ မျက်မှောက်ခေတ် ရခိုင်သားတိုင်း၏တာဝန်ဖြစ်သည်။ ။

THE END
နှင်းနှင်းနွယ်(ရခိုင်သူ)

နောက်တင်ပြစရာများစွာရှိပါသည်။
သို့သော် Postကိုငဲ့ကွက်သောအားဖြင့် ဒီနေရာမှအဆုံးသတ်လိုက်ပါသည်။
•••••••••••••••••••••••••••••••••••••••••••••••••••••
စာကိုးကျမ်း
1.Maternal Morbidity and Mortality
among Indigenous People in
Bangladesh:A Study of the Mru
Community.
2.ဓညဝတီရာဇဝင်သစ် (မင်းကျောင်းဆရာတော် ဦးပဏ္ဌိ
3.နတ်သမီးသိုက်ရခိုင်ရာဇဝင်
4.ပီပြင်သောရခိုင်ဘုရင်ရာဇဝင်
5.ရခိုင်နီးဒါန်း (မောင်ပြူး-သံတွဲ)
6.ရခိုင်ပုံတည်ဝတ္ထုများ(အရှင်စကိန္န)
7.ရခိုင်မင်းသမီးဧချင်း-အဒူမင်းညို
8.ရခိုင်ရာဇဝင်သစ်ကျမ်း (ပ,ဒု တောင်ကျောင်းဆရာတော် စန္နမာလာ လင်္ကာရ)
9.ရခိုင်ယဉ်ကျေးမူများ( ၈,၉)
10.The Ministry of Chittagong Hill
Tracts Affairs of Bangladesh:
An agency for discrimination against indigenous jumma peoples
11.Original Article
Ethnographic information and medical formulations of a Mro community of Gazalia Union in the
Bandarbans district of Bangladesh
နှင့်pageပေါင်းများစွာ
ရခိုင်သမိုင်းသုတေသီဆောင်းပါးများ
ဆောင်းပါးပေါင်းများစွာတို့ဖြစ်ကြပါသည်။

•••••••••••••••••••••••••••••••••••••••••••••••••••••

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။