ဆေးလိပ် စနစ်တကျဖြတ်ခြင်း
===============
ဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သက်လို့ မြန်မာလို ဆောင်းပါးတွေ အတော်နည်းပါသည်။ ဖြတ်လိုသူ၊ သင့်ချစ်သူ မိတ်ဆွေများအား ဖြတ်စေလိုသူများ အကျိုးအတွက် ရေးလိုက်ရပါကြောင်း။
(ဆေးလိပ်နွံမှ ဘယ်သို့ရုန်းရမည်)
"မေ့ကို ချစ်ရင် ဆေးလိပ်ဖြတ်ပါမောင်"
အဲလိုပြောလိုက်တိုင်း ပြတ်သွားတဲ့ အမျိုးမဟုတ်ဘူးဆိုတာ သောက်နေကြလူတိုင်းသိသလို၊ နောက်ကတွန်းနေကြ ပျိုမေတိုင်းလဲ ကိုကိုတွေ ခိုးသောက်တာမိလို့ အသိ။
အိပ်ကပ်ထဲ ထမင်းစားစရာ ပိုက်ဆံပဲ ရှိရင်တောင် ထမင်းမစားပဲ ဆေးလိပ်ပဲ ၀ယ်ကစ်တတ်တာလဲ သောက်ဖူးသူတိုင်းလိုလို။ အချိန်မတော် သောက်စရာကုန်သွားရင် ပြာခွက်ထဲက ဖင်တိုလေး ပြန်ပြန်သောက်တတ်တာလဲ ဆေးလိပ်သမားတွေအတွက်မထူးဆန်းပါဘူး။
ဒီလိုဖြစ်ကြတဲ့ လူတွေကြားထဲကပဲ သောက်နေရင်း တ၀က်မှာတင် ငါသာ မသောက်တော့ရင် ကောင်းမှာပဲ လို့ တွေးနေကြသူတွေက ဒုနဲ့ဒေးပါပဲ။ ဒီလိုကြိုက်ရဲ့နဲ့ ဒီလိုဘာလို့မုန်းပြန်တာလဲဆိုတော့ ဆေးလိပ်မကောင်းတာ သိလို့ပါ။
ဘာရောဂါမှ မဖြစ်သေးဘူး ဆိုပေမယ့် သိသိသာသာ ရင်ဆို့လာတာ၊ သွားတွေ သွားဖုံးတွေ၊ လည်ချောင်းတွေ ပူတာ နာတာ၊ မောလွယ်ပြီး မလုပ်ချင်မကိုင်ချင်ဖြစ်လာတာ၊ ခံတွင်းပျက်လာတာ ... စသည် စသည်နဲ့ ရေးလို့မကုန်အောင် မကောင်းတဲ့ ရလဒ်တွေ ဖြစ်လာတာ သောက်တာနဲနဲ ကြာသူတိုင်း ငြင်းလို့ မရပါဘူး။
ဒါဆိုလဲ ဖြတ်ပေါ့ဗျာ လို့ မသောက်တတ်တဲ့လူက ဆိုချင်ဆိုပါမယ်။ အဲလောက် မလွယ်လို့ အဲလိုဖြစ်နေတာပေါ့ လို့ဖြေရမှာပါ။ ဆေးလိပ်ဖြတ်တာ မလွယ်ဘူးဆိုတာတော့ လူတွေသိကြပြီး ဘာလို့ မလွယ်တာလဲဆိုတာတော့ တော်တော်များများ မသိကြပါဘူး။
(ဆေးလိပ်ထဲက Nicotine)
Nicotine က ဦးနှောက်ထဲက ဓာတုဓာတ်ပြုတာတွေကို ပြောင်းလဲစေပါတယ်။ ဆေးလိပ်စဖွာလိုက်တာနဲ့ပဲ Nicotine ကြောင့် dopamine နဲ့ noradrenaline ဆိုတဲ့ ဓာတ်တွေကို ပြောင်းလဲစေပါတယ်။
လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် ဆေးလိပ်သောက်တဲ့လူတွေ အရသာတွေ့တာ ဒီလိုဦးနှောက်ထဲက ပြောင်းလဲမှုပါ။ သင်တစ်ချက်စဖွာလိုက်တာနဲ့ ဒီခံစားမှုက အလျင်အမြန်ဖြစ်ပွားပြီး စိတ်ညိမ်သွားသလို၊ စိတ်ဖိစီးမှုလျော့သွားသလို ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဆေးလိပ်သမားတွေ သိပ်ကြိုက်ကြတာမဟုတ်လား။
ဒါပေမယ့် ပြသနာက သင်ဆေးလိပ်သောက်တာများလေ သင့်ဦးနှောက်က Nicotine မတိုးတော့လေ ဖြစ်တာပါပဲ။ တစ်လိပ်နဲ့ ပြီးတဲ့လူက ကြာလာရင် ၃လိပ်၊ ဒီလိုနဲ့ တစ်နေ့ ၂ဘူး ထိသောက်ရတာတွေ ဖြစ်လာပါတော့တယ်။
ဆေးလိပ်မသောက်ရတာ ၂နာရီ လောက်ကြာသွားရင် ခုနက ပြောတဲ့ dopamine နဲ့ noradrenaline ဆိုတဲ့ ဓာတ်တွေ ကျဆင်းသွားပါတယ်။ အဲလိုကျဆင်းခြင်းကြောင့် ဦးနောက်က စိတ်မညိမ်ခြင်း၊ အလိုမကျခြင်း၊ စိတ်မရှည်ခြင်း စတာတွေ ခံစားလာရပါတယ်။ အဲလို အချိန်မှာ လိုအပ်တဲ့ Nicotine ကို ဆေးလိပ်သောက်ပြီး ပြန်ဖြည့်မှ နေသာထိုင်သာရှိတာမလား။
(ဘယ်လိုဆေးလိပ်ဖျက်ရမယ်)
တကယ်တော့ Nicotine ကြော့င်ပါ။ အခုပြောမယ့် အဆိုကို သင်ဖတ်ပြီး သေချာစဉ်းစားပါ။
"သင်က ဆေးလိပ်သောက်တာကို ကြိုက်တာမဟုတ်ဘူး။ ဆေးလိပ်မသောက်ရတာကို မကြိုက်တာ"
ဒီအဓိပ္ပါယ်ကို နားလည်ရင် သင်ဘာလို့ဆေးလိပ်စွဲနေရလဲ ဆိုတာကို ရိပ်မိပါပြီ။ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာတာဟာ Nicotine ကုန်သွားတဲ့ Feeling ကို မကြိုက်လို့ပါ။ ဆေးလိပ်ကို ကြိုက်လို့မဟုတ်ပါဘူး။ အဲလို သိမ်မွေ့တဲ့ ကွာခြားချက်ကို နားလည်သွားရင် သင်ခရီးဆက်နိုင်ပါပြီ။
(ဘယ်လိုဖြတ်ရမလဲ)
၁။ ပထမတစ်ရက်မှာ Nicotine ချို့တဲ့မှုဟာ ခံရခက်ပါတယ်။ အချိန်ခိုးတဲ့ အနေနှင့် မအိပ်ခင် ဆေးလိပ်မသောက်ပဲ အိပ်ရာဝင်အိပ်စက်ပါ။ သင်နိုးလာတဲ့အချိန်မှာ သင်ဆေးလိပ်ပြတ်သွားတာ အနဲဆုံး ဆယ်နာရီကျော်ကြာသွားပါပြီ။
၂။ ရေများများသောက်ပါ။
၃။ ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရ င် လမ်းထလျှောက်ပါ။ ဒါမှမဟုတ် ဂိမ်းတစ်ခုခုဆော့တာပဲဖြစ်ဖြ စ် လုပ်ပါ။ ဆေးလိပ်သောက်ချင်စိတ်ဟာ ၅မိနစ်ကြာပဲ ခံပါတယ်။ ခဏကြာရင် သင်ဆေးလိပ်သောက်ချင်တာ မေ့သွားပါလိမ့်မယ်။
၎။ ဘာလို့ဖြတ်ချင်တာလဲကို သတိရပါ။ အသက်ရှူလိုက်တိုင်း တဖြည်းဖြည်းပိုပေါ့ပါးလာပြီး
သင့်ခံတွင်းလဲ ပိုလိုက်လာတာကို သတိပြုပါ။ ကောင်းကျိုးတွေကို
ခံစားခြင်းဖြင့် ဆေးလိပ်ပြန်သောက်ပါက ရလာမည့်ဆိုးကျိုးများကို စဉ်းစားပြီး
စိတ်ဓာတ်ကို ခိုင်မာလာအောင်မွေးပါ။
၅။ သင့်အတွက် အရမ်းခံရခက်လျှင် ဆရာဝန်နှင့်ပြပါ။ သူတို့တွေဆီမှ Nicotine patch ကိုသုံး၍ လက်မှာကပ်ထားနိုင်ပါသည်။
ဆေးလိပ်ဖြတ်စဉ် ကတုန်ကယင် ခန္ဓာကိုယ်က ဖြစ်တာ မကြာပါဘူး။ ၇၂ နာရီ (၃ ရက်) အကြာမှာ သင့်ခန္ဓာကိုယ်ထဲမှာ Nicotine လက်ကျန်လုံးဝမရှိတော့ပါဘူး။
စဉ်းစားကြည့်ရင် ၃ရက်ဆိုတာ သင်ရရှိမယ့် ရောဂါတွေနဲ့ အသေစောရမှာအတွက်ဆို
ခဏလေးပါ။ သုံးရက်ပြီးသွားတာနဲ့ ဒီ Nicotine ဇယားတစ်ခန်းရပ်ပါပြီ။
Nicotine ပျက်ပြီဆိုတော့ ပြီးပြီပေါ့ဗျာ လို့ သင်တွေးချင်တွေးပါမယ်။ အဲလောက်မလွယ်ပါဘူး။
ဆေးလိပ်စွဲတယ်ဆိုတာ Nicotine တစ်ခုထဲ စွဲတာမဟုတ်ပဲ၊ လုပ်နေကျ အမူအကျင့်ကိုလဲ စွဲပါတယ်။ ဆေးလိပ်ဖျက်တာကြာပြီဆိုရင်ေ တာင်
ဒီလို အလုပ် ၁၀မိနစ် နားချိန်လေး၊ ထမင်းစားပြီးချိန် လေး၊ အိပ်ရာနိုး
မနက်ခင်း ကော်ဖီချိန်လေး စတဲ့ အချိန်တွေက အကျင့်လေးတွေကို သတိရနေအုန်းမှာ
ပါပဲ။ နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့  အကျင့်က ခဏလေးမေ့ဖို့ မလွယ်ပါဘူး။ ဒီလို စိတ်အမူအကျင့်တွေကို ဖြေးဖြေးချင်း ဖျောက်ပါ။ သင် လုပ်နိုင်ပါတယ်။
ကဲဗျာ.. ဒါဆိုဒီတစ်ခါတော့ တစ်ကယ်ပြီးပြီပေါ့။ စိတ်မလောပါနဲ့ဦး မိတ်ဆွေ။ အဲလောက်လွယ်ရင် ဒီစာကိုတောင် မရေးတော့ပါဘူး။ ဆေးလိပ်ဖြတ်ပြီးတဲ့ လူဆယ်ယောက်မှာ ခုနှစ်ယောက်က ပြန်လည် သောက်ဖြစ်ပါတယ်တဲ့။ ဆေးလိပ်ဖျက်ပြီး တစ်ပတ် နှစ်ပတ်အကြာမှာ သင့်ကိုသင် ယုံကြည်မှုတက်လာပါလိမ့်မယ်။ အဲဒါကပဲ
ငါထိန်းနိုင်ပါတယ်၊ တစ်လိပ်က ပြသနာမရှိပါဘူး ဆိုပြီး သင်တွေးပြီး သောက်မိတတ်ပါတယ်။ တစ်လိပ်ကုန်သွားပြီဆိုတာနဲ့ သင့်ရှုံးနိမ့်မှုအတွက် စိတ်ညစ်ပြီး ပိုပိုသောက်မိမှာ ကျိန်းသေပါပဲ။
တစ်လိပ်လောက် မထိန်းနိုင်ပဲ ပြန်သောက်မိတဲ့အခါ တစ်လိပ်မှာရပ်ပါ။ အပြစ်ရှိတယ်လို့ မခံစားပဲ ဒါလေးရပ်လိုက်ပြီး မနှောင်းခင် ပြန်စပါ။ သုတေသန အဆိုအရ ဆေးလိပ်ပြတ်သွားသူအများစုဟာ ငါးခေါက်မျှ ကြိုးစားခဲ့ရကြောင်းဆိုပါတယ်။ ပြန်မသောက်မိအောင် သင်ထိန်းနိုင်ပါက အောင်မြင်ပါပြီ။
အကယ်၍ မရှင်းလင်းသေးပဲ သိလိုသည်များကို မေးလိုပါက Comment တွင်မေးနိုင်ပါသည်။ ဤဆောင်းပါးကို ဝေမျှခြင်းအားဖြင့် မသိသူများ၊ ဆေးလိပ်ပြတ်အောင် ကြိုးစားချင်သူများ အနာဂါတ်ကို အကျိုးရှိစေနိုင်သောကြောင့် အချိန်ကုန်ခံရေးလိုက်ရပါကြောင်း။
ပြတ်ပြီးသားသူများကလဲ Comment တွင် ဘယ်သို့ဘယ်ပုံ ဖြတ်ခဲ့လဲ ဆိုတဲ့ အတွေ့အကြုံလေးတွေ ဝေမျှရင်း ကူညီလိုက်ကြရအောင်။
===============
ဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သက်လို့ မြန်မာလို ဆောင်းပါးတွေ အတော်နည်းပါသည်။ ဖြတ်လိုသူ၊ သင့်ချစ်သူ မိတ်ဆွေများအား ဖြတ်စေလိုသူများ အကျိုးအတွက် ရေးလိုက်ရပါကြောင်း။
(ဆေးလိပ်နွံမှ ဘယ်သို့ရုန်းရမည်)
"မေ့ကို ချစ်ရင် ဆေးလိပ်ဖြတ်ပါမောင်"
အဲလိုပြောလိုက်တိုင်း ပြတ်သွားတဲ့ အမျိုးမဟုတ်ဘူးဆိုတာ သောက်နေကြလူတိုင်းသိသလို၊ နောက်ကတွန်းနေကြ ပျိုမေတိုင်းလဲ ကိုကိုတွေ ခိုးသောက်တာမိလို့ အသိ။
အိပ်ကပ်ထဲ ထမင်းစားစရာ ပိုက်ဆံပဲ ရှိရင်တောင် ထမင်းမစားပဲ ဆေးလိပ်ပဲ ၀ယ်ကစ်တတ်တာလဲ သောက်ဖူးသူတိုင်းလိုလို။ အချိန်မတော် သောက်စရာကုန်သွားရင် ပြာခွက်ထဲက ဖင်တိုလေး ပြန်ပြန်သောက်တတ်တာလဲ ဆေးလိပ်သမားတွေအတွက်မထူးဆန်
ဒီလိုဖြစ်ကြတဲ့ လူတွေကြားထဲကပဲ သောက်နေရင်း တ၀က်မှာတင် ငါသာ မသောက်တော့ရင် ကောင်းမှာပဲ လို့ တွေးနေကြသူတွေက ဒုနဲ့ဒေးပါပဲ။ ဒီလိုကြိုက်ရဲ့နဲ့ ဒီလိုဘာလို့မုန်းပြန်တာလဲဆိ
ဘာရောဂါမှ မဖြစ်သေးဘူး ဆိုပေမယ့် သိသိသာသာ ရင်ဆို့လာတာ၊ သွားတွေ သွားဖုံးတွေ၊ လည်ချောင်းတွေ ပူတာ နာတာ၊ မောလွယ်ပြီး မလုပ်ချင်မကိုင်ချင်ဖြစ်လာတ
ဒါဆိုလဲ ဖြတ်ပေါ့ဗျာ လို့ မသောက်တတ်တဲ့လူက ဆိုချင်ဆိုပါမယ်။ အဲလောက် မလွယ်လို့ အဲလိုဖြစ်နေတာပေါ့ လို့ဖြေရမှာပါ။ ဆေးလိပ်ဖြတ်တာ မလွယ်ဘူးဆိုတာတော့ လူတွေသိကြပြီး ဘာလို့ မလွယ်တာလဲဆိုတာတော့ တော်တော်များများ မသိကြပါဘူး။
(ဆေးလိပ်ထဲက Nicotine)
Nicotine က ဦးနှောက်ထဲက ဓာတုဓာတ်ပြုတာတွေကို ပြောင်းလဲစေပါတယ်။ ဆေးလိပ်စဖွာလိုက်တာနဲ့ပဲ Nicotine ကြောင့် dopamine နဲ့ noradrenaline ဆိုတဲ့ ဓာတ်တွေကို ပြောင်းလဲစေပါတယ်။
လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် ဆေးလိပ်သောက်တဲ့လူတွေ အရသာတွေ့တာ ဒီလိုဦးနှောက်ထဲက ပြောင်းလဲမှုပါ။ သင်တစ်ချက်စဖွာလိုက်တာနဲ့ ဒီခံစားမှုက အလျင်အမြန်ဖြစ်ပွားပြီး စိတ်ညိမ်သွားသလို၊ စိတ်ဖိစီးမှုလျော့သွားသလို ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဆေးလိပ်သမားတွေ သိပ်ကြိုက်ကြတာမဟုတ်လား။
ဒါပေမယ့် ပြသနာက သင်ဆေးလိပ်သောက်တာများလေ သင့်ဦးနှောက်က Nicotine မတိုးတော့လေ ဖြစ်တာပါပဲ။ တစ်လိပ်နဲ့ ပြီးတဲ့လူက ကြာလာရင် ၃လိပ်၊ ဒီလိုနဲ့ တစ်နေ့ ၂ဘူး ထိသောက်ရတာတွေ ဖြစ်လာပါတော့တယ်။
ဆေးလိပ်မသောက်ရတာ ၂နာရီ လောက်ကြာသွားရင် ခုနက ပြောတဲ့ dopamine နဲ့ noradrenaline ဆိုတဲ့ ဓာတ်တွေ ကျဆင်းသွားပါတယ်။ အဲလိုကျဆင်းခြင်းကြောင့် ဦးနောက်က စိတ်မညိမ်ခြင်း၊ အလိုမကျခြင်း၊ စိတ်မရှည်ခြင်း စတာတွေ ခံစားလာရပါတယ်။ အဲလို အချိန်မှာ လိုအပ်တဲ့ Nicotine ကို ဆေးလိပ်သောက်ပြီး ပြန်ဖြည့်မှ နေသာထိုင်သာရှိတာမလား။
(ဘယ်လိုဆေးလိပ်ဖျက်ရမယ်)
တကယ်တော့ Nicotine ကြော့င်ပါ။ အခုပြောမယ့် အဆိုကို သင်ဖတ်ပြီး သေချာစဉ်းစားပါ။
"သင်က ဆေးလိပ်သောက်တာကို ကြိုက်တာမဟုတ်ဘူး။ ဆေးလိပ်မသောက်ရတာကို မကြိုက်တာ"
ဒီအဓိပ္ပါယ်ကို နားလည်ရင် သင်ဘာလို့ဆေးလိပ်စွဲနေရလဲ ဆိုတာကို ရိပ်မိပါပြီ။ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာတာဟာ Nicotine ကုန်သွားတဲ့ Feeling ကို မကြိုက်လို့ပါ။ ဆေးလိပ်ကို ကြိုက်လို့မဟုတ်ပါဘူး။ အဲလို သိမ်မွေ့တဲ့ ကွာခြားချက်ကို နားလည်သွားရင် သင်ခရီးဆက်နိုင်ပါပြီ။
(ဘယ်လိုဖြတ်ရမလဲ)
၁။ ပထမတစ်ရက်မှာ Nicotine ချို့တဲ့မှုဟာ ခံရခက်ပါတယ်။ အချိန်ခိုးတဲ့ အနေနှင့် မအိပ်ခင် ဆေးလိပ်မသောက်ပဲ အိပ်ရာဝင်အိပ်စက်ပါ။ သင်နိုးလာတဲ့အချိန်မှာ သင်ဆေးလိပ်ပြတ်သွားတာ အနဲဆုံး ဆယ်နာရီကျော်ကြာသွားပါပြီ။
၂။ ရေများများသောက်ပါ။
၃။ ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရ
၎။ ဘာလို့ဖြတ်ချင်တာလဲကို သတိရပါ။ အသက်ရှူလိုက်တိုင်း တဖြည်းဖြည်းပိုပေါ့ပါးလာပြီ
၅။ သင့်အတွက် အရမ်းခံရခက်လျှင် ဆရာဝန်နှင့်ပြပါ။ သူတို့တွေဆီမှ Nicotine patch ကိုသုံး၍ လက်မှာကပ်ထားနိုင်ပါသည်။
ဆေးလိပ်ဖြတ်စဉ် ကတုန်ကယင် ခန္ဓာကိုယ်က ဖြစ်တာ မကြာပါဘူး။ ၇၂ နာရီ (၃ ရက်) အကြာမှာ သင့်ခန္ဓာကိုယ်ထဲမှာ Nicotine လက်ကျန်လုံးဝမရှိတော့ပါဘူး။
Nicotine ပျက်ပြီဆိုတော့ ပြီးပြီပေါ့ဗျာ လို့ သင်တွေးချင်တွေးပါမယ်။ အဲလောက်မလွယ်ပါဘူး။
ဆေးလိပ်စွဲတယ်ဆိုတာ Nicotine တစ်ခုထဲ စွဲတာမဟုတ်ပဲ၊ လုပ်နေကျ အမူအကျင့်ကိုလဲ စွဲပါတယ်။ ဆေးလိပ်ဖျက်တာကြာပြီဆိုရင်ေ
ကဲဗျာ.. ဒါဆိုဒီတစ်ခါတော့ တစ်ကယ်ပြီးပြီပေါ့။ စိတ်မလောပါနဲ့ဦး မိတ်ဆွေ။ အဲလောက်လွယ်ရင် ဒီစာကိုတောင် မရေးတော့ပါဘူး။ ဆေးလိပ်ဖြတ်ပြီးတဲ့ လူဆယ်ယောက်မှာ ခုနှစ်ယောက်က ပြန်လည် သောက်ဖြစ်ပါတယ်တဲ့။ ဆေးလိပ်ဖျက်ပြီး တစ်ပတ် နှစ်ပတ်အကြာမှာ သင့်ကိုသင် ယုံကြည်မှုတက်လာပါလိမ့်မယ်။ အဲဒါကပဲ
ငါထိန်းနိုင်ပါတယ်၊ တစ်လိပ်က ပြသနာမရှိပါဘူး ဆိုပြီး သင်တွေးပြီး သောက်မိတတ်ပါတယ်။ တစ်လိပ်ကုန်သွားပြီဆိုတာနဲ့
တစ်လိပ်လောက် မထိန်းနိုင်ပဲ ပြန်သောက်မိတဲ့အခါ တစ်လိပ်မှာရပ်ပါ။ အပြစ်ရှိတယ်လို့ မခံစားပဲ ဒါလေးရပ်လိုက်ပြီး မနှောင်းခင် ပြန်စပါ။ သုတေသန အဆိုအရ ဆေးလိပ်ပြတ်သွားသူအများစုဟာ
အကယ်၍ မရှင်းလင်းသေးပဲ သိလိုသည်များကို မေးလိုပါက Comment တွင်မေးနိုင်ပါသည်။ ဤဆောင်းပါးကို ဝေမျှခြင်းအားဖြင့် မသိသူများ၊ ဆေးလိပ်ပြတ်အောင် ကြိုးစားချင်သူများ အနာဂါတ်ကို အကျိုးရှိစေနိုင်သောကြောင့်
ပြတ်ပြီးသားသူများကလဲ Comment တွင် ဘယ်သို့ဘယ်ပုံ ဖြတ်ခဲ့လဲ ဆိုတဲ့ အတွေ့အကြုံလေးတွေ ဝေမျှရင်း ကူညီလိုက်ကြရအောင်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။