ကိုယ့်အကြောင်း မကောင်းပြောတဲ့ သူများနဲ့တွေ့အခါမှာ
၁) သူတို့ကို ရန်သွားပြီး မတွေ့ပါနဲ့
ကိုယ့်အကြောင်း မကောင်းပြောတဲ့ သူများနဲ့ တွေ့ရင် သူတို့ကို ရန်သွားမလုပ်ပါနဲ့။ သူတို့ ပြောချင်ရာ ပြောပါစေ။ ခဏမေ့ထားလိုက်ပါ။
၂) သူတို့အပေါ် ကောင်းစွာဆက်ဆံလိုက်ပါ
ကိုယ့်အပေါ် မကောင်းပြောတဲ့ သူတွေကို ကောင်းမွန်စွာ ဆက်ဆံလိုက်ပါ။ သူတို့ မကောင်းသော်လည်း ကိုယ်ကောင်းအောင် နေပြလိုက်ပါ။
၃) သူတို့ကို တွေ့တိုင်း ပြုံးပြလိုက်ပါ
အပြုံးဟာ အရေးကြီးပါတယ်။ သူတို့ မဲ့ပြီး ကိုယ့်ကိုယ်ကြည့်လည်း ကိုယ့်ဘက်က ပြုံးရွှင်စွာ ကြည့်လိုက်ပါ။
၎) မေတ္တာထားပါ
မေတ္တာ ဓာတ်ဟာ ရောင်ပြန်ဟပ်ပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်မှာ မကောင်းတဲ့ သူများကို မေတ္တာရှေ့ထားဆက်ဆံပါ။ ကျန်းမာ ချမ်းသာ ပါစကြောင်း
မေတ္တာပို့နိုင်ပါတယ်။
www.pyittinehtaung.com
Team (ပစ်တိုင်းထောင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။