ပြင်းပျသောလိုအင်ဆန္ဒရှိပါ။
လူငယ်လေးတယောက်ဟာ ခြေလျင်ခရီးသွားရင်းနဲ့ လမ်းဆုံတခုကို ရောက်လာခဲ့တယ်။ ရှေ့မှာ ဘယ်ဖက်ကိုချိုးတဲ့လမ်းနဲ့ ညာဖက်ကိုချိုးတဲ့လမ်း(၂)သွယ်ရှိတယ်။ဘယ်လမ်းသွားရမှန်းမ သိလို့
လမ်းဆုံမှာထိုင်နေတုံး သူ့အနားကို အဖိုးအိုတယောက်ရောက်လာတယ်။ လူငယ်က
အဖိုးအိုကို မေးလိုက်တယ်။ “အဖိုး ကျနော်ဘယ်လမ်းကို လိုက်ရမှာလဲ”။ အဖိုးအိုက
“မင်း ဘယ်သွားချင်လို့လဲ”လို့ ပြန်မေးတယ်။ လူငယ်က “ကျနော်
ဘယ်သွားချင်မှန်းမသိပါဘူး”လို့ပြန်ဖြေလိုက်တ ယ်။
ဒီတော့ အဖိုးအိုက “မင်း ဘယ်လမ်းကိုပဲ လိုက်လိုက် အရေးမကြီးပါဘူးကွာ။
ဘာဖြစ်လို့လဲဆိုတော့ မင်း ဘယ်သွားချင်မှန်း မင်းကိုယ်တိုင်ကမှ
မသိတာပဲကွာ”လို့ ပြန်ပြောလိုက်တယ်။
သင့်အနေနဲ့ ဒီစာလေးကို ဖတ်ပြီးတော့ ရီချင်ရီမိမယ်။ ဒါမှမဟုတ် အဓိပ္ပါယ်မရှိတာပဲလို့ ထင်ချင်ထင်မိလိမ့်မယ်။ တကယ်တော့ ဒီလောကကြီးမှာ အဲဒီလူငယ်လေးလို ဘယ်သွားချင်မှန်း မသိကြတဲ့လူတွေ အများကြီးရှိတယ်ဆိုတာ ပြောပြချင်တာပါ။ ဘဝမှာ ရည်မှန်းချက်မရှိပဲ ဖြစ်ချင်ရာဖြစ် ရောက်ချင်ရာရောက်ဆိုပြီး ကြုံသလိုနေနေကြသူတွေပါ။ တနေ့တနေ့ ရည်ရွယ်ချက်ကင်းမဲ့စွာနဲ့ အချိန်တွေကို အလာဟသဖြုန်တီးကုန်ဆုံးစေရင်းနဲ့
တနေ့တော့ ကံကောင်းရင် ရွှေတွင်းကြီးတခု တွေ့ရမှာပဲလို့ ထင်နေကြသူတွေ
အများကြီးပါ။ သူတို့ဟာ ရည်ရွယ်ချက်မရှိ လျှောက်သွားနေကြရင်းနဲ့
ရွှေတွင်းမတွေ့ပဲ ချောက်ကြီးထဲ ကျသွားနိုင်တယ်ဆိုတာ မစဉ်းစားမိကြဘူး။
ဒါပေမဲ့ သင်ဟာ ရည်မှန်းချက်မရှိသူတယောက်လို့တော့
မထင်ပါဘူး။ ဘာကြောင့် အခုလို ပြောရတာလဲဆိုတော့ သင်ဟာ
ရည်မှန်းချက်ရှိသူမဟုတ်ရင် ဒီစာအုပ်ကို ဖတ်ကြည့်ဖို့နေနေသာသာ
ကိုင်တောင်ကြည့်မှာ မဟုတ်ပါဘူး။ အခု ဒီစာအုပ်ကိုဖတ်ကြည့်နေခြင်း အားဖြင့်
သင်ဟာ အောင်မြင်ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ
ရှာဖွေနေသူဖြစ်ပါလိမ့်မယ်။ ဝမ်းသာစရာကောင်းတာက သင်ရှာဖွေနေတဲ့နည်းတွေကို
ဒီစာအုပ်မှာ တွေ့ရပါလိမ့်မယ်။ အခု အောင်မြင်ကြီးပွားရေးခရီးစထွက်ကြရအောင်။
အောင်မြင်ကြီးပွားသူတယောက်ြ ဖစ်ဖို့ အရေးကြီးဆုံးနဲ့မရှိမဖြစ်လိုအပ်တာက “ပြင်းပျတဲ့လိုအင်ဆန္ဒရှိဖို့ ပါ”။
အင်္ဂလိပ်လိုတော့ “Burning Desire” လို့ ခေါ်ပါတယ်။ ပြင်းပျတဲ့လိုချင်ဆန္ဒဟာ
လိုချင်တောင့်တတဲ့ဆန္ဒ Wish နဲ့မတူပါဘူး။ Wish ဆိုတာက တခုခုမြင်တွေ့လိုက်ရင်
ချက်ခြင်းလိုချင်တာ။ လိုချင်တာပဲ ရှိတယ်။ ရအောင် ကြိုးပမ်းမှုပါမလာဘူး။
ဥပမာ ကားတစီး လိုချင်တယ်။ လိုချင်တာပဲရှိတယ်။ ဘယ်ကာူအမျိုးအစားလဲ။
ဈေးဘယ်လောက်ရှိသလဲ။ လက်ထဲမှာ ကားဝယ်ဖို့လုံလောက်တဲ့ပိုက် ဆံမရှိရင်
လိုတဲ့ပိုက်ဆံရအောင် ဘယ်လိုရှာမလဲစတဲ့ အတွေးတွေလိုက်ပါမလာဘူး။
တကယ်ဝယ်ဖြစ်အောင် ကြိုးစားဖို့ကဆိုတာတော့ ဝေးရောပါ။ Wishဆိုတာ
အခုဒါဖြစ်လိုက် ခနနေ တခြားဟာဖြစ်လိုက်မျိုးပါ။ တခုထဲသတ်သတ်မှတ်မှတ်
မရှိဘူး။ အခု ရုပ်ရှင်မင်းသားဖြစ်ချင်တယ် ။
နောက်တော့ ဆရာဝန်ဖြစ်ချင်ပြန်ပြီ။ စာရေးဆရာဖြစ်ချင်ပြန်ပြီ။ လက်တွေ့မပါတဲ့
Wishဟာ သင့်ကို ဖြစ်ချင်တာဖြစ်ဖို့ မစွမ်းဆောင်ပေးနိုင်ပါ။
သင့်ဘဝမှာ အောင်မြင်ကြီးပွားချင်ရင် ပြင်းပျတဲ့လိုအင်ဆန္ဒ Burning Desire ရှိဖို့လို့ပါတယ်။ ပြင်းပျတဲ့လိုအင်ဆန္ဒကတော့ Wish လို ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်စိတ်အမျိုးမျိုးပြောင်းနေတာမဟုတ်ပါဘူး။ သတ်သတ်မှတ်မှတ်ဖြစ်ချင်တာ တခုပဲရှိပြီး စိတ်ထဲမှာ ခေါင်းထဲမှာ အဲဒီဖြစ်ချင်တာတခုပဲရှိတယ်။ ဖြစ်နိုင်မဲ့နည်းလမ်းတွေကို အမြဲကြံဆတွေးတောနေတယ်။ ပြင်းပျတဲ့လိုအင်ဆန္ဒကို ပိုပြီးရှင်းသွားအောင် အောက်မှာ ပုံပြင်လေးတပုဒ်နဲ့ရှင်းပြေ ပးလိုက်ပါတယ်။
လူငယ်တယောက်ဟာ ချမ်းသာချင်လွန်းလို့ ဘယ်လိုလုပ်ရမလဲ လူတကာကိုလိုက်မေးတယ်။ လူတွေက မဖြေနိုင်ကြပဲ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ရသြေ့ ကီးကို မေးပါလို့ အကြံပေးကြတယ်။ လူငယ်လဲ ရသေ့ကြီးဆီ ရောက်လာပြီး ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ မေးတယ်။ ရသေ့ကြီးက ချမ်းသာချင်ရင် ပြင်းပျတဲ့လိုအင်ဆန္ဒရှိရမယ် လို့ ပြောလိုက်တယ်။ လူငယ်က ပြင်းပျတဲ့လိုအင်ဆန္ဒဆိုတာကို
နားမလည်လို့ ရှင်းပြပေးပါလို့ တောင်းပန်တယ်။ ဒီတော့ ရသေ့ကြီးကို
သူ့နောက်လိုက်ခဲ့ဆိုပြီး မြစ်ကမ်းဘေးတနေရာကို ခေါ်သွားတယ်။ အဲဒီမှာ
ရသေ့ကြီးက ဘာမှမပြောပဲ လူငယ်ရဲ့လက်ကိုဆွဲရင်း ရေစပ်ထဲကို ဆွဲခေါ်သွားတယ်။
လူငယ်လဲ ကြောက်ကြောက်လန့်လန့်နဲ့ ရသေ့ကြီးဆွဲခေါ်ရာကို လိုက်ပါသွားတယ်။
လူတရပ်နီးပါးမြုပ်နိုင်တဲ့ ရေထဲကိုရောက်တော့ ရသေ့ကြီးဟာ လက်တဖက်နဲ့
လူငယ်ရဲ့ကိုယ်လုံးကို မရုန်းနိုင်အောင် သိမ်းချုပ်လိုက်ပြီး
နောက်လက်တဖက်နဲ့ လူငယ်ရဲ့ခေါင်းကိုဖိနှိပ်ပြီး ရေထဲနစ်လိုက်တယ်။ လူငယ်ဟာ ရေမွန်းတာကြောင့် အတင်းရုန်းပေမဲ့ ရသေ့ကြီးရဲ့အားသန်တဲ့ချုပ်ကိုင်မှုက လွတ်အောင်မရုန်းထွက်နိုင်ပဲ ရေမွန်းနေရှာတယ်။
အတန်ကြာတော့ ရသေ့ကြီးက လူငယ်ရဲ့ခေါင်းကိုဖိနှိပ်ထားတဲ့လက်ကို
လွှတ်ပေးလိုက်သလို သူကိုယ်ကိုချုပ်ထားတာကို လွှတ်ပေးလိုက်တယ်။ လူငယ်လဲ
ခေါင်းရေပေါ် ပေါ်လာတာနဲ့ အသက်ကို အငမ်းမရရှုရင်း မောဟိုက်နေတယ်။ လူငယ်
အသက်ရှုဝသွားပြီး တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာ တော့မှ
ရသေ့ကြီးက သူ့ကို အခုလိုမေးလိုက်တယ်။ “မင်းကို ရေနစ်ထားတုံးမှာ
မင်းခေါင်းထဲမှာ ဘာဆန္ဒဖြစ်နေသလဲ”တဲ့။ လူငယ်က”ကျနော့်စိတ်ထဲမှာ
လေပဲအရမ်းရှုချင်နေတယ်။ တခြားဘာမှ ခေါင်းထဲမှာ မပေါ်ဘူး”တဲ့။ ဒီတော့
ရသေ့ကြီးက “အဲဒါ မင်းသိချင်နေတဲ့ပြင်းပျတဲ့လိုအင်ဆန္ဒဆိုတာ အဲဒါပဲ။ မင်းမှာ အရမ်းဖြစ်ချင်တာတခုကလွဲရင် ကျန်တာဘာတခုမှ မစဉ်းစားတာကို ပြောတာပဲ”တဲ့။
ကဲ အခု ပြင်းပျတဲ့လိုအင်ဆန္ဒနဲ့လုပ် လို့ အောင်မြင်သူတွေအကြောင်း လေ့လာကြည့်ကြရအောင်ပါ။
ဘီလ်ဂိတ်ဟာ ငယ်စဉ်ကတဲက ကွန်ပြူတာကို စိတ်ဝင်စားခဲ့တယ်။ ဟားဗတ်တက္ကသိုလ်မှာ တက်နေရင်းနဲ့ တနေ့မှာ ကမ္ဘာပေါ်က အိမ်တိုင်း ရုံးတိုင်းမှာ လွယ်လွယ်ကူကူသုံးနိုင်တဲ့ ကွန်ပြူတာဆော့ဝဲတခုကို တီထွင်ချင်တယ်။ ဖြစ်ရမယ်ဆိုတဲ့စိတ်ကြောင့် တက္ကသိုလ်ဆက်မတက်တော့ပဲ့ အဲဒီဆော့ဝဲကို တီထွင်တယ်။ အဲဒါကြောင့် ယနေ့ အိမ်တိုင်း ရုံးတိုင်းမှာ သုံးနေကြတဲ့ Microsoft ဆော့ဝဲပေါ်လာခဲ့တယ်။ သူ့ရဲ့ပြင်းပျတဲ့လိုအင်ဆန္ဒေ ကြာင့် သူဖြစ်ချင်တာ ဖြစ်ခဲ့သလို အကျိုးဆက်အနေနဲ့ သူလဲ ကမ္ဘာမှာ အချမ်းသာဆုံးဘီလျံနာသူဋ္ဌေးတေ ယာက် ဖြစ်လာခဲ့တယ်။
စတီးဗ်ဂျော့ဟာ ဂဏန်းနံပါတ် Keypadမပါတဲ့ မိုဘိုင်းဖုန်းတလုံးတီထွင်ချင်တယ်။ လုပ်ဖေါ်ကိုင်ဖက်တွေက Keypad မပါတဲ့ဖုန်းကို ဘယ်သူမှသုံးမှာမဟုတ်ဘူးဆြို ပီး ဝိုင်းဖျက်ကြတယ်။ ဒါပေမဲ့ သူမဖြစ်ဖြစ်အောင်လုပ်မယ်ဆုံးဖြတ်ခဲ့လို့ ယနေ့လူတိုင်းနီးပါးကိုင်နြေ ကတဲ့ လက်ညိုးနဲ့ပွတ်တဲ့iPhone ဆိုတာ ပေါ်လာခဲ့တယ်။ အကျိုးဆက်အဖြစ် သူလဲ ဘီလျံနာသူဋ္ဌေးတယောက်ဖြစ်လာခဲ့ တယ်။
ရော်နယ်ဒိုးဟာ အသက်(၆)နှစ်သားကတဲက ကမ္ဘာကျော်ကြေးစားဘောလုံးသမား ဖြစ်ချင်ခဲ့တယ်။ သူရဲ့ပြင်းပျတဲ့လိုအင်ဆန္ဒြေ ကာင့် ယနေ့ သူဟာ ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး ဘောလုံးသမားတယောက် ဖြစ်လာခဲ့တယ်။
မာသာထရေဇားဟာ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေ ရောဂါသယ်တွေ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ကူညီချင်တဲ့ အဖွဲ့အစည်းတရပ်ထူထောင်ဖို့ အရမ်းစိတ်အားထက်သန်နေတယ်။ ပြင်းပျတဲ့လိုအင်ဆန္ဒဖြစ်ပေါ် နေတယ်။ ခရစ်ယန်သီလရှင်ကနေနူတ်ထွက်လိုက်တယ်။
ကူညီစောင့်ရှောက်မဲ့ လူမှုရေးအဖွဲ့တခု တည်ထောင်လိုက်တယ်။
အဖွဲ့ကိုတည်ထောင်ချိန်မှာ အဖွဲ့ဝင်ဟာ သူမတယောက်ထဲ။ လက်ထဲမှာလဲ
အိန္ဒိယရူပီငွေ(၅)ကျပ်ပဲရှိတ ယ်။ သူမရဲ့ပြင်းပျတဲ့လိုအင်ဆန္ဒေ ကြာင့် ယနေ့ သူမရဲ့ကူညီစောင့်ရှောက်ရေးအ သင်းကြီးဟာ နိုင်ငံပေါင်း(၁၃၀)ကျော်မှာ အဖွဲ့ပေါင်း (၇၀၀)ကျော်ဖြစ်လာခဲ့တယ်။
အခုရေးပြခဲ့တာတွေဟာ ပြင်းပျတဲ့လိုအင်ဆန္ဒတကယ်ရှိ ရင် တကယ်ဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့ သက်သေတွေပါ။ နောက်ထပ်လဲ ပြင်းပျတဲ့လိုအင်ဆန္ဒကြောင့် အောင်မြင်ကြီးပွားသွားသူတွေ အများကြီးပါ။ စာရှည်မှာစိုးလို့ ရေးမပြတော့ပါဘူး။
ပြင်းပျတဲ့လိုအင်ဆန္ဒကို လူငယ်တွေပိုပြီးမြင်နိုင်အောင် ထပ်ရေးပြပါမယ်။ ကောင်မလေးတယောက်ကို စွဲစွဲလန်းလန်းချစ်ကြိုက်နေ ပြီဆိုရင် ဘယ်လိုခံစားရသလဲ။ စားလဲဒီစိတ် အိပ်လဲဒီစိတ်နဲ့ အဲဒီကောင်မလေးမျက်နှာကိုပဲ မြင်ယောင်မနေဘူးလား။ စာသင်နေတုံးမှာလဲသူ့မျက်နှာ ၊
ဘယ်သွား ဘာလုပ်လုပ် သူ့မျက်နှာပဲ မြင်နေတယ်မဟုတ်လား။ ကုန်ကုန်ပြောရရင်
အိပ်နေရင်လဲ အိပ်မက်ထဲမှာ သူ့မျက်နှာပါလာသေးတယ်။ အရူးအမူးစွဲလန်းနေတာပေါ့။
အချစ်အတွက် အသက်ပင်သေသေဆိုတာမျိုးဖြစ်ေ နတာ။ အဲဒီလိုစိတ်မျိုးနဲ့သာ ကြီးပွားချမ်းသာအောင်လုပ်ရင် ဘာလို့မကြီးပွားနိုင်ရမှာလဲ ။
ပြင်းပျတဲ့လိုအင်ဆန္ဒဟာ ကြီးပွားချမ်းသာအောင်လုပ်ဖို့တင် သုံးလို့ရတာမဟုတ်ပါဘူး။ သင် ဖြစ်ချင်တာ အကုန်သုံးလို့ရတယ်။ ၁၀တန်းကို ၆ဘာသာဂုဏ်ထူးနဲ့အောင်ချင်သလား။ ပြင်းပျတဲ့လိုအင်ဆန္ဒရှိရင် ဖြစ်မယ်။ ဆရာဝန်၊အင်ဂျင်နီယာဖြစ်ချင် သလား။ ပြင်းပျတဲ့လိုအင်ဆန္ဒသာရှိ၊ ဖြစ်ကိုဖြစ်မယ်။
ပြင်းပျတဲ့လိုအင်ဆန္ဒရှိတာနဲ့ ဘာကြောင့် တကယ်ဖြစ်နိုင်မယ်လို့ပြောနိုင်တာလဲ။ မေးသင့်တဲ့မေးခွန်းပါ။ အဲဒီလိုအင်ဆန္ဒဟာ သင့်ဦးနှောက်ထဲကို စွဲစွဲမြဲမြဲရောက်သွားပြီဆိုတာနဲ့ ဦးနှောက်က သင့်ခန္ဓာကိုယ်တခုလုံးက အာရုံကြောတွေကို သင်လိုချင်တာ မဖြစ်ဖြစ်အောင် လှုံ့ဆော်လုပ်ခိုင်းပါလိမ့်မယ်။ သင့်ခေါင်းထဲမှာလဲ လုပ်ရမဲ့နည်းလမ်းတွေ ပေါ်လာပါလိမ့်မယ်။
ကောင်းပြီ။ ပြင်းပျတဲ့လိုအင်ဆန္ဒကိုတော့
သိပါပြီ။ ဒါဆိုရင် အဲဒီပြင်းပျတဲ့လိုအင်ဆန္ဒ ဖြစ်ပေါ်လာအောင်
ဘယ်လိုလုပ်ယူရမလဲ။ မိမိဖြစ်ချင်တာ လိုချင်တာကို စာရွက်ပေါ်မှာ စာရွက်ပေါ်မှာ
ရေှးမှတ်ထားပြီး ညအိပ်ယာမဝင်ခင်မှာ ဖတ်ပါ။ ညတိုင်းဖတ်ပါ။ ဘယ်လောက်ကြာကြာ
ဖတ်ရမလဲ။ သင်ဖြစ်ချင်တာ လိုချင်တာကို ခေါင်းထဲမှာ
စွဲစွဲမြဲမြဲမှတ်မိသွားပြီး သင့်ခေါင်းထဲမှာ အချိန်ပြည့်ပေါ်နေပြီ မျက်စိထဲအမြဲတမ်းမြင်ယောင်ေ နတဲ့အထိ ဖတ်ရမှာပါ။
ဒီနည်းဟာ Napoleon Hillရေးသားတဲ့ “Think and Grow Rich”စာအုပ်ထဲမှာပါတဲ့ နည်းပါ။ အဲဒီစာအုပ်ကို လွန်ခဲ့တဲ့အနှစ်(၅၀)လောက်က စတင်ထုတ်ဝေခဲ့ပေမဲ့ ယနေ့အထိ ကမ္ဘာပေါ်မှာ အုပ်ရေပေါင်းသန်းပေါင်းများ စွာ ရောင်းချနေရပါတယ်။ ဘာလို့ ဒီလောက်ရောင်းကောင်းနေရတာလဲ ။ စာအုပ်ထဲမှာပါတဲ့ Burning Desireနည်းကို လက်တွေ့ကျင့်သုံးကြပြီး မီလျံနာသူဋ္ဌေးကြီးတွေဖြစ်သွားခဲ့ကြလို့ပါ။
သင်ဟာ တကယ်ပဲ ကြီးပွားချမ်းသာချင်တဲ့ပြင်းပျတဲ့လိုအင်ဆန္ဒရှိနေပြီဆို ရင် သင် ကြီးပွားချမ်းသာသူတယောက်ဖြစ်ဖို့ ၅၀ရာခိုင်နူန်းသေချာနေပါပြီ ။ ကျန်တဲ့ ၅၀ရာခိုင်နူန်းဟာ ဘာတွေလဲဆိုတာတော့ စာအုပ်ကို ဆက်ဖတ်ကြည့်ပါ။
မှတ်ချက်။ ရေးနေဆဲစာအုပ်က စာမြည်းလေးတပုဒ်ပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဖေဖေါ်ဝါရီ(၂၁)ရက်
လူငယ်လေးတယောက်ဟာ ခြေလျင်ခရီးသွားရင်းနဲ့ လမ်းဆုံတခုကို ရောက်လာခဲ့တယ်။ ရှေ့မှာ ဘယ်ဖက်ကိုချိုးတဲ့လမ်းနဲ့ ညာဖက်ကိုချိုးတဲ့လမ်း(၂)သွယ
သင့်အနေနဲ့ ဒီစာလေးကို ဖတ်ပြီးတော့ ရီချင်ရီမိမယ်။ ဒါမှမဟုတ် အဓိပ္ပါယ်မရှိတာပဲလို့ ထင်ချင်ထင်မိလိမ့်မယ်။ တကယ်တော့ ဒီလောကကြီးမှာ အဲဒီလူငယ်လေးလို ဘယ်သွားချင်မှန်း မသိကြတဲ့လူတွေ အများကြီးရှိတယ်ဆိုတာ ပြောပြချင်တာပါ။ ဘဝမှာ ရည်မှန်းချက်မရှိပဲ ဖြစ်ချင်ရာဖြစ် ရောက်ချင်ရာရောက်ဆိုပြီး ကြုံသလိုနေနေကြသူတွေပါ။ တနေ့တနေ့ ရည်ရွယ်ချက်ကင်းမဲ့စွာနဲ့ အချိန်တွေကို အလာဟသဖြုန်တီးကုန်ဆုံးစေရင်
ဒါပေမဲ့ သင်ဟာ ရည်မှန်းချက်မရှိသူတယောက်လိ
အောင်မြင်ကြီးပွားသူတယောက်ြ
သင့်ဘဝမှာ အောင်မြင်ကြီးပွားချင်ရင် ပြင်းပျတဲ့လိုအင်ဆန္ဒ Burning Desire ရှိဖို့လို့ပါတယ်။ ပြင်းပျတဲ့လိုအင်ဆန္ဒကတော့ Wish လို ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်စိတ်အမျိုးမျို
လူငယ်တယောက်ဟာ ချမ်းသာချင်လွန်းလို့ ဘယ်လိုလုပ်ရမလဲ လူတကာကိုလိုက်မေးတယ်။ လူတွေက မဖြေနိုင်ကြပဲ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ရသြေ့
အတန်ကြာတော့ ရသေ့ကြီးက လူငယ်ရဲ့ခေါင်းကိုဖိနှိပ်ထာ
ကဲ အခု ပြင်းပျတဲ့လိုအင်ဆန္ဒနဲ့လုပ်
ဘီလ်ဂိတ်ဟာ ငယ်စဉ်ကတဲက ကွန်ပြူတာကို စိတ်ဝင်စားခဲ့တယ်။ ဟားဗတ်တက္ကသိုလ်မှာ တက်နေရင်းနဲ့ တနေ့မှာ ကမ္ဘာပေါ်က အိမ်တိုင်း ရုံးတိုင်းမှာ လွယ်လွယ်ကူကူသုံးနိုင်တဲ့ ကွန်ပြူတာဆော့ဝဲတခုကို တီထွင်ချင်တယ်။ ဖြစ်ရမယ်ဆိုတဲ့စိတ်ကြောင့် တက္ကသိုလ်ဆက်မတက်တော့ပဲ့ အဲဒီဆော့ဝဲကို တီထွင်တယ်။ အဲဒါကြောင့် ယနေ့ အိမ်တိုင်း ရုံးတိုင်းမှာ သုံးနေကြတဲ့ Microsoft ဆော့ဝဲပေါ်လာခဲ့တယ်။ သူ့ရဲ့ပြင်းပျတဲ့လိုအင်ဆန္ဒေ
စတီးဗ်ဂျော့ဟာ ဂဏန်းနံပါတ် Keypadမပါတဲ့ မိုဘိုင်းဖုန်းတလုံးတီထွင်ခ
ရော်နယ်ဒိုးဟာ အသက်(၆)နှစ်သားကတဲက ကမ္ဘာကျော်ကြေးစားဘောလုံးသမာ
မာသာထရေဇားဟာ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေ ရောဂါသယ်တွေ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ကူညီချင်တဲ့ အဖွဲ့အစည်းတရပ်ထူထောင်ဖို့ အရမ်းစိတ်အားထက်သန်နေတယ်။ ပြင်းပျတဲ့လိုအင်ဆန္ဒဖြစ်ပေါ်
အခုရေးပြခဲ့တာတွေဟာ ပြင်းပျတဲ့လိုအင်ဆန္ဒတကယ်ရှိ
ပြင်းပျတဲ့လိုအင်ဆန္ဒကို လူငယ်တွေပိုပြီးမြင်နိုင်အေ
ပြင်းပျတဲ့လိုအင်ဆန္ဒဟာ ကြီးပွားချမ်းသာအောင်လုပ်ဖိ
ပြင်းပျတဲ့လိုအင်ဆန္ဒရှိတာနဲ
ကောင်းပြီ။ ပြင်းပျတဲ့လိုအင်ဆန္ဒကိုတော့
ဒီနည်းဟာ Napoleon Hillရေးသားတဲ့ “Think and Grow Rich”စာအုပ်ထဲမှာပါတဲ့ နည်းပါ။ အဲဒီစာအုပ်ကို လွန်ခဲ့တဲ့အနှစ်(၅၀)လောက်က စတင်ထုတ်ဝေခဲ့ပေမဲ့ ယနေ့အထိ ကမ္ဘာပေါ်မှာ အုပ်ရေပေါင်းသန်းပေါင်းများ
သင်ဟာ တကယ်ပဲ ကြီးပွားချမ်းသာချင်တဲ့ပြင်
မှတ်ချက်။ ရေးနေဆဲစာအုပ်က စာမြည်းလေးတပုဒ်ပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဖေဖေါ်ဝါရီ(၂၁)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။