Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 3, 2016

သင်ဟာ အချစ်နဲ့ပတ်သက်ပြီး အစွဲအလန်းကြီးသူလား

သင်ဟာ အချစ်နဲ့ပတ်သက်ပြီး အစွဲအလန်းကြီးသူလား
************************************************

အချစ်ဆိုတာ ခံစားချက်ပေါင်းများစွာထဲက ကောင်းတဲ့ခံစားချက်တစ်ခုပါ။ ပြီးပြည့်စုံမှု၊ သာယာချမ်းမြေ့မှုနဲ့ ရန်ခုန်မှုတွေ အားလုံးပါဝင်တဲ့ အချစ်ဆိုတဲ့ ခံစားချက်ဟာ သူ့ချည်းသက်သက်ဆို တကယ်ကို ကောင်းမွန်တဲ့ ခံစားမှုတစ်ခု ဖြစ်ရုံတင်မကသေးပဲ ဘဝမှာ အဓိပ္ပာယ်ရှိတဲ့အရာ တစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အရာတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အချစ်မှာ အစွဲအလန်းကြီးလွန်းရင် ဘေးထွက်ဆိုးကျိုး များတတ်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေဟာ အချစ်လို့ခေါ်တဲ့ ချစ်စရာခံစားမှုကို အကျည်းတန်သွားစေပါတယ်။

(၁) အချစ်နဲ့ ပတ်သက်ရင် အစွဲအလန်းကြီးသလား။
အချစ်ဆိုတာ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာမဟုတ်ဘဲ စွဲလန်းစေတတ်တဲ့သဘောလည်း ရှိပါတယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုထက်ပိုပြီး ကိုယ့်နေ့စဉ်ဘဝကိုပါ အနှောင့်အယှက်ဖြစ်နေပြီဆိုရင်တော့ အချစ်နဲ့ပတ်သက်ရင် အစွဲအလန်းကြီးနေပြီလို့ ပြောလို့ရပါပြီ။ အချစ်မှာ အစွဲအလန်းကြီးမိပြီဆိုရင် ကောင်းတဲ့အရာထက် မကောင်းတဲ့ဘက်ကို ဦးတည်သွားနိုင်ပါတယ်။ အထူးသဖြင့် ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့သူတွေဟာ အစွဲအလန်းလွန်ကြူးတတ်ပါတယ်။

(၂) ဘဝထဲက အချစ်လား? စိတ်ကူးထဲက အချစ်လား?
လက်တွေ့ဆန်တဲ့အချစ်တစ်ခုမှာ ပြီးပြည့်စုံမှုဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေကိုပဲ အပြန်အလှန်ဖြည့်စွက်ရင်း အတူတကွ တည်ဆောက်ကြရတာပါ။ ဒါပေမယ့် စိတ်ကူးယဉ်ဆန်တဲ့အချစ်တစ်ခုကတော့ ဘာမှလိုအပ်ချက်မရှိလောက်အောင် သာယာစရာကောင်းတဲ့ Relationship တစ်ခုကို ဖြစ်လာဖို့ ရည်မှန်းတတ်ကြပါတယ်။ (ကိုယ်မျှော်လင့်သလို ဖြစ်မလာတော့ ရေရှည်မှာလည်း အဆင်မပြေနိုင်ဖူးပေါ့။) ကိုယ်ဟာ အချစ်နဲ့ပတ်သက်ပြီး အစွဲအလန်းကြီးတယ်ဆိုရင် သင့်ရင်ထဲကအချစ်ဟာ လက်တွေ့ဆန်သလား။ စိတ်ကူးယဉ်ဆန်သလားဆိုတာ ထပ်မေးသင့်ပါတယ်။

(၃) စွဲလန်းခြင်းရဲ့ အန္တာရာယ်
တစ်စုံတစ်ယောက်ကို စွဲလန်းစွာချစ်မိတာဟာ Romantic ဆန်တယ်လို့ သင်ခံစားမိမှာပါ။ ဘဝမှာ သူမှသူပဲဆိုတဲ့ အချိန်တွေဟာ ပျော်စရာကောင်းတယ်လို့လည်း ထင်ချင်ထင်မိပါလိမ့်မယ်။ ဒါပေမယ့် များသောအားဖြင့် ဒီပျော်ရွှင်မှုတွေဟာ ခဏတာပဲခံပြီး ရေရှည်မှာ သင့်ကို စိတ်ဒုက္ခတွေ ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ပျော်ရွှင်ခြင်းတွေဟာ တစ်စုံတစ်ယောက်အပေါ်မှာ မျက်စိမှိတ်ပြီး မှီခိုနေလို့ပါ။ သင်စွဲလန်းတဲ့သူဟာ လူမှန်တစ်ယောက်ဖြစ်ခဲ့ရင် တော်သေးတယ်လို့ ပြောလို့ရပေမယ့် မစွဲလန်းသင့်တဲ့သူကိုစွဲလန်းမိရင်တော့ သင်ဟာ ပျော်ရွှင်မှုထက်စာရင် နာကျင်ခြင်းကိုသာ ခံစားရပါလိမ့်မယ်။

(၄) စိတ်ကို ငြိမ်းအေးနေပါစေ။
သင်ဟာ တကယ်ပဲ အစွဲအလန်းကြီးတဲ့သူဆိုတာ သေချာပြီဆိုရင် သင့်စိတ်ကို ငြိမ်းအေးနေအောင် အရင်ဆုံးလုပ်သင့်ပါတယ်။ အစွဲအလန်းလည်းကြီးမယ် စိတ်ကလည်း ပူလောင်နေမယ်ဆိုရင် သင့်ကိုယ်သင်သာမကဘဲ တစ်ဖက်လူကိုပါ အပူတွေလောင်မြိုက်စေပါလိမ့်မယ်။ စိတ်ကိုအေးအေးထားပါ။ အရာတိုင်းကို အမှန်အတိုင်းမြင်တတ်ပါ။ ဒီစွဲလန်းမှုတွေဟာ ထာဝရအတွက် မဟုတ်ဘူးဆိုတာကိုလည်း လက်ခံတတ်ပါစေ။

(၅) ကိုယ့်ကိုယ်ကိုချစ်ပါ။
အမေမွေးလိုက်ကတည်းကနေ အခုအချိန်အထိ သင်နဲ့အရင်းနှီးဆုံး ရှိနေမယ့်သူက သင်ကိုယ်တိုင်ပါပဲ။ ဒီတော့ သင့်ကိုယ်သင် ချစ်ဖို့ကိုလည်း မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုချစ်ရမယ်ဆိုတဲ့စကားက အတ္တကြီးဖို့ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ရယ်၊ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားဖို့ရယ်၊ ကိုယ်နာကျင်မယ့်အလုပ်တွေကို မလုပ်ဖို့ရယ်ကို ပြောတာပါ။

(၆) ရင်ဖွင့်ပြောဆိုပါ။
ကိုယ်ခင်မင်ရင်းနှီးရတဲ့သူတွေ (တကယ်လည်း ခင်မင်ရပြီး ကိုယ့်အပေါ်လည်း နားလည်နိုင်တဲ့သူတွေ ဖြစ်ရပါမယ်) ကို ကိုယ့်စွဲလန်းမှုတွေအကြောင်း ရင်ဖွင့်တာဟာ ဆေးကောင်းတွေထဲက တစ်ခုပါ။ သူဟာ ကိုယ့်မိတ်ဆွေကောင်းဖြစ်တဲ့အတွက် ကိုယ့်ကို နားလည်နိုင်ရုံမက ကိုယ့်အတွေးတွေမှားနေရင်လည်း ဖြောင်းဖျတည့်မတ်ပေးနိုင်ပါလိမ့်မယ်။

(၇) တခြားသော ချစ်ရတဲ့သူတွေ။
တစ်စုံတစ်ယောက်အပေါ် စွဲလန်းနေပေမယ့် ကိုယ့်မှာ တခြားချစ်ရတဲ့သူတွေ၊ ကိုယ့်ကို ချစ်တဲ့သူတွေ ရှိနေတယ်ဆိုတာ လုံးဝ (လုံးဝ) မမေ့သင့်ပါဘူး။ (ဥပမာ - သူငယ်ချင်းကောင်းတွေ၊ မိသားစု၊ အသိုင်းအဝိုင်းတွေ) သူတို့အပေါ်မှာလည်း အချိန်တွေ ဝေမျှသင့်သလို၊ ခံစားချက်တွေ ရှိသင့်ပါတယ်။ ဒါဆို တစ်ယောက်တည်းအပေါ် စွဲလန်းနေတဲ့ ခံစားမှုတွေ လျော့ပါးကောင်း လျော့ပါးသွားနိုင်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ အချစ်ဆိုတာ ကောင်းတဲ့ခံစားချက်ပါ။ များများချစ်တတ်လေ ကောင်းလေပါပဲ။ ဒါပေမယ့် အစွဲအလန်းမကြီးဖို့တော့ လိုပါလိမ့်မယ်။ ချစ်တတ်တာနဲ့ အစွဲအလန်းကြီးတာဟာ တူသလိုရှိပေမယ့် လုံးဝကွဲပြားတဲ့အရာတွေပါ။

လူတိုင်းချစ်တတ်ပြီး ချစ်ခြင်းတွေ မျှဝေနိုင်ကြပါစေ...

ရွှေညာမောင် (Focus Youth E-magazine)
Ref: LH

{Focus Youth E-magazine မှ အခမဲ့ ဖြန့်ဝေသော Magazine Issue များအား First comment တွင် လွယ်ကူစွာ Download ရယူနိုင်ပါပြီ။}

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။