Kyaw Kyaw Win added 12 new photos.
လူ့အဖွဲ့အစည်းတွေထဲမှာ အဆင်မပြေမှုတွေမြင့်တက်လာတယ်။သင်္ဘောတွေမှာလည်း ISPS ကိုကျင့်သုံးရတယ်။လူတွေပိုပင်ပန်းလာတယ်။အချိန်ငွေကြေးတွေပိုကုန်လာပါတယ်။ဒီလိုတောက်လျှောက်စောင့်ကြည့်နေတဲ့ကြားကနေ ယိုပေါက်သေးသေးလေတွေကနေတိုက်ခိုက်ခံရတတ်၊ အပြစ်မဲ့တဲ့လူတွေအသေအပျောက်တွေရှိနေပါသေးတယ်။
ဘာသာရေး လူမျိုးရေးအစွန်းရောက်သူတွေဟာ နိုင်ငံရေးသမားတွေရဲ့ကစားကွက်ထဲမှာ ကျွန်ဖြစ်တတ်သလို၊နိုင်ငံရေးကစားမယ့်လူတွေကလည်း ဘာသာရေး လူမျိုးရေးအစွန်းရောက်သမားတွေကို မွေးတတ်ကြပါတယ်။
တကယ်တော့ အားလုံးဟာ-နိုင်ငံရေး-ပါ။
အိုစမာဘင်လာဒင်အကြောင်းသိရသမျှ
==========================
Osama bin Mohammad bin Awad bin Laden ဟာနိုင်ငံတစ်ကာမှာရှိတဲ့အန္တရာယ်ရှိတဲ့လက်နက်ကိုင်အဖွဲ့တွေများစွာထဲက အဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးပါ။နိုင်ငံများစွာရဲ့ ထောက်လှန်းရေးအေဂျင်စီများစွာတို့ရဲ့အလိုရှိဆုံးစာရင်းထဲမှာလည်း နံပါတ် ၁ ဖြစ်နေတတ်သူပါ။အမေရိကန်အစိုးရကိုစစ်ကြေငြာထားသူ al-Qaeda အဖွဲ့ကိုတည်ထောင်သူလည်းဖြစ်ပါတယ်။ဆိုဗီယက်ကိုတိုက်နေတုန်းကတော့ al-Qaeda ကိုလက်နက် နည်းပညာ ငွေကြေးထောက်ပံ့ခဲ့တာ စီအိုင်အေပါ။အယ်လ်ကိုဒါအဖွဲဟာနေရာများစွာမှာ လူများစွာသေဆုံးရတဲ့အကြမ်းဖက်မှုတွေမှာ တိုက်ရိုက်(သို့)သွယ်ဝိုက်ပြီးပါဝင်ပါတယ်။အစပိုင်းမှာတော့ ဘင်လာဒင်ဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့သူရဲကောင်းဖြစ်ခဲ့သလို စီအိုင်အေရဲ့မိတ်ဆွေကြီးပါ။နောက်တော့ ဒေါ်လာသန်းပေါင်းများစွာဆုငွေထုတ်ရတဲ့အထိ၊ငွေတွေအမြောက်အများကုန်ပြီး စုံစမ်းရတဲ့အထိဖြစ်လာပါတယ်။ဆိုတော့ သူ့ဘဝအကြောင်းတစ်စေ့တစ်စောင်းကို ဘယ်ကစပြီး ဘယ်လိုဆုံးသွားသလဲဆိုတာတွေကိုလေ့လာကြည့်ရအောင်ဗျာ။
-အိုစမာဘင်လာဒင်ကို ၁၉၅၇ ခုနှစ်၊မတ်လ ၁၀ရက်နေ့မှာ Jeddah, Saudi Arabia မှာချမ်းသာတဲ့မိသားစုကနေမွေးဖွားခဲ့ပါတယ်။သူ့အဖေရဲ့ဆောက်လုပ်ရေးလုပ်ငန်းစုကြီးက ဆော်ဒီဘုရင်ရဲ့အဆောက်အဦးတွေကိုတာဝန်ယူဆောက်လုပ်ရတယ်ဆိုတော့ တကယ့်ကိုချမ်းသာတဲ့မိသားစုပါ။သူ့အဖေကယီမင်ကနေ ဆော်ဒီကိုလမ်းလျှောက်လာတာပါ။Osama ဆိုတဲ့အာရပ်ဝေါဟာရက ခြင်္သေ့ငယ်လိုအနက်ရပါတယ်။သူ့အမေကလည်းဆီရီးယားသူပါပဲ။သူ့အဖေကတော့ မိန်းမများပါတယ်။
-အိုစမာဟာ ဝဟာဘီမွတ်စလင်အဖြစ်နဲ့ကြီးပြင်းပါတယ်။သူ့အဖေကသူ့ကိုကျောင်းကောင်းကောင်းတက်စေပါတယ်။များသောအားဖြင့်သူဟာ ဘာသာရေးစာပေတွေ၊တစ်ခြားစာပေတွေနဲ့အချိန်ကုန်တတ်ပါတယ်။ဗဟုသုတလည်းကြွယ်ဝတယ်လို့ဆိုပါတယ်။ဂျေဒါ ဆော်ဒီက King Abdulaziz University မှာ၁၉၇၉ မှာ ဆောက်လုပ်ရေးအင်ဂျင်နီယာဘွဲ့နဲ့ကျောင်းပြီးပါတယ်။
-အိုစမာဟာ ဘယ်သန်တစ်ယောက်ပါ။
-အနောက်တိုင်းဂီတက မကြိုက်ဘူးဆိုပေမယ့် ဆယ်ကျော်သက်အရွယ်တွေမှာ Whitney Houston ကိုကြိုက်ပါတယ်။အင်္ဂလန်ကလပ်ဘောလုံးပွဲတွေကိုလည်းကြိုက်ခဲ့ပါတယ်။ပက်စီနဲ့ကိုကာကိုလာအမြောက်အများလည်းသောက်သုံးခဲ့သလို၊အမေရိကန်စီးကရက်တွေကိုသောက်သုံးဘူးပါတယ်။
-အက်ဖ်ဘီအိုင် မှတ်တမ်းတွေအရ သူ့အရပ်ဟာ ၆ပေ၅လက်မရှိပြီး၊အသားအရည်ဟာ သံလွင်ဆီရောင်လို့ဆိုပါတယ်။
-လက်ဟန်ခြေဟန်နဲ့ အသံခပ်အေးအေးနဲ့ ခပ်ဖြေးဖြေးစကားပြောတတ်ပါတယ်။သွေးအေးပါတယ်။
-၁၉၇၄ မှာဆီရီးယားသူနဲ့ပထမဆုံးအိမ်ထောင်ကျပြီး ကွဲခဲ့ကာ နောက်ပိုင်းကြုံရာကျပန်းပြေးလွှားရင်းမိန်းမတွေဆက်ယူခဲ့ပါတယ်။အခုတော့သူ့မိန်းမအများစုဟာ အီရန်မှာနေပါတယ်။
-၁၉၇၉ မှာကျောင်းကထွက်တော့ Pakistan’s army and Inter-Services Intelligence agency (ISI) ရဲ့ထိမ်းချုပ်မှုအောက်မှာရှိနေတဲ့ ပါကီလက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းပါတယ်။ရည်ရွယ်ချက်ကတော့ ဆိုဗီယက်တွေရဲ့ကျူးကျော်မှုကိုခံနေရတဲ့ အာဖဂန်ဘက်ကနေဝင်တိုက်ဖို့ပါ။သူကတော့ ကွန်မြူနစ်ရော ဒီမိုကရက်တစ်ရောကိုကြိုက်သူမဟုတ်ပါ။
-သူကဂျူဒိုအားကစားမှာလည်း ခါးပတ်အနက်အထိရောက်ခဲ့ပါတယ်။
-ဒီစစ်ပွဲမှာပါဝင်ခဲ့လို့ Pakistan စစ်ဖက်ကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့သိကျွမ်းခဲ့ပြီး၊အယ်လ်ကိုင်ဒါကိုဖွဲ့စည်းရာမှာ အမေရိကန် စီအိုင်အေ တပ်မှုးဟောင်းတွေ စစ်ဖက်ခေါင်းဆောင်တွေက ကိုယ်တိုင်လာရောက်သင်တန်းပေး လက်နက်နဲ့ငွေကြေးထောက်ပံတာတွေနဲ့ တစ်ခြားလိုအပ်တဲ့အကူအညီအမြောက်အများရခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာလည်း သူရဲကောင်းလို့သတ်မှတ်ခံရပါတယ်။အမေရိကန်တွေကတော့ အကူအညီပေးပြီးရုရှားကိုတိုက်ဖို့သူ့ကိုမွေးပါတယ်။အမေရိကန်ပေါ်လစီအရ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေလို့ဆိုသလိုပေါ့။
-တကယ်တမ်းခြုံကြည့်လိုက်ရင် အမေရိကန်နဲ့အနောက်နိုင်ငံတစ်ချို့ကိုယ့်ရှူးကိုယ်ပတ်ပြီး ရုရှားကတော့အေးအေးဆေးဆေးနိုင်ငံရေးအသာစီးရလိုက်တာပါ။
-ကျည်ဆံတွေပလူပျံနေလို့ ဘူဒိုဇာမောင်းမယ့်လူမရှိတော့ သူဝင်မောင်းရင်းဒဏ်ရာရဘူးပါတယ်။လက်ထဲမှာ အမြဲကိုင်ထားတဲ့ အေကေ၄၇ သေနတ်ဟာလည်း ရုရှားစစ်သားကိုနပန်းလုံးပြီးလုထားတာပါ။
-ပထမပိုင်းမှာ အယ်လ်ကိုင်ဒါမဖြစ်မှီ ၁၉၈၄ ခုနှစ်လောက်မှာသူစပေါင်းတာ စစ်ခေါင်းဆောင်မူဂျာဟစ် Abdullah Azzam နဲ့သူ့အဖွဲ့ Maktab al-Khidamat နဲ့ပါ။ရည်ရွယ်ချက်ကတော့ ဆိုဗီယက်ကိုတိုက်ဖို့ပါ။၁၉၈၈ မှာအဲ့ဒီအဖွဲ့နဲ့လမ်းခွဲလိုက်ပြီးမှ အယ်လ်ကိုင်ဒါကို အီဂျစ်ကသူငယ်ချင်းတစ်ချို့နဲ့တည်ထောင်တာပါ။ဘာကြောင့်ခွဲထွက်တည်ထောင်လည်းဆိုရင် သူကစစ်ရေးမှာအဓိကနေရာကနေပါဝင်ချင်လို့ပါ။အမိန့်နာခံတတ်ပြီး ခိုင်းတဲ့အတိုင်းလုပ်တတ်တဲ့သူတွေကိုပဲအဖွဲ့ဝင်အဖြစ်ရွေးလေ့ရှိပါတယ်။
-၁၉၈၉ မှာဆိုဗီယက်တွေမနိုင်ပဲ အာဖဂန်ကနေဆုတ်ခွာပြီးနောက် အိုစမာဟာ ဆော်ဒီကိုပြန်ပါတယ်။သူ့ကို သူရဲကောင်းတစ်ယောက်လိုကြိုဆိုကြပါတယ်။စိအိုင်အေနဲ့အကြီးအကျယ်လည်ပင်းတွေဖက်ပါတယ်။
-နောက်ပိုင်း ဆက်ဒမ်ဟူစိန်က ဆော်ဒီကိုခြိမ်းခြောက်လာတဲ့အချိန်မှာ သူက ဆော်ဒီအစိုးရဘက်နေရပ်တည်ပါတယ်။ဇတ်လမ်းကအခုမှစပါပြီ-သူက Mecca နဲ့ Medina ကိုကာကွယ်ဖို့နိုင်ငံခြားအထောက်အပံလုံးဝမယူလိုပါ။အနောက်နိုင်ငံတွေနဲ့(အထူးသဖြင့်အမေရိကန်)တပ်တွေ လက်နက်ကိုင်တွေကို ဘာသာရးအထွတ်အမြတ်ထားရာနေရာတွေမှာ မရှိစေချင်ပါ။မွတ်စလင်တွေကိုယ်တိုင်ပဲသီးသန့်ကာကွယ်စောက်ရှောက်ချင်ပါတယ်။ဆော်ဒီအစိုးရက အမေရိကန်အထောက်အပံကိုယူဖို့လုပ်လာတဲ့အချိန်မှာ သူဟာ အစိုးရကိုတရားဝင်လူသိရှိကြားဝေဖန်တိုက်ခိုက်လာပါတယ်။အစိုးရကသူပြသနာရှာနေတာကိုသိလို့မောင်းထုတ်ဖို့အခြေအနေစောင့်နေပါတယ်။မကြာပါဘူး အိုစမာ တရားမဝင်လက်နက်မှုနဲ့အဖမ်းခံရပြီး နိုင်ငံသားဖြစ်မှုပါရုပ်သိမ်းခံရပါတယ်။နောက်ဆုံးသူ့ကိုမောင်းထုတ်လို့ ဆူဒန်ကိုပြေးရပါတယ်။
-ဆူဒန်မှာတော်လှန်ရေးလုပ်ဖို့ကြံနေရင်း ဆူဒန်ရဲ့ ဒဏ်ကိုမခံနိုင်လို့ တာလီဘန်တွေကြီးစိုးရာ အာဖဂန်နောက်ဆုံးထပ်ပြီးထွက်ခွာခဲ့ပါတယ်။
-အိုစမာဟာ စာပေယဉ်ကျေးမှုကိုလေ့လာလိုက်စားပါတယ်။ကဗျာရေးတာကိုဝါသနာထုံပြီး ဆရာတစ်ဆူကဲ့သို့ပါ။ထူးဆန်းတာတစ်ခုက နာမည်ကြီးအကြမ်းဖက်သမားတစ်ယောက်က အနုပညာဝါသနာပါပြီး၊နုညံ့တဲ့ကဗျာကိုကြိုက်နေတာပါ။သူ့ရဲ့ကဗျာတစ်ချို့ဟာဆိုရင် ရှေးဟောင်းအာရဗီဝေါဟာရတွေနဲ့ရေးပါတယ်။သူ့ရဲ့ကဗျာတွေကို အဲ့ဒီဖက်ခေတ်တော်လှန်ရေးတွေမှာ သုံးကြပါတယ်။နာမည်ကြီးကဗျာတစ်ပုဒ်ရဲ့နာမည်က-“The Travail of a Child Who Has Left the Land of Holy Shrines.” -လို့အမည်ရပါတယ်။၂၀၀၁ ခုနှစ်မှာထွက်လာတဲ့သူ့ဗွီဒီယိုဖိုင်မှာလည်း ကဗျာရွတ်နေတာတွေ့ရပါတယ်။
-သူ့ရဲ့အိုင်ဒီယာလောဂျီကတော့ မွတ်စလင်နိုင်ငံတွေကို မည်သည့်နိုင်ငံကမှ ကျူးကျော်တာ၊ခြယ်လှယ်တာကိုမခံနိုင်ခြင်းပါ။အဲ့ဒီအတွက် မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်တော်လှန်မယ်၊အဲ့ဒီနိုင်ငံတွေကို စီပွားပျက်အောင်လုပ်မယ်ဆိုတဲ့အယူအဆပါ။
-၂၀၀၁ မှာအာဇဂန်ဗုံးမိုးတွေရွာတော့ တာလီဘန်က အိုစမာကိုတတိယနိုင်ငံတစ်ခုကိုလွှဲပြောင်းပြီး တရားစီရင်ဖို့ကမ်းလှမ်းတာကို သမဒဂျော့ဘုခ်ျကပယ်ချပါတယ်။အညှိမခံပါဘူး
-အရှေ့အလယ်ပိုင်းမှာအမေရိကန်သြဇာလွှမ်းမိုးလာတာကို မကျေမနပ်ဖြစ်နေတဲ့ အိုစမာဟာ သူ့ရဲ့ပထမဆုံးတိုက်ခိုက်မှုကို ၁၉၉၂ ခုနှစ်ကယီမင်ကဟော်တယ်မှာဗုံးခွဲခြင်းစပါတယ်။ဆိုမာလီသွားမယ့်အမေရိကန်တပ်သားတွေသေဆုံးပါတယ်။အကြီးဆုံးအနေနဲ့ကတော့ သိကြတဲ့အတိုင်း ၉-၁၁ The World Trade Centre တိုက်ခိုက်မှုပါ။အဲ့ဒီနေ့ကအမေရိကန်လိုနိုင်ငံမျိုးမှာ လေယာဉ်တစ်စင်းပြီးတစ်စင်းကို ပြန်ပေးဆွဲပြီးတိုက်ပစ်လိုက်လို့ရအောင်ကို လုံခြုံရေးကဆိုးရွားနေလား၊သတင်းကြိုရလို့ အလုပ်မတက်တဲ့လူတွေကဘာလဲ..စသည်ဖြင့်ဝေဖန်ထောက်ပြသူတစ်ချို့နဲ့လက်မခံသူတစ်ချို့အကြားမှာ အခုအထိအငြင်းပွားနေဆဲပါ။
- ၂၀၁၁ ခုနှစ် မေလ ၂ရက်နေ့မှာ သူ့ကိုလုပ်ကြံသတ်ဖြတ်တာမှာအောင်မြင်ခဲ့ပြီလို့ အိုဘာမားကလူထုကိုပြောကြားတော့ မီဒီယာကနေနားထောင်သူ ၅၇ သန်းလောက်ရှိပါတယ်။အင်တာနက်နဲ့တယ်လီဖုန်းလိုင်းတောင်မရှိတဲ့ ခြံအမြင့် ၁၂ ပေကနေ ၁၈ ပေလောက်ရှိတဲ့ Abbottabad, Pakistan မှာပုန်းခိုရင်း Navy Seals of US Marines တပ်ဖွဲ့ဝင်တွေကခေါင်းကိုတည့်တည့်ပစ်ပြီးသုတ်သင်လိုက်တာပါ။တကယ်တမ်းတော့ ပြန်လည်ခံခုနိုင်စွမ်းတောင်မရှိတဲ့ ရောဂါသည်အဖိုးကြီးလို့ဆိုကြပါတယ်။အိုဘားမားကတော့ စစ်ဆင်ရေးကိုတိုက်ရိုက်ကြည့်ရှူကာညွှန်ကြားခဲ့ပါတယ်။အော်ပရေးရှင်းကုတ်နာမည်က Operation Neptune Spearပါ။အပစ်ခံရပြီးတာနဲ့ချက်ချင်းသေပါတယ်။
-အထဲဝင်ပစ်ခတ်ခဲ့တဲ့ Navy Seals ခြောက်ယောက်မှာ ဘယ်သူက အိုစမာကိုပစ်ခတ်ခဲ့သလဲဆိုတာလျှို့ဝှက်ထားပေမယ့်၊ ၂၀၁၄ အောက်တိုဘာ ၅ ရက်နေ့မှာRobert O'Neill ကသူခေါင်းကိုပွင့်တဲ့အထိသုံချက်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Fox News နဲ့အင်တာဗျုးမှာဖွင့်ချလိုက်လို့ ပြသနာတက်ခဲ့ပါသေးတယ်။ သူ့သားလည်းသေပါတယ်။Navy Seals တပ်ဖွဲ့ဝင်တွေက အလောင်းကို ရဟတ်ယာဉ်နဲ့အာဖဂန်ကိုချက်ချင်းသယ်ပါတယ်။လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးတာနဲ့ နောက်ဆက်တွဲပြသနာတွေတက်မလာခင် သူ့အလောင်းကို ဘယ်သူမှမပြပဲ လေယာဉ်တင်သင်္ဘော USS CARL VINSONနဲ့သယ်ပြီးရေထဲပစ်ချမြှုပ်နှံလိုက်ပါတယ်။ဒီလိုဇာတ်လမ်းကိုစောစောဖြတ်လိုက်ပေမယ့်လည်း စနိုဒင်တို့လိုလူတွေက အိုစမာလုပ်ကြံတဲ့ဇာတ်လမ်းကြီးက ကလိန်ကျတာလို့ဆိုနေပါတယ်။အဓိကအာဖြင့်ဝေဖန်ထောက်ပြပြီးThe Killing of Osama bin Laden ဆိုတဲ့စာအုပ်ထုတ်သူကတော့ ပေါ်လစ်ဇာဆုရ ဂျာနယ်လစ် Seymour M. Hersh ပါ။၂၀၀၁ လောက်ကတည်းက တန်ပေါင်းများစွာသောဗုံးတွေအကျဲခံနေရတဲ့ တိုရာဘိုရာတောင်တန်းတွေမှာခိုလှုံနေတဲ့ အိုစမာကသေဆုံးခဲ့ပြီးသားလို့ဆိုတဲ့အယူအဆရှိနေသလို၊၂၀၀၆ ကတည်းက ပါကီတွေဟာအိုစမာကို အခုသေဆုံးတဲ့နေရာမှာထိမ်းသိမ်းထားပြီး ငွေလိုချင်တဲ့ထာက်လှမ်းရေးအကြီးအကဲတစ်ဦးက သတင်းပေးလိုက်တယ်လို့လည်းဆိုပါတယ်။သူ့ဟာသူကျောက်ကပ်ဝေဒနာနဲ့သေဆုံးခဲ့တဲ့လိုလည်းဆိုကြပါတယ်။
-Seymour M. Hersh ကတော့ဟောလီဝုဒ်ဆန်ဆန်ဝင်ရောက်ပစ်ခတ်မှုကိုလက်မခံပါဘူး။ပါကီထောက်လှမ်းရေးနဲ့အာဏာပိုင်တွေကတော့ ဝင်ရောက်ပစ်ခတ်မယ့်အစီအစဉ်ကိုလုံးဝမသိဘူး၊ဝင်ပစ်ပြီးသေဆုံးနေတဲ့ အိုစမာကိုရဟတ်ယာဉ်ပေါ်ခေါ်တင်သွားပြီးမှ အကြောင်းကြားခြင်းခံရတယ်လို့ဆိုပါတယ်။ဝေဖန်ထောက်ပြသူတွေကတော့ ရဟတ်ယာဉ်တွေဝင်လာတာကိုတောင်မသိခဲ့တဲ့ ပါကီရေဒါစနစ်ဘာဖြစ်နေသလဲဆိုတာပါ။ဆိုလိုရင်းကတော့ အရင်ကတည်းက ပါကီတွေဟာ အိုစမာနဲ့ပတ်သက်ပြီးအမြတ်ထုတ်လိုပါတယ်၊ဆော်ဒီကိုပြန်ပေးပြီးဆုငွေလိုချင်ပါတယ်။အခုနောက်ဆုံးဇာတ်ကတော့ ပါကီထောက်လှမ်းရေး၊အာဏာပိုင်တွေနဲ့ အမေရိကန်အစိုးရ၊စီအိုင်အေတို့ပေါင်းရိုက်တဲ့ အိုစမာဇာတ်ထုပ်ဆိုကြပါတယ်။ပါကီတွေကဇာတ်ရုံအခမ်းအနားတွေကိုငှားပါတယ်။အိုစမာဆိုတာ အမေရိကန်နိုင်ငံခြားရေးတွေနဲ့ပတ်သက်ရင်တကယ့်ကို သော့ချက်တစ်ခုပါ။Seymour M. Hersh ထောက်ပြတာတွေကသူ့ကိုသတ်ပြလိုက်တော့ လူတွေစိတ်ချမ်းသာသွားသလို၊အိုဘာမားနောက်သက်တမ်းအတွက်အေးဆေးဖြစ်သွားပါတယ်။အိုဘာမားရဲ့ပေါ်လစီတစ်ခုဖြစ်တဲ့ စစ်မတိုက်ချင်တာတွေ၊အာဖဂန်မှာ အမေရိကန်အကူအညီတွေတပ်တွေမထားချင်တာတွေအတွက်လည်းအဆင်ပြေသွားပါတယ်။အာဖဂန်ဟာ မြေကြမ်းပြီးလူတွေမာလှပါတယ်။ထင်သလောက်အကျိုးစီးပွားမဖြစ်ခဲ့ပါ။တစ်ဖက်အီရတ်မှာလည်း ဘုခ်ျသားအဖခင်းထားတဲ့စစ်ရေးလမ်းဟာလည်း အလူးအလဲဖြစ်နေပါတယ်။စစ်ပမ်းနေပါပြီ။ဘုခ်ျလက်ထက်မှာတော့ စစ်မျက်နှာနှစ်ဖက်စလုံးမှာ သက်တမ်းကုန်ခါနီးလက်နက်တွေသုံးပစ်လိုက်နိုင်တယ်၊အမေရိကစီးပွားရေးတွေဝင်ရောက်ခဲ့နိုင်တယ်၊ရေနံတွေရလိုက်တယ်ဆိုတဲ့ အကျိုးအမြတ်ရှိခဲ့သလို ကြာလာတော့မကိုက်တော့ပါဘူး။အင်္ဂလိပ်လောက်အမေရိကန်တွေဟာ ကိုလိုနီစီးပွားရေးမှာမစွံပါဘူး။နောက်တစ်ချက်ကတော့ အိုစမာကိုဒီလိုရှင်းလိုက်တော့ မမိသေးဘူးလားဆိုတာကိုအမေးခံနေရတဲ့ အမေရိကန်အဆင့်မြင့်ထောက်လှမ်းရေးတွေနားအေးသွားပါတယ်။နောက်မေးခွန်းက အဆင်းမှထိသွားတဲ့ရဟတ်ယာဉ်ကို ပြန်အတက်မှာလုံးဝဖျက်ဆီးပြီးNavy Sealsကသဲလွန်စမကျန်အောင်ဖျက်ပစ်ခဲ့တာဘာလို့လဲဆိုတာပါ။ပထမအဆိုအရ အိုစမာအိမ်မှာသေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ယောက်ပါတယ်၊အိုစမာကိုကာကွယ်ရင်သေတယ်လို့ဆိုပေမယ့်၊နောက်ပိုင်းမှာသေဆုံးသူအမျိုးသမီးမပါပါ။
-Seymour M. Hersh ဟာ ၁၉၇၀မှာ ဗီယက်နမ်မိုင်လီရွာမှာအမေရိကန်တပ်တွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို အခန်းဆက်ရေးရင်း ပေါ်လစ်ဇာဆုကိုရရှိခဲ့တာပါ။
-နိုင်ငံတကာအရေးမှာဝင်ဆံပြီး ဆူပါပါဝါကိုတည်ထောင်ရာမှာမွေးထားတဲ့ဇာတ်ကောင်ကိုမလိုအပ်တော့လို့ရှင်းလိုက်တာပါ။အစောကြီးကတည်းကရှင်းလိုက်ရင် လုပ်စရာနည်းသွားမှာပါ။အရှေ့အစိုးရတွေရဲ့ဇာတ်ကို အိုဘားမားသိမ်းလိုက်ပါတယ်။
-Seymour M. Hersh နဲ့အခြားဝေဖန်ထောက်ပြသူတွေရဲ့စွပ်စွဲချက်တွေကို ပန်တာဂွန်၊စီအိုင်အေ နဲ့အမေရိကန်အစိုးရကတော့လက်မခံပါဘူး။ဆက်လက်စွပ်စွဲဆဲ ပယ်ချဆဲ အငြင်းပွားနေကြဆဲပါ။
-အချုပ်အားဖြင့်ဆိုရသော် လူသားမျိုးနွယ်တစ်စုလုံးကိုခြိမ်းခြောက်ခဲ့တဲ့ အိုစမာဘင်လာဒင်ရှိသေးလား သေပြီးလားဆိုတာထက် သူပြန်မလာနိုင်တော့ပါခင်ဗျာ။
Ref:Bin Laden Death Story a Lie,Top 10 Life Facts about Osama Bin Laden,The Killing of Osama bin Laden ,
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။